← Chapters

မိစ္ဆာမ ရုတ်တရက် ရောက်လာခြင်း

Vol. 8 Ch. 111

မိစ္ဆာမ ရုတ်တရက် ရောက်လာခြင်း

Vol. 8 Ch. 111

အပြန်လမ်းတွင် ကျန်းဟောင် တိတ်ဆိတ်နေ၏။ အချို့က သူ့ဆီလာ၍ ကံကောင်းသည်ဟုပြောကြသည်။

သူလည်း ထိုသို့တွေးမိ၏။

ဂိုဏ်းချုပ်က အချိန်အကြာကြီးဂူအောင်းနေရာမှ ရုတ်တရက် လှုပ်ရှားခဲ့သည်။ အကြီးအကဲပိုင်ကျီ သူ့ကို ချပ်ဝတ်ပေးသောအခါ တစုံတယောက်ဆီမှ ဆုလာဘ်ဖြစ်ကြောင်း ရည်ညွှန်းခဲ့၏။

"ကောင်းကင်ဘုံရနံ့တာအိုပန်းကို စိုက်ပျိုးစေတာ ဂိုဏ်းချုပ်များလား" ၎င်းက ခန့်မှန်းချက်သာဖြစ်၍ အတည်မပြုနိုင်သေးပါချေ။

ဘာပဲဖြစ်ဖြစ်သူ့အနေနဲ့ အကြီးအကဲပိုင်ကျီရော ဂိုဏ်းချုပ်ကိုပါ မဆန့်ကျင်နိုင်ကြောင်းသိလေသည်။

သူ အိမ်ပြန်ရောက်လာ၏။ ထိန်းသိမ်းခံရသည့် အခြေအနေတွင် မရှိတော့ကြောင်း လျှိုရှင်းချန်ပြောသည်။ ဥပဒေခန်းမကြောင့် ဂိုဏ်းပြင်ပကို မထွက်နိုင်သေးသော်လည်း အခြားကန့်သတ်မှုများမရှိတော့ပါချေ။

ကျန်းဟောင် ကုလားထိုင်တွင်ထိုင်၍ အိတ်ကပ်ထဲမှ မိုင်တစ်ထောင်တည်နေရာကူးပြောင်းအစီအရင်ကို ထုတ်ကြည့်သည်။ ၎င်းကို အသုံးပြုရန် မလိုလိုက်ပေ။

သူ လုံလောက်အောင် မသန်မာသေးကြောင်းနားလည်လိုက်၏။ ထို့နောက် ထရပ်၍ ခြံအား သန့်ရှင်းသည်။ ရှုပ်ပွမနေသော်လည်း သူ့စိတ်ထဲ ကိစ္စများစွာရှိနေသည်မဟုတ်ပါလား။

တဖြည်းဖြည်းချင်း သူ စိတ်ငြိမ်သွားခဲ့သည်။ အမျိုးမျိုးသောဖြစ်လာမည့်အရာများအတွက် ကြိုတင်ပြင်ဆင်ထားသော်လည်း သူ့ဘဝက အန္တရာယ်ကင်းသွားခဲ့ပြန်၏။

သူ၏ လက်ချောင်းများက အတန်ငယ် တုန်ခါနေခဲ့သည်။ ယနေ့ ကြုံတွေ့ခဲ့ရသည်များအတွက် သူ့ခွန်အားနှင့် ဗဟုသုတက နည်းပါးနေခဲ့သည်။

ရုတ်တရက် မွှေးရနံ့တခုက နှာခေါင်းထဲဝင်လာ၏။ သူ့ခြံထဲက ပန်းများ၏အနံ့မဟုတ်သောကြောင့် လှည့်ကြည့်လိုက်ရာ တစုံတဦးက ခြံထဲတွင် ထိုင်နေကြောင်း မြင်လိုက်ရသည်။ သူမက မက်မွန်ပင်အား ကြည့်နေ၏။

ဟုန်ယွီယဲ့

ကျန်းဟောင် အံ့အားသင့်သွား၏။ သူမ ယနေ့ရောက်လာမည်မထင်ထားပေ။ သူ လွတ်မြောက်သွားပြီးမှ လာရှာမည်ထင်ထားသည်။

"ဘာအံ့သြနေတာလဲ ငါ့ကိုယ်သင်းရနံ့ကို မရင်းနှီးသေးဘူးလား" ဟုန်ယွီယဲ့က ပြောသည်။

"အဲ့လိုမဟုတ်ပါဘူး" သူ ခေါင်းငုံ့၏။ "မွှေးရနံ့က ထူးခြားတယ် ပန်းပေါင်းစုံရနံ့လိုပဲ"

သူအမှန်တိုင်း ပြောနေခြင်းဖြစ်သည်။ သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေ၏။ ဂူအဆိပ်က သူမနှင့်ရင်ဆိုင်ရာတွင် မည်သည့်သက်ရောက်မှုမှ မရှိပေ။

ကံကောင်းစွာ သူ့ကိုယ်သူအရူးမဖြစ်စေပဲ ထိန်းချုပ်ထားလေသည်။

ဟုန်ယွီယဲ့က တိတ်ဆိတ်စွာထိုင်နေ၏။ လေက သစ်ရွက်များကြား တိုးဝှေ့ကျီစယ်နေ၏။

ကျန်းဟောင်မှာ ဖြည်းဖြည်းချင်း တည်ငြိမ်သွား၏။

"ငါ့ပန်းကို ဂရုစိုက် နောက်ပြီး ငါလာခေါ်တဲ့အခါ လိုက်ခဲ့ရမယ် မဟုတ်ရင် ငါ့ဒေါသကို ခံစားဖို့ပြင်ထား"

ထို့နောက် သူမက အနီရောင်အရိပ်အဖြစ် ပျောက်ကွယ်သွားတော့၏။

သူ ပဟေဠိဖြစ်သွား၏။ ခါတိုင်းလို ကောင်းကင်ဘုံရနံ့တာအိုပန်းကိုပင် မစစ်ဆေးသွားခဲ့ချေ။

ကျန်းဟောင် ကြည့်လိုက်ရာ သူ့လက်များ တုန်ယင်ခြင်းမရှိတော့ကြောင်းတွေ့ရသည်။ အသက်ပြင်းပြင်းရှူပြီး နောက်တစ်ရက် အသက်ရှင်ခွင့်ရသည့်အတွက် ကျေးဇူးတင်သည်။

ခရီးထွက်ရန် လျှိုရှင်းချန်နဲ့ ဆွေးနွေးရပေဦးမည်။ ဟုန်ယွီယဲ့၏ ဒေါသအား မရင်ဆိုင်လိုပါချေ။

မွန်းတည့်တွင် သားရဲ အိမ်ပြန်ရောက်လာ၏။

"မထွက်သွားဘူးလား" ကျန်းဟောင် မေး၏။

သားရဲ ခေါင်းခါ၏။ "ပြန်လာပြီ နောက်တခါ သေချာသွားမှပဲ ပြောတော့မယ်"

ကျန်းဟောင်က ပြုံး၍ ဘာမှမပြောပေ။ သားရဲ အဘယ်ကြောင့် ပြန်လာသည်အား မသေချာသော်လည်း သူ့အတွက် ဘာမှမဖြစ်ပါချေ။

"သခင် တောင်ပေါ်ကဆင်းတဲ့လမ်းမှာ နေရာတခုကိုဖြတ်သွားတော့ ယောကျာ်းတယောက်က မိန်းမကို စားမလို့ ခြိမ်းခြောက်နေတယ် မိန်းမက တောင်းပန်နေပေမဲ့ နောက်တော့ စားခွင့်ပြုလိုက်တယ် ကျနော်နားမလည်နိုင်ဘူး"

ကျန်းဟောင် ဆွံ့အသွား၏။

"နောက်ဆို သူများတွေပြောတာကို ခိုးနားမထောင်နဲ့"

"မတော်တဆကြားတာပါ မရည်ရွယ်ပါဘူး"

ဒါမျိုးတွေက ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ နေ့ခင်းကြောင်တောင်ဖြစ်နေတာလား။

"ကောင်းကင်ရွှင်ပျော်စံအိမ်ဖြစ်နိုင်တယ်"

"နောက်တော့ ယောကျာ်းက မိန်းမစားတာခံလိုက်ရတယ် သူ့ပါးစပ်က သူမပါးစပ်ထဲရောက်နေတယ် ကလီစာတွေကလည်း မြေပေါ် ပြန့်ကြဲနေတယ်"

သားရဲက သူ့ကိုကြည့်၍ "သခင် သတိထားရမယ်နော် ဘယ်သူ့ကိုမှ သခင့်ကို စားခွင့်မပြုလိုက်နဲ့"

ကျန်းဟောင် ကြောင်သွား၏။ သူ တကယ်မြင်ခဲ့တာ ဘာတုန်းဟ။

"သူမက မင်းကိုတွေ့သွားလား"

သားရဲ ခေါင်းယမ်းသည်။

ကျန်းဟောင် ခေါင်းညိတ်သည်။ သားရဲပြောတာမှန်လျှင် အမျိုးသမီးက တစုံတယောက်ကို သတ်ခဲ့ခြင်းဖြစ်ပေမည်။

ကောင်းကင်ရှင်းလင်းဂိုဏ်း၏ တပည့်ဖြစ်ပါက ဥပဒေခန်းမဝင်ပါလာမှာ မကြာပေ။ ဘယ်သူကများ ဂိုဏ်းထဲမှာ လူသတ်ရဲရတာလဲ။

တဖက်လူက တခုခုဖုံးကွယ်ထားမည်ကို သူ စိုးရိမ်နေ၏။ လျှိုရှင်းချန်၏ စကားအရ ဥပဒေခန်းမတွင် လူသတ်သမားကိုဖမ်းရန် ကောင်းကင်ဝိညာဥ်မှော်မှန်ကို အသုံးပြုနိုင်သည်။ ထိုသို့ဖြစ်လာါက သူပါ ဒုက္ခရောက်နိုင်လေသည်။

လျှိုရှင်းချန်ဆီ မကြာခင်သွားရန် ဆုံးဖြတ်၏။ လူသတ်သမားအကြောင်းနှင့် အနီးအနားမြို့များထံ သွားရောက်လည်ပတ်နိုင်ရန်အတွက်ဖြစ်သည်။

သူ အလျင်မလိုပေ။ ရက်အနည်းငယ်အတွင်း အဆင့်တက်နိုင်ပြီး ပိုမိုသန်မာလာမည်ဖြစ်၏။

နောက်တစ်ရက်

ကျန်းဟောင်က ခြံထဲ မတ်တပ်ရပ်နေ၏။ ယနေ့မှစ၍ သူ၏ ပုံမှန်လုပ်ငန်းဆောင်တာအတိုင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဝိညာဥ်ကျောက်တုံးများရှာရန်လည်း လိုနေ၏။

ဆေးဥယျာဥ်ကိုရောက်သွားသောအခါ ချန်ချိုး ထွက်သွားတာ လဝက်ရှိပြီးဖြစ်ကြောင်း အမှတ်ရလိုက်သည်။ သူ ဘယ်တော့ ပြန်လာမည်ကိုမသိပါချေ။

"ကောင်းသောမနက်ခင်းပါ ဂျူနီယာမောင်လေးကျန်း" မြောင်တင်းလျန်က ဆေးပင်များစိုက်ပျိုးသည့် လုပ်ငန်းစဉ်တွင် ကူညီပေးနေ၏။

"ကောင်းသောမနက်ခင်းပါ စီနီယာအစ်မ " သူ ပြန်နှုတ်ဆက်၏။

မြောင်တင်းလျန်က သူ့ကို ပြန်တွေ့ရသည့်အတွက် ပျော်နေပုံရသည်။ သူမတွင် မည်သည့်အကြံရှိနေသည်ကို မသိပါချေ။

"ဂျူနီယာမောင်လေး အခုအားလား အစ်မမေးစရာလေးရှိလို့ စီနီယာအစ်ကိုမုချီနဲ့ ပတ်သတ်တယ်"

All Chapters