← Chapters

နဂါးဝိညာဥ်အား ဝါးမျိုခြင်း

Vol. 8 Ch. 120

နဂါးဝိညာဥ်အား ဝါးမျိုခြင်း

Vol. 8 Ch. 120

စန္ဒာလဂိုဏ်းက အလွန်ကြီးမားသည့်ဂိုဏ်းမဟုတ်သော်လည်း သာမန်ဂိုဏ်းများထက် သန်မာသည်။

ကောင်းကင်ရှင်းလင်းဂိုဏ်းနှင့် ဝေးကွာသောကြောင့် တခုခုဖြစ်လာပါက ကျန်းဟောင်အပေါ် သက်ရောက်မှုနည်းပေမည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းက လူစုဆောင်းရန် ထိုနေရာသို့ စေလွှတ်မည်မထင်ထားပေ။

ကျန်းဟောင်သာ ထိုလူကိုခေါ်ဆောင်နိုင်ခဲ့ပါက အပြန်လမ်း၌ ကြားဖြတ်ခံရမည်ကို စိုးရိမ်လေသည်။

ကောင်းကင်နက်ဂိုဏ်း၊ နေဝင်ဆည်းဆာဂိုဏ်းနှင့် လေမိုးကြိုးဂိုဏ်းတို့သာဖြစ်ပါက နောက်ဆုံးဖြစ်ခဲ့သည်ကို အခွင့်ကောင်းယူနိုင်သည်။

ထိုဂိုဏ်းများက ကောင်းကင်ရှင်းလင်းဂိုဏ်းအောက် အားမနည်းပေ။ ထို့အစား ၎င်းတို့၏ အခြေခံက အတော်သန်မာသည်။

ကောင်းကင်နက်ဂိုဏ်းက ကျန်းဟောင်ကို ရွှမ်ယွမ်ထိုက်အတွက် ပစ်မှတ်ထားသည်။ နေဝင်ဆည်းဆာဂိုဏ်းကမူ ယွင်ရိုအတွက် ဖြစ်သည်။

ကျန်းဟောင် သက်ပြင်းချ၏။ "သူလျှိုကိုသတ်မိတာ ဘယ်လိုအပြစ်ဖြစ်ရတာလဲ"

ဥပဒေခန်းမမှထွက်လာပြီးနောက် သူ သက်ပြင်းတချချဖြစ်နေသည်။

နှစ်နှစ်အတွင်း ရွှေအမြုတေအဆင့် အထွတ်အထိပ်သို့ရောက်ခဲ့ပြီး ကောင်းကင်ရွှင်ပျော်စံအိမ်၊ အရိုးတစ်ရာတောအုပ်၊ နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်နက်ဂိုဏ်းနှင့် ကောင်းကင်သူတော်စင်ဂိုဏ်းတို့ကို ရန်စမိခဲ့သည်။

ဆေးဥယျာဥ်ကိုသွားပြီး ချန်ချိုးအား အပြင်ထွက်လျှင် ပြင်ဆင်သင့်သည့်အရာများအား မေးသည်။

"ဂျူနီယာညီလေးကျန်း သွားတော့မှာလား "

လျှိုရှင်းချန်က နှုတ်ဆက်သည်။ သူ့ကို မြင်ရသည့်အတွက် ရှော့ရသွား၏။ ၎င်း၏ အော်ရာတွင် တခုခုမှားနေကြောင်း သတိထားမိသည်။ ရွှေအမြုတေအဆင့်လိုမျိုး မခံစားရပါချေ။

ကျန်းဟောင်လည်း ၎င်းအား အကဲဖြတ်စွမ်းရည်အသုံးပြုလိုက်၏။

[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေသည်၊ ပျင်းရိသောကြောင့် အစစ်အမှန်နဂါး၏ အကြွင်းအကျန်ဝိညာဥ်ကို သူ့အား ပူးကပ်ခွင့်ပြုခဲ့သည်၊ နဂါးဝိညာဥ်တစ်ဝက်ကို ဝါးမျိုပြီး မူလဝိညာဥ်အဆင့် အစောပိုင်းသို့ တက်ရောက်သွားခဲ့သည်၊ သူက သင်နဲ့ နီးကပ်အောင်လုပ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို သေချာကြည့်ရှုချင်နေသည်၊ သင့်အား အတော်လေး စိတ်ဝင်စားနေသည်]

သူ ကြောင်သွား၏။

"ဘာတာဝန်ရခဲ့လဲ" လျှိုရှင်းချန် မေးသည်။

"စန္ဒာလဂိုဏ်းက လူကို စုဆောင်းရမှာပါ"

"စန္ဒာလဂိုဏ်းလား သူတို့က တပည့်တွေကို စောစောတည်းက ရွေးချယ်ကြတယ် ကြည်လင်ကောင်းကင်ကျောင်းတော်က သူတို့ တပည့်တဦးကိုခေါ်ယူသွားတုန်းက စန္ဒာလဂိုဏ်းချုပ်ကိုယ်တိုင် ပြန်ခေါ်လာခဲ့တယ် ဂျူနီယာညီလေး သတိထားပါ"

ကျန်းဟောင်လည်း ကျရှုံးနိုင်ချေများကြောင်း သိလိုက်သည်။ သို့သော် ဂရုမစိုက်ချေ။ သူ ဂရုစိုက်သည်က ဥပဒေခန်းမကို ပေးရမည့်လျော်ကြေးဖြစ်သည်။

"စန္ဒာလဂိုဏ်းက ဘယ်လောက်အားကောင်းလဲ" သူ ဂရုတစိုက်မေးသည်။

"ကောင်းကင်နက်ဂိုဏ်းနဲ့ နေဝင်ဆည်းဆာဂိုဏ်းကို ဘယ်လိုမြင်လဲ "

"ကျနော်တို့ ဂိုဏ်းထက်သန်မာတယ်"

လျှိုရှင်းချန် ခေါင်းညိတ်သည်။ "စန္ဒာလဂိုဏ်းက သူတို့နှစ်ဂိုဏ်းထက် ပိုကောင်းတယ် အားကောင်းတဲ့အခြေခံနဲ့ ကျင့်ကြံခြင်းလောကမှာ နှစ်ထောင်ချီပြီး ရပ်တည်လာခဲ့တယ်"

ကျန်းဟောင်မှာ ရွှေအမြုတေအဆင့် အထွတ်အထိပ်ရောက်နေသော်လည်း ထိုဂိုဏ်းများအား ရင်ဆိုင်နိုင်စွမ်း မရှိပါသေးချေ။

ထိုဂိုဏ်းများတွင် ပုံမှန်မဟုတ်သည့် ထူးချွန်သူများရှိကြသည်။ ၎င်းတို့က အဆင့်တက်မြန်ပြီး သန်မာကြ၏။

လျှိုရှင်းချန်က အကောင်းဆုံးဥပမာဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်က ၎င်းမှာ ရွှေအမြုတေအဆင့် အထွတ်အထိပ်ဖြစ်ပြီး သူလိုက်မီပြီဟုထင်လိုက်ချိန် မူလဝိညာဥ်အဆင့်ကို ရောက်သွားသည်။

"နေဝင်ဆည်းဆာဂိုဏ်း၊ ကောင်းကင်နက်ဂိုဏ်းနဲ့ လေမိုးကြိုးဂိုဏ်းတို့ ပူးပေါင်းရင်တောင် စန္ဒာလဂိုဏ်းကို ယှဥ်နိုင်ဖို့မလွယ်ဘူး ဒါကြောင့် သတိထားရမယ်ပြောတာ ကျရှုံးခဲ့ရင် ဥပဒေခန်းမကို လျော်ကြေးပေးရမယ် အောင်မြင်ရင်လည်း စန္ဓာလဂိုဏ်းနဲ့ ပြဿနာတက်နိုင်တယ်"

ထို့နောက် လျှိုရှင်းချန် ထွက်ခွာသွား၏။

ကျန်းဟောင်သက်ပြင်းချ၏။ ဥပဒေခန်းမက ငွေလိုနေလို့ မဖြစ်နိုင်တဲ့တာဝန်တွေပေးတာလား။

ကျန်းဟောင်က လျှိုရှင်းချန်ကိုကြည့်သည်။ ၎င်းက တကယ်မရိုးရှင်းပေ။ ပျင်း၍ နဂါးဝိညာဥ်အား သူ့ကို အပိုင်စီးခိုင်းပြီးမှ ပြန်လည်ဝါးမျိုပစ်လိုက်သည်။ တကယ့်ကို မယုံနိုင်စရာပင်။

ဆေးဥယျာဥ်တွင် ချန်ချိုးနဲ့ သူတွေ့သည်။

"အနီးအနားမြို့ပဲဆိုရင်တော့ အများကြီးပြင်ဆင်စရာမလိုပါဘူး ဒါပေမဲ့ သေမျိုးပိုက်ဆံတချို့တော့လိုမယ်"

သူက ကျန်းဟောင်ကို ရွှေနှင့် ငွေပြားတချို့ပေးသည်။

ကျန်းဟောင်က လက်ခံပြီး "ကြေးပြားမရှိဘူးလား"

"ရှိတယ်" ချန်ချိုးက ကြေးပြားအချို့ပေးသည်။ "စီနီယာအစ်ကိုကျန်း သွားတော့မှာလား"

"အင်း နောက်ရက်ထဲပဲ" သူခေါင်းညိတ်သည်။

တာဝန်လက်ခံလိုက်ကတည်းက သူ့ကို အာရုံစိုက်နေသူသာဆို ဂိုဏ်းပြင်ထွက်မည်မှန်းသိမည်ဖြစ်သည်။ အချိန်ကန့်သတ်ချက်က သုံးလဖြစ်သည်။

"ဘယ်လောက်ကြာမှာလဲ" ချန်ချိုးမေး၏။ "ဖယောင်းတိုင်မီးဆေးလုံးခန်းမက တပည့်တွေက ဆေးပင်ထိန်းသိမ်းစောင့်ရှောက်စရိတ်ကို ကာမိအောင် စီနီယာအစ်ကိုနဲ့ အစ်မကို အားကိုးနေရတာ ဒါကအကြွေးစုဆောင်းတာမို့ စီနီယာအစ်ကိုနဲ့မဆိုင်ပေမဲ့ ပြန်လာရင် ကိုင်တွယ်ပေးနိုင်မလား"

"အကြွေးလား" ဒါက သူ့တာဝန်မဟုတ်ပေမဲ့ သူနဲ့ ဆက်နွယ်နေသည်။ "အလျင်မလိုဘူးဆို ငါပြန်လာတဲ့အထိစောင့်"

ချန်ချိုး ခေါင်းညိတ်သည်။ သူက အပြင်စည်းတပည့်သာဖြစ်သောကြောင့် ထိုသို့သောကိစ္စမျိုးနဲ့ပတ်သတ်ပြီး ဝင်မဆုံးဖြတ်နိုင်ပါချေ။

"သခင် အပြင်သွားရင် ကျနော့်ကိုခေါ်သွားမှာလား" သားရဲက မေးသည်။

"မင်းက အိမ်ကိုစောင့်ရှောက်ပေးရမှာ"

"သခင်တယောက်တည်းလား ကျနော်နဲ့သာဆို လမ်းခရီးက အဆင်ချောနေလိမ့်မယ် ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး"

ကျန်းဟောင်မှာ ၎င်းကိုလျစ်လျူရှုထား၍ ပြင်ဆင်မှုအချို့ ပြုလုပ်သည်။

နှစ်ရက်ကြာပြီးနောက် ကျန်းဟောင်က ခြံထဲတွင်ရပ်လျက် မိုင်တစ်ထောင်တည်နေရာကူးပြောင်းအဆောင်ကို အသက်သွင်းလိုက်၏။

All Chapters