← Chapters

သေသည်အထိညှို့သော

Vol. 8 Ch. 113

သေသည်အထိညှို့သော

Vol. 8 Ch. 113

ညနေတွင် ကျန်းဟောင်က ခြံထဲ ဆေဘာလေ့ကျင့်နေ၏။ အချို့သောအကွက်များအား လေ့ကျင့်နေခြင်းဖြစ်၍ မည်သည့် စွမ်းအားမှထည့်သွင်းမထားချေ။

ကောင်းကင်ဆေဘာခုနစ်ကွက်က တိုက််ခိုက်ရေးနည်းလမ်းမဟုတ်သည့် ဆေဘာနည်းစနစ်များလည်းပါသည်။ ၎င်းမှာ ဆေဘာနှင့် ကိုင်ဆောင်သူအား ပိုမိုကျွမ်းဝင်စေ၍ လေ့ကျင့်ရာတွင် အလွန်အကျိုးဖြစ်လေသည်။

အတန်ကြာသော် မြေပြင်၌ထိုင်၍ ဆေဘာအား သန့်စင်သည်။

သားရဲက ပြန်မလာသေးပေ။ ၎င်းကို အချက်အလက်ရရန်အလို့ငှာ လျှောက်ကြည့်ခိုင်းထားသည်။

ဆေးဥယျာဥ်က မိန်းကလေးနှင့် နေမကောင်းဖြစ်နေသူတို့မှာ တရားခံအတွက် နောက်ပစ်မှတ်က အသည်းကွဲကမ်းပါးမှဖြစ်ကြောင်း သက်သေပြနေခြင်းပင်။

ထိုကိစ္စက သူနဲ့ မဆိုင်သော်လည်း ဆေးဥယျာဥ်ကိုသက်ရောက်နိုင်သည်။ သူသာ ပြဿနာကိုလျစ်လျူရှုထားပါက ဆေးဥယျာဥ်တွင် လူများ အလုပ်လုပ်နိုင်မည်မဟုတ်ပေ။

ဆေးဥယျာဥ်တွင် အလုပ်လုပ်မည့်လူများအား ရှာရန်မလွယ်ပေ။ သူသာ အကြောင်းရင်းကိုမရှာနိုင်ပါက အခြေအနေက ပိုဆိုးလာပေမည်။

ကျန်းဟောင်က ကောင်းကင်ရှိ လဝန်းကြီးကို ငေးမောကြည့်၏။ ဒီတိုင်းလေး ငြိမ်းငြိမ်းချမ်းချမ်းနေခွင့်ရရင်...

ကောင်းကင်နက်ဂိုဏ်း၊ ကောင်းကင်ရွှင်ပျော်စံအိမ်၊ နေဝင်ဆည်းဆာဂိုဏ်းတို့နဲ့ ပတ်သတ်ပြီး မလွယ်ကူပါသေးချေ။ ပိုင်ရီလည်း ရှိနေသေး၏။

သစ္စာဖောက်များက ယခင်ထက်နည်းသွား၏။ သူ့အတွက် ကျင့်ကြံပြီး အဆင့်တက်ရမည့်အချိန်ကောင်းပင်။

မည်သူကမှ လတ်တလော သူ့ကို ပြဿနာလာရှာမည်မဟုတ်ပေ။ သို့သော် ဆေးဥယျာဥ်၌ ပြဿနာလာပေါ်နေ၏။။

ဝှစ်

အဖြူရောင်အရိပ်တခုက ခြံထဲဝင်လာ၏။

"သခင် တခုခုရှာတွေ့ထားတယ်"

ကျန်းဟောင် ဆေဘာကို မ လိုက်၏။ "လမ်းပြ"

ရန်သူက သူ့ထက်အင်အားကြီးပါမူ တိတ်တဆိတ်နောက်ဆုတ်သွားမည်ဖြစ်၏။ လျှိုရှင်းချန်ကိုချဥ်းကပ်၍ အကူအညီတောင်းရမည်။

သားရဲက အမြန်ဆုံးနှုန်းဖြင့် ပြေးထွက်သွား၏။

အတန်ကြာသော် သူတို့ တောအုပ်အစွန်ကိုရောက်လာကြသည်။

အဲဒီမှာ သားရဲက လူတဦးအား ညွှန်ပြသည်။

ကျန်းဟောင် ချဥ်းကပ်သွား၏။ ၎င်းက သတိကင်းမဲ့နေပြီး မျက်ဖြူလန်နေ၏။

"ဘယ်သူက သူ့ကို ညှို့ထားတာလဲ"

"အဲဒီမိန်းမကိုရှာမှာလား သခင်" သားရဲက မေး၏။

"သူ့နောက်လိုက်ကြတာပေါ့ တို့ကို တရားခံဆီခေါ်သွားပေးနိုင်တယ်"

ကျန်းဟောင်က ထိုလူ သတိမထားမိစေရန် တိတ်တဆိတ်လိုက်လာ၏။ ၎င်းမှာ အခွံကြီးသပ်သပ်တည်ရှိနေသလိုပင်။

တောအုပ်ထဲတွင်ပုန်းနေသည့် တစုံတယောက် သူ့ကို ရှာတွေ့သွားမည်ကိုစိုးနေ၏။

ထိုလူနောက်ကနေ တောထဲကို နောက်ယောင်ခံလိုက်သွား၏။

အတော်နက်နက်သွားပြီးနောက် ခပ်လှမ်းလှမ်းတွင် သူ သတိထားမိလိုက်သည်။ ထိုနေရာတွင်ရှိနေသူက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းသာရှိ၏။

"ဒီလောက်အားနည်းတာတောင် အပြစ်ကျူးလွန်ရဲတာပဲ" သူတွေး၏။။

ကောင်းကင်ရှင်းလင်းဂိုဏ်းက မိစ္ဆာဂိုဏ်းဖြစ်သောကြောင့် ထူးဆန်းသည့်အရာများဖြစ်နိုင်သည်။ သို့သော် အလွန်နိမ့်ပါးသည့် ကျင့်ကြံဆင့်ရှိသူက ယခုလို အတင့်ရဲသည်ကတော့ နည်းသည်။

ဒါပေမဲ့ ဘာလို့ သာမန်လူတွေကိုသတ်ရတာလဲ

ကျန်းဟောင်က ညှို့ခံထားရသူဆီသွားပြီး သတိလစ်အောင်လုပ်လိုက်၏။ ထို့နောက် အမျိုးသမီးဆီ လျှောက်သွား၏။ သူ၏ စွမ်းအင်နှင့် နယ်ပယ်ကိုဖုံးကွယ်ထားသောကြောင့် အမျိုးသမီးက သူ့ခွန်အားကို အာရုံခံနိုင်မည်မဟုတ်ပေ။

သူက ရွှေအမြုတေအဆင့် နှောင်းပိုင်းဖြစ်သောကြောင့် သူမကို ကြောက်စရာမလိုပါချေ။

လရောင်ထဲ တောအုပ်ထဲထိုးကျပြီး သူ့ကိုလမ်းပြနေ၏။

တစ်လှမ်းလှမ်းတိုင်း သူ၏ ကျင့်ကြံဆင့်က လျော့ကျသွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့် ထို့နောက် အသက်သွေးသန့်စင်ခြင်းအဆင့် ၃ သို့ရောက်သောအခါ ရပ်တန့်လိုက်၏။

သူက အလွန်အားနည်းနေသောကြောင့် အမျိုးသမီးက သူ့ကို သံသယဝင်မည်မဟုတ်ပေ။

ဥပဒေခန်းမက လူများ ဤနေရာကို လာမထောက်လှမ်းသည့်အတွက် အံ့သြမိ၏။ သူပင် သူမကို လွယ်ကူစွာ ရှာတွေ့ခဲ့၏။ ဥပဒေခန်းမက မဖမ်းနိုင်သေးတာ ယုံနိုင်စရာမရှိပေ။

အတန်ကြာသော် ပုခုံးဖော်ပြီး မြေပြင်၍ လှဲလျောင်းနေသည့် အမျိုးသမီးအား တွေ့လိုက်ရသည်။ ဆံပင်များက ရှုပ်ပွ၍ ဖြူဖျော့ဖျော့အရေပြားက လရောင်အောက်တွင် တောက်ပနေ၏။

သို့သော်လည်း ဂူအဆိပ်ကြောင့် သူ့စိတ်က လုံးဝတည်ငြိမ်နေလေသည်။

အိပ်ပျော်ဟန်ဆောင်နေသည့် သူမအပေါ် အကဲဖြတ်စွမ်းရည်သုံးလိုက်၏။

[ကောင်းချန်နတ်ဂိုဏ်းမှ ဝမ်ရင်း၏ ကိုယ်ပွားများထဲမှတစ်ခု၊ သူမက စိတ်ဝိညာဥ်နှင့် အသွေးအသားကိုစုပ်ယူပြီး အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းသို့ တက်ရောက်ခဲ့သည်၊ ပမာဏအချို့အား မူရင်းခန္ဓာသို့ပို့ဆောင်၍ သင့်အား ကောင်းချန်ညှို့ငင်နည်းစနစ်ကို အသုံးပြုနေသည်၊ သင်နှင့် အတူနေပြီးနောက် ဝါးမျိုရန် ကြံရွယ်ထား၏၊ ဖုံးကွယ်ရန်အတွက် ကိုယ်ပွားက အဓိကခန္ဓာနှင့် မှတ်ဉာဏ်ချင်း မမျှဝေပေ]

"ကောင်းချန်နတ်ဂိုဏ်း "

ကျန်းဟောင် ထိုဂိုဏ်းအကြောင်း လုံးဝမကြားဖူးပေ။ "နောက်ပြီး သူမက ကိုယ်ပွားတဲ့လား"

ဥပဒေခန်းမက သူ့ကို မရှာနိုင်တာမဆန်းတော့ချေ။ တော်သေးသည်က မူလခန္ဓာနှင့် မှတ်ဉာဏ်မမျှဝေထားခြင်းပင်။ မဟုတ်ပါက ရန်သူမှာ သတိအပြည့်ဖြစ်နေပေမည်။

အတည်ပြုပြီးနောက် ကျန်းဟောင်လည်း ကျင့်ကြံခြင်းကို မဖိနှိပ်တော့ပဲ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ထိ မြှင့်တင်လိုက်၏။

ရုတ်တရက် အပြောင်းအလဲက ကိုယ်ပွားကို ကြောက်လန့်စေ၏။ သူမက မျက်လုံးဖွင့်ပြီး ထွက်ပြေးရန်လုပ်သည်။

ကျန်းဟောင်က မိုင်ထောင်ချီမိစ္ဆာအသံဖြင့် သူမ ရှေ့ရောက်သွားပြီး ပိတ်လိုက်သည်။

ဝမ်ရင်း၏ ကိုယ်ပွားက အသနားခံသည်။ "စီနီယာအစ်ကို ကျေးဇူးပြုပြီး ကျမကိုလွှတ်ပေးပါ ကျမ ဘာမှမလုပ်ပါဘူး လူတွေကို အဖော်ပြုပေးရုံပါ စီနီယာအစ်ကိုသာလွှတ်ပေးမယ်ဆိုရင် ဘာမဆိုလုပ်ပေးပါ့မယ် စီနီယာအစ်ကိုရဲ့ အိမ်ကို လိုက်ခဲ့ပါ့မယ်"

ကျန်းဟောင်က ဓားပြားဖြင့် သူမခေါင်းကိုရိုက်၍ လဲကျသွားစေ၏။

သူမကို မသတ်ပေ။ လျှိုရှင်းချန်ကိုသွားရှာရန် သားရဲအား ပြောသည်။

မကြာခင် လျှိုရှင်းချန်က ရောက်လာ၏။ ကပိုကရိုဖြစ်နေသည့် အမျိုးသမီးကိုမြင်သောအခါ အံ့အားသင့်သွား၏။

"သူမက ကောင်းချန်နတ်ဂိုဏ်းက ကိုယ်ပွားပဲ အဓိကခန္ဓာက ကောင်းကောင်းပုန်းနေတာကြောင့်မဟုတ်ရင် ဖမ်းမိတာကြာရောပေါ့"

"ကောင်းချန်နတ်ဂိုဏ်း"

"ကောင်းချန်နတ်ဂိုဏ်းက နို့ဆမ်းလမ်းပင်လယ်မှာ လှုပ်ရှားလေ့ရှိတယ် ကောင်းကင်ရှင်းလင်းဂိုဏ်းကို ထိုးဖောက်လာမယ်မထင်ထားဘူး တို့မှာ သူတို့နဲ့ ရန်စမရှိဘူး တခုခုကြောင့် ရောက်လာတာဖြစ်မယ် လျှိုရှင်းချန် ပြောသည်။ သူတို့က တို့ဂိုဏ်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မသိတော့ လူသတ်မိတာဖြစ်မယ်"

"ငါ သူမကိုခေါ်သွားလိုက်မယ် ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းနာမည်ကို ဘယ်လိုလုပ်ပေးရမလဲ"

သူမကို သူဖမ်းခဲ့ကြောင်း လူမသိစေချင်ပေ။ သူသာ အကျိုးဆောင်မှုကိုလိုချင်ပါက လျှိုရှင်းချန်ကိုပင် ခေါ်နေမည်မဟုတ်ပေ။

ကောင်းချန်နတ်ဂိုဏ်းရောက်လာရသည့် အကြောင်းရင်းကတော့ ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့်သာဖြစ်နိုင်သည်။

ကျန်းဟောင် တွန့်ဆုတ်သွားပြီးမှ "စီနီယာအစ်ကိုလျှို ကျနော် ဂိုဏ်းပြင်ထွက်ပြီး အနီးအနားက မြို့တွေဆီ ခရီးထွက်ချင်ရင် ဘယ်လိုလုပ်ရမလဲ"

လျှိုရှင်းချန်မှာ မှားကြားမိသလားဟုပင် ထင်လိုက်မိသည်။

All Chapters