← Chapters

မိစ္ဆာမ၏ အမေး

Vol. 8 Ch. 118

မိစ္ဆာမ၏ အမေး

Vol. 8 Ch. 118

"ဂျူနီယာမောင်လေးကျန်း ဒီတလော အသုံးဝင်တာတွေ အတော်များများရထားတယ်ထင်ပါရဲ့" မင်ယီက အပြုံးဖြင့် ချဥ်းကပ်လာ၏။

"စီနီယာအစ်မမင်က နောက်ရော့မယ် ကျနော် အသည်းကွဲကမ်းပါးကမခွာတာ တစ်နှစ်ရှိနေပြီ"

မင်ယီက သူ့ဘေးတွင် ဝင်ထိုင်လိုက်၏။ "အသည်းကွဲကမ်းပါးအတွက် အရမ်းပါရမီရှိတဲ့တပည့်တဦးကို ခေါ်လာတယ်ကြားတယ်"

ကျန်းဟောင် သတိအပြည့်ဖြစ်သွားသော်လည်း ခေါင်းညိတ်သည်။ မင်ယီက ကောင်းကင်သူတော်စင်ဂိုဏ်းက ဖြစ်ပြီး မြောင်တင်းလျန်ကလည်း ကောင်းကင်သူတော်စင်ဂိုဏ်းက ဖြစ်ချေသည်။

သူတို့ချင်းသိနိုင်၏။ အချင်းချင်းတွေ့ပါက မည်သို့ဖြစ်မည်နည်း။

မင်ယီ အခုလိုလာမေးခြင်းက သူမ၏ နောက်ခံပေါ်သွားနိုင်၏။ အဘယ်ကြောင့် ယခုလိုစွန့်စားရသည်အား နားမလည်ပါချေ။

"စီနီယာအစ်မတဦး ဝင်လာတာပါ" သူပြောသည်။

မင်ယီက ပြုံးပြီး "သူက ဂိုဏ်းဝင်စကို စီနီယာအစ်မလို့ခေါ်တာလား "

"သူမရဲ့ ကျင့်ကြံခြင်းက ကျနော့်ထက် မြင့်တယ်"

"ဒီလိုလား" မင်ယီက ရယ်သည်။ "ဂိုဏ်းပြင် ခဏထွက်သွားတုန်းက ဖြစ်ပျက်ခဲ့တာတွေကိုကြားပါတယ် လူတချို့က ဂျူနီယာမောင်လေးကျန်းကို ပစ်မှတ်ထားနေကြတယ် တချို့က ဂိုဏ်းအပြင်မှာစောင့်နေပြီး တချို့က သာမန်လူအဖြစ် ဂိုဏ်းထဲ ထိုးဖောက်ဝင်ရောက်လာကြတယ်"

ကျန်းဟောင် ကြောင်သွား၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းက သာမန်လူအတော်များများကို မကြာသေးမီက ခေါ်ယူခဲ့၏။

"အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်" မင်ယီက တချိန်ချိန်ကျလျှင် သူ့နောက်ကျောကို ဓားနှင့်ထိုးမည့်လူမှန်းသိသော်လည်း အခုတော့ ပြဿနာမဖြစ်နိုင်သေးပေ။

"အို့ မေ့တော့မလို ကောင်းကင်သူတော်စင်ဂိုဏ်းနဲ့ ပတ်သတ်တာရှိတယ် အဲဒီအရူးတွေက များများမတွေးနိုင်ကြဘူး သတိထားပါ ဂျူနီယာမောင်လေးကျန်း"

ကျန်းဟောင် ခေါင်းညိတ်၍ ကျေးဇူးတင်သည်။ မင်ယီက ထရပ်ပြီး ထွက်ခွာသွား၏။။

သူမက သူ့အပေါ် ညှို့ငင်ခြင်းမန္တန် အသုံးပြုခဲ့သေးလားဟု စဥ်းစားနေမိသည်။

ကောင်းကင်သူတော်စင်ဂိုဏ်းက သူ့အတွက် လူလွှတ်လိုက်သည်။ ဒါကသူ့အတွက်ပြဿနာပင်။ ၎င်းတို့က ရွှေအမြုတေအဆင့်အောက် လူအား စေလွှတ်မည်မဟုတ်ပေ။

ကျန်းဟောင်အနေနဲ့ ဂရုစိုက်ရန်လိုနေသည်။ ဆေးပင်များအား ဂရုစိုက်ပြီးနောက် ထွက်သွားရန်ပြင်သည်။

ရှောင်လီကတော့ စားသောက်ရန်ပြန်သွားလေပြီ။

သူမအတွက် အစားက အရေးကြီးဆုံးဖြစ်သည်။ တော်သေးသည်က ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ ထို့အတွက် စိတ်ပူစရာမလိုခြင်းကိုပင်။

သူထွက်လာသောအခါ ချန်ချိုးအား အပေါက်ဝနားတွင်တွေ့သည်။ သူနဲ့ပတ်သတ်ပြီး တခုခုလွဲနေ၏။

"မင်း အဆင့်တက်သွားတာလား "

"ဟုတ်ပါတယ်" ချန်ချိုးက အသက်သွေးသန့်စင်ခြင်းအဆင့် ၉ ကို ရောက်နေပြီဖြစ်၏။ "စီနီယာအစ်ကိုရဲ့ ကျေးဇူးကြောင့်ပါ"

"ဂုဏ်ပြုပါတယ် ကျင့်ကြံခြင်းကို သန့်စင်ဖို့အတွက် ငါရှင်းပြပေးမယ် ဒါဖြင့်ရင် အခြေခံတည်ဆောက်ခြင်းအဆင့်ကိုတက်ဖို့ သိိပ်ကြာမှာမဟုတ်ဘူး"

ချန်ချိုး ကျေးဇူးတင်သွား၏။

ကျန်းဟောင် ထွက်သွား၏။ ချန်ချိုးအတွက်မူ အရင်းအမြစ်များရှာဖွေရန် လိုပါသေး၏။ အခက်ဆုံးက အခြေခံတည်ဆောက်ခြင်းအဆင့်ကနေ ရွှေအမြုတေအဆင့်ကို တက်လှမ်းသည့်အခါဖြစ်သည်။

ချန်ချိုးအနေနဲ့ ရွှေအမြုတေအဆင့်ကိုရောက်သွားလျှင်တောင် အခွင့်အလမ်းတစုံတရာမရှိပဲ ဆက်လက်တိုးတက်ရန်ခက်၏။။

ဥပမာ ဟန်မင်တွင် မုချီကဲ့သို့ ကျင့်ကြံခြင်းကို ကူညီပေးနိုင်သည့်အရာရှိသည်။ အစစ်အမှန်နဂါး၏ ဝိညာဥ်နှင့် လျှိုရှင်းချန်လည်း ရှိ၏။

ခြံထဲပြန်ရောက်လာပြီးနောက် သစ်သားကုလားထိုင်တွင်ထိုင်၍ ကောင်းကင်ဆေဘာခုနစ်ကွက်စာအုပ်ကို ထုတ်သည်။

အလုပ်ရှုပ်နေသောကြောင့် ၎င်းအား ဖွင့်မကြည့်ရသေးပါချေ။ သူ့အနေနဲ့ ဂိုဏ်းပြင်ထွက်မည်ဆိုပါက ပိုမိုစွမ်းအားကြီးမားသည့် တိုက်ကွက်ကို တတ်နိုင်သမျှ အမြန်ဆုံး သင်ယူထားတာကောင်းသည်။

ကောင်းကင်ဆေဘာ တတိယအကွက်က ကြယ်ပျံ ဟုခေါ်သည်။ ၎င်းက ငွေလသတ်ဖြတ်ခြင်းနှင့် တောင်တန်းဖိနှိပ်ခြင်းတို့နဲ့ ကွာသည်။

ကျန်းဟောင်လည်း လက်ဖက်ရည်အိုးကိုကိုင်၍ ငှဲ့မည်အပြု လက်ဖက်ရည်မရှိတော့ကြောင်း သတိထားမိသည်။

သူ အနည်းငယ်တုံ့ဆိုင်းသွားပြီး မိုးနီလက်ဖက်ခြောက်အချို့ကို ထုတ်ယူလိုက်၏။ ၎င်းကို သူ မမြည်းကြည့်ရသေးပေ။ မိုးနီလက်ဖက်ခြောက်တွင် ဈေးနှစ်မျိုးရှိ၍ ဈေးပိုကြီးသည့်အရာက ပိုမိုမွှေးကြိုင်သည်။

ကျန်းဟောင် သူ့အတွက် တစ်ခွက်ငှဲ့သောက်လိုက်ရာ လန်းဆန်းသည့် အရသာအားရသည်။

"သခင် ကျနော့်ကိုလည်း တစ်ခွက်လောက်" သားရဲက ဘေးတွင် ခုန်ဆွခုန်ဆွလုပ်နေ၏။

သားရဲအတွက် တစ်ခွက်ပေးလိုက်ရာ ၎င်းက တခါတည်း မျိုချလိုက်လေသည်။

ကျန်းဟောင်လည်း လက်ဖက်ရည်သောက်၍ စာအုပ်အား ဖတ်ရှုနေ၏။

ညရောက်သောအခါ နောက်ထပ် လက်ဖက်ရည်တစ်အိုးထပ်တည်၏။ ဒီတခါတော့ ဈေးမကြီးသည့် လက်ဖက်အား အသုံးပြုထားလေသည်။ အရောင်က ပိုရဲပြီး အရသာက ခါးသည်။

ကျန်းဟောင် အံ့အားသင့်သွား၏။ "ဒါကြောင့် သူမ မျက်မှောင်ကြုတ်သွားတာကိုး ပိုဈေးကြီးတဲ့ မိုးနီလက်ဖက်ခြောက်ကို ထပ်ဝယ်ထားရမယ်"

ဟုန်ယွီယဲ့သာသဘောမကျပါက သူ အကျိုးဆက်ခံစားရနိုင်သည်။

လက်ဖက်ရည်သောက်ပြီး အခန်းပြန်လာကာ ကျင့်ကြံသည်။ လက်ဖက်ခြောက်ဝယ်ရန် မနက်ဖြန် ဈေးသို့ အဆောင်များသွားရောင်းရန် ဆုံးဖြတ်လိုက်၏။

သူ့တွင် ကုသရေးအဆောင် ၁၅ ခုနှင့် ဓားတစ်သိန်းအဆောင် ၁၈ ခုရှိထားသည်။ ဓားတစ်သောင်းအဆောင်အချို့နှင့် နာကျင်မှုသက်သာစေသည့်အဆောင်လည်း ရှိသည်။

နောက်တစ်ရက် မနက်

သူ ခြံထဲဆင်းလာခဲ့၏။ ထိုအခါ ကောင်းကင်ဘုံရနံ့တာအိုပန်းနားတွင် အမျိုးသမီးတဦးအား မြင်လိုက်ရသည်။ သူမက အနီရောင်ဝတ်ဆင်ထားပြီး ဆံပင်အား လှပသည့် ဆံထိုးဖြင့် ထုံးဖွဲ့ထားလေသည်။ ပန်းချီကားမှ ထွက်လာသည့်အလား လှပရက်လွန်း၏။

"ကျင့်ကြံဆင့် ဘယ်လောက်ရောက်ပြီလဲ" ဟုန်ယွီယဲ့က ပန်းအရွက်ကို ညင်သာစွာပွတ်သပ်၍ မေးသည်။

သူ့ကိုပင် လှည့်မကြည့်ပေ။

"အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပါ "

ဟုန်ယွီယဲ့က ဘာမှမတုံ့ပြန်ပေ။ သူ၏ အလိမ်အညာများအပေါ် ကျင့်သားရနေပုံရ၏။

ငါနဲ့အတူလိုက်ခဲ့ဖို့ အဆင်သင့်ဖြစ်ပြီလား" သူမက ကြည့်သည်။

"ကျနော်ပြင်ဆင်ထားပါတယ် အချိန်မရွေးသွားနိုင်ပါတယ်"

"လမ်းမှာ မိုင်းတွင်းတခုကိုဖြတ်သွားရမှာ မင်း ဝင်ပြီး ရက်အချို့လောက် မိုင်းတူးချင်သေးလား" သူမက မေးသည်။

ကျန်းဟောင် ဆွံ့အသွား၏။

All Chapters