အချစ်များပြည့်နေသော
Vol. 8 Ch. 112
ကျန်းဟောင်က ဆေးပင်များကိုပြုစုလျက် မြောင်တင်းလျန်ပြောသည်အား နားထောင်နေလေသည်။
"ဂျူနီယာမောင်လေးကျန်းရဲ့နည်းလမ်းက လက်ခံနိုင်စရာဆိုပေမဲ့ အမြစ်ကိုတော့ အကူအညီမဖြစ်ဘူး ဆေးပင်တွေနားမှာ ကြာပြာအရွက်တချို့ကို မြုပ်နှံထားရင် ညှိုးခြောက်သွားတာမျိုးကနေ ကာကွယ်ပေးနိုင်တယ်"
သူမက ဆေးပင်တွေအကြောင်း အမှန်သိပုံရသည်။ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်လိုက်၏။
"စီနီယာအစ်ကိုမုချီနဲ့ပတ်သတ်ပြီး ဘာမေးချင်လို့လဲ"
မြောင်တင်းလျန်၏ မျက်နှာက လေးနက်သွား၏။ "ဂျူနီယာမောင်လေးက စီနီယာအစ်ကိုမုချီနဲ့ ရင်းနှီးတယ်မလား"
"ကျနော်က အတွင်းစည်းတပည့်ပါပဲ အစစ်အမှန်တပည့်တွေနဲ့ တွေ့ခဲပါတယ် "
"ဒါဖြင့် စီနီယာအစ်ကိုမုချီကို အခြားစီနီယာ ဒါမှမဟုတ် ဂျူနီယာ အမျိုးသမီးတဦးဦးနဲ့ တွေ့ဖူးလား"
"ဝိုး ဒဲ့ကြီးဟ" ကျန်းဟောင် တွေးလိုက်၏။
"မတွေ့ဖူးပါဘူး" သူဖြေလိုက်သည်။
သို့သော် မနေ့ညက သူ့ကိုခေါ်သည်တွင် မုချီက ကျင့်ကြံလိုသည်ဟူ၍ ငြင်းသည်။ သူက အရင်လိုမဟုတ်တော့ပေ။
"သူနဲ့ ပတ်သတ်ပြီး ပြောင်းလဲသွားတာမျိုးရောရှိလား "
"ဘယ်လိုမျိုးလဲ"
"ဒဏ်ရာရတာ ဒါမှမဟုတ် တခုခု "
ကျန်းဟောင်လည်း မိုင်းတွင်းတွင် မုချီ ဒဏ်ရာရဖူး၍ သူ တာဝန်အစားယူခဲ့ရပုံကို ပြောပြလိုက်သည်။
မြောင်တင်းလျန်က ထရပ်လိုက်သည်။" ဂျူနီယာမောင်လေးကျန်း အမျိုးသမီးတဦး ချဥ်းကပ်လာရင်သတိထားပါ ဥပဒေခန်းမက လူတယောက်သေနေတာကို ရှာတွေ့ခဲ့တယ် သူတို့ ဒီကိစ္စကို စုံစမ်းနေကြတယ် ခက်ခဲတဲ့ကိစ္စတခုခုရှိရင် တို့ကိုလာရှာပါ ကူညီပေးမယ် "
ထို့နောက် သူမ ထွက်သွားတော့သည်။ မြောင်တင်းလျန်က သစ္စာဖောက်မဟုတ်တာဖြစ်နိုင်သည်။
ကျန်းဟောင်က သူမအပေါ် အကဲဖြတ်လိုက်၏။
[မြောင်တင်းလျန်၊ ကောင်းကင်သူတော်စင်ဂိုဏ်း၏ သူတော်စင်မတစ်ဦး၊ အလွန်ပါရမီရှိသည်၊ ရွှေအမြုတေအဆင့် အလယ်အလတ်၊ သူမ၏ ဂိုဏ်းကိုစွန့်ခွာပြီး အဖမ်းမခံရစေရန် အသည်းကွဲကမ်းပါးကို ဝင်ရောက်ခဲ့၏၊ မုချီ ဒဏ်ရာရဖူးကြောင်းသိ၍ စိုးရိမ်နေ၏၊ အသည်းကွဲကမ်းပါးဆီ ခေါ်လာပေးသည့်အတွက် သင့်အား ကူညီပေးချင်နေသည်၊ မုချီနဲ့ သင်က ရန်သူများမဟုတ်သည့်အတွက် သူမအနေနဲ့ တတ်နိုင်သလောက် ကူညီပေးမည်ဖြစ်သည်]
သူက တကယ်လူကောင်းပဲ။
ကျန်းဟောင် မည်သို့ခံစားရမည်မှန်းမသိတော့ပါချေ။ သူက မုချီနှင့် ရန်သူမဟုတ်သည့် ကူညီရန်ဆန္ဒရှိသည်၊ အကယ်၍ ရန်သူဖြစ်ပါမူ...
ကျန်းဟောင်က သူမနှင့် ရန်သူမဖြစ်ချင်ပေ။
တဖက်လူက သူတော်စင်မဖြစ်ပြီး ဂိုဏ်းကိုစွန့်ခွာလာခဲ့သည်။ အချစ်အတွက်ကြောင့်သာ ယခုလို ရူးသွပ်သည့်အရာများအား လုပ်ဆောင်ခြင်းဖြစ်သည်။
သူမက မုချီအတွက်အရာအားလုံးကို ထားရစ်ခဲ့၏။ မုချီသာ သူမက်ို စွန့်ပစ်ခဲ့ပါမူ...
သူမ မည်မျှကြောက်စရာကောင်းမည်အား တွေးပင်မတွေးနိုင်တော့ချေ။
ကျန်းဟောင် ခေါင်းယမ်းသည်။ မုချီ ဒါမျိုးမလုပ်ဆောင်စေရန်သာ မျှော်လင့်ရလေသည်။
သို့သော် မြောင်တင်းလျန်လို အမျိုးသမီးမျိုးနှင့် မိစ္ဆာဂိုဏ်းတွင် တွေ့ဆုံခြင်းက လုံးဝကောင်းသည်ဟု မဆိုလိုနိုင်ပါချေ။ အခြားသူကို ကာကွယ်ရန်ထက် ကိုယ့်ကိုကိုယ် ရပ်တည်ရန်ပင် ခက်သည်။
ကျန်းဟောင်၏ လက်ရှိခွန်အားက မည်သူ့ကိုမှ ကာကွယ်မပေးနိုင်ချေ။ အကြောင်းတစုံတရာဖြစ်ပေါ်လာပါက လက်တွဲဖော်ကိုသာ ဒုက္ခရောက်စေမည်ဖြစ်သည်။
ထို့ကြောင့် တယောက်တည်းနေတာသာကောင်းသည်။
မြောင်တင်းလျန် ပြောသည်အား တွေးမိသည်။ ဥပဒေခန်းမက လူသတ်သမားကို မမိသေးပေ။
ဒါက သူ့ကို အံ့အားသင့်စေ၏။ လူသတ်သမားက အတော်အန္တရာယ်များရမည်။ မဟုတ်ပါက ဂိုဏ်းထဲတွင် လူသတ်ပြီး လွတ်မြောက်နေမည်မဟုတ်ချေ။
ကျန်းဟောင်လည်း ဆေးပင်များ အဆင်ပြေပြေရှိကြောင်း ဆေးဥယျာဥ်အား လှည့်ပတ်ကြည့်ရှုသည်။ ထို့နောက် အသံတခုကြား၍ လှည့်ကြည့်လိုက်ရာ မိန်းကလေးတဦး လဲကျနေသည်အား တွေ့ရသည်။
"တောင်း... တောင်းပန်ပါတယ်" မိန်းကလေးက ဒူးထောက်ချလိုက်သည်။
သူမ မျက်နှာကဖြူရော်ပြီး ခြေထောက်များတုန်နေ၏။ အလုပ်အလွန်အကျွံလုပ်ထားပုံပင်။
"အဆင်ပြေတယ် ခဏသွားနားလိုက် "
"ကျေးဇူးတင်ပါတယ်"
သူမက ၁၄ ၁၅ လောက်သာရှိမည်။ ကျင့်ကြံသူမဟုတ်ပဲ သာမန်လူဖြစ်သည်။
သာမန်လူများက ကောင်းကင်ရှင်းလင်းဂိုဏ်းကို ရောင်းစားခံရခြင်း၊ အစေခံအဖြစ်မွေးလာခြင်း၊ ကိုယ်တိုင်ဝင်လာခြင်း စသည့်နည်းလမ်းသုံးသွယ်ဖြင့် ဝင်ရောက်နိုင်လေသည်။
ထိုမိန်းကလေးက အသည်းကွဲကမ်းပါးကိုရောက်တာ မကြာသေးပေ။ အဘယ်ကြောင့် အလုပ်အလွန်အကျွံလုပ်ရသည်အား မသိပေ။
ဆေးဥယျာဥ်က လူများကိုကြည့်လိုက်သောအခါ အများစုပျောက်နေကြောင်း သတိထားမိသည်။
သူ မေးကြည့်ရာ အခြားဆေးဥယျာဥ်များသို့ ကူညီရန် စေလွှတ်ခံရကြောင်း သိရသည်။ ခါတိုင်းထက် ဆေးဥယျာဥ်များတွင် လူနည်းသွားလေသည်။
ကျန်းဟောင် မျက်မှောင်ကြုတ်၏။ ဥပေဒခန်းမက သာမန်လူများ၏ ပျောက်ဆုံးမှုနဲ့ပတ်သတ်ပြီး ဂရုမစိုက်ပေ။
သားရဲကိုခေါ်ပြီး ဆေးဥယျာဥ်အား စောင့်ကြည့်ခိုင်းလိုက်သည်။
ထို့နောက် ဆေးဥယျာဥ်အား ယာယီလာကူပေးရန် အပြင်စည်းသို့ လူလွှတ်လိုက်လေသည်။
ကောင်းကင်နက်ဂိုဏ်းကိစ္စကြောင့် ဒီရက်ပိုင်းအတွင်း ဆေးဥယျာဥ်အား သေချာဂရုမစိုက်လိုက်နိုင်ပေ။ မဟုတ်လျှင် ဒီလိုမျိုးဖြစ်လာမည်မဟုတ်ပေ။
"သခင် တခုခုရှာတွေ့ထားတယ်" သားရဲက ပြန်ရောက်လာ၏။
"မြန်လိုက်တာ"
သူလည်း သားရဲနောက်လိုက်သွား၏။
အဓိကလမ်းမအတိုင်းလျှောက်သွားပြီး သာမန်လူအများစုနေသည့်နေရာသို့ရောက်သွား၏။ သက်လတ်ပိုင်းလူတဦး လဲနေသည်အား မြင်ရလေသည်။
"အသက်သွေးက အားပျော့နေတယ် အလုပ်ပင်ပန်းတာလည်း မဟုတ်ဘူး နေမကောင်းဖြစ်နေတာပဲ" ကျန်းဟောင်လည်း ငုတ်တုတ်ထိုင်၍ စစ်ဆေးကြည့်ရာ ထိုလူမှာ အဖျားကြီးဖျားနေလေသည်။
"စီနီယာ " ထိုလူမှာ သတိအတန်ငယ်ရှိသေး၏။
"အဆင်ပြေတယ် လတ်တလော ထူးဆန်းတာတခုခုကြုံခဲ့သေးလား" သူ မေးကြည့်သည်။
ထိုအခါ ထိုလူက သူ၏ အိပ်မက်အကြောင်းပြောပြသည်။ အမျိုးသမီးတဦးက သူ့ကို ဆွဲဆောင်ခဲ့သည်ဟူ၏။
ကျန်းဟောင် အံ့သြသွား၏။ "ဒါက ဘယ်လိုမန္တန်မျိုး
လဲ"
အဘယ်ကြောင့် သာမန်လူများအား ပစ်မှတ်ထားနေသည်ကို နားမလည်နိုင်ပါချေ။ ၎င်းတို့က မကျင့်ကြံနိုင်ပဲ အောက်ခြေသိမ်းအလုပ်များကိုသာ လုပ်ကိုင်ရသူများဖြစ်သည်။