ဆေဘာထုတ်ခြင်း
Vol. 8 Ch. 109
"ကောင်းကင်နက်ဂိုဏ်းက ယန်ဟိုပါ" ခေါင်းဆောင်ဖြစ်သူက မိတ်ဆက်လာ၏။
.လေမိုးကြိုးဂိုဏ်းက ချီယွမ်ပါ"
"နေဝင်ဆည်းဆာဂိုဏ်းက ရှင်းတုန်"
စီနီယာချင်ယန်က ပြုံးသည်။
"ကျုပ်တို့က ဒီဆွေးနွေးမှုအတွက် တာဝန်ပေးအပ်ခံထားရပါတယ် ကောင်းကင်ရှင်းလင်းဂိုဏ်းအတွက် လုံလောက်မယ်လို့ မျှော်လင့်ပါတယ်" ယန်ဟိုက ပြောသည်။
"ဒါဖြင့် ကျုပ်တို့ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး သဘောတူလား" ချင်ယန်က မေးသည်။
မိုးပြာတောင်တန်းနှင့် စစ်ဖြစ်ပြီးကာစဖြစ်၍ ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ နောက်ထပ်စစ်ပွဲမဆင်နွှဲလိုပေ။ ဂိုဏ်းသုံးခုသာ ပူးပေါင်းသွားပါက အတော်ဒုက္ခများပေမည်။
ဆွေးနွေးမှုပျက်စီးလျှင် နှစ်ဖက်လုံးထိခိုက်မည်သာ။
"ဝိညာဥ်ကျောက်တုံး၊ မှော်ရတနာနဲ့ ဆေးလုံးတွေအတွက် သဘောတူနိုင်တယ် ကျင့်ကြံခြင်းနည်းစနစ်နဲ့ မန္တန်တွေကိုတော့ သဘောမတူနိုင်ဘူး" ယန်ဟိုက ပြောသည်။ "ကျန်တာတော့ ကြိုက်တာတောင်းဆိုနိုင်တယ်"
ချင်ယန်တို့ အံ့အားသင့်သွား၏။
"အခြားသူတွေကရော အတူတူပဲလား" ဥပဒေခန်းမမှ အကြီးအကဲက မေးသည်။
"ဟုတ်တယ်" ရှင်းတုန်က ပြောသည်။ "ဘာမဆို သဘောတူနိုင်တယ် ဒါပေမဲ့ အခြေအနေတခုတော့ရှိတယ်"
ကျန်းဟောင် ခေါင်းငုံ့လိုက်၏။ လာပြီ။
ထိုအခြေအနေက သူနဲ့ပတ်သတ်ရပေမည်။
"ဘာများလဲ" ချင်ယန် မေး၏။
"ကျုပ်တို့ရဲ့ တပည့်တဦးက ခင်ဗျားတို့တပည့်လက်ထဲမှာ သေခဲ့တယ် သေသွားတဲ့တပည့်က အရေးကြီးတဲ့လူပဲ ဂိုဏ်းက လူသတ်သမားကို အလိုရှိနေတယ် အဲ့အတွက် ဘာမဆို ပေးဆပ်ဖို့ ပြင်ဆင်ထားတယ်" ရှင်းတုန်က ပြောသည်။
"ခင်ဗျားပြောတာ ဘယ်သူလဲ"
"အသည်းကွဲကမ်းပါးက ကျန်းဟောင်"
တချို့က အံ့အားသင့်ပြီး တချို့ကတော့ သိပြီးသားဖြစ်၍ မထူးဆန်းပေ။
ကျန်းဟောင် တိတ်ဆိတ်နေ၏။ သူဝင်ပြောရမည့် အခြေအနေမဟုတ်ချေ။
"သူ့ကိုခေါ်သွားမှာလား သေစေချင်တာလား" ခူဝူကန်းက ပြောသည်။
"နှစ်ခုလုံးပဲ" ရှင်းတုန်က ပြန်ပြောသည်။
ရှင်းတုန်က ကျန်းဟောင်ကို ဂိုဏ်းသို့ ပြန်ခေါ်သွားမည်ဖြစ်သည်။ ဂိုဏ်းက မည်သို့ ဆုံးဖြတ်ချက်ချမည်မှန်းမသိသော်လည်း ကောင်းသည့်အရာမဟုတ်မှာ သေချာသည်။
"မရဘူး ကျန်းဟောင်က ငါ့ အသည်းကွဲကမ်းပါးကပဲ သူ့ကို မထည့်ပေးနိုင်ဘူး"
ဒါက ရှင်းတုန်နှင့် အခြားသူများကိုအံ့သြစေ၏။ စီနီယာချင်ယန်ပင် အံ့အားသင့်သွားလေသည်။
"အလဲအလှယ်မလုပ်ချင်မှတော့ ဘာကြောင့် တောင်းဆိုနေသေးလဲ" ရှင်းတုန်က ပြန်ပြော၏။
ယန်ဟိုက ပြုံး၍ "ကောင်းကင်ရှင်းလင်းဂိုဏ်းက တို့ကို ဓားပြတိုက်ချင်နေတာလား လူတယောက်တောင် မပေးနိုင်ပဲ တို့ဆီကကျ အားလုံးလိုချင်နေတယ် ငါတို့က ကြောက်မယ်ထင်နေလား သူ့ကို လက်မလွှဲချင်ရင်တောင် ဒုက္ခိတဖြစ်အောင်လုပ်ရမယ် လက်ကျန်ဘဝတလျှောက်လုံး မကျင့်ကြံနိုင်စေရဘူး မနက်ဖြန် ခင်ဗျားတို့တောင်းဆိုတဲ့ အရင်းအမြစ်တွေကိုပေးမယ် အဲဒီအစား သူ့ကို ကျုပ်တို့ရှေ့မှာ စီရင်ပေးရမယ် ကောင်းကင်နက်ဂိုဏ်းရဲ့ အထူးချွန်ဆုံးတပည့်က သူ့ကြောင့် အဖမ်းခံလိုက်ရတာ ဒီတိုင်းမလွှတ်ပေးနိုင်ဘူး"
"မရဘူး" ခူဝူကန်းက ငြင်းဆိုပြန်သည်။
"ဒါဖြင့် ပြောစရာမရှိတော့ဘူး" ချီယွမ်က ဆိုသည်။
ယန်ဟိုနှင့် အခြားသူများ ထွက်သွားရန်ပြင်သည်။
"ကောင်းကင်ရှင်းလင်းဂိုဏ်းက မလိုက်လျောချင်မှတော့ ဆွေးနွေးမှုမရှိဘူးလို့ ထားလိုက်ပါ" ရှင်းတုန် ပြော၏။
"ဘာလို့ အလျင်လိုနေရတာလဲ" ချင်ယန်က တားသည်။ "သေချာဆွေးနွေးနိုင်ပါသေးတယ် ပေးရမဲ့ အရင်းအမြစ်ကို ၂၀% လျှော့ပေးနိုင်တယ် ကျန်းဟောင်က အပြစ်ပြုမိခဲ့တာ အမှန်ပဲ သူ့ကို ကျုပ်တို့ကပဲ အပြစ်ပေးရင်ရော"
"ဘယ်လိုမျိုးပါလိမ့် "ယန်ဟို မေး၏။
သူတို့၏ ဒေါသပြေပျောက်စေရန် ကောင်းကင်ရှင်းလင်းဂိုဏ်းက ကျန်းဟောင်ကို အပြစ်ပေးကိုပေးရပေမည်။
ကောင်းကင်ရှင်းလင်းဂိုဏ်းအနေနဲ့ ဂုဏ်သတင်းထက် အရင်းအမြစ်များကို ပိုဂရုစိုက်သည်။
"ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ပြီး ကျင့်ကြံခြင်းနုတ်ယူလိုက်မယ် ဒီလောက်ဆိုရမလား"
"သူက ကျုပ်တို့ ဂိုဏ်းတပည့်ကို လည်ပင်းဓားနဲ့ထိုးပြီး သတ်ခဲ့တယ်" ရှင်းတုန်ပြော၏။ "ကျုပ် သူ့ကို ပြန်ထိုးရမယ်ဆို ခင်ဗျားပြောတာ သဘောတူပေးမယ် ပြီးရင် သေတာရှင်တာ ကျုပ်တို့နဲ့ မဆိုင်တော့ဘူး"
ခူဝူကန်း မျက်မှောင်ကြုတ်ပေမဲ့ ဘာမှမပြောလိုက်ပေ။
ကျန်းဟောင် သက်ပြင်းချ၏။သူ့ဆရာအား အပြစ်မတင်ပါချေ။ သူက များစွာသော သစ္စာဖောက်များနှင့် ဆက်နွယ်နေသည့် သာမန်အတွင်းစည်းတပည့်ဖြစ်သည်။ ဆရာက သူ့ကို နှစ်ကြိမ်တိုင် ကူညီပေးခဲ့ပြီဖြစ်၏။
မနက်ဖြန် ဥပဒေမဲ့မျှော်စင်ကိုဝင်ရမည်ဆိုပါက သူ ဒီည ထွက်ပြေးရပေမည်။
ပြီးလျှင် လူများစွာက သူ့ကိုလိုက်ဖမ်းကြမည်။ ငြိမ်းချမ်းသည့်နေ့ရက်များ မရှိနိုင်တော့ပေ။ သို့သော် သူ့တွင် အခြားရွေးချယ်စရာမရှိပါချေ။
ပန်းတစ်ရာရေကန်
အနီရောင်ဆင်မြန်းထားသည့် ဟုန်ယွီယဲ့က အဝေးကိုကြည့်နေ၏။
ကောင်းကင်က ကြည်လင်ပြီး လေပြည်က တိုက်ခတ်နေ၏။ လေပြည်က ပန်းရနံ့များကိုပါ ဆောင်ကျည်းလာခဲ့သည်။
ထိုအခိုက် အဖြူရောင်ပုံရိပ်တခုက စံအိမ်အပြင်ဖက်သို့ ရောက်လာသည်။
"ဂိုဏ်းချုပ်" ပိုင်ကျီက လျှောက်တင်သည်။ "အခြားဂိုဏ်းက လူတွေရောက်လာပါပြီ သူတို့က ကျမတို့ရဲ့ တောင်းဆိုချက်ကိုသဘောတူပေမဲ့ သူတို့ကလည်း တန်ပြန်တောင်းဆိုလာပါတယ် သူတို့က အသည်းကွဲကမ်းပါးက ကျန်းဟောင်ကိုလိုချင်နေကြတယ် ကမ်းပါးသခင်ခူဝူကန်းက ငြင်းလိုက်လို့ အရင်းအမြစ် ၂၀% လျှော့ပေးပြီး ကျန်းဟောင်ကို ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ဖို့ ဆွေးနွေးထားပါတယ် ကောင်းကင်နက်ဂိုဏ်းနဲ့ နေဝင်ဆည်းဆာဂိုဏ်းက သဘောတူချင်ဟန်ရပါတယ် လေမိုးကြိုးဂိုဏ်းကတော့ အဲ့လောက်ဂရုမစိုက်ပါဘူး"
"သူတို့ ဘာထပ်ပြောသေးလဲ "
"ကောင်းကင်နက်ဂိုဏ်းကတော့ ထပ်မတောင်းဆိုပေမဲ့ နေဝင်ဆည်းဆာဂိုဏ်းကလူကတော့ သူတို့တပည့်သေသွားတဲ့အတိုင်း ကျန်းဟောင်ကို ပြန်လုပ်ချင်တယ်ပြောပါတယ် "
ဟုန်ယွီယဲ့ ခေါင်းညိတ်၍ ပန်းများဆီလျှောက်သွား၏။ သူမ ခြေလှမ်းများက ပေါ့ပါး၍ ကျက်သရေပြည့်စုံသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရပ်တန့်သွား၏။
သူမက အတန်ငယ်ခါးကိုင်း၍ ပန်းများကြားမှ ဆေဘာတစ်လက်ကိုဆွဲထုတ်လိုက်၏။ ဆေဘာက အက်ရာများပြည့်နေသည်။
"ပိုင်ကျီ "
"အမိန့်ရှိပါ" သူမ ဒူးထောက်လိုက်၏။
သို့သော် ဟုန်ယွီယဲ့၏ နောက်စကားများက သူမကို စိတ်ရှုပ်သွားစေ၏။
"ဒီဆေဘာကို ဘယ်လိုမြင်လဲ"