← Chapters

ကြောက်စရာ့ဂိုဏ်းချုပ်

Vol. 8 Ch. 115

ကြောက်စရာ့ဂိုဏ်းချုပ်

Vol. 8 Ch. 115

ကောင်းကင်နက်ဂိုဏ်း မနက်အစောပိုင်းတွင် ရမ်ရှောင်းက စီနီယာတဦး ကျင့်ကြံခြင်းနည်းစနစ်နှင့်ပတ်သတ်၍ ရှင်းပြသည်အား နားထောင်နေ၏။

မွန်းတည့်ချိန်ရောက်မှ ထွက်ခွာလာခဲ့သည်။

ဤရက်ပိုင်းအတွင်း သူမစိတ်ထဲ တခုသာရှိ၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းကိုသွားသည့် စီနီယာများ၏ ဆွေးနွေးမှုရလဒ်ကို သိလိုခြင်းဖြစ်သည်။

ဂျူနီယာတဦးကိုပင် မပြတ်တမ်း သတင်းသိရရန် စုံစမ်းခိုင်းထားသော်လည်း အကျိုးမထူးပေ။

ရမ်ရှောင်းမှာ စစ်ထူကျန်းသတိပေးထားသူနဲ့ပတ်သတ်၍ ပိုမိုအလေးထားသည်။ သူ မှားဖို့ မျှော်လင့်မိ၏။ ထိုလူက ကြောက်စရာကောင်းအောင် သန်မာသည်မဟုတ်ပေ။

သူက စစ်ထူကျန်းထင်သလို သန်မာလျှင်တောင် ကောင်းကင်နက်ဂိုဏ်း၊ နေဝင်ဆည်းဆာဂိုဏ်းနှင့် လေမိုးကြိုးဂိုဏ်းအစုအဖွဲ့ကို မည်သို့ ဒုက္ခဖြစ်စေနိုင်ပါမည်နည်း။

ဂျူနီယာပြေးလာသည်ကို သူမ မြင်လိုက်ရ၏။ "စီနီယာအစ်မရမ် မကောင်းတာဖြစ်ကုန်ပြီ"

"ဘာလဲ ဘာဖြစ်လို့လဲ" ရမ်ရှောင်းက ဂျူနီယာ တုန်လှုပ်နေသည်ကို သတိပြုမိသည်။ "အသက်ကိုသေချာရှူပြီး ပြော ကောင်းကင်ရှင်းလင်းဂိုဏ်းရဲ့သတင်းလား"

ရှောင်ရွှယ်က အသက်ပြင်းပြင်းရှူလိုက်၏။" စီနီယာအစ်ကိုတုန်းဖန်းချန်ကလွဲပြီး ကောင်းကင်ရှင်းလင်းဂိုဏ်းကိုသွားတဲ့လူတွေ အကုန်သေကုန်ပြီ အကြီးအကဲတွေပါ အသက်မရှင်ဘူး"

"ဘာ ဘယ်သူမှအသက်မရှင်ဘူး" ရမ်ရှောင်း တုန်လှုပ်သွား၏။ သူမ အဖေသာလိုက်သွားခဲ့ပါလျှင်...

ရမ်ရှောင်း ကျောထဲစိမ့်သွား၏။ သူမ မယုံနိုင်ဖြစ်နေရလေသည်။

ကောင်းကင်ရှင်းလင်းဂိုဏ်း

ကောင်းကင်နက်ဂိုဏ်း၏ ကိစ္စက လောလောဆယ် ရှင်းလင်းပြီးသွားလေပြီ။ တပည့်အများစုက ထိုနေ့ကို မမေ့သေးပေ။ တစ်ယောက်ကလွဲပြီး အားလုံးကိုသတ်ပစ်ခဲ့သည့် နေ့အား သူတို့မမေ့နိုင်ပါသေးချေ။

အချို့သောတပည့်များက နားမလည်နိုင်ကြပေ။ ဘာလို့ ဂိုဏ်းက ကျိုးကြောင်းကျပြီး သွေးထွက်သံယိုနည်းသည့်နည်းလမ်းကို အဘယ်ကြောင့် မရွေးရပါသနည်း။

အခွဲ ၁၂ ခုမှ ခေါင်းဆောင်များသာ အကြောင်းရင်းကိုသိကြသည်။ သူတို့လည်း ဘာမှမတတ်နိုင်ပေ။ ဂိုဏ်းချုပ်ကို မလွန်ဆန်နိုင်ဘူးမဟုတ်ပါလား။

ဂိုဏ်းချုပ်ကိုယ်တိုင်လှုပ်ရှားခဲ့သည့်အတွက် သူတို့လည်း ပြင်ဆင်ထားရန်လို၏။ သူမကို မတွေ့ရတာ ဆယ်စုနှစ်ချီနေပြီဖြစ်သော်လည်း တွေးမိတိုင်း ထိတ်လန့်ကြောက်ရွံ့မှုများဖြစ်လာ၏။

သူမအား ကျေနပ်စေရန် ဂိုဏ်းစံအိမ်ထံ အရင်းအမြစ်များ ပေးပို့ကြသည်။ လုံလောက်သည့် အရင်းအမြစ်များနဲ့ဆို သူတို့ ထပ်မံတိုက်ခိုက်နိုင်၏။ သူတို့၏ သစ္စာရှိမှုကိုလည်း ဖော်ပြရာရောက်ပေသည်။

ကျန််းဟောင်ကတော့ ဒါတွေမသိပေ။

အဆောင်ပစ္စည်းများဝယ်ရန် ဝိညာဥ်ကျောက်တုံးရှာရင်းဖြင့်သာ အချိန်ကုန်နေ၏။ နောက်ထပ် တည်နေရာကူးပြောင်းအဆောင်လုပ်ရန် ဝိညာဥ်ကျောက်တုံး ၄၀၀ လောက်စုရန်လိုနေသည်။

ခုနစ်ရက်ကြာပြီးနောက် ဝိညာဥ်ကျောက်တုံး ၄၆၃ တုံးကို စုဆောင်းနိုင်ခဲ့သည့်အတွက် လိုအပ်သည်များအား ဝယ်ယူနိုင်ခဲ့သည်။

ထို့နောက် ဆေးဥယျာဥ်ကိုသွား၏။

"သခင် ဒီရက်ပိုင်း လူသားစားမိန်းမ မတိုက်ခိုက်ဘူး ကျနော့်ကိုကြောက်သွားတာဖြစ်မယ် ဒီညအိမ်ပြန်လို့ရမလား" သားရဲက မေးသည်။

ကျန်းဟောင်က သားရဲကို ညဖက်ကင်းလှည့်ရန် ညွှန်ကြားထားသည်။ ကံကောင်းသည်က ဘာမှမဖြစ်ခဲ့ခြင်းပင်။

သို့သော် ကောင်းချန်နတ်ဂိုဏ်းမှလူများကို ယခုအချိန်အထိ မဖမ်းမိပါသေးချေ။

"သခင် မုန်လာဥလိုချင်လား ကျနော့်မိတ်ဆွေတွေက ပေးသွားတာ"

ကျန်းဟောင်လည်း မုန်လာဥတခုကိုစစ်ဆေးကြည့်ရာ စိတ်ဝိညာဥ်စွမ်းအင်အကြွင်းအကျန်မရှိကြောင်း တွေ့သည်။ အန္တရာယ်ကင်း၏။

"ဒီညကောင်းကောင်းစားတာပေါ့"

ဆေးဥယျာဥ်ကနေ ထွက်သွားမည်အပြု စွမ်းအင်လှုပ်ခတ်မှုအား ခံစားလိုက်ရသည်။

သူလှည့်ကြည့်ရာ တစုံတဦးလျှောက်လာသည်ကို မြင်ရသည်။ အော်ရာအရ အနည်းဆုံး အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်တွင်ရှိပေမည်။

ကျန်းဟောင်က ဥယျာဉ်အပြင်ကို ထွက်သွား၏။

"နင်တို့မှာ ငါ့ကို ဖမ်းခွင့်ရှိလို့လား ဘာကိုပုံကြီးချဲ့နေတာလဲ ငါက အပြင်စည်းတပည့်တဦးပဲသတ်ခဲ့တာ နင်တို့ကို ဘာမှမထိခိုက်ဘူး"

ကောင်းကင်ရှင်းလင်းဂိုဏ်းက အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်များကိုလှုပ်ရှားစေ၍ ကိုယ်ပွားများကို လိုက်ဖမ်းခိုင်းနေသည်။

"ထွက်ပြေးမနေနဲ့တော့ ဥပဒေခန်းမက အလဟဿတည်ရှိနေတယ်များမှတ်နေလား "

လူလေးဦးက ဓားပျံစီးနင်းပြီး အမျိုးသမီးကို လိုက်ဖမ်းနေ၏။ သူမကို ဒဏ်ရာရစေထားပြီးဖြစ်သည်။

အမျိုးသမီးက သွေးအန်ထုတ်ပြီး ကျန်းဟောင်ထံ ဦးတည်လာ၏။ ဂိုဏ်းက တပည့်များကို တန်ဖိုးထားမှတော့ ဓားစာခံလုပ်ရပေမည်။

ကျန်းဟောင် သက်ပြင်းချ၏။ "နောက်ထပ်ကိုယ်ပွားလား"

လခြမ်းဆေဘာကို ဆွဲထုတ်လိုက်၏။

ကောင်းကင်ဆေဘာ ပထမအကွက် ငွေလသတ်ဖြတ်ခြင်းဖြင့် ခုတ်ချလိုက်သည်။

တိုက်ကွက်က သူမကိုပြုတ်ကျသွားစေ၏။ လူလေးဦးလည်း အမြန်ဝင်လာပြီး သူမအား ထိန်းသိမ်းလိုက်၏။

"ဘာလို့ ငါ့ကိုဖမ်းရတာလဲ အပြင်စည်းတပည့်လေးပဲလေ နောက်ပြီး ငါလည်း ဒီကတပည့်ပဲလေ" သူမက စူးရှစွာအော်သည်။

"ပြောစရာရှိရင် ဥပဒေမဲ့မျှော်စင်ကြမှပြော မင်းကိုယ်မင်း ဒီဂိုဏ်းတပည့်လို့သတ်မှတ်ထားရင် ဂိုဏ်းသားချင်း မသတ်ဖြတ်ရဘူးဆိုတာ မသိဘူးလား"

တပည့်သုံးဦးက သူမကို ခေါ်ဆောင်သွားပြီး တဦးက ကျန်းဟောင်နား ချဥ်းကပ်လာ၏။ "ကူညီပေးတဲ့အတွက် ကျေးဇူးပါ ဂျူနီယာညီလေး"

"ဘာရယ်မဟုတ်ပါဘူး" သူ ဦးညွတ်လိုက်၏။

ထိုအမျိုးသမီးက ဂိုဏ်းတပည့်အဖြစ် ဟန်ဆောင်ထားသော်လည်း စည်းမျဥ်းစည်းကမ်းအကြောင်း ဘာမှမသိပါချေ။

တပည့်က ခေါင်းညိတ်ပြီး ထွက်ခွာသွား၏။

ကျန်းဟောင် သက်ပြင်းချ၏။

"သခင် ဒီညကောင်းကောင်းစားဦးမှာလား" သားရဲက မုန်လာဥများကိုပေးပြီး မေးသည်။

"ဒါပေါ့ ညစာအတွက် သိမ်းထားလိုက်"

ထို့နောက် ဆေးဥယျာဥ်သို့ အလုပ်လုပ်ရန် ပြန်ဝင်သွား၏။ ဆေးဥယျာဥ်တွင် အလုပ်သမားက နည်းသထက်နည်းလာသည်။ သူ့အနေနဲ့ အလုပ်သမားအချို့ရှာရန်လိုနေ၏။

All Chapters