← Chapters

ဆင့်ကဲပြောင်းလဲသူများအဖွဲ့....

Vol. 2 Ch. 22

ဆင့်ကဲပြောင်းလဲသူများအဖွဲ့....

Vol. 2 Ch. 22

နံပါတ် ၃၂ စံအိမ်ရှိ မြေအောက်လေ့ကျင့်ရေးအခန်းတွင်....

" အခုတော့ ဘာဖိနှိပ်မှုမှ မရှိတော့ဘူး။ " လင်းယွမ်က လေးနက်သော အကြည့်များနှင့် ထိုင်ပြီး တိတ်ဆိတ်စွာ စဉ်းစားနေသည်။

သိုင်းကမ္ဘာတွင် သူက အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် အမည်မသိ ဖိအားအချို့ကို ခံစားခဲ့ရလေသည်။ ယခုမူကား ထိုကဲ့သို့ မခံစားရတော့ပေ။

" ဒါက ကမ္ဘာတွေရဲ့ ကန့်သတ်ချက်လား။ "

သိုင်းကမ္ဘာ၏ ကန့်သတ်ချက်က မူလကမ္ဘာထက် သိသိသာသာ နိမ့်ကျနေသည်။ ၎င်းကို အချိန်စီးဆင်းမှုအား ကြည့်ခြင်းဖြင့်လည်း သိနိုင်လေသည်။

လင်းယွမ်က သိုင်းကမ္ဘာတွင် အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်သို့ ရောက်သွားပြီးနောက် ကမ္ဘာ၏ ကန့်သတ်ချက်နှင့် နီးကပ်သွားခဲ့ပြီး ကမ္ဘာ၏ ဖိနှိပ်မှုနှင့် ငြင်းပယ်မှုကို ခံခဲ့ရလေသည်။ သို့သော် မူလကမ္ဘာတွင် ၎င်းက အစပင်မဟုတ်သေးဘဲ သူက ကမ္ဘာ၏ အကန့်အသတ်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

အနည်းဆုံးတော့ လင်းယွမ်က စကြာဝဠာလူသားမဟာမိတ်တွင် အမှန်တကယ် အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများ ရှိနေသည်ကို သိလေသည်။ သူတို့က ကြယ်တာယာကောင်းကင်ကို အလွယ်တကူ ဖြတ်သန်းနိုင်ပြီး ကြယ်များကို လက်ချောင်းများဖြင့် ကွဲကြေစေနိုင်လေသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်သန်းကျော် ကြယ်ပင်လယ်ခေတ်တွင် လူသားမျိုးနွယ်က မိခင်ကမ္ဘာမှ စွန့်စားကာ အမျိုးမျိုးသော မျိုးနွယ်ခြားများကို ဆန့်ကျင်ပြီး နတ်ဘုရားသုံးပါးနှင့်အတူ သန်မာလှသော ဆင့်ကဲပြောင်းလဲသူများ၏ အကူအညီနှင့် ကျယ်ပြောလှသော ကြယ်နယ်မြေကို သိမ်းပိုက်နိုင်ခဲ့သည်။

သူ၏ ခွန်အားများကို ပြန်ရပြီးနောက် လင်းယွမ်က ခနအနားယူလိုက်ပြီး သူ၏ အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။

ကန်လန်ကြယ်VR ကမ္ဘာ လူနေဧရိယာတွင် လင်းယွမ်က ပေါ်လာခဲ့သည်။ လူများက မကြာခန ဖြတ်သွားနေကြပြီး ထောင့်တွင်လည်း လူအချို့က စကားစမြည်ပြောဆိုနေကြသည်။

လမ်းပေါ်တွင်လည်း လူဆယ်ယောက်ကျော်ရှိနေပြီး လင်းယွမ်က ၎င်းကို မအံ့ဩပေ။ သာမန်လူများက VRကမ္ဘာကို ဝင်ရောက်ရန် အခွင့်အရေးမရှိသော်လည်း ကန်လန်ကြယ်၏ လူဦးရေက သန်းငါးဆယ်ရှိလေသည်။

နိုင်ငံသား ငါးသောင်းတွင် အဆင့်နှစ်နိုင်ငံသားတစ်ယောက်ရှိလျှင်တောင် ကန်လန်ကြယ်တွင် အဆင့်နှစ်နိုင်ငံသား တစ်သိန်းထက်ကျော်လွန်ပေလိမ့်မည်။ အမှန်မှာ နိုင်ငံသား နှစ်သောင်း သုံးသောင်းလျှင် အဆင့်နှစ်နိုင်ငံသားတစ်ယောက်ရှိသောကြောင့် ကန်လန်ကြယ်တွင် အဆင့်နှစ်နိုင်ငံသား သုံးသိန်းကျော်ရှိပေလိမ့်မည်။

သူတို့က အဆင့်နှစ်နိုင်ငံသားများသာ ဖြစ်ပြီး ဆင့်ကဲပြောင်းလဲသူများကလည်း VRကမ္ဘာနှင့် ချိတ်ဆက်နိုင်လေသည်။ ဆင့်ကဲပြောင်းလဲသူများ၏ အရေအတွက်က အဆင့်နှစ်နိုင်ငံသားများထက် ပိုများလေသည်။ ဆင့်ကဲပြောင်းလဲရန် နည်းလမ်းအမျိုးမျိုးရှိပြီး သာမန်၊ ထူးခြားသော၊ သန္ဓေပြောင်းလဲခြင်း၊ အမွေဆက်ခံခြင်း စသည်ဖြင့် ရှိကြလေသည်။

လင်းယွမ်က အရက်ဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ပြီး အရက်တစ်ခွက်မှာလိုက်သည်။

" ဒီခံစားချက်..." လင်းယွမ်က တစ်ငုံသောက်ပြီး အနည်းငယ် အံ့ဩသွား၏။

သူက သူ၏ ပြင်ပခန္ဓာကိုယ်ကို သတိမထားမိခဲ့ပါက လက်တွေ့ကမ္ဘာသို့ ရောက်နေသည်ဟုပင် ထင်မိပေလိမ့်မည်။

" ဉာဏ်ပညာနတ်ဘုရားက VRကမ္ဘာ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားတာ အံ့ဩစရာမရှိဘူးပဲ။ ဒီလိုလက်တွေကျတဲ့ သရုပ်ဖော်မှုကို တည်ဆောက်ဖို့ ကြီးမားတဲ့ ဆာဗာတစ်ခု လိုအပ်တယ်။ လူတိုင်းသာ ဝင်နိုင်ရင် ကုန်ကျစရိတ်က တကယ်ကြောက်စရာကောင်းလိမ့်မယ်။ " လင်းယွမ်က အရက်ဆိုင်တွင် ထိုင်ပြီး စဉ်းစားနေသည်။

" အခု ငါ့ရဲ့ ခွန်အားတွေ ပြန်ရပြီဆိုတော့ ဆင့်ကဲပြောင်းလဲသူများအဖွဲ့ကို သွားပြီး မြန်မြန်စာရင်းသွင်းရမယ်။ အဲ့ဒါမှ ဆင့်ကဲပြောင်းလဲသူလက်မှတ်ကို မြန်မြန်ရမှာ။ "

စကြာဝဠာလူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူများကို တင်းကျပ်စွာ ထိန်းချုပ်ထားပြီး အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လျှင်တောင် မြန်မြန် စာရင်းသွင်းရလေသည်။

ထိုအတွေးဖြင့် လင်းယွမ်က မြို့တော်ရှိ ဆင့်ကဲပြောင်းလဲသူများ အဖွဲ့နှင့် ဆက်သွယ်လိုက်ပြီး နောက်တစ်နေ့အတွက် စာရင်းသွင်းရန် ချိန်းဆိုလိုက်သည်။ ဆင့်ကဲပြောင်းလဲသူများအဖွဲ့ကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုအတွက် ကြိုတင်စာရင်းသွင်းထားခြင်းက အကောင်းဆုံးဖြစ်၏။

နောက်တစ်နေ့တွင် လင်းယွမ်က အိမ်သို့ ပြန်လာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာပြီး တရာဝင်လေ့ကျင့်မှုလိုအပ်သည်ဟု အကြောင်းပြ၍ အိမ်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ညစာစားချိန်တွင် လုချုံးက တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။ " ရှောင်ယွမ် သားက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာတာမဟုတ်လား။ အဲ့ဒါကို သားအဖေ မိသားစုဂရုထဲမှာ ပြောပြခဲ့တယ်လေ။ "

" အဲ့ဒါကို ကြားတော့ အမျိုးတွေက သားကို ဂုဏ်ပြုချင်လို့ မိသားစုတွေ့ဆုံပွဲလေးကျင်းပချင်တယ်တဲ့။ "

" မိသားစုဂရု..." လင်းယွမ်က သူ၏ ဖခင် လင်းချောင်ချန်ကို တစ်ချက်ကြည့်လိုက်သည်။

ကြယ်တာယာခေတ်တွင် မျိုးနွယ်စုအယူအစများက မှေးမှိန်သွားသော်လည်း ဆက်ဆံရေးကောင်းများ ကျန်ရှိနေဆဲ ဖြစ်သည်။

ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခြင်းက အဆင့်မြင့်သော အဖွဲ့အစည်းများကို ဝင်ရောက်နိုင်ခြင်းထက် လူတစ်ယောက်၏ အဆင့်အတန်း ပြောင်းလဲသွားခြင်းဖြစ်၏။

အဆင့်မြင့်အဖွဲ့အစည်းများကို ဝင်ရောက်နိုင်ခြင်းက နှစ်စဉ် သန်းချီသော ပိုက်ဆံများကို ရရှိခြင်းသာ ဖြစ်၏။ သို့သော် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခြင်းက ကွဲပြားလေသည်။ လူတစ်ယောက်က အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာလျှင်တောင် ကုမ္ပဏီများနှင့် လုပ်ငန်းများက မြင့်မားသော လစာများပေးပြီး စည်းရုံးကြလေသည်။

အစတွင် လင်းယွမ်က ဆွေးမျိုးများကြားတွင် နိမ့်ကျသော သာမန်လူတစ်ယောက်သာ ဖြစ်၏။ ယခု သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာသောကြောင့် အရာအားလုံးက ပြောင်းလဲသွားပြီဖြစ်သည်။

သူတို့က တစ်ချိန်ကျလျှင် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သော လင်းယွမ်၏ အကူအညီမလိုလာဘူးဟု ပြောလို့မရပေ။ တစ်ခါတစ်ရံ အကူအညီ​တောင်းခြင်းက ရှက်စရာမဟုတ်ဘဲ အကူအညီတောင်စရာလူမရှိခြင်းကသာ ရှက်စရာကောင်းလေသည်။

" မစ္စတာနန်က အရင် ငါ့ကို ကူညီဖူးတယ်။ သူက အားလုံးကို စုစည်းချင်တော့ ငါက ငြင်းလို့မရဘူး။ " လင်းချောင်ချန်က ခါးသီးစွာ ပြုံးလိုက်သည်။

သူက ဂရုထဲတွင် အနည်းငယ်သာ ကြွားခဲ့ခြင်း ဖြစ်သော်လည်း အခြားသူများက အလေးအနက်ထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

" အဆင်ပြေပါတယ်။ မိသားစုတွေ့ဆုံပွဲကို ကျွန်တော်လာခဲ့မယ်။ "

လင်းယွမ်က သူ၏ မိဘများအကြောင်းကို သိလေသည်။ မိသားစုတွေ့ဆုံပွဲတွင် အဓိကလူဖြစ်သော သူသာ မရှိလျှင် သူ၏ မိဘများ မျက်နှာပျက်ရပေလိမ့်မည်။

" မိသားစုတွေ့ဆုံပွဲ ဘယ်လိုမျိုးလဲ။ "

" အရသာရှိတဲ့ အစားအသောက်တွေ ကျွေးမှာလား။ " လင်းယိက ချက်ချင်း မျက်လုံးများတောက်ပစွာဖြင့် ပြောလိုက်သည်။

စားသောက်ပြီးသောအခါ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူအဖွဲ့ကို ထွက်လာခဲ့သည်။ ထို့အချိန်တွင် သူ့ဆီသို့ ဖုန်းတစ်ခုဝင်လာသည်။

" ကျွန်မ မစ္စတာလင်းယွမ်နဲ့ စကားပြောလို့ရမလား။ " တစ်ဘက်မှ အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

" ကျုပ်ပြောနေပါတယ်။ "

" ကျွန်မက ဆင့်ကဲပြောင်းလဲသူအဖွဲ့ကပါ။ မနေ့က မစ္စတာလင်း ဒီနေ့စာရင်းသွင်းဖို့ တင်ပြခဲ့တယ်နော်။ အဲ့ဒီအချိန်တုန်းက မစ္စတာလင်းယွမ်က အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်တာကို ကျွန်မ သတိမထားမိလိုက်ဘူး။ အဖွဲ့ရဲ့ စည်းမျဉ်းတွေအရ အဆင့်နှစ်နိုင်ငံသားတိုင်းကို အထူးဆောင်ရွက်ပေးပါတယ်။ " ဖုန်းထဲမှ အမျိုးသမီး၏ အသံက တုန်ယင်နေ၏။

တုန်နင်မြို့တွင် အဆင့်နှစ်နိုင်ငံသာများကို အဖွဲ့၏ ဥက္ကဋ္ဌကသာ သိလေသည်။ သူတို့၏ ကိစ္စများကို သူကသာ တိုက်ရိုက်ဆောင်ရွက်လေသည်။ သူမကဲ့သို့ အဆင့်နိမ့်သော ဝန်ထမ်းများက အဆင့်နှစ်နိုင်ငံသားများနှင့် မဆက်ဆံဖူးခဲ့ပေ။

ယခင်နေ့က သူမ အလုပ်ရှုပ်နေသောကြောင့် လင်းယွမ်၏ လျှောက်လွှာကို သိပ်ဂရုမစိုက်မိခဲ့ပေ။ မနက်ရောက်မှသာ လင်းယွမ်က အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဖြစ်သည်ကို တွေ့ခဲ့ရသည်။ ထို့ကြောင့် သူမက ကြီးကြပ်ရေးမှူးကို လိုအပ်ချက်များ မေးမြန်းခဲ့ရလေသည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က ပြောလိုက်သည်။

" အခု မစ္စတာလင်းက ဘယ်မှာလဲ။ ကျွန်မ လာကြိုဖို့ လူတစ်ယောက် လွှတ်လိုက်ပါမယ်။ "

လင်းယွမ်က အမျိုးသမီး၏ အခြေအနေကို နားလည်လေသည်။ ယခုကိစ္စကို လင်းယွမ်သာ မကျေနပ်ဘဲ မကောင်းသော မှတ်ချက်ပေးခဲ့လျှင် သူမ အလုပ်ထုတ်ခံရမည်မှာ သေချာလေသည်။ ထို့နောက် အခြားကုမ္ပဏီများကလည်း သူမကို အလုပ်ခန့်တော့မည်မဟုတ်ပေ။

" ကျုပ်အခု..." လင်းယွမ်က ခနတုန့်ဆိုင်းသွားသော်လည်း သူ၏ တည်နေရာကို ပြောပြလိုက်သည်။ တစ်ယောက်​ယောက် လာကြိုလျှင် သူ့အတွက် တက္ကဆီခ သက်သာလေသည်။ ဖုန်းချပြီးနောက် လင်းယွမ်က လမ်းဘေးကော်ဖီဆိုင်တွင် ထိုင်စောင့်နေသည်။

သို့သော် ထိုအချိန်တွင် အနီးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" လင်းယွမ် မင်းဒီမှာ ဘာလုပ်နေတာလဲ။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters