← Chapters

မိစ္ဆာမ၏ ဒေါသ

Vol. 8 Ch. 119

မိစ္ဆာမ၏ ဒေါသ

Vol. 8 Ch. 119

ကျန်းဟောင်မှာ မိုင်းတူး၍ ပူဖောင်းများရလျှင် ကောင်းမည်ဟုတွေးနေသည်။ သူသာ ရက်အနည်းငယ်လောက် မိုင်းတူးခွင့်ရလျှင် မူလဝိညာဥ်အဆင့်နှင့် နီးကပ်လာနိုင်၏။

ကံမကောင်းစွာ မိုင်းတူးမရသောကြောင့် နောက်တစ်နှစ်စောင့်ရပေမည်။

သို့သော် သူသာ လအနည်းငယ်လောက် ဂိုဏ်းအပြင်ထွက်ရမည်ဆိုပါက အဆင့်တက်ရန် တစ်နှစ်တည်းနဲ့ မလုံလောက်သည်မျိုးဖြစ်နိုင်သည်။

မိုင်းတူးခြင်း၏ အကျိုးက များလွန်းရကား ဆေးဥယျာဥ်အလုပ်ကိုပင် စွန့်လွှတ်ချင်သွားလေသည်။

သို့သော် မိုင်းတူးခြင်းက ကျင့်ကြံခြင်းကိုသာတိုးစေနိုင်၍ ရွှေရောင်ပူဖောင်းကဲ့သို့သောအရာမျိုးမှာမူ ရရန်ခက်သည်။

ထိုအတွေးဖြင့် သူ ခေါင်းယမ်းလိုက်၏။ "စီနီယာရဲ့ ကိစ္စက ပိုအရေးကြီးပါတယ် နောက်ပြီး မိုင်းတူးရတာကို သိပ်မကြိုက်ပါဘူး"

"မင်းက အလိမ်တွေပြည့်နေတာပဲ" ဟုန်ယွီယဲ့က ပြော၏။ "အသင့်ပြင်ထား ခုနစ်ရက်အတွင်းထွက်မယ်"

"ဘယ်ကိုသွားမလဲဆိုတာ သိခွင့်ရှိမလား" ကျန်းဟောင် မေးသည်။ သူ့တွင် တည်နေရာကူးပြောင်းအဆောင်နှစ်ခုရှိသော်လည်း နေရာသိပါက ထပ်မံပြင်ဆင်နိုင်လေသည်။

"အချိန်ရောက်ရင် သိလိမ့်မယ် "

ကျန်းဟောင် သက်ပြင်းချ၏။ သူ ဂိုဏ်းထဲဝင်ပြီးကတည်းက အပြင်ထွက်၍ ခရီးသွားသည်မှာ မရှိခဲ့ပေ။ သူ့အနေနဲ့ တခြား ဘာပြင်ဆင်ရမည်ကို မသိတော့ပေ။

"ပန်းပွင့်တော့မှာပဲ" ဟုန်ယွီယဲ့က ထိုင်ခုံတွင်ဝင်ထိုင်ပြီး မက်မွန်ပင်အား ကြည့်သည်။

သစ်ပင်က အတော်ကြီးနေပြီး အပွင့်များပင်ပွင့်နေသည်။ လအနည်းငယ်အတွင်း အသီးများရလာမည်ဖြစ်သည်။

"စီနီယာ ခရီးက ဘယ်လောက်ကြာမလဲ"

"အနည်းဆုံးတစ်လ အများဆုံးလေးလ ပြဿနာရှိလား "

"မရှိပါဘူး"

သူ့တွင် အများဆုံး သုံးလသာအချိန်ရသည်။ သုံးလအတွင်း ပြန်မရောက်ပါက ပြဿနာတက်နိုင်သည်။ သို့သော် ဟုန်ယွီယဲ့၏ ဒေါသကိုကြောက်၍ ဘာမှမပြောလိုက်ပေ။

"လက်ဖက်ရည်ဖျော်" သူမက ပြောသည်။

ကျန်းဟောင် အကူအညီမဲ့သွား၏။ ပြီးခဲ့သည့်ညက သူနဲ့ သားရဲတို့ မိုးနီလက်ဖက်ရည်အား အကုန်သောက်ပစ်လိုက်သည်။ ရွေးချယ်စရာမရှိပဲ သာမန်လက်ဖက်ရည်သာဖျော်ရတော့သည်။

ခွက်ထဲလောင်းထည့်ပြီး သူမအား ဆက်သလိုက်၏။

ဘန်း

အင်အားတရပ်က သူ့ကို နံရံဆီလွင့်ကာ တိုက်သွားစေ၏။ နောက်ရက်များတွင် အလွန်ကောင်းသည့် လက်ဖက်ရွက်များဆောင်ထားရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။

သူမ ထရပ်လိုက်၏။" ခုနစ်ရက်ကြာပြီးရင် ဘယ်မှာတွေ့မှာလဲ"

"ကောင်းကင်ရှင်းလင်းဂိုဏ်းအပြင်မှာ"

"ကောင်းပြီ အဲ့ဒီမှာမတွေ့ရင်..."

"လုံးဝရောက်နေစေရပါမယ်"

"ငါ့ပန်းကို ဂရုစိုက်ဖို့ကိုလည်း ပြင်ဆင်ထားပေး မဟုတ်ရင် ငါ့ဒေါသနဲ့တွေ့မယ်"

"နားလည်ပါပြီ"

ခဏကြာပြီးနောက် ဟုန်ယွီယဲ့က ပြောသည်။ "ငါ့အပေါ် နတ်စွမ်းရည်ထပ်သုံးကြည့်စမ်း"

ကျန်းဟောင်လည်း အမည်မဲ့ကျင့်စဥ်အတိုင်း စွမ်းအင်သုံးစွဲမှုကိုဖုံးကွယ်၍ သူမအား အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်၏။

ရလဒ်က ယခင်အတိုင်းဖြစ်သည်။

"ပြီးပါပြီ"

ဟုန်ယွီယဲ့၏ မျက်နှာကိုကြည့်လိုက်၏။ သူမ သတိထားမိမမိ မသိပါချေ။

ထို့နောက် ဟုန်ယွီယဲ့က လက်ဖက်ရည်ခွက်ကိုင်ထားရင်း ပျောက်ကွယ်သွားလေသည်။

ကျန်းဟောင် သက်ပြင်းချ၏။ ဘာလို့ လက်ဖက်ရည်ခွက်လေးတောင် မချသွားရတာလဲ

သူမတွင် အခြားသူများ၏ ပစ္စည်းကိုယူဆောင်တတ်သည့် အကျင့်ဆိုးရှိကြောင်း တွေးမိသည်။

ခရီးအတွက် နောက်ရက်အနည်းငယ်အတွင်း ဝိညာဥ်ကျောက်တုံးများပိုရရန် ဆုံးဖြတ်ထား၏။

သာမန်အားဖြင့် ဟုန်ယွီယဲ့ပြန်သွားသည်နှင့် သားရဲက ဒဏ်ရာများနဲ့အတူ နာကျင်စွာအော်၍ နိုးထလာရမည်ဖြစ်၏။

ယခု တိတ်ဆိတ်နေ၍ ကြည့်လိုက်ရာ မြစ်ထဲရေများလွင့်စင်နေပြီး တစုံတခုက ကမ်းပေါ်ရောက်ရန် ကြိုးပမ်းနေကြောင်း တွေ့လိုက်ရသည်။

ဟုန်ယွီယဲ့က ၎င်းကို မြစ်ထဲကန်ထုတ်လိုက်ခြင်းဖြစ်မည်။ သားရဲက သူမ၏ ပန်းကို အမြဲတစေ သွားရည်ကျနေသောကြောင့် အသက်ရှင်လျက်ရှိနေသည်ကပင် အံ့သြစရာကောင်းနေလေပြီ။

ကျန်းဟောင်က အဆောင်တချို့ကိုဖန်တီးသည်။ ပုန်းကွယ်ဝိညာဥ်ပြန်ပေါ်လာခြင်းစွမ်းရည်တွင်လည်း စွမ်းအင်စုဆောင်းသည်။ အရေးပေါ်လာပါက ၎င်းက အသုံးဝင်လာပေမည်။

ငါးရက်ကြာပြီးနောက် ကျန်းဟောင်မှာ အဆောင်များဖန်တီးနိုင်ခဲ့ပြီး ၎င်းတို့ကိုရောင်းချပြီးနောက် စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၁၁၀၀ ရသွားလေပြီ။

အဆောင်များအား ဈေးကွက်ပေါက်ဈေးထက် ၁၅% လျှော့ရောင်းခဲ့သောကြောင့်လည်း အမြန်ရောင်းထွက်ခဲ့ခြင်းဖြစ်သည်။

လန်ထျန်က သူ့ဆီမလာပေ။ တည်နေရာကူးပြောင်းအဆောင်အတွက် အဆောင်များဖြင့် လဲလှယ်ခဲ့သောကြောင့် လတ်တလော သူမတွင် အဆောင်ပြတ်လပ်နေမည်မဟုတ်ပေ။

ဂိုဏ်းပြင်ထွက်မည့်အကြောင်း ခူဝူကန်းကိုလည်း အကြောင်းကြားခဲ့သော်ငြား ဘာမှပြောဆိုခြင်းမပြုပါချေ။

မြောင်တင်းလျန်လည်း အံ့သြသွားသော်ငြား တားမြစ်ခြင်းမပြုပါချေ။

မုချီ အကြောင်းကိုလည်း ထပ်မမေးပေ။ သူတို့ ဆေးဥယျာဥ်တွင် အတူတကွအလုပ်လုပ်နေသည်အား မကြာခဏ တွေ့မြင်ရသည်။

သူတို့ အဆင်ပြေနေတာ ကောင်းသည်။ မဟုတ်ပါက ကြားထဲကလူများ အနေရခက်နိုင်၏။

ဈေးသို့ရောက်သောအခါ နှင်းဘုရင်မလက်ဖက်ခြောက်အား တစ်ဂရမ်ကို ဝိညာဥ်ကျောက်တုံး ၅၀ ပေး၍ ဝယ်ယူသည်။ ၎င်းက မိုးနီလက်ဖက်ရွက်ထက်တော့ ဈေးပေါ၏။

ဝိညာဥ်ကျောက်တုံး ၅၀ ဟူသည် သူ့အတွက်တော့ အလွန်များသည့် ပမာဏဖြစ်သည်။ လက်ဖက်ရွက်အတွက် ဝိညာဥ်ကျောက်တုံး ၆၀၀ အသုံးပြုခဲ့၏။

ကျန်သည့်ပိုက်ဆံကိုတော့ ခရီးအတွက် သိမ်းထားရပေမည်။

ဥပဒေခန်းမအား ဦးတည်လိုက်၏။ လူစုဆောင်းသည့်တာဝန်ကိုရသည့်အတွက် အံ့အားသင့်နေ၏။ သူ့ကို သစ္စာဖောက် ရှင်းလင်းသည့်တာဝန်မျိုးပေးမည်ထင်ထားသည်မဟုတ်ပါလား။

"ဒီလူကို ဥပဒေခန်းမက မျက်စိကျနေတယ် သူက အရမ်းပါရမီရှိတယ် ဒီနေရာကိုဝင်ဖို့အတွက် ဖြစ်နိုင်ချေက အရမ်းနည်းတယ်" တာဝန်ပေးသည့် စီနီယာကပြောသည်။ "တခြားတာဝန်ရွေးလည်းရတယ် "

"အဆင်ပြေပါတယ် ဒါပဲယူမယ်" ကျန်းဟောင် မငြင်းပေ။ "စီနီယာအစ်မ သူက ဘယ်ဂိုဏ်းကလဲဆိုတာ မေးလို့ရမလား"

"စန္ဒာလဂိုဏ်းက"

All Chapters