← Chapters

စွန့်ခွာရန်ပြင်ဆင်ခြင်း

Vol. 8 Ch. 108

စွန့်ခွာရန်ပြင်ဆင်ခြင်း

Vol. 8 Ch. 108

နောက်တစ်ရက် နေ့လယ်တွင်

ကျန်းဟောင်က ခြံထဲထိုင်၍ သားရဲ လိပ်ပြာများအား လိုက်ဖမ်းကစားနေသည်အား ကြည့်နေသည်။

မနက်ဖြန် ကောင်းကင်နက်ဂိုဏ်းရောက်လာမည်ဖြစ်၏။ သူ့ ခွန်အားကိုဖြည့်တင်းထားပြီး လက်ကာထဲ တိုက်ကွက်နှစ်ခုကိုလည်း ထည့်သွင်းထား၏။ ငွေလသတ်ဖြတ်ခြင်းနှင့် တောင်တန်း ဖိနှိပ်ခြင်းနှစ်ခုလုံးက အားကောင်းသည့် တိုက်ခိုက်ရေးနည်းစနစ်များဖြစ်ကြသည်။

မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကိုတော့ ထပ်မလုပ်နိုင်ချေ။ လောလောဆယ် တခုတည်းက လုံလောက်ပြီဖြစ်၏။ သူ အဆင့်တက်ပြီးပါမှ နောက်တစ်ခု ထပ်လုပ်နိုင်သည်။

"သခင် မနက်ဖြန် ပြန်လာမှာလား" သားရဲက သူ့ကိုမေးသည်။

ကျန်းဟောင် မည်သို့ဖြေရမည်မသိပေ။ အရာအားလုံးက မသေချာပေ။ သူ ပြန်မလာနိုင်မည့် အခြေအနေကမြင့်မားနေ၏။ ကောင်းကင်နက်ဂိုဏ်း ခေါ်သွားသည်ကိုလည်း မလိုချင်သလို ဥပဒေမဲ့မျှော်စင်ထဲလည်း ပစ်မထည့်ခံလိုပါချေ။

သူသာ ဥပဒေမဲ့မျှော်စင်ထဲရောက်လျှင် ကျင့်ကြံခြင်း ဆုံးရှုံးမည်ဖြစ်သည်။ ထွက်ပြေးတာကပိုကောင်းမည်။ အရင်ကရွေးချယ်စရာမရှိခဲ့သော်လည်း ယခုရှိနေလေပြီ။

အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၉၆/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

သူသာ ရွှေအမြုတေအဆင့် အထွတ်အထိပ်ကိုတက်နိုင်လျှင် ပိုပြီးအခြေအနေကောင်းနိုင်သည်။

"သခင် မနက်ဖြန် ကျနော်တောင်ပေါ်က ဆင်းဖို့ စီစဥ်ထားတယ်" သားရဲက ပြောသည်။

"ဘာကြောင့်လဲ"

"မဟာမိစ္ဆာသားရဲဘုရင်ဖြစ်ဖို့ အချိန်တန်ပြီလို့ ကျနော့်မိတ်ဆွေတွေက ထင်နေကြတယ် "

ကျန်းဟောင် ဝမ်းသာမိပါ၏။ သူ ပြန်လာရန်မကျိန်းသေသည့်အခြေအနေတွင် ကိုယ့်လမ်းကိုယ်လျှောက်တာ အကောင်းဆုံးဖြစ်၏။

သူ ကောင်းကင်ဘုံရနံ့တာအိုပန်းအားကြည့်သည်။ ၎င်းကို ယူမသွားနိုင်သည့်အတွက် ထားခဲ့ရပေမည်။

သူ နည်းနည်းတော့ စိတ်ဓာတ်ကျမိသည်။

သူ့ဘဝလေး ငြိမ်းချမ်းစွာရှိစေရန် များစွာအားထုတ်ခဲ့သော်လည်း အဆုံးတွင် ဤသို့ဖြစ်လာရ၏။

ဟန်မင်က သူ့ကို လာရောက်စိန်ခေါ်သေး၏။

ကျန်းဟောင်လည်း သက်ပြင်းချ၍ သဘောတူပြီး နှစ်ချက်တည်းနှင့်အနိုင်ယူလိုက်သည်။

"အလျှော့ပေးလို့ ကျေးဇူးပါ ဂျူနီယာညီလေးဟန်"

ဟန်မင်က သူ့ကို အနိုင်ယူမည့်အတွေးကို မစွန့်လွှတ်သေးပုံရ၏။ သူ့အတွက်တော့ စိတ်ရှုပ်ရသည့်အခြေအနေပင်။

ဟန်မင်က သူ့ကိုကြည့်ပြီး ဘာမှမပြောပဲ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူ့ကို နှောင့်ယှက်မိသူမရှိတော့ပေ။

ဂိုဏ်းတွင်သူနဲ့ အလွန်ရင်းနှီးသူကား မရှိပေ။ လူများစွာကို သိသော်လည်း ၎င်းတို့အား ခက်ခဲအောင်မပြုလုပ်လိုသောကြောင့် ခပ်ဝေးဝေးနေခဲ့သည်။

သူနဲ့ တကယ်ရင်းနှီးသူက ချန်ချိုးသာဖြစ်သည်။ ချန်ချိုးလည်း ယနေ့မရှိပေ။ ရှောင်လီနဲ့အတူ သူမအိမ်သို့ထွက်သွား၏။

ရှောင်လီ

ရှေ့လျှောက် သူမ မည်သို့ဖြစ်မည်လဲမသိပါချေ။ သူမ အန္တရာယ်ကင်းစေရန်သာ မျှော်လင့်လေသည်။

နောက်တစ်ရက်

ကျန်းဟောင် စောစောထ၏။ ကောင်းကင်နက်ဂိုဏ်းနှင့် သွားတွေ့ရန် အလျင်မလိုပေ။ ကောင်းကင်ဘုံရနံ့တာအိုပန်းအား နောက်ဆုံးအကြိမ် ရေလောင်း၏။

အတန်ကြာသော် လျှိုရှင်းချန် ရောက်လာလေသည်။

"ဂျူနီယာညီလေးကျန်း"

နောက်ဆုံးတော့...

အချိန်ရောက်ပြီဖြစ်ကြောင်းသိရကား အပြင်ထွက်၍ သူနဲ့တွေ့သည်။

"မင်းကြည့်ရတာ တည်ငြိမ်နေပုံပဲ"

ကျန်းဟောင်က ပြုံး၍ ဘာမှမပြောပေ။ သူ့တွင် ထွေထူးရွေးစရာလည်း မရှိပေ။

ကျင့်ကြံခြင်းလောကက ရက်စက်သည်။ တရားမျှတမှုထက် အင်အားကြီးသူများ၏ စကားက အရေးပါသည်။ အားနည်းသူများမှာ ၎င်းတို့၏ ကျားခုံမှ အရုပ်များသာဖြစ်၏။

"အားလုံး အဆင်ပြေသွားမှာပါ "လျှိုရှင်းချန်က နှစ်သိမ့်သည်။" မင်းဆရာလည်း ရှိတယ် သူပြောပေးမှာပါ"

ကျန်းဟောင် ခေါင်းညိတ်၍ ကျေးဇူးတင်သည်။ သူက ထိပ်ဆုံးတပည့်ဆယ်ဦးထဲပါနေ၏။ ဒါက ကောင်းလည်း ကောင်းသလို မကောင်းလည်းမကောင်းပေ။

ကောင်းသည့်အချက်က ဥပဒေမဲ့မျှော်စင်တွင် ကျင့်ကြံနိုင်ခြင်း၊ မက်မွန်ပင်ကိုရခြင်း၊ ဥပဒေခန်းမက သူ့ကို အပြစ်မတင်နိုင်ခြင်းဖြစ်သည်။

အားနည်းချက်က ထိုအခြင်းအရာများမှာ သူ့ကို ပြန်ဒုက္ခပေးနိုင်ခြင်းပင်။

"ဂျူနီယာညီလေးကျန်းက အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်နော်"

"ဟုတ်ပါတယ်" သူ ခေါင်းညိတ်သည်။

"မင်းကို ဥပဒေမဲ့မျှော်စင်ခေါ်သွားခဲ့ရင် အဲ့ဒီမှာ စီမံတဲ့လူတွေက အများအားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်ပိုင်းနဲ့ အထွတ်အထိပ်ပဲ ငါ ဝင်မပါနိုင်ဘူး သူတို့မကိုင်တွယ်နိုင်ရင် ရွှေအမြုတေအဆင့် အစောပိုင်းကိုလွှတ်လိုက်လိမ့်မယ် ဒီထက်လေးနက်ရင်တော့ အထွတ်အထိပ်အဆင့်ရှိ လူတောင်လွှတ်နိုင်တယ် ငါ ဝင်ပါချင်ရင်တောင် ဝင်မပါနိုင်ဘူး"

ကျန်းဟောင် အံ့အားသင့်သွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့် အစောင့်များသာရှိကြောင်းပြောပြပြီး သူ့အား ထွက်ပြေးနိုင်စေရန် သွယ်ဝိုက်ပြောဆိုနေ၏။

လျှိုရှင်းချန်အကြောင်းသိရသလောက် ၎င်းက ပျင်းပြီး ပြပွဲကောင်းကြည့်ချင်သူဖြစ်သည်။ ဒါပေမဲ့လည်း သူ ကျေးဇူးတင်လိုက်၏။

"ဘယ်သွားနေတာလဲ"

လျှိုရှင်းချန်က သူ့ကို ဂိုဏ်းရှေ့ရှိ တောင်ထွတ်တခုကိုခေါ်သွား၏။

"ကောင်းကင်နက်ဂိုဏ်း၊ နေဝင်ဆည်းဆာဂိုဏ်းနဲ့ လေမိုးကြိုးဂိုဏ်းက အထဲမဝင်လိုကြဘူး အပြင်မှာပဲပြောကြလိမ့်မယ်"

သူ အာရုံခံလိုက်ရာ လူအချို့အား သတိပြုမိသည်။ ၎င်းတို့က ဆွေးနွေးမှု၏ ရလဒ်အား စောင့်ကြည့်ချင်နေပုံရသည်။

သူ စိတ်ရှည်လက်ရှည်စောင့်နေ၏။ ပုံရိပ်အချို့ ကောင်းကင်မှဆင်းလာကြသည်။ အားလုံး ၁၃ ယောက်ထဖြစ်ကြသည်။

နီးလာသောအခါ ရွှေအမြုတေအဆင့် အထွတ်အထိပ်ရှိ လူငယ်တဦးကလွဲ၍ အခြားသူများအားဖြတ်မမြင်နိုင်ကြောင်း သတိထားမိသည်။

ထိုအခိုက် ကောင်းကင်ရှင်းလင်းဂိုဏ်းမှ လူသုံးဦးရောက်လာသည်။ လှပသည့် အမျိုးသမီးတစ်ဦး၊ လူအိုကြီးနှင့် သက်လတ်ပိုင်းလူဖြစ်သည် ။

"ပထမဆုံးက တိမ်မြူခိုးတောင်ထိပ်သခင် စီနီယာချင်ယန်၊ ကမ်းပါးသခင် ခူဝူကန်းကိုတော့ သိပြီးသားဖြစ်မယ် နောက်ဆုံးက ဥပဒေမခန်းမက အကြီးအကဲပဲ "လျှိုရှင်းချန်က ပြောသည။

"စီနီယာချင်ယန်က ဆွေးနွေးမှုကို ဦးဆောင်လိမ့်မယ် "

လူ ၁၃ ဦးက ကောင်းကင်ရှင်းလင်းဂိုဏ်းပြင်တွင် မတ်တပ်ရပ်နေကြသည်။ သူတို့၏ ခေါင်းဆောင်က လူအိုကြီးဖြစ်ပြီး သက်လတ်ပိုင်းလူနှစ်ဦးက တဖက်တချက်တွင် ရှိနေကြသည်။

နှစ်ဖက်က နှုတ်ဆက်ပြီး ဆွေးနွေးကြတော့သည်။ ကျန်းဟောင်မှာ ခေါင်းငုံ့၍ နားထောင်နေ၏။

All Chapters