← Chapters

ကျင့်ကြံခြင်းမြင့်လာခြင်း

Vol. 8 Ch. 116

ကျင့်ကြံခြင်းမြင့်လာခြင်း

Vol. 8 Ch. 116

ဆေးဥယျာဥ်တွင် လူမလုံလောက်ဖြစ်နေ၏။ လက်ရှိကျန်နေသူများမှာ တတ်နိုင်သလောက်ကြာကြာနေချင်ကြသူများဖြစ်သည်။

အန္တရာယ်ကြောင့်သာ သူတို့ထွက်သွားလိုပါက ကျန်းဟောင်က သူတို့ကို ဝိညာဥ်ကျောက်တုံးများပေးလိုက်ပေမည်။

ထိုကိစ္စအား များများမတွေးတော့ပဲ အိမ်ပြန်လာ၏။ ဒီနေ့က သူ့အတွက် အလွန်အရေးကြီးသည်။ မနက်က ခြံထဲတွင် အပြာရောင်ပူဖောင်းရခဲ့၏။

အမည် ကျန်းဟောင်

အသက် ၂၂

ကျင့်ကြံခြင်းအဆင့် ရွှေအမြုတေအဆင့် နှောင်းပိုင်း

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား၊ ပုန်းကွယ်ဝိညာဥ် ပြန်ပေါ်လာခြင်း

အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၀/၃ (မရနိုင်)

နှစ်ဝက်လောက် အချိန်ယူပြီးနောက် ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ တက်ရောက်နိုင်တော့မည်ဖြစ်သည်။

လျှိုရှင်းချန်နဲ့ အဆင့်တူသွားမည်ဖြစ်၏။ တချို့သော အစစ်အမှန်တပည့်များကလွဲ၍ အတွင်းစည်းတွင် သူ့ကို ခြိမ်းခြောက်နိုင်သူရှိတော့မည်မဟုတ်ပေ။

သူက ဂိုဏ်း၏ ထိပ်တန်းတပည့်ဆယ်ဦးထဲမှ ဖြစ်သည်။ ထိုတပည့်များထဲ သူသိသည့် တစ်ဦးတည်းသောလူက မန်လုံဖြစ်သည်။ အခြားသူများကိုမသိပေ။

အဆင့်တစ်က မည်မျှသန်မာကြောင်း သိချင်မိသည်။ အားလုံးသာ ချောချောမောမောဖြစ်မည်ဆိုပါက နောက်နှစ်တွင် မူလဝိညာဥ်အဆင့်ကို တက်ရောက်နိုင်မည်ဖြစ်၏။

ကောင်းကင်ဘုံရနံ့တာအိုပန်းကို လေ့လာရပေဦးမည်။ ၎င်းက အပြာရောင်ပူဖောင်းကို သုံးရက်တိုင်း ကျဆင်းလေ့ရှိပြီး အချို့အချိန်များတွင် ၅ ရက် အချိန်ယူရသည်။

ဝိညာဥ်ကျောက်တုံးများလည်း ရှာဖွေရပေဦးမည်။ သူ့တွင် လုပ်စရာများစွာရှိနေ၏။

လောလောဆယ် ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ တက်ရောက်ရပေမည်။

ကြမ်းပြင်ပေါ်ထိုင်၍ စိတ်ကိုတည်ငြိမ်အောင်ပြုသည်။ ဟုန်မုန့်နှလုံးသားဆုဒြာက လည်ပတ်၍ အသက်သွေးက မြင့်တက်လာသည်။

ကြီးမားသည့်အင်အားက သူ့အာရုံကို နာကျင်မှုဖြင့် ဖြတ်သန်းသွား၏။ ထို့နောက် စိတ်ဝိညာဥ်စွမ်းအင်များက ရွှေအမြုတေတွင် စုစည်းလာ၏။ စွမ်းအင်များက အကန့်အသတ်ကို ချိုးဖြတ်ရန်လုပ်နေ၏။ ခရမ်းရောင်စွမ်းအင်များက တိမ်စိုင်လိုရစ်သိုင်းနေ၏။

စွမ်းအားက အထွတ်အထိပ်သို့ရောက်သွားပြီး သူ၏ အော်ရာမှာ မြင့်တက်လာ၏။

ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ ရောက်သွားလေပြီ။

ကျန်းဟောင် ဝမ်းသာသွားခဲ့သည်။ တစုံတယောက်အား စိန်ခေါ်ချင်လောက်သည့် စွမ်းအားမျိုးခံစားနေရသည်။ သူ၏ ကျင့်ကြံဆင့်အမှန်ဖြင့် မတိုက်ခိုက်ရသည်မှာ အတော်ကြာခဲ့လေပြီ။

သူ့အတွေးများကိုရှင်းထုတ်၍ ကျင့်ကြံရေးအား သန့်စင်သည်။

နောက်မနက်၌ ရွှေအမြုတေအဆင့် အထွတ်အထိပ်အဖြစ် ခိုင်မာစွာ အခြေချနိုင်သွား၏။

အချက်အလက်အား စစ်ဆေးကြည့်လိုက်ရာ အသက်သွေးနှင့် ကျင့်ကြံရေးက အနိမ့်ဆုံးကိုရောက်သွားကြောင်း တွေ့မြင်လိုက်ရသည်။ ပြန်လည်စုဆောင်းရန် အချိန်အတော်လေးယူရမည်ဖြစ်၏။

ထို့နောက် အဆောင်များပြုလုပ်၏။ လက်ရှိအရေးကြီးဆုံးက မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို ပြုလုပ်ရန်ပင်။

ဟုန်ယွီယဲ့ နောက်တခါလာမလည်ခင် လုပ်ဆောင်ထားရန်လို၏။

သို့သော် မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ဖန်တီးရသည်က အလွန်ခက်သည်။ နောက်ဆုံးတခေါက် ကြိုးစားတုန်းက သူ အတော်လေးပြန်ကောင်းအောင် လုပ်လိုက်ရသည်။

နောက် ၁၅ ရက်အတွင်း ရှစ်ကြိမ်တိတိကြိုးစားခဲ့သော်လည်း အကုန်ကျရှုံးခဲ့သည်။ ၎င်းကို ဘေးချထား၍ ကုသရေးအဆောင်နှင့် ဓားတစ်သိန်းအဆောင်များကို ဖန်တီး၍ ဝိညာဥ်ကျောက်တုံးရှာရန်လုပ်သည်။

ဆေးဥယျာဥ်ကိုသွားသောအခါ ချန်ချိုးပြန်ရောက်လာကြောင်းတွေ့သည်။ သူ့လက်က ဒဏ်ရာရထား၏။

"ပြန်လာပြီလား"

ချန်ချိုးထွက်သွားတာ တစ်လကျော်ကြာသွား၍ တခုခုဖြစ်နေသည်ဟုပင် ထင်မိလေသည်။

သားရဲက ချန်ချိုးဆီသို့ပြေးလာ၏။

"စီနီယာအစ်ကိုကျန်း" သူက ရိုသေစွာ ဦးညွတ်သည်။

"ဘယ်လို ဒဏ်ရာရလာတာလဲ"

"လမ်းမှာ မိစ္ဆာသားရဲနဲ့တွေ့လို့ပါ အစ်ကိုပေးထားတဲ့အဆောင်နဲ့ ရှင်းပစ်နိုင်ခဲ့ပါတယ် "

"ကောင်းတယ် ရှောင်လီရော "

"ဂျူနီယာညီမရှောင်လီရဲ့ အိမ်က အတော်ဝေးတယ် အဲဒီကိုရောက်ဖို့ ငါးရက်လောက် ခရီးနှင်လိုက်ရတယ် ကြာနေရတာက မိစ္ဆာသားရဲကြောင့်ပါ ခုနစ်ရက်ကြာမှ ရောက်သွားတယ် မြစ်နားမှာရှိတဲ့ ရွာငယ်လေးတခုပါ"

ကျန်းဟောင် ခေါင်းညိတ်သည်။ ဒဏ်ရာရပြီး မြစ်ထဲကျလာသည့် ရှောင်လီကို လင်မယားနှစ်ဦးက ကောက်ယူပျိုးထောင်ခဲ့ကြောင်း သိထားပြီးဖြစ်သည်။

"ဂျူနီယာညီမရှောင်လီရဲ့ မိဘတွေက အသက် ၆၀ ကျော်နေပြီ သူတို့အခြေအနေက သိပ်မကောင်းလှဘူး" ချန်ချိုး ပြောသည်။ "ရှောင်လီကိုတွေ့ရလို့ သူတို့ ဝမ်းသာနေကြတယ် သူမက ထင်းခွဲရေခပ်ပြီး အိမ်အတွက် အတော်လေးလုပ်ပေးခဲ့တယ် အစ်ကိုပေးလိုက်တဲ့ ဝိညာဥ်ကျောက်တုံးနဲ့ သူတို့အတွက် အစားအသောက်အတော်များများယူသွားပေးပါတယ် အို့ ဝိညာဥ်ကျောက်တုံး နှစ်တုံးကျန်ပါသေးတယ်"

"မင်းပဲသိမ်းထားလိုက်တော့"

ကျန်းဟောင်က သူ့ကို အသက်သွေးဆေးလုံးတစ်လုံးပေးသည်။ "ရော့ ဒဏ်ရာကုသဖို့"

"ကျေးဇူးတင်ပါတယ်"

အသက်သွေးဆေးလုံးက ရရန်ခက်သောကြောင့် ချန်ချိုး ဝမ်းသာသွား၏။ ဤဆေးလုံးဖြင့် အသက်သွေးသန့်စင်ခြင်းအဆင့် ၉ ကိုပင် ရောက်သွားနိုင်၏။

"ရှောင်လီရဲ့ မိဘတွေမှာ အခြားအမျိုးအဆွေတွေရှိကြသေးလား"

"ရှိတယ် ဒါပေမဲ့ အဆက်အသွယ်မလုပ်တာ ဆယ်နှစ်ကျော်ပြီ" ထို့နောက် ချန်ချိုးက အတန်ငယ်တုံ့ဆိုင်းသွား၏။

"ဘာဖြစ်လို့လဲ"

"ဒီဟာပါ " ချန်ချိုးက ဆီစိမ်စက္ကူဖြင့် ပတ်ထားသည့်အရာတခုအား ထုတ်ယူလိုက်၏။ "ရှောင်လီရဲ့အမေက စီနီယာအစ်ကိုအတွက် မုန့်အချို့ထည့်ပေးလိုက်တာပါ ရှောင်လီကို အိမ်ပြန်ခွင့်ပြုလို့ ကျေးဇူးတင်နေပါတယ်"

ကျန်းဟောင် လက်ခံလိုက်၏။ "ရှောင်လီရော"

"ဗိုက်ဆာလို့တဲ့ တခုခုစားဖို့ ထွက်သွားပါတယ်"

သူ ခေါင်းညိတ်ပြီး" နှစ်ကုန်လို့ အသက်သွေးသန့်စင်ခြင်းအဆင့် ၂ ကိုရောက်ရင် အိမ်ပြန်လို့ရတယ်လို့ပြောလိုက် နှစ်ကုန်ဆိုတာကို သေချာပြောနော်"

ချန်ချိုး ပဟေဠိဖြစ်သွားပေမဲ့လည်း ခေါင်းညိတ်သည်။ "ဆေးဥယျာဥ်မှာ လူနည်းနေတာ သတိထားမိတယ် အလုပ်လုပ်မဲ့လူရှာလိုက်ရမလား"

ကျန်းဟောင် ခေါင်းညိတ်သည်။" အင်း လူရှာပြီး ငါ့ကိုပြောချေ"

All Chapters