အတူတကွ
Vol. 8 Ch. 107
"ဆရာ့ဆီသွားပြီး ပြောပေးခဲ့ပေမဲ့ ဆရာက ဘာမှမပြောဘူး" မုချီက ဆိုသည်။ "ဆရာက ဂျူနီယာညီလေးကျန်းကို ခေါ်ချင်ပေမဲ့ ဥပဒေခန်းမရဲ့ စောင့်ကြည့်စာရင်းကြောင့် အဆင်မချောဖြစ်နေတာ အခုတော့ အားလုံးရဲ့ တာဝန်ခံသူဖြစ်ရတော့မယ်"
ကောင်းကင်နက်ဂိုဏ်းက သူတို့၏ ဂုဏ်သတင်းအတွက် တစုံတယောက်ကို အပြစ်ပေးလိုသည်ဆိုပါက တစုံတယောက်အား စတေးရန် နှစ်ဂိုဏ်းလုံးက သဘောတူညီမည်ဖြစ်သည်။
"သူ ဘာဖြစ်မှာလဲ" မြောင်တင်းလျန်က မေးသည်။
မုချီ မျက်မှောင်ကြုတ်၏။" မသေချာဘူး ကောင်းကင်နက်ဂိုဏ်းက သူ့ကို ခေါ်သွားမလားပဲ မခေါ်သွားရင် ဥပဒေမဲ့မျှော်စင်နဲ့ အဆုံးသတ်သွားရနိုင်တယ်"
"ဥပဒေမဲ့မျှော်စင်" သူမ ရှော့ရသွား၏။
"ရက်စက်လိုက်တာ ဂျူနီယာမောင်လေးကျန်းနဲ့ ရန်စရှိသူမှန်သမျှ သေကုန်တယ်ဆိုတဲ့စကားကို မှတ်မိတယ် ကောင်းကင်နက်ဂိုဏ်းက လူတွေရော အဲ့လိုဖြစ်နိုင်လား"
မုချီက သူမကိုကြည့်သည်။" ဒါက မတူဘူး"
သူတို့ တိတ်ဆိတ်နေသည်။
"ဆရာက ကျမတို့ ဆက်ဆံရေးကိုသိလား"
"ဘာကြောင့်မေးတာလဲ"
"သူသိရင် ကျမ ရှင်ဆီပြောင်းလာမလို့ တစ်နှစ်အတွင်း ပြဿနာမရှာရင် ဘာအခြေအနေမှမရှိပဲ ဂိုဏ်းထဲဝင်ခွင့်ဂမှာပဲလေ "
မုချီ၏ တိတ်ဆိတ်မှုက မြောင်တင်းလျန်အား မကျေမနပ်ဖြစ်စေ၏။
"ဘာလို့ ဘာမှမပြောတာလဲ ကျမတို့ အရင်က လျှို့ဝှက်ပတ်သတ်ခဲ့တုန်းက ရှင် စိတ်အားထက်သန်နေခဲ့တာလေ အခု ကျမ ဂိုဏ်းကိုစွန့်ခွာလာပြီးမှ ရှင်က ကျမကို သဘောမကျတော့ဘူးလား အခြားတယောက်ရှိနေတာလား"
မုချီ သက်ပြင်းချ၏။ "တို့ဆက်ဆံရေးသာ လူသိရှင်ကြားဖြစ်သွားရင် ပြဿနာပေါ်လာလိမ့်မယ်"
"ကျမက ရှင်နဲ့အတူနေချင်ရုံပါ ပြဿနာမရှာပါဘူး"
မုချီ ခေါင်းညိတ်သည်။ "ကောင်းပြီ မင်းစကားကို မရုတ်သိမ်းပါနဲ့"
ကျန်းဟောင်လည်း မုချီနှင့် မြောင်တင်းလျန်တို့ အတူထွက်ခွာသွားသည်အား သတိထားမိသည်။
စီနီယာအစ်မမြောင် ဂိုဏ်းသို့ရောက်လာပြီးနောက် မုချီက အတန်ငယ်ပျော့ပြောင်းလာကြောင်း သတိထားမိသညိ။
မြောင်တင်းလျန်သာ သစ္စာဖောက်ဖြစ်သွားပါက မုချီ မည်သို့လုပ်မည်နည်း။
လောလောဆယ်တော့ သူမတွင် ဂိုဏ်းအား ဒုက္ခပေးရန် ရည်ရွယ်ချက်မရှိသေးပုံပေါ်၏။ သူမက မုချီအတွက်သာ ရောက်လာခြင်းဖြစ်၏။
မိစ္ဆာဂိုဏ်းတွင် ခံစားချက်များဖြင့် နေထိုင်ရသည်က မလွယ်ကြောင်းခံစားမိသည်။
ပြီးခဲ့သည့်ရက်များတွင် မုချီရော မြောင်တင်းလျန်ပါ သူ့ကို ကောင်းကောင်း ဆက်ဆံကြသည်။ သူမကို အသည်းကွဲကမ်းပါးဆီ ခေါ်လာပေးသည့်အတွက် ကျေးဇူးတင်နေခြင်းဖြစ်နိုင်၏။
ကျန်းဟောင် အိမ်ပြန်လာ၍ စိတ်ဝိညာဥ်စုစည်းဆေးလုံးကို သောက်ကာ ကြည်လင်သန့်စင်နှလုံးသားအား အသက်သွင်းသည်။ သို့သော် မလုံလောက်ကြောင်း ခံစားမိ၏။
ပုန်းကွယ်ဝိညာဥ်ပြန်ပေါ်လာခြင်းကိုလည်း အသုံးပြုလေသည်။
ဤနည်းအားဖြင့် အဆောင်ပြုလုပ်နေစဥ် စွမ်းအင်ပြတ်တောက်မှု မဖြစ်နိုင်တော့ပေ။
သူသာ ထပ်ကျရှုံးသွားလျှင် ၎င်းကို ကျွမ်းကျင်ရန် အခွင့်အရေးမရှိတော့ပေ။ သူ့တွင် သားရေခွံသုံးခုသာကျန်တော့၏။
ထိုညတွင် စားပွဲရှေ့ထိုင်ပြီး ဆေးသောက်ကာ စွမ်းရည်နှစ်မျိုးကို အသက်သွင်းသည်။ ထို့နောက် စတင်ရေးဆွဲတော့၏။ စုတ်ချက်တိုင်းက စွမ်းအင်ပြည့်ဝပြီး အလွန်သတိထားထားသည်။ သူ့လက်က တည်ငြိမ်၍ စိတ်ကကြည်လင်နေသည်။
ပုန်းကွယ်ဝိညာဥ်ပြန်ပေါ်လာခြင်းမှ ထောက်ပံ့သည့် စွမ်းအင်များက အကန့်အသတ်ရောက်လာသည်။ ထိုအခါ ဆေးလုံး၏အခန်းကဏ္ဍရောက်လာသည်။
နောက်မနက်ရောက်သည့်တိုင် သူ ရေးဆွဲနေတုန်းပင်။ နဖူးတွင် ချွေးများစိုရွှဲပြီး စွမ်းအင်များ ကုန်လုနီးပါးဖြစ်နေသည်။ နောက်ဆုံးအခိုက်အတန့်တွင် သူပြီးစီးသွား၏။
သို့သော် သူ အဆုံးသတ်လိုက်သည်နှင့် သားရေခွံက မီးထလောင်သွားလေသည်။
"ငါ ကျရှုံးပြန်ပြီလား" သူစိတ်ရှုပ်သွား၏။ အမှားအယွင်းမရှိစေရန် သေချာပြင်ဆင်ထားပြီးကာမှ မည်သို့ဖြစ်ရသနည်း။
သူ လုပ်ဆောင်ခဲ့သည်များအား ပြန်စဥ်းစားကြည့်သည်။ ငါ နေ့လယ်မှာ မလုပ်လို့များလား။
နောက်ရက် နေ့လယ်တွင် ထပ်ကြိုးစားကြည့်၏။ သူ့တွင် အချိန်နှစ်ရက်သာကျန်တော့၏။
ကျန်းဟောင်မှာ ဘယ်မှမသွားနိုင်ပဲ ဂိုဏ်းက ဆင့်ခေါ်မည်ကိုသာ စောင့်နေရလေသည်။
ကောင်းကင်ရှင်းလင်းဂိုဏ်းက ကောင်းကင်နက်ဂိုဏ်းနှင့် ပြဿနာမတက်ပဲ ဤကိစ္စအား ဖြေရှင်းချင်၏။
ကောင်းကင်နက်ဂိုဏ်း၊ နေဝင်ဆည်းဆာဂိုဏ်း၊ လေမိုးကြိုးဂိုဏ်းတို့မှာ အလွန်အားကောင်းကြသည်။ ညှိနှိုင်းမှုကျရှုံးသွားလျှင် ထိုဂိုဏ်းများမှာ ပူးပေါင်း၍ ကောင်းကင်ရှင်းလင်းဂိုဏ်းကို တိုက်ခိုက်လာပေမည်။ မည်သူကမှ ထိုသို့ မဖြစ်စေချင်ပေ။ ထို့ကြောင့် ကျန်းဟောင်ခေါင်းပေါ် ကျလာခြင်းဖြစ်သည်။
ကျန်းဟောင်လည်း သူ့ကို ရွေးချယ်သည့်အကြောင်းရင်းအား သိသော်ငြား စိတ်ပျက်ရလေသည်။
စားပွဲ၌ ထိုင်၍ ထပ်မံကြိုးစားသည်။ တူညီသည့် နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။
ထိုအခိုက် သူ့စိတ်က ရှင်းလင်းပြီး လုံးဝအာရုံစိုက်ထား၏။ စုတ်တံမှ အလင်းများထွက်လာ၏။
မဖော်ပြနိုင်သည့် ပျော်ရွှင်မှုအား ခံစားနေရ၏။ ကိုယ်စိတ်နှလုံးသုံးပါးလုံးက လိုက်ဖက်ညီနေကြသည်။
အလင်းက တောက်ပသထက်တောက်ပလာပြီး အခန်းတွင်း လေပြည်လေးပင် တိုက်ခတ်လာသည်။ ကျန်းဟောင် နောက်ဆုံးစုတ်ချက်ကိုချလိုက်သည်နှင့် သူ၏ စွမ်းအင်များက လျင်မြန်စွာ ဝါးမျိုခံနေရသည်။
နာကျင်မှုက ခန္ဓာနှင့် စိတ်ကိုကူးစက်လာ၏။ သူသာ မပြင်ဆင်ထားပါက ကြာကြာမခံနိုင်ပဲ လဲကျသတိလစ်သွားနိုင်၏။
အဆောင်က ဖျတ်ခနဲဖြစ်ပြီး ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။
ကျန်းဟောင်က ထိုင်ခုံလက်ရန်းကို ဆုပ်ကိုင်လိုက်၏။
"ပင်ပန်းလိုက်တာ လဲကျမတတ်ပဲ"
မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို ပြုလုပ်ခြင်းက ကြောက်စရာကောင်းလှသည်။
သူ ခဏအနားယူပြီး ပြုလုပ်ထားသည့် အဆောင်အား အကဲဖြတ်လိုက်သည်။
[မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်၊ မန္တန်နှင့် အကာအရံများအား လျစ်လျူရှုနိုင်သည်၊ မိုင် ၇၀၀ မှ ၁၀၀၀ အတွင်းရှိနေရာအား ကျပန်းပို့ဆောင်မည်ဖြစ်၏၊ သွေး သို့မဟုတ် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် တိုက်ရိုက်အသက်သွင်းနိုင်သည်၊ နှောင့်ယှက်၍မရ]
သူ အံ့သြသွား၏။
ဒီအဆောင်က ဝိညာဥ်ကျောက်တုံး ၂၀၀၀ မက ထိုက်တန်တယ်။
မိုင် ၇၀၀ မှ ၁၀၀၀ အတွင်းဖြစ်၍ အဆောင်ဈေးနှုန်းက အတန်ငယ်လျော့ပါးနိုင်၏။ သို့သော် မဆိုးပေ။ မိုင် ၇၀၀ ဟူသည် လုံလောက်နေပြီဖြစ်၏။
ဤအဆောင်က သူ့ကို ထွက်ပြေးရာ၌ ဦးဆောင်မှုရစေနိုင်သည်မဟုတ်ပါလား။