← Chapters

ကျင့်ကြံခြင်းအတွက် အကြံပေးခြင်း

Vol. 8 Ch. 114

ကျင့်ကြံခြင်းအတွက် အကြံပေးခြင်း

Vol. 8 Ch. 114

လျှိုရှင်းချန်က အံ့အားသင့်သွားသော်လည်း အကြောင်းရင်းကို မမေးပါချေ။ "အပြင်ထွက်ဖို့က မခက်ပါဘူး မင်း ဂိုဏ်းကိုပြန်လာမှာလားဆိုတာ အရေးကြီးတယ် အကောင်းဆုံးကတော့ ဘယ်သူမှမသိအောင် တိတ်တိတ်လေးထွက်သွားတာပဲ သတိတော့ထားပေါ့ နေဝင်ဆည်းဆာဂိုဏ်းနဲ့ ကောင်းကင်နက်ဂိုဏ်းက မင်းကို အပြင်မှာ စောင့်ကြည့်နေတယ်် တခုခုဖြစ်ရင် မြန်မြန်ပြန်ခဲ့"

ကျန်းဟောင် သူ့ကို ကျေးဇူးတင်၏။ အဆိုးဆုံးဖြစ်လာလျှင် သူ့အနေနဲ့ မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို အသုံးပြုနိုင်သည်။ မိစ္ဆာမက သူ့ကို ဘယ်နေရာမှာမဆို ရှာနိုင်သည်ဖြစ်ရာ သူမအတွက် စိုးရိမ်စရာမရှိပ်ချေ။

"မင်းအခြေအနေက အဆင်ပြေပါတယ် ဥပဒေခန်းမကို ခွင့်ပြုချက်တောင်းရင် သူတို့ တာဝန်ပေးလိမ့်မယ် သိပ်မခက်ပါဘူး ဘယ်တော့ထွက်မှာလဲ ငါပြောပေးထားတယ် ဒါပေမဲ့ အချိန်အကန့်အသတ်တော့ ရှိလိမ့်မယ် ပုံမှန်တော့ သုံးလလောက်ပေးတတ်တယ်"

"သုံးလက လုံလောက်ပါတယ် တာဝန်က ဘယ်လိုမျိုးပါလိမ့်"

"ဥပဒေခန်းမက တပည့်စုဆောင်းတာနဲ့ သစ္စာဖောက်တွေကို သုတ်သင်တဲ့တာဝန်မျိုးပဲပေးလေ့ရှိတယ် တပည့်စုဆောင်းတာအတွက် သူတို့ မင်းကို အသေးစိတ်အချက်အလက်ပေးလိမ့်မယ် သစ္စာဖောက်ရှင်းလင်းတာက မအောင်မြင်ရင် လျော်ကြေးပေးရတတ်တယ် စိတ်မပူပါနဲ့ မင်းက အခြေခံတည်ဆောက်ခြင်းအဆင့်ဆိုရင် သူတို့ကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် သစ္စာဖောက်ကိုပဲ ရှင်းခိုင်းမှာ"

"ဒါပေမဲ့ တခါတလေ အချက်အလက်မှားလို့ ရန်သူက အင်အားကောင်းနေရင်တော့ ဂိုဏ်းကိုပြန်လာပြီး ဝိညာဥ်ကျောက်တုံးအချို့ ပေးဆောင်လိုက်ရင်ရပြီ "

ကျန်းဟောင် သက်ပြင်းချ၏။ မိစ္ဆာဂိုဏ်းက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေသည်။

"တာဝန်အောင်မြင်ရင်ရော ဆုရမှာလား"

"ဒါပေါ့" လျှိုရှင်းချန်က ပြုံးသည်။ "ဥပဒေခန်းမက မင်းကို သံသယနည်းသွားလိမ့်မယ် သံသယစာရင်းထဲက ဖယ်ထုတ်ပေးတာမျိုးတောင်ဖြစ်နိုင်တယ်"

"လျော်ကြေးက ဘယ်လောက်များပါလဲ"

"အင်း ဝိညာဥ်ကျောက်တုံး ၃၀၀၀ လောက်ကစတယ်"

ကျန်းဟောင် ရှော့ရသွား၏။

"ဥပဒေခန်းမလည်း ဝိညာဥ်ကျောက်တုံး လိုတယ်လေ ဒါပေမဲ့ မင်းအောင်မြင်လို့ ပြန်ရမဲ့အရာအတွက် အာမခံချက်ရှိတယ် "

"ဥပဒေခန်းမက တာဝန်လက်ခံပြီး အပြင်ထွက်တဲ့လူအတော်များလား "

"ဟုတ်တယ် သံသယစာရင်းက လူတိုင်းက မင်းလိုမဟုတ်ကြဘူး သူတို့က ဂိုဏ်းတာဝန်လည်း မဆောင်ရွက်နိုင်တော့ ဥပဒေခန်းမရဲ့ တာဝန်ကိုပဲ ထမ်းဆောင်နိုင်ကြတယ် အဲ့လိုနည်းနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်ရှာရတာပဲ "

ကျန်းဟောင် ခေါင်းညိတ်သည်။ သူ့အတွက် တိုးတက်ရန် အခြားအရင်းအမြစ်များရှာရန်မလိုပါချေ။ ပူဖောင်းများရှိနေလျှင်ရပြီဖြစ်၏။

"တာဝန်လက်ခံတာအတွက် အခြားကန့်သတ်ချက်တွေရော ရှိသေးလား "

"အဲဒီအတွက် ငါ တယောက်ယောက်ကိုပြောပေးထားမယ် ဥပဒေခန်းမကိုသွားပြီး လက်ခံလိုက်ရုံပဲ ဥပဒေခန်းမက အရမ်းကျိုးကြောင်းမဲ့တာတော့မဟုတ်ပါဘူး လျော်ကြေးပေးရရင် တစ်လခြင်း သုံးနှစ်အတွင်းပေးနိုင်တယ် "

ကျန်းဟောင် ကျေးဇူးတင်သည်။ လျှိုရှင်းချန်က အမျိုးသမီးနဲ့အတူ ထွက်ခွာသွားခဲ့သည်။

ကျန်းဟောင် သက်ပြင်းချ၏။ သူ့အတွက် မိုင်တစ်ထောင် တည်နေရာကူးပြောင်းအဆောင်ကို ထပ်မံပြုလုပ်ရန် ဝိညာဥ်ကျောက်တုံးများလိုနေ၏။

ကျန်းဟောင်က သတိလစ်နေသည့် သက်လတ်ပိုင်းလူအား ပြန်ခေါ်ရန်ရောက်လာသောအခါ ၎င်းအနားတွင် လူငယ်တဦးရှိနေသည်ကို တွေ့လိုက်ရသည်။

ကျန်းဟောင်ကိုမြင်သောအခါ ပျာပျာသလဲပြောသည်။ "စီနီယာအစ်ကို ကျနော်လုပ်တာမဟုတ်ဘူး ကျနော် ရောက်ကတည်းက ဒီလိုဖြစ်နေတာ"

"အေးပါ ငါသိပါတယ် ဘာလို့ ဒီကိုနောက်ကျမှရောက်နေတာလဲ"

ထိုလူငယ်က လင်းကျစ်ဖြစ်သည်။ အသည်းကွဲကမ်းပါးသို့ သူခေါ်လာသူလည်းဖြစ်၏။

သူ့အပေါ် အကဲဖြတ်စွမ်းရည်မသုံးဖူးသော်လည်း ထူးဆန်းသည့် ခံစားချက်မျိုးရနေသည်။ လင်းကျစ်နဲ့ ဤနေရာတွင် ဆုံရမည်မထင်ထားပေ။

"စီနီယာတွေအနားယူနေတုန်း ကျနော် ဒီကိုလေ့ကျင့်ဖို့ လာခဲ့တာပါ "

တပည့်သစ်များအနေဖြင့် စိတ်ဝိညာဥ်စွမ်းအင်အား ကောင်းကောင်း အာရုံမခံနိုင်သေးသောကြောင့် ခန္ဓာကိုယ်အတွင်း ကောင်းကောင်းလှည့်ပတ်ရန်မှာ မဖြစ်နိုင်ပေ။

ကျန်းဟောင်လည်း သတိလစ်နေသူထံလျှောက်သွား၏။

လင်းကျစ်က ပြောသည်။ "ကျနော်လုပ်ပေးပါမယ်"

ကျန်းဟောင်လည်း ခွင့်ပြုလိုက်၏။

"အခြေခံအဆင့်ကိုဝင်ဖို့အတွက် အဆင့်သုံးဆင့်ရှိတယ် စိတ်ဝိညာဥ်စွမ်းအင်ကိုခံစားတာ၊ ခန္ဓာကိုယ်ထဲ လမ်းညွှန်တာနဲ့ သွေးကြောတလျှောက်လှည့်ပတ်ပြီး ကျင့်ကြံခြင်းတည်ဆောက်တာပဲ မင်း ဘယ်အဆင့်ရှိနေပြီလဲ"

"ကျနော် စိတ်ဝိညာဥ်စွမ်းအင်ကို အာရုံနည်းနည်းပဲခံနိုင်သေးတယ်" လင်းကျစ် ရှက်ရွံ့သွား၏။

လင်းမိုနှင့် ကျောက်ချင်းရှန်တို့မှာ အဆင့်တက်တော့မည်ဟုပင် ကြားသိထား၏။

"ကောင်းပြီ" ကျန်းဟောင်က နှစ်သိမ့်သည်။ "ကျင့်ကြံခြင်းက အချိန်ယူရတတ်တယ် သော့ချက်က တဆင့်ချင်းသွားဖို့ပဲ စိတ်လောနေရင် ရှုပ်ထွေးတတ်တယ် အရင်ဆုံး စိတ်ငြိမ်အောင်ကြိုးစား အခြေအနေတိုင်းမှာ တည်ငြိမ်နေပါစေ"

လမ်းတွင် ကျန်းဟောင်က သူ့ကို ရှင်းပြလာခဲ့သည်။ လင်းကျစ်မှာ ဝမ်းသာပျော်ရွှင်နေ၏။

အပြင်စည်းတပည့်သစ်အနေဖြင့် သူ့လိုမျိုး ရွှေအမြုတေအဆင့်ထံမှ လမ်းညွန်မှုရရှိခြင်းမှာ အလွန်ရှား၏။

သတိလစ်နေသူအား အိမ်ပို့ပေးပြီးနောက် ကျန်းဟောင်က လင်းကျစ်ကိုပြော၏။ "ညဖက်တွေ အပြင်အရမ်းမထွက်နဲ့ အန္တရာယ်များတယ်"

လင်းကျစ် ခေါင်းညိတ်သည်။

ကျန်းဟောင်လည်း အိမ်ပြန်လာ၏။ လင်းကျစ်၏ လမ်းက မလွယ်ပေ။ သူက သာမန်ဖြစ်ပြီး သူငယ်ချင်းများက ထိပ်တန်းပါရမီရှင်များဖြစ်ကြသည်။ သူတို့ကြားက ကွာဟချက်က ကြီးသည်။ ထို့အပြင် လင်းကျစ်အနေနဲ့ အခွင့်ထူးခံမရသောကြောင့် အမှားလုပ်မရပေ။

"သခင် အပြင်ထွက်ဦးမလို့လား" သားရဲက သူ့ကိုကြည့်ပြီး မေးသည်။ "ကျနော့်ကိုလည်း ခေါ်သွားပါ"

"အိမ်စောင့်နေခဲ့ချေ "

"ဒါဆို သခင် ကျနော့်အတွက် လက်ဆောင်ယူလာပေးပါလား"

ကျန်းဟောင် သက်ပြင်းချ၏။ "မင်း ဘာလိုချင်လို့လဲ"

"ကျနော်နဲ့သင့်တော်မဲ့ မှော်ရတနာမျိုးဆိုရင်ရော"

"ငါ မင်းကို ဘာရတနာမှဝယ်ပေးမှာမဟုတ်ဘူး"

"ကျေးဇူးပြုပြီး သခင် တခုလောက်ပဲ"

All Chapters