ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေး.....
Vol. 2 Ch. 21
" ငါ ဆေးတစ်ပုလင်းဝယ်ပြီး အရင်စမ်းကြည့်ရမယ်။ " လင်းယွမ်က စဉ်းစားလိုက်ပြီး ဝယ်ယူလိုက်သည်။
အဆင့်မြင့် အားဖြည့်ဆေးရည်က နှစ်သိန်းဖြစ်လေသည်။ သာမန်နိုင်ငံသားတစ်ယောက်၏ ဆယ်နှစ်စာဝင်ငွေဖြင့်ပင် ထိုဆေးကို သောက်နိုင်မည်မဟုတ်ပေ။ အဆင့်မြင့်အားဖြည့်ဆေးရည်က ကန့်သတ်ထားသော အရင်းအမြစ်ဖြစ်လေသည်။
လင်းယွမ်က အဆင့်နှစ်နိုင်ငံသားမဖြစ်ခဲ့လျှင် ၎င်းကို ဝယ်ရန်မပြောနှင့် မြင်နိုင်ရန်ပင် အခွင့်အရေးရှိမည်မဟုတ်ပေ။
" ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆို ဆင့်ကဲပြောင်းလဲပြီလို့ ပြောလို့ရနိုင်လား။ "
အဆင့်မြင့်အားဖြည့်ဆေးရည်ကို ဝယ်ယူပြီးနောက် လင်းယွမ်က သူ့ကိုသူ ခန့်မှန်းလိုက်သည်။ စကြာဝဠာလူသားမဟာမိတ်၏ ဆင့်ကဲပြောင်းလဲခြင်းအဆင့်သတ်မှတ်ချက်များအရ ရှန်ထျန်းအဆင့်က ဆင့်ကဲပြောင်းလဲခြင်း၏ တံခါးဝတွင်သာ ရှိသေးသည်။ ထို့ကြောင့် သူက အဆင့်ထဲပင်မဝင်သေးပေ။ သို့သော် အဆင့်က အဆင့် တိုက်ခိုက်ရေးစွမ်းအားက တိုက်ခိုက်ရေးစွမ်းအား ဖြစ်၏။ ထိုနှစ်ခုကို မရောထွေးသင့်ပေ။
လင်းယွမ်က အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်ကို ရောက်ဖူးထားပြီး သူ၏ ခွန်အားကို တစ်ရာရာခိုင်နှုန်း အပြည့်အဝ အသုံးပြုနိုင်လေသည်။
" ဆင့်လဲပြောင်းလဲခြင်းဖြစ်စဉ်ကို ဝင်ရောက်သွားရင် ပထမအလွှာကို ဆယ့်နှစ်ဆင့်ခွဲခြားထားတယ်။ ငါ့ခွန်အားတွေ အကုန်ပြန်ရနိုင်ရင် ငါက အဆင့်တစ်ဆယ်နဲ့ ဆယ့်နှစ်ကြားမှာ ဖြစ်နိုင်လောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ခွန်အားအရပြောရလျှင် ဆရာသခင်အဆင့်က ပထမအလွှာ၏ အဆင့်တစ်မှ အဆင့်သုံး၊ မဟာဆရာသခင်အဆင့်က အဆင့်လေးမှ အဆင့်ခြောက်၊ ဒဏ္ဍာရီအဆင့်က အဆင့် ဆယ့်ခုနှစ်မှ အဆင့်ကိုးတို့နှင့် ညီမျှလေသည်။ အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်က ပထမအလွှာ၏ ကန့်သတ်ချက်သို့ ရောက်လုနီးပါးဖြစ်ပြီး ဒုတိယအလွှာသို့ နီးကပ်သွားပြီဖြစ်သည်။
စစ်မှန်သော ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မြို့ဖျက်ဆီးခြင်းအဆင့်သို့ မရောက်သေးသော်လည်း သူတို့ကို တားဆီးရန် တူညီသော အဆင့်ရှိသူ သို့မဟုတ် နည်းပညာလက်နက်များ မရှိသရွေ့ မြို့တစ်မြို့ကို ဖျက်ဆီးရန် အချိန်ကြာမည်မဟုတ်ပေ။ သူတို့၏ တိုက်ခိုက်မှုက မီတာရာချီမြင့်သော အဆောက်အဦးများကိုပင် အလွယ်တကူ ပျက်ဆီးစေနိုင်လေသည်။
လင်းယွမ်က လေ့ကျင့်ရေးနေရာတစ်ခုလည်း ဝယ်ယူရန် စဉ်းစားထားသည်။ ယခုလက်ရှိ သူနေထိုင်သော နေရာက ကျဉ်းမြောင်းပြီး ပျက်စီးလွယ်လေသည်။ တစ်ခါတစ်ရံ လင်းယွမ်က သူ့ကိုသူ မထိန်းချုပ်မိလိုက်ပါက ပြိုကျသွားမည်ကိုပင် စိုးရိမ်ရပေလိမ့်မည်။ သူ၏ သိုင်းတာအိုကို စစ်ဆေးရန် နေရာတစ်ခု လိုအပ်လေသည်။
" ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေး ...." လိုင်းပေါ်တွင် ခနလေ့လာပြီးနောက် လင်းယွမ်က ထိုနေရာကို ရွေးချယ်လိုက်သည်။
ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးက အဆင့်မြင့်ခြံဝင်းများဖြစ်ပြီး တုန်နင်မြို့၏ ဆင်ခြေဖုံးများတွင် စတင်ရောင်းချခဲ့သည်။
ကြယ်တာယာခေတ်တွင် စစ်မှန်သော အဆင့်မြင့်သူများက မြို့လယ်တွင် မနေချင်ကြတော့ပေ။ ထို့ကြောင့် သဘာဝနှင့်နီးစပ်ပြီး သာယာလှပသော ရွှေယွဲ့ရပ်ကွက်က အဆင့်မြင့်သူများကြားတွင် ကျော်ကြားလေသည်။
လင်းယွမ်က ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးမှ ခြံဝင်းများ၏ စျေးနှုန်းများကို ကြည့်လိုက်သည်။ စျေးနှုန်းများက ၁၀သန်းမှ ၁၅သန်းအထိ ရှိလေသည်။ ထို့အပြင် အဆင့်နှစ် နိုင်ငံသားများက သူတို့ကို တစ်ဝက်စျေးဖြင့် ဝယ်ယူနိုင်လေသည်။ လင်းယွမ်က ၎င်းကို မအံ့ဩပေ။
စကြာဝဠာလူသားမျိုးနွယ်တွင် အဆင့်မြင့်နိုင်ငံသားများက အကျိုးအမြတ်များ ပိုရသည်မှာ သာမန်သာ ဖြစ်၏။ သို့သော် နိုင်ငံသားအဆင့်ကို အမွေဆက်ခံလို့မရပေ။ ယခု အသက်ရှင်နေကြသော အဆင့်မြင့်နိုင်ငံသားများက လူသားမျိုးနွယ်အပေါ် အမှန်တကယ် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
၁၀သန်းနှင့် ၁၅သန်းတို့၏ တစ်ဝက်က ၅သန်းနှင့် ၇သန်းခွဲ ဖြစ်၏။ ၎င်းက လင်းယွမ်၏ လက်ရှိငွေအကန့်အသတ်ထက် ကျော်လွန်သွားခဲ့သည်။ သို့သော် အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်ပြီးနောက် လင်းယွမ်က ဗဟိုဘဏ်မှ အကြွေးဝယ်ကဒ်တစ်ခု ရရှိခဲ့သည်။
သူက အတိုးမရှိဘဲ သန်းနှစ်ဆယ် ချေးယူနိုင်လေသည်။ ထိုသန်းနှစ်ဆယ်ကလည်း နှစ်နှစ်ဆယ်အတွင်း ပြန်ဆပ်ရန်သာ လိုအပ်လေသည်။ ၎င်းက အဆင့်နှစ် နိုင်ငံသားများသာ ရရှိနိုင်သော အကျိုးအမြတ်တစ်ခု ဖြစ်၏။
အဆင့်နှစ်နိုင်ငံသားတစ်ယောက်အနေဖြင့် တစ်နှစ်လျှင် သန်းအနည်းငယ်ကို သက်သာစွာဖြင့် ရှာဖွေနိုင်ပြီး သန်းနှစ်ဆယ်ကို ဆပ်ရန် ခုနှစ်နှစ်ရှစ်နှစ်သာ ကြာပေလိမ့်မည်။ ၎င်းက စွန်းစားခြင်းမရှိသော ချေးငှားခြင်းသာ ဖြစ်၏။
မကြာမီ လင်းယွမ်က ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေး၏ အရောင်းဌာနသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် လူအနည်းငယ်သာ ရှိသော်လည်း သူတို့က ထူးခြားသော စိတ်နေစိတ်ထားနှင့် အဆင့်မြင့်သူများသာ ဖြစ်သည်။ သာမန်ပြည့်သူများက ဆယ်သန်းနှင့် သန်းနှစ်ဆယ် တန်ဖိုးရှိသော အိမ်ခြံမြေဌာနကို လာခဲလေသည်။
လင်းယွမ်က ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း ဝန်ထမ်းတစ်ဦးမှ ချက်ခြင်းနှုတ်ဆက်လိုက်သော်ကြောင့် အထဲသို့ ဝင်လာခဲ့သည်။
" မင်္ဂလာပါဆရာ ဘယ်လိုအိမ်မျိုးလိုချင်ပါသလဲ။ " ဝန်ထမ်းက မိန်းကလေးတစ်ဦးဖြစ်ပြီး အရပ်ရှည်၍ တင်းကျပ်သော အဝတ်အစားကို ဝတ်ဆင်ထားသည်။ သူမ၏ နာမည်က အန်နာဖြစ်၏။
" ပိုကြီးပြီးတော့ ပိုတိတ်ဆိတ်တာ..." လင်းယွမ်က သူ၏ လိုအပ်ချက်များကို ပြောပြလိုက်သည်။
" ဟုတ်ကဲ့ ဟုတ်ကဲ့..." စကားပြောနေရင်းဖြင့် အန်နာ၏ စိတ်များက လေးလံနေ၏။
သူမက အသက်နှစ်ဆယ်ပင် မပြည့်သေးသော လူငယ်လေးကို ကြည့်လိုက်သည်။ သူက ဤနေရာတွင် အိမ်ဝယ်ဖို့ တကယ်ဖြစ်နိုင်ပါ့မလား။
အန်နာက လင်းယွမ်ကို နှိမ့်ချခြင်းမဟုတ်ပေ။ သို့သော် ထိုနေရာသို့ လာမေးသော လူဆယ်ယောက်တွင် ကိုးယောက်က ဝယ်ရန် စိတ်ကူးမရှိဘဲ တစ်ယောက်ကသာ ဝယ်ရန် ရည်ရွယ်ချက်နည်းနည်း ရှိပေလိမ့်မည်။ ဆယ်သန်းမှ သန်းနှစ်ဆယ်အသုံးပြုရမည့်ကိစ္စများတွင် လူများက ပိုက်ဆံတတ်နိုင်လျှင်တောင် သေချာစဉ်းစားပေလိမ့်မည်။
သို့သော် လင်းယွမ်ပြောနေသော အသံက တကယ်ဝယ်ယူရန် သေချာနေသကဲ့သို့ ဖြစ်နေသည်။ ၎င်းကို တွေးပြီးနောက် အန်နာက လင်းယွမ်၏ အနီးသို့ သွားပြီး သူ့ကို သေချာကြည့်လိုက်သည်။
" ဒီတစ်ခုယူမယ်။ " အချိန်အတော်ကြာရှာဖွေပြီးနောက် လင်းယွမ်က သူ၏ ဆူံးဖြတ်ချက်ကို ချလိုက်သည်။ ထိုအိမ်က အထပ်သုံးထပ်ပါသော စံအိမ်တစ်ခုဖြစ်ပြီး ကောင်းမွန်သော ခြံဝင်းရှိသည့်အပြင် မြေအောက်လေ့ကျင့်ရေးကွင်းပင် ရှိနေလေသည်။
" ရှင်တကယ်ဝယ်မှာလား။ " အန်နာက စိတ်ထဲမှ ထိတ်လန့်သွား၏။
" ချေးငွေလျှောက်ထားဖို့ လိုသေးလား ဆရာ။ " သူမက လေးနက်စွာ မေးလိုက်သည်။
" မလိုဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ ချေးငွေထုတ်ယူခြင်းက အတိုးနှင့်ဖြစ်ပြီး ဗဟိုဘဏ်မှ ချေးယူလျှင် အတိုးမဲ့ဖြစ်လေသည်။
" မင်းတို့က အဆင့်နှစ် နိုင်ငံသားတွေအတွက် ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးရှိတယ်မဟုတ်လား။ " လင်းယွမ်က မေးလိုက်သည်။
" ဟုတ်ပါတယ်။ အဆင့်မြင့်နိုင်ငံသားတွေအတွက် ကျွန်မတို့ ရွှေယွဲ့..." အန်နာ၏ စကားလုံးများက ရုတ်တရက် ရပ်တန့်သွား၏။
" ရှင်က အဆင့်နှစ်နိုင်ငံသားလား။ " သူမက တုန်လှုပ်သွား၏။
လူချမ်းသာအများစုက ဤနေရာသို့ အိမ်ဝယ်ရန် လာကြသော်လည်း အဆင့်နှစ် နှင့် အဖက်အဆင့် နိုင်ငံသားများက အလွန်ရှားလေသည်။ တုန်နင်မြို့တစ်ခုလုံးတွင်ပင် အဆင့်နှစ် နိုင်ငံသား အနည်းငယ်သာ ရှိလေသည်။
" ဆရာ ခနစောင့်ပါ။ ကျွန်မ မန်နေဂျာကို ခေါ်ပေးပါမယ်။ " အန်နာက လင်းယွမ်ကို ဦးညွှတ်လိုက်ပြီး VIP အခန်းထဲသို့ ခေါ်သွားခဲ့သည်။
အရောင်းရုံးခန်း၏ နားနေခန်းတွင် ကျိုးချီဝူက ရေတစ်ခွက်သောက်ပြီးနောက် ချက်ချင်း ထွက်သွားသည်။ သူမက ဤနေရာတွင် အချိန်ပိုင်းအလုပ်လုပ်နိုင်ရန်အတွက် အတော်ပင် ကြိုးစားခဲ့ရသည်။
ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးကဲ့သိို့ အဆင့်မြင့်သော နေရာများအတွက် အရောင်းဝန်ထမ်းများက ရုပ်ရည်ချောမောလှပရုံသာမက ဖောက်သည်များကို ဖော်ရွေစွာ ဆက်ဆံနိုင်ရန်လည်း လိုအပ်လေသည်။ ဖောက်သည်များ စိတ်ကျေနပ်ပြီး ပျော်ရွှင်စွာ ဝယ်ယူနိုင်စေရန် သူတို့တွင် တာဝန်ရှိလေသည်။
" ငါ ဘယ်အချိန်မှ သီးသန့်ရောင်းရမှာလဲမသိဘူး။ " ကျိုးချီဝူက သက်ပြင်းချလိုက်သည်။
" ဟင် အဲ့ဒါ လင်းယွမ်မဟုတ်လား။ " သူမက အန်နာနှင့်အတူရပ်နေသော လင်းယွမ်ကို သတိထားမိသွားသည်။ " သူက ဒီမှာ ဘာလုပ်နေတာလဲ။ "
ကျိုးချီဝူနှင့် လင်းယွမ်တို့က အတန်းဖော်များ ဖြစ်ကြ၏။ သူမက သူနှင့် သိပ်မရင်းနှီးသော်လည်း သူတို့အိမ်၏ အခြေအနေကို သူမ သိလေသည်။ ပုံမှန်အားဖြင့် လင်းယွမ်၏ မိသားစုက ရွှေယွဲ့တွင် အိမ်တစ်လုံး ဝယ်ယူရန် မဖြစ်နိုင်ပေ။
" သူလျှောက်ကြည့်နေတာလား။ "
သူမက နှုတ်ဆက်ရန် ရည်ရွယ်ချက်မရှိပေ။ ပထမဆုံး သူတို့က အတန်းဖော်များသာ ဖြစ်ပြီး ဤနေရာတွင် တွေ့ဆုံခြင်းမှာ အနည်းငယ် အဆင်မပြေဖြစ်နိုင်လေသည်။ ထို့အပြင် ယခုအချိန် သူမ သွားလိုက်ပါက အန်နာ၏ ဖောက်သည်ကို လုယူသကဲ့သို့ဖြစ်နေပေလိမ့်မည်။
ထိုအချိန်တွင် ရုတ်တရက် ကျိုးချီဝူ၏ မျက်လုံးများက ပြူးကျယ်သွား၏။ လင်းယွမ်က အန်နာကို ဘာပြောလိုက်သည် မသိရသော်လည်း သူပြောပြီးသည်နှင့် အန်နာက သူ့ကို ရိုသေစွာဖြင့် VIP အခန်းသို့ ခေါ်သွားလေသည်။
သာမန်အားဖြင့် လူတစ်ယောက်က ဝယ်ယူနိုင်စွမ်းရှိပြီး ဘဏ်အကောင့်ထဲတွင် သန်းနှစ်ဆယ်ကျော်ရှိကြောင်း စစ်ဆေးပြီးမှသာ VIP အခန်းသို့ ဖိတ်ခေါ်ခြင်းခံရလေသည်။ ကျိုးချီဝူက စိတ်ရှုပ်ထွေးနေပြီး လင်းယွမ်ကို VIP အခန်းသို့ ဖိတ်ခေါ်ရသည့် အကြောင်းရင်းကို မစဉ်းစားနိုင်ဖြစ်နေသည်။
ထိုအချိန်တွင် သက်လတ်ပိုင်းလူတစ်ယောက် အလျင်စလို ရောက်လာပြီး အခန်းထဲသို့ ဝင်သွားသည်။ သူက မဝင်မီ ခနရပ်ပြီး အခန်းတံခါးကို ခေါက်သွားသေးသည်။
" မစ္စတာဝမ်..."
ထိုလူကို မြင်သောအခါ ကျိုးချီဝူက တံတွေးများ မြိုချလိုက်သည်။ မစ္စတာဝမ်က အရောင်းရုံးမှမန်နေဂျာဖြစ်ပြီး တုန်နင်မြို့ထဲမှ ခေါင်းဆောင်အချို့နှင့် ဆက်ဆံရေးကောင်းရှိသည်ဟု ကောလဟာလများ ရှိခဲ့လေသည်။
မစ္စတာဝမ်၏ အဆင့်နှင့် ဖောက်သည်များကို တွေ့ဆုံရန်မလိုတော့ဘဲ အရေးကြီးသော ကိစ္စရှိမှသာ ထွက်လာလေ့ရှိလေသည်။
" ငါ အမြင်မှားတာလား။ " ကျိုးချီဝူက သူမကိုသူမ သံသယဝင်သွား၏။
ထိုလူက လင်းယွမ်မဖြစ်နိုင်ဘဲ သူနှင့်တူသော အဆင့်မြင့်လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သို့သော် အဆင့်မြင့်လူတစ်ယောက်က ဘယ်လိုလုပ် ထိုကဲ့သို့ ဟောင်းနွမ်းသော အဝတ်အစားကို ဝတ်မှာလဲ။
ထို့အပြင် လင်းယွမ်က ကျောင်းတွင်လည်း ထိုအဝတ်အစားမျိုး ဝတ်သည်ကို သူမက မှတ်မိလေသည်။ ကျိုးချီဝူက စိတ်ရှုပ်ထွေးသွားပြီး အပြင်တွင် စောင့်ဆိုင်းနေသည်။
ခနကြာသောအခါ မစ္စတာဝမ်က လင်းယွမ်အား ရိုသေစွာ လိုက်ပို့နေသည်ကို ကျိုးချီဝူက တွေ့လိုက်ရသည်။ ထို့နောက် မစ္စတာဝမ်၏ လမ်းညွှန်မှုဖြင့် သူတို့ အိမ်များကို ကြည့်ရှုရန် နောက်ဘက်သို့ ထွက်သွားကြသည်။
" တကယ်လင်းယွမ်ပဲ။ " ဤတစ်ကြိမ်တွင် ကျိုးချီဝူက သေချာကြည့်နေသည်။ မစ္စဝမ်၏ ရှေ့တွင် လမ်းလျှေက်လာသော လူငယ်က သူမ၏ အတန်းဖော်ဖြစ်ကြောင်း သေချာသွား၏။
" နင်ဘာတွေကြည့်နေတာလဲ။ ဖောက်သည်တစ်ယောက်ကို အဲ့လိုမကြည့်ရဘူးဆိုတာ နင်မသင်ထားဘူးလား။ " ထိုခနတွင် အန်နာ ရောက်လာပြီး ကျိုးချီဝူကို ပြောလိုက်သည်။
" အမအန်နာ အဲ့ဒီလူက ဘယ်သူလဲ။ မစ္စတာဝမ်တောင်..." ကျိုးချီဝူက ဆက်မပြောပေ။
" မစ္စတာလင်းက ငါတို့ ရွှေယွဲ့အဖွဲ့ရဲ့ အထူးဧည့်သည်တော်ပဲ။ သူ့ကို အဲ့ဒီလူလို့ မပြောနဲ့။ မန်နေဂျာသိသွားရင် နင့်ကို လွှတ်ပေးမှာမဟုတ်ဘူး။ " အန်နာက ကျိုးချီဝူကို စိုက်ကြည့်ပြီး သတိပေးလိုက်သည်။ " ဧည့်သည်တစ်ယောက်ရဲ့ အချက်အလက်တွေကို မမေးရဘူး။ ဒါက ကုမ္ပဏီရဲ့ စည်းကမ်းပဲ။ နားလည်လား။ "
" ဟုတ်ကဲ့ ကျွန်မနားလည်ပါပြီ။ " ကျိုးချီဝူက စိုးရိမ်စွာ ပြောလိုက်သည်။ အန်နာက ကုမ္ပဏီ၏ စည်းကမ်းကို ထုတ်ပြောခဲ့သောကြောင့် လင်းယွမ်၏ အချက်အလက်များက သူမနားလည်နိုင်သည်ထက် ကျော်လွန်နေပေလိမ့်မည်။
" ပတ်ဝန်းကျင်က တော်တော်သာယာတာပဲ။ "
ရွှေယွဲ့အိမ်ခြံမြေများမှ နံပါတ် ၃၂ အိမ်၏ မြေအောက်လေ့ကျင့်ရေးအခန်းတွင် လင်းယွမ်က ကျေနပ်စွာ ထိုင်နေသည်။
" ဟုတ်သားပဲ။ ငါ လိပ်စာပြောင်းရဦးမယ်။ " လင်းယွမ်က အရောင်း APP ကို ဖွင့်လိုက်ပြီး အဆင့်မြင့်အားဖြည့်ဆေးရည်ကို ပို့ဆောင်ရမည့် လိပ်စာတွင် ယခုနေရာကို ထည့်ရေးလိုက်သည်။
နေ့တစ်ဝက်ကြာပြီးနောက် ထူးဆန်းသော လူတစ်ယောက်က ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးသို့ ရောက်လာပြီး လင်းယွမ်၏ အိမ်ရှေ့တွင် ရပ်လိုက်သည်။
" ဒီမှာ မစ္စတာလင်းမှာထားတဲ့ ပစ္စည်းပါ။ ဒါကို လူကြီးမင်းရဲ့ လက်ဗွေနဲ့ ဖွင့်လို့ရပါတယ်။ "
လင်းယွမ်က ထိုလူဆီမှ သေတ္တာတစ်လုံးကို ယူပြီး သူ၏ လက်ဗွေကို နှိပ်လိုက်သည်။
" လက်ဗွေအတည်ပြုပြီးပါပြီ။ " အသံထွက်ပေါ်လာပြီး သေတ္တာက ပွင့်သွား၏။ သေတ္တာထဲတွင် ဆယ်စင်တီမီတာရှည်သော ဖန်ပြွန်တစ်ချောင်းရှိနေပြီး ထိုထဲတွင် အပြာရောင်အရည်များ ရှိနေသည်။
" တစ်ပုလင်းကို ယွမ်နှစ်သိန်းပေးရတဲ့ အားဖြည့်ဆေးရည်။ " လင်းယွမ်က ပြုံးလိုက်သည်။
လင်းယွမ်က ဆေးပုလင်းကို ဖွင့်ပြီး တစ်ခါတည်းသောက်လိုက်သည်။ သူက ချက်ချင်း သူ၏ ခြေလက်များမှ ပူလာသည်ကို ခံစားလိုက်ရသည်။ သူက ချက်ချင်း ထိုင်လိုက်သည်။ ကြောက်စရာကောင်းသော ခွန်အားက သူ၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲလာပြီး ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။
တစ်နာရီလောက်ကြာပြီးသောအခါ လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။
" ငါ ဆရာသခင်အဆင့်ကို ရောက်သွားပြီလား။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားချီကို ခံစားလိုက်ရပြီး သူ၏ မျက်လုံးများက တောက်ပနေသည်။
" ငါ့ရဲ့ အရင်ခွန်အားကို ပြန်ရဖို့ဆို ဆေးပုလင်းနှစ်ဆယ်လောက် လိုလိမ့်မယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။ အဆင့်မြင့်အားဖြည့်ဆေးရည်၏ သက်ရောက်မှုကို အတည်ပြုပြီးနောက် လင်းယွမ်က တုန့်ဆိုင်းမနေဘဲ ဆေးပုလင်းနှစ်ဆယ်ကို ဝယ်ယူလိုက်သည်။
နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က ဆေးပုလင်းနှစ်ဆယ်မှ ဆေးရည်များအားလုံးကို စုပ်ယူပြီးသွားပြီး သူ၏ ခွန်အား အပြည့်အဝကို ပြန်လည်ရရှိသွားခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း