← Chapters

အစ်ကိုကြီးလို့ခေါ်

Vol. 8 Ch. 117

အစ်ကိုကြီးလို့ခေါ်

Vol. 8 Ch. 117

ဆေးဥယျာဥ်တွင် လုပ်ဆောင်ရမည့်အရာအတော်များများရှိ၏။ များသောအားဖြင့် သာမန်လူများက ဆေးပင်များကိုဂရုစိုက်၍ ကျင့်ကြံသူများအား နှောင့်ယှက်စရာမလိုပေ။ ကျင့်ကြံသူ၏ အာရုံကိုလိုအပ်သည်မှာ အနည်းငယ်သာရှိ၏။

အရေးပေါ်အခြေအနေကလွဲ၍ ဆေးဥယျာဥ်၏ အလုပ်များမှာ ပုံမှန်အတိုင်းလုပ်ဆောင်၍ရသည်။

ဆေးဥယျာဥ်ကို ကျန်းဟောင် မရောက်ခင်တုန်းက သာမန်လူများမှာ အကြောက်တရားများဖြင့် နေထိုင်ခဲ့ရသည်။ ဆေးဥယျာဥ်တွင် တခုခုဖြစ်လာပါက အတွင်းစည်းတပည့်များက သူတို့ကို အပြစ်တင်ပေမည်။

မွန်းတည့်ချိန်တွင် ဆေးဥယျာဥ်ရှိအလုပ်များ ပြီးဆုံးသွား၏။ သူ ထိုင်၍ ရှောင်လီအမေပေးလိုက်သည့် မုန့်အား စားနေသည်။ ၎င်းတွင် အဆိပ်မရှိကြောင်း အကဲဖြတ်စွမ်းရည်ဖြင့် ကြည့်ထားပြီးလေပြီ။ သာမန် အိမ်လုပ်မုန့်သာဖြစ်၏။

မကြာခင် ချန်ချိုးက သားရဲနဲ့အတူ ပြန်ရောက်လာ၏။

အားလုံး လူ ၈ယောက်ပါလာသည်။ ၎င်းတို့က ခပ်စုတ်စုတ်အဝတ်များနှင့် ပိန်ပါးကြသည်။ အများစုက ငယ်ရွယ်ပြီး အငယ်ဆုံးက ၁၄ နှစ်လောက်ရှိမည်။

ချန်ချိုး မည်သည့်နေရာမှ ခေါ်လာကြောင်း မမေးပါချေ။

လူရှစ်ဦးက ကြောက်ရွံ့စွာ ခေါင်းငုံ့နေကြသည်။

အချို့၏ ခန္ဓာကိုယ်များတွင် အမာရွတ်နှင့် အညိုအမည်းများရှိ၏။ ဂိုဏ်းက တပည့်များ၏ လက်ချက်ဖြစ်ဟန်တူသည်။

၎င်းတို့ထံမှ ထူးဆန်းမှုကို အာရုံမခံမိပေ။ အမည်မဲ့ကျင့်စဥ်အား အလုံးစုံမလေ့လာရသော်လည်း ၎င်းတို့က သာမန်လူများသာဖြစ်ကြောင်း ပြောနိုင်သည်။

သူသာ ၎င်းတို့အကြောင်းပိုသိချင်ပါက အကဲဖြတ်စွမ်းရည်ဖြင့် တယောက်ချင်းလေ့လာ၍ရလေသည်။

"သူတို့ကို နေရာထိုင်ခင်းစီစဥ်ပေးပြီး အလုပ်နဲ့ပတ်သတ်ပြီး ရှင်းပြပေးလိုက် "

"ဟုတ်ကဲ့"

ချန်ချိုးက ၎င်းတို့ကိုခေါ်သွားသည်။" မင်းတို့ ကြောက်နေစရာမလိုဘူး ဒီမှာအလုပ်လုပ်ရတာ ကံကောင်းတယ်မှတ် ကောင်းကောင်းအလုပ်လုပ်ရင် အဆင်ပြေမယ်"

"သခင် ဒီလူတွေကိုရွေးဖို့ ချန်ချိုးကို ပြောခဲ့တာ" သားရဲက ပြောသည်။ "သူတို့ ကျနော့်ကို မငြင်းရဲဘူး ကျနော် ဘယ်လောက်စွမ်းအားကြီးလဲဆိုတာ သိလို့နေမယ်"

ကျန်းဟောင် လျစ်လျူရှုထား၏။ သားရဲက အခြေခံတည်ဆောက်ခြင်းအဆင့်ရှိရာ သာမန်လူများက မည်သို့ ငြင်းဆန်ရဲပါမည်နည်း။

ကျန်းဟောင်လည်း ဈေးသို့သွား၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူလုပ်ထားသည့်အဆောင်များအား ရောင်းသည်။ ၎င်းမှ ဝိညာဥ်ကျောက်တုံး ၂၀၀ ကျော်လောက်ရခဲ့သည်။

တစ်လလောက်အနားယူပြီးနောက် ကြည်လင်သန့်စင်နှလုံးသားအား စမ်းကြည့်သည်။ ထို့နောက် မိုင်တစ်ထောင် တည်နေရာကူးပြောင်းအဆောင်အား ထပ်မံဖန်တီးသည်။

အဆောင်ပြုလုပ်ရန် ကျန်းဟောင်က ကောင်းကင်ဆေဘာ တတိယအကွက်ကိုပင် မလေ့ကျင့်ပဲ စွမ်းအင်ချွေတာထားခဲ့သည်။

ဟုန်ယွီယဲ့ ဘယ်အချိန်လာမည်မသိသောကြောင့် အဆောင်အား တတ်နိုင်သလောက် အမြန်ဆုံးလုပ်ထားချင်သည်။

ကျန်းဟောင်လည်း စုတ်တံကို သားရဲသွေးထဲနှစ်၍ စတင်ရေးဆွဲသည်။ စုတ်ချက်တိုင်းက ရေအလျဥ်လို ချောမွေ့၏။ စိတ်က ကြည်လင်ပြီး စိတ်ဝိညာဥ်စွမ်းအင်များက အလျင်မပြတ်ပေ။

တစ်ဝက်အရောက်တွင် သူ့ကိုယ်က အပူတက်လာပြီး စိတ်က ပိုမိုအာရုံစိုက်လာ၏။

အတန်ကြာသော် နောက်ဆုံးစုတ်ချက်ကျလာ၏။

သူ၏ စွမ်းအင်ကိုလည်း ရုတ်သိမ်းလိုက်၏။

အရာအားလုံးငြိမ်သက်သွားပြီးနောက် သူ သက်ပြင်းချလိုက်၏။ ကျင့်ကြံခြင်းအဆင့်တိုးလာသော်လည်း ပင်ပန်းမှုက မလျော့သွားပေ။

သူ လှဲပြီး အနားယူလိုက်၏။ အတန်ကြာမှ ထထိုင်ပြီး အသစ်စက်စက် အဆောင်အား စစ်ဆေးသည်။

[မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်၊ မန္တန်နှင့် အကာအရံများအား လျစ်လျူရှုနိုင်သည်၊ မိုင် ၉၀၀ မှ ၁၂၀၀ အတွင်းရှိနေရာအား ကျပန်းပို့ဆောင်မည်ဖြစ်၏၊ သွေး သို့မဟုတ် စိတ်ဝိညာဥ်စွမ်းအင်ဖြင့် တိုက်ရိုက်အသက်သွင်းနိုင်သည်၊ နှောင့်ယှက်၍မရ]

"အကွာအဝေးတိုးလာပါလား ငါ့ပင်ပန်းမှုမလျော့တာ မဆန်းတော့ဘူး "

အဆောင်ကိုသိမ်း၍ သူ့အခြေအနေအား စစ်ဆေးကြည့်သည်။ ကြည်လင်သန့်စင်နှလုံးသားအား ဆက်မသုံးနိုင်တော့ကြောင်း သိလိုက်ရသည်။

"မူလဝိညာဥ်အဆင့်ကိုရောက်ရင်တော့ ပိုကောင်းလာနိုင်တယ်"

ယခု ကျန်းဟောင်တွင် တည်နေရာကူးပြောင်းအဆောင်နှစ်ခုရှိနေလေပြီ။ ဂိုဏ်းပြင်ထွက်ရန် ပိုမိုလုံခြုံသွားပြီဖြစ်၏။

သူ့အနေနဲ့ စွန့်စားရန် အစီအစဉ်မရှိပေ။ အလိုရှိရာနေရာဆီ အဆောင်တခုကိုသုံးပြီး တိုက်ရိုက်သွားလိုက်မည်ဖြစ်၏။

ကျန်းဟောင် တရားထိုင်၏။ သူ့အခြေအနေက မကောင်းပေ။ တော်သေးသည်က ယခုတလော ပိုင်ရီနှင့် ကောင်းကင်ရွှင်ပျော်စံအိမ်က ငြိမ်နေခြင်းပင်။

သို့သော် ဤကိစ္စက မပြီးသေးပဲ ၎င်းတို့ အခွင့်ကောင်းကိုစောင့်နေကြောင်းသိသည်။

ကောင်းကင်ရွှင်ပျော်စံအိမ်က ယွင်ရိုကြောင့် သူ့ကို ပစ်မှတ်ထားနေ၏။ သူမက သစ္စာဖောက်ဖြစ်နေလျှင်တောင် သဘောကျသူများပုံရ၏။ နေဝင်ဆည်းဆာဂိုဏ်းကလည်း သူ့ကို အသေလိုချင်နေ၏။

အဘယ်ကြောင့် တပည့်တဦးအတွက် ဤမျှထိသွေးဆာနေရကြောင်းမသိပါချေ။

ကျန်းဟောင် သက်ပြင်းချ၏။ ယခု သူ့အတွက် အရေးကြီးဆုံးက ပူဖောင်းများစုဆောင်းပြီး အသက်သွေးနှင့် ကျင့်ကြံရေးကို ဖြည့်တင်းရန်ဖြစ်သည်။ ထိုအခါမှ မူလဝိညာဥ်အဆင့်ကို တက်ရောက်နိုင်ပေမည်။

ထိုအခါ ပိုင်ရီက သူ့အတွက် ခြိမ်းခြောက်မှုအများကြီးမဖြစ်နိုင်တော့ပေ။

နောက်တစ်ရက် ကျန်းဟောင်က ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရေလောင်း၍ ဆေးဥယျာဥ်ကိုသွားသည်။

ခွန်အား+၁

ကျင့်ကြံရေး+၁

အသက်သွေးဆေးလုံး +၁

ပူဖောင်းများကောက်ယူပြီး ဆေးဥယျာဥ်က လူများကိုကြည့်သည်။ ပြီးခဲ့သည့်လအတွင်း ၎င်းတို့ကို အကဲဖြတ်ခဲ့သောကြောင့် ပြဿနာမရှိသည့် သာမန်လူများသာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ကျန်းဟောင် ဆေးပင်များအား ဂရုစိုက်နေစဥ် ရှောင်လီ၏ အသံအား ကြားရလေသည်။

"ယုန်လေး မပြေးနဲ့"

"ငါ့ကို အဲ့လိုမခေါ်နဲ့" သားရဲက ပြန်ပြောသည်။

"ဒါဖြင့် ဘယ်လိုခေါ်ရမလဲ "

သားရဲက ရှောင်လီ၏ ပုခုံးပေါ် ခုန်တက်၍ စဥ်းစားသည်။ "ဟင်း ငါ့ကို အစ်ကိုကြီးလို့ခေါ် ဒါဆို မင်းကိုကာကွယ်ပေးမယ် ငါ့ညီမမှန်းသိရင် လူတိုင်းက မင်းကို လေးလေးစားစားဆက်ဆံကြလိမ့်မယ် "

"တကယ်လား"

"ဒါပေါ့ ငါက စွမ်းအားကြီးတဲ့သားရဲပဲ "

ကျန်းဟောင်က ထိုစကားကိုကြား၍ ရယ်မောချင်သွားလေသည်။ မှတ်ဉာဏ်ဆုံးရှုံးနေသည့် နဂါးကသာ ထိုစကားကို ယုံပေမည်။

ရှောင်လီက ကျန်းဟောင်ဆီ လာလည်တတ်သည်။ သူမကို သင်ပေးသည့်စီနီယာထက် ကျန်းဟောင် ကူညီပေးသည်ကိုသာလိုချင်လေသည်။

ကျန်းဟောင်က သူမကို ဆေးဥယျာဥ်တွင်နေစေ၍ သားရဲအား သူမကို စောင့်ကြည့်ခိုင်းထားသည်။ ရှောင်လီက နာခံမှုရှိကာ ပြဿနာမရှာပေ။

ကျန်းဟောင် အလုပ်ဆက်လုပ်မည်အပြု မင်ယီ ရောက်လာ၏။ သူမကို မတွေ့ရတာအတော်ကြာပြီဖြစ်၏။

All Chapters