← Chapters

အကြံထုတ်နေကြသည့်နတ်မိစ္ဆာအုပ်စု

Vol. 96 Ch. 1339

အကြံထုတ်နေကြသည့်နတ်မိစ္ဆာအုပ်စု

Vol. 96 Ch. 1339

အခန်း (၁၃၃၉) အကြံထုတ်နေကြသည့်နတ်မိစ္ဆာအုပ်စု

ကျောက်ဂူအိမ်တော်သခင်က တာအိုဆရာအား ကြိုဆိုပြီးနောက် သူက အပိုစကားများမပြောတော့ဘဲ တည့်ထိုးပင် လိုရင်းကိုပြောလိုက်သည်။

“တကယ်တော့ မင်းကို ဒီနေရာကိုဖိတ်ကြားရတာ ကိစ္စတစ်ခု ဆွေးနွေးဖို့ပဲ”

သက်လတ်ပိုင်းအရွယ် အသွင်အပြင်ရှိသော တာအိုဆရာက စားပွဲထက်မှ သေရည်ခွက်ကို တစ်ကျိုက်သောက်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

"ဘာကို ဆွေးနွေးချင်တာလဲ..."

ကျောက်ဂူအိမ်တော်သခင်က ပြောလိုသည့်စကားကို အစောတလျင်မပြောသေးဘဲ မေးခွန်းပြန်မေးလိုက်သည်။

“အရင်တုန်းက မင်းက ဆေးလုံးသန့်စင်တဲ့အလုပ်နဲ့ပဲ အလုပ်များနေတာ ၊ အပြင်လောကမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ဘယ်လောက်အထိ သိထားလဲ”

တာအိုဆရာက ပွင့်လင်းစွာပင် ဖြေလိုက်သည်။

“တံခါးပိတ်ပြီး ဆေးလုံးသန့်စင်ရာကနေ ထွက်လာတဲ့နောက် ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေတာ ကြားသိခဲ့ရတယ်”

သူက ဆကပြောလိုက်သည်။

“နောက်ဆုံးတော့ ကျုပ်တို့ ဒီနေရာက ထွက်သွားနိုင်ခဲ့ပြီ ၊ ချန်စန်းရှင်းဟိုင်စကြာဝဠာမှာ ပုန်းအောင်းနေစရာမလိုတော့ဘူး”

ချန်စန်းရှင်းဟိုင်စကြာဝဠာတွင် နေထိုင်ကြသော နတ်မိစ္ဆာမျိုးနွယ်စုတစ်ခုလုံးအတွက် ဤသည်မှာ အရေးစိုက်ရမည့် ကိစ္စကြီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် ထိပ်တန်းအဆင့် နတ်မိစ္ဆာမျိုးနွယ်များနှင့် တန်ခိုးစွမ်းအားရှင်များအတွက် ဖြစ်သည်။

“ပြီးတော့ ကျုပ်သတင်းကြားတာ ကောင်းကင်ဘုံနန်းတော်က အဂ္ဂိရတ်ခန်းမလည်း ဒီလောကမှာ ပြန်ပေါ်လာတယ်ဆိုပဲ”

ထိုစကားကိုပြောစဉ် သူ၏မျက်လုံးများထဲတွင် လောဘအရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာသည်။

သူက ဆက်ပြောလိုက်သည်။

“သြော်... ပြီးတော့ စန်းချင်း(၃)ပါး လမ်းမှန်တာအို အဆက်အနွယ်ထဲမှာလည်း ကောင်းကင်နတ်ဘုရားအသစ်တစ်ပါး ထွက်ပေါ်လာတယ်လို့ကြားတယ်”

ထိုစကားကိုပြောစဉ်မျာတော့ သူ့မျက်လုံးများထဲတွင် အားကျသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ကျောက်ဂူအိမ်တော်သခင်က ခေါင်းညိတ်ရင်း...

“ဟုတ်တယ်...”

တာအိုဆရာက ယခုမှ လိုရင်းကိစ္စကို ပြန်သတိရသွားပြီး ကျောက်ဂူအိမ်တော်သခင်ကို ကြည့်လိုက်သည်။

“ကျုပ်ကို ဒီကိုလာဖို့ ဘာလို့ဖိတ်ကြားတာလဲ”

ကျောက်ဂူအိမ်တော်သခင်က...

“မင်းက အမြဲတမ်း ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်တွေကို ဒုက္ခ‌ပေးချင်နေတာ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“အခု အခွင့်အရေးတစ်ခု ရှိနေပြီ”

တာအိုဆရာက သံသယဝင်သည့်မျက်နှာထားဖြင့်...

“ဝူတန့်မယ်တော်သေပြီဆိုတဲ့သတင်း ကျုပ် တစ်ခါမှ မကြားသေးဘူး”

ကျောက်ဂူအိမ်တော်သခင်က ပခုံးတစ်ချက်တွန့်ရင်း...

“ဟုတ်တယ်လေ ၊ ဝူတန့်မယ်တော် မသေသေးဘူး ၊ ဒါပေမဲ့ အခွင့်အရေးတစ်ခု ရှိလာပြီ”

သူက ဆက်ပြောလိုက်သည်။

“မကြာခင်ကပဲ ခေါင်းကိုးလုံးသူတော်စင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီ”

“ခေါင်းကိုးလုံးသူတော်စင်နဲ့ ဝူတန့်မယ်တော်က ဘယ်တုန်းကမှ ရန်ငြိုးမရှိခဲ့ပါဘူး”

တာအိုဆရာ၏မျက်နှာထက်မှ သံသယက ပိုပြီးကြီးမားလာသည်။

ကျောက်ဂူအိမ်တော်သခင်က ပြက်ရယ်ပြုသည့်လေသံဖြင့်...

“ဒါပေမဲ့ ခေါင်းကိုးလုံးသူတော်စင်က ယွိချင်အဆက်အနွယ်တွေကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ခံစားခဲ့ရတယ်လေ”

ထိုစကားကြားတော့ တာအိုဆရာ၏မျက်လုံးများ တစ်ချက်တောက်ပသွားပြီး မျက်နှာထက်မှ သံသယများ ပျောက်ကွယ်သွားသည်။

သူက တွေးတွေးဆဆ အမူအရာဖြင့်...

“မင်း ဆိုလိုတာက...”

ကျောက်ဂူအိမ်တော်သခင်က...

“မင်းသိတဲ့တိုင်းပဲလေ ခေါင်းကိုးလုံးသူတော်စင်က ယွမ်စီထျန်းကျွင်းရဲ့တပည့်ရင်း ၊ ယွိချင်အဆက်အနွယ်တွေရဲ့ဘိုးဘေးဖြစ်တဲ့ တာအိုဆရာ’ယွိတင်’ ရဲ့ တပည့်ကြောင့် ဆုံးရှုံးမှုတွေအများကြီး ကြုံတွေ့ခဲ့ရတာလေ”

သူက ဆက်ပြောသည်။

“မင်းမသိသေးတာက အဲဒီ တာအိုဆရာယွိတင်ရဲ့အဆက်အနွယ်က ယွိချင်အဆက်အနွယ်မှာ ဆက်ပြီးရှိနေသေးတာပဲ”

ထိုစကားကိုကြားတော့ တာအိုဆရာ စိတ်ဝင်စားသွားသည်။

သူက ကျောက်ဂူအိမ်တော်သခင် ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနားထောင်နေလိုက်၏။

“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ယွိချင်အဆက်အနွယ်တွေထဲမှာ အရမ်းထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာတယ် ၊ သူ့နာမည်က ‘ရန်ရှင်းထန်’ လို့ခေါ်တယ် ၊ ပြီးတော့ သူက တာအိုဆရာ’ယွိတင်’ ရဲ့အဆက်အနွယ်က ဆင်းသက်လာတဲ့ တပည့်တစ်ယောက်ပဲ”

ကျောက်ဂူအိမ်တော်သခင်၏စကားက တာအိုဆရာကို စိတ်မပျက်စေခဲ့ပေ။

“အခု ရန်ရှင်းထန် သေဆုံးသွားပြီဆိုပေမယ့် သူ့မျိုးဆက်တချို့ ကျန်ရစ်နေသေးတယ်”

“ငါ သတင်းကြားရသလောက် ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမက ရန်ရှင်းထန်ရဲ့မြေး ‘ရန်ကျောက်ကဲ’ လက်ထဲမှာ ရှိနေတယ်”

သူက စကားပြောနေရင်းဖြင့် တာအိုဆရာကို ကြည့်လိုက်ရင်း...

“ရန်ရှင်းထန်က စန့်ချင်အဆက်အနွယ်က သိုင်းကျင့်ကြံသူတစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် ၊ အဲဒီမိန်းကလေးကလည်း မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် စန့်ချင်အဆက်အနွယ်ထဲမှာ ထွက်ပေါ်လာတဲ့ အထူးချွန်ဆုံး ကျင့်ကြံသူတစ်ယောက်ပဲ”

“ဒီတော့ တခြားစကားနဲ့ပြောရရင် ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမက တာအိုဆရာ’ယွိတင်’ နဲ့ ဝူတန့်မယ်တော်ရဲ့ အဆက်အနွယ်လက်ထဲကို ရောက်သွားပြီလို့ ပြောလို့ရတယ်”

ကျောက်ဂူအိမ်တော်သခင်က ပြုံးလိုက်ရင်း...

“ခေါင်းကိုးလုံးသူတော်စင် ဘယ်လိုတုံ့ပြန်မယ်လို့ထင်သလဲ ၊ အဂ္ဂိရတ်ခန်းမကို အခုချိန်မှာ ရှာဖွေရခက်နေပေမယ့် စန့်ချင်အဆက်အနွယ်တွေကတော့ တာအိုစကြာဝဠာမှာ ရှိနေတုန်းပဲ ၊ ပြီးတော့ စန့်ချင်အဆက်အနွယ်တွေနဲ့ ရန်ကျောက်ကဲရဲ့ဆက်ဆံရေးကလည်း အတော်လေး ရင်းနှီးတယ်လို့သတင်းကြားတယ် ၊ လွန်ခဲ့တဲ့နှစ်တွေမှာတောင် အချင်းချင်းဆက်သွယ်မှုရှိခဲ့ကြတယ် ၊ ဒါပေမဲ့ သူတို့က အရမ်းသတိထားတာကြောင့် ငါတို့ ဘာမှသိပ်ပြီး ထုတ်ဖော်နိုင်ခဲ့တာ မရှိဘူး”

တာအိုဆရာက သူ၏မုတ်ဆိတ်ကိုပွတ်သပ်လိုက်ပြီး ပြုံးရယ်လိုက်ရင်း...

“ဒါက အတော်ကောင်းတာပဲ”

သူက ဆက်ပြောလိုက်သည်။

“ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်တွေကို အသုံးချပြီး အဂ္ဂိရတ်ခန်းမကို ရှာဖွေရမယ်”

သို့သော် သူ၏မျက်နှာထက်မှအပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“နေပါဦး... ဒီ ရန်ရှင်းထန်တို့ ရန်ကျောက်ကဲတို့ဆိုတာက တာအိုဆရာ’ယွိတင်’ ရဲ့ အဆက်အနွယ် အဖျားအနားလောက်ပဲ ရှိတာလေ ၊ ခေါင်းကိုးလုံးသူတော်စင်က သူတို့အပေါ် ရန်ငြိုးထားပြီး အမျက်ထွက်ပါ့မလား”

ကျောက်ဂူအိမ်တော်သခင်က ပြုံးလိုက်ရင်း...

“သူတို့က အဲဒီလူရဲ့နေရာကို သိလား မသိလားဆိုတာ မပြောနေနဲ့ ၊ သူတို့မှာ ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမ ရှိတယ်လေ ၊ ခေါင်းကိုးလုံးသူတော်စင်သာ လှုပ်ရှားမယ်ဆိုရင် ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်သလို ဖြစ်လိမ့်မယ်”

သူက တာအိုဆရာကို ကြည့်လိုက်ရင်း...

“အဂ္ဂိရတ်ခန်းမအတွက်တော့ သိပ်လောဘမတက်သင့်ဘူး ၊ အကျိုးအမြတ် တစ်ခုခုရနိုင်ရင်တော့ ကောင်းတာပေါ့ ၊ မရရင်လည်း ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်တွေကို ဒုက္ခပေးဖို့ အခွင့်အရေးရတာနဲ့တင် မင်းအတွက်တန်ပါတယ်”

“ဒါပေမဲ့ မင်းရဲ့တပည့်တွေကို သတ်ခဲ့တဲ့ စန့်ချင်အဆက်အနွယ်က အခု အသက်မရှိတော့ဘူး ၊ သူ့ရဲ့တပည့်တွေပဲ ကျန်ခဲ့တော့တယ် ၊ မင်း သူတို့ကိုတော့ သိပ်အရေးစိုက်စရာမလိုပါဘူး”

တာအိုဆရာက နှာတစ်ချက်မှုတ်လိုက်ရင်း...

“အဲဒီ အကျင့်မကောင်းတဲ့မိန်းမက ကျုပ်တပည့်တွေကိုသတ်ခဲ့တာ ၊ သူက သေသင့်တဲ့သူပဲလေ ၊ အခု သူမရှိတော့ရင်လည်း သူ့တပည့်တွေကိုလက်စားချေပြီး ပြန်ပေးဆပ်ခိုင်းရမယ်”

တစ်ယောက်ယောက်က ဝူတန့်မယ်တော်ကို ထိန်းထားမည်ဆိုလျှင် သူ့အနေဖြင့် စိုးရိမ်စရာနည်းပါးသွားမည် ဖြစ်သည်။

တာအိုဆရာက တစ်စုံတစ်ခု သတိရသွားဟန်ဖြင့်...

“အမ်း... နေပါဦး... ယွိချင်အဆက်အနွယ်ထဲက ကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတယ်ဆို ၊ ပြီးတော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ တောင်ပိုင်းချန်စန်းဧကရာဇ်တို့လည်း အသက်ရှင်လျှက် ရှိနေသေးတယ်မဟုတ်လား”

ကျောက်ဂူအိမ်တော်သခင်က ခေါင်းညိတ်လိုက်ရင်း...

“အမှန်ပဲ... သူတို့ လှုပ်ရှားလာမယ်လို့ မထင်ရပေမယ့်... ဝူတန့်မယ်တော်လိုပဲ ဖြစ်နိုင်ခြေတစ်ခုတော့ ရှိနေသေးတယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ စိတ်မပူနဲ့ ၊ သုခဘုံနဲ့ အမတခုံရုံး စစ်ဖြစ်နေကြတုန်းပဲ ၊ ငါတို့ဘက်မှာက ဝင်ပြီးမလှုပ်ရှားသေးတဲ့ သူတော်စင်အဆင့် နတ်မိစ္ဆာတွေ ရှိနေပါသေးတယ်”

တာအိုဆရာက ခေါင်းညိတ်လိုက်ရင်း...

“ဒါဖြင့် ကျုပ်တို့ ခေါင်းကိုးလုံးသူတော်စင်ကို သွားတွေ့ကြရအောင်”

ကျောက်ဂူအိမ်တော်သခင်က သူ့ကို တားဆီးလိုက်သည်။

“မလောပါနဲ့ ၊ အခုချိန်မှာ ငါတို့ အလျင်စလိုလုပ်ဖို့ မလိုသေးပါဘူး”

သူက ဆက်ရှင်းပြသည်။

“စန်းချင်း(၃)ပါးအဆက်အနွယ် လမ်းမှန်တာအိုဝါဒမှာ အဲဒီကောင်းကင်ဘုံအရှင်တွေပြိးရင် တခြားသူတွေကိုလည်း လျှော့မတွက်သင့်ဘူး ၊ ပြီးတော့ စန့်ချင်အဆက်အနွယ်တွေက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့တာ ၊ သူတို့ကိုလည်း လျှော့တွက်လို့မရဘူး”

“ငါတို့တွေ တခြားအကူအညီတွေလည်း ရှာကြရမယ် ၊ ဒါမှ အောင်မြင်နိုင်ခြေများမယ်”

‌ကျောက်ဂူအိမ်တော်သခင်က အပြင်ဘက်သို့လှမ်းကြည့်ရင်း...

“အခု အချိန်ကျပြီ”

တာအိုဆရာက မျက်လုံးများကိုမှေးစဉ်းရင်း တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်။

ခဏအကြာမှာတော့ အစေခံတစ်ယောက်က လူတစ်ယောက်ကို ခေါ်ဆောင်လာလေသည်။

ကျောက်ဂူအိမ်တော်အတွင်း ဝင်ရောက်လာသူ၏ခန္ဓာကိုယ်အား အဖြူရောင် လရောင်ခြည်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။

လရောင်ခြည်အလင်းတန်း ပြယ်လွင့်သွားသည်နှင့် မိန်းမပျိုတစ်ယောက်၏ရုပ်သွင် ထွက်ပေါ်လာသည်။

“အစ်ကို... ကျွန်မကို ဘာလို့ခေါ်တာလဲ”

မိန်းမပျိုက ကျောက်ဂူအိမ်တော်သခင်ကို နှုတ်ဆက်ပြီးနောက် တာအိုဆရာကို လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားဟန်ဖြင့်...

“မျက်လုံးတစ်ရာတာအိုဆရာ မဟုတ်လား”

ဟု မေးမြန်းလိုက်သည်။

တာအိုဆရာက ခေါင်းညိတ်လိုက်ရင်း..

“မင်းက ပိုပြီး ချောမောလှပလာတာပဲ”

ကျောက်ဂူအိမ်တော်သခင်က...

“မင်းနဲ့ တိုင်ပင်စရာရှိလို့ ဒီကိုဖိတ်ခေါ်လိုက်ရတာပါ”

အကြောင်းအရာများကို ရှင်းလင်းပြောပြပြီးနောက် မိန်းမပျိုက မျက်ခုံးများတွန့်ချိုးလိုက်ရင်း...

“အမှနပဲ ၊ ထျန်းစူးခန်းမကို ဒီနည်းလမ်းနဲ့ဘဲ မျှားခေါ်လို့ရမယ် ၊ ဒါပေမဲ့...”

ခဏမျှ တွေးဆပြီးမှ သူမက ဆက်ပြောသည်။

“လောလောဆယ်မှာ ကျွန်မတို့က အနောက်ဘက်ဗုဒ္ဓဘာသာနယ်မြေနဲ့ အမတခုံရုံးကို တိုက်ခိုက်နေတုန်းပဲလေ ၊ စစ်အင်အားတွေကျန်သေးတယ်ဆိုပေမယ့် လမ်းမှန်တာအိုဝါဒ ကောင်းကင်ဘုံအရှင်တွေကို သွားပြီးလှုံ့ဆောက်လိုက်ရင် အရှင့်သားရဲ့အစီအစဉ်တွေ ပျက်ဆီးသွားနိုင်တယ်”

“ပြီးတော့ နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်”

မိန်းမပျိုက တာအိုဆရာကိုလှမ်းကြည့်လိုက်ပြီး ခဏမျှ တွန့်ဆုတ်နေပြီးမှ...

“စန့်ချင်အဆက်အနွယ်တွေကို ဒီကိစ္စထဲဆွဲထည့်တာ မှန်ရောမှန်ပါ့မလား ၊ ကျွန်မတို့နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ သူတော်စင်အချို့က စန့်ချင်အဆက်အနွယ်တွေရဲ့ ဟောပြောသွန်သင်ချက်တွေကိုနားထောင်ပြီး တန်ခိုးစွမ်းအားရရှိခဲ့ကြတဲ့သူတွေလေ”

“ခေါင်းကိုးလုံးသူတော်စင်က လှုပ်ရှားမယ်ဆိုရင်တောင် ဒီအချက်တွေကို ထည့်သွင်းစဉ်းစားရမှာ မဟုတ်ဘူးလား”

ထိုစကားကိုကြားတော့ တာအိုဆရာ မကျေမနပ်ဖြစ်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။ သို့သော် သူမက ပြန်လည်ငြင်းဆိုသည့်စကားတော့ မပြောဆိုခဲ့ပေ။

‌ကျောက်ဂူအိမ်တော်သခင်က ပြုံးလိုက်ရင်း...

“ဘာမှစိတ်ပူစရာမရှိပါဘူး ၊ ဒီကိစ္စက ကြီးမားတဲ့ပြဿနာကြီးလည်း ဟုတ်မနေဘူးလေ”

All Chapters