← Chapters

အတန်းဖော်များ....

Vol. 2 Ch. 23

အတန်းဖော်များ....

Vol. 2 Ch. 23

လင်းယွမ်က လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့် လူငယ်တစ်ယောက် သူ့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။ သူက တုချွမ်ဖြစ်ပြီး လင်းယွမ်၏ အတန်းဖော်ဖြစ်လေသည်။

တုချွမ်က လင်းယွမ်၏ ပခုံးကို ဆွဲပြီး ပြောလိုက်သည်။ " မင်း လွန်ခဲ့တဲ့ လဝက်တုန်းက ဘယ်တွေရောက်နေတာလဲ။ ငါ အဒေါ်လုကိုမေးတော့ မင်းအလုပ်ရှုပ်နေတယ်လို့ ပြောတယ်။ "

လင်းယွမ်က ပြုံးပြီး ဘာမှမပြောပေ။ တုချွမ်က ၎ကို စိတ်မဝင်စားဘဲ လင်းယွမ်ကို အံ့ဩျစာ ကြည့်လိုက်သည်။

" မင်းကို လဝက်လောက်မတွေ့လိုက်ရတာ ညီကို မင်းတော်တော် သန်မာလာတာပဲ။ " တုချွမ်က လေးစားစွာ ပြောလိုက်သည်။

" ဟုတ်လား။ " လင်းယွမ်က မအံ့ဩပေ။ အဆင့်မြင့်အားဖြည့်ဆေးပုလင်းနှစ်ဆယ်၏ ခွန်အားများက ယွမ်စွမ်းအားများအဖြစ် ပြောင်းလဲသွားသော်လည်း သူ၏ ခန္ဓာကိုယ်က ၎င်းနှင့်အတူ သန်မာလာသည်။

လင်းယွမ်ဖန်တီးထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နူးညံ့ပြီး နက်နဲလေသည်။ အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက စွမ်းအားများကို အလွန်အကျွံ စုပ်ယူလိုက်လျှင် အရပ်ပိုရှည်လာခြင်း၊ ပို၍ ကြမ်းတမ်းလာခြင်းများ ဖြစ်တတ်လေသည်။

တုချွမ်က အဝေးမှ လူအချို့ကို ညွှန်ပြပြီး ပြောလိုက်သည်။ " ဘယ်သူတွေလာတာလဲ ကြည့်လိုက်။ "

လင်းယွမ်က ကြည့်လိုက်သောအခါ သူတို့အတန်းထဲမှ အတန်းဖော်များကို မြင်လိုက်ရသည်။

" ငါတို့ စာမေးပွဲဖြေပြီးပြီဆိုတော့ အပြင်ထွက်လာကြတာပဲ။ " တုချွမ်က ရှင်းပြလိုက်သည်။ သူတို့က လင်းယွမ်ကို ဖိတ်ခေါ်ချင်ကြသော်လည်း ယခင်ရက်များတွင် လင်းယွမ်က အိမ်မှာ မရှိခဲ့ပေ။

" လင်းယွမ် မင်းဒီမှာ ဘာလုပ်နေတာလဲ။ တစ်ယောက်ယောက်ကို စောင့်နေတာလား။ " မျက်မှန်နှင့် လူငယ်က မေးလိုက်သည်။

" နင်က လင်းယွမ်မဟုတ်လား။ ဒီရက်ပိုင်းအတွင်းမှာ နင် တော်တော်ပြောင်းလဲသွားတယ်။ "မိန်းကလေးတစ်ယောက်က လင်းယွမ်ကို အံ့ဩစြာ ကြည့်လိုက်သည်။

" အားလုံး မင်္ဂလာပါ။ " အားလုံးရောက်လာသည်ကို မြင်သောအခါ လင်းယွမ်က နှုတ်ဆက်လိုက်သည်။

အမှန်တွင် မူလလင်းယွမ်က အလွန်တိတ်ဆိတ်ပြီး တုချွမ်ကြောင့်သာ ထိုလူများနှင့် ပက်သက်ခြင်းဖြစ်သည်။ ထိုလူများကြားတွင် အဓိကအားဖြင့် အဖွဲ့နှစ်ဖွဲ့ရှိလေသည်။

တစ်ဖွဲ့ကို မျက်မှန်တပ်ထားသော ချူးရှီယုမှ ဦးဆောင်လေသည်။ ချူးရှီယုက ကောင်းမွန်သော မိသားစုတစ်ခုမှဆင်းသက်လာပြီး အတန်းဖော်များစွာက သူနှင့် ရင်းနှီးချင်ကြလေသည်။

အခြားအဖွဲ့တွင် စစ်မှုထမ်းဟောင်းများနှင့် ထူးခြားသော နောက်ခံရှိသော ဟိုချင်းယောင်က ဦးဆောင်လေသည်။ တုချွမ်က လူမှုဆက်ဆံရေးကောင်းမွန်ပြီး ကျောင်းတွင် နှစ်ဖွဲ့လုံးနှင့် ရင်းနှီးခဲ့လေသည်။ ထို့ကြောင့် ချူးရှီယုနှင့် ဟိုချင်းယောင်တို့နှစ်ယောက်လုံးက သူ့ကို ခင်မင်ကြလေသည်။ ထိုအပြင် မိန်းကလေးအချို့လည်း ပါဝင်လေသည်။

" လင်းယွမ် ဒါ ငါတို့ အတန်းရဲ့ ပန်းပွင့်လေးပဲ။ ဒီတစ်ခါ ငါသူမကိုပါ ဖိတ်ခေါ်ခဲ့တာ။ " တုချွမ်က အရပ်ရှည်ရှည်နှင့် မိန်းကလေးတစ်ယောက်ကို ညွှန်ပြပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။

ထိုမိန်းကလေးက ချောမောလှပပြီး ရိုးရှင်းသော ဂျင်းဘောင်းဘီက သူမ၏ ခန္ဓာကိုယ်အလှအပများကို ဖော်ပြနေလေသည်။ သူမက ကျိုးချီဝူပင်ဖြစ်၏။

" လင်း လင်းယွမ်..." ကျိုးချီဝူက မနေတတ်မထိုင်တတ်ဖြစ်သွား၏။

ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးတွင် လင်းယွမ်က VIP အခန်းသို့ ဖိတ်ခေါ်ခံရသည့်အပြင် မစ္စတာဝမ်၏ ရိုသေလေးစားမှုကို ခံခဲ့ရရုံသာမက ဆယ်သန်းတန်အိမ်တစ်လုံးအား ဝယ်ယူခဲ့သည်ကို သူမ မြင်ခဲ့ရလေသည်။ လင်းယွမ်က မရိုးရှင်းသည်ကို သူမ သိလေသည်။

ကျောင်းမှ ဆရာများနှင့် အတန်းဖော်များပင် လင်းယွမ်၏ လျို့ဝှက်ချက်များကို သတိမထားမိခဲ့ကြပေ။ တုချွမ်က လင်းယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် သူမက ဖိတ်ခေါ်မှုကို လက်ခံခဲ့ခြင်းဖြစ်သည်။ လင်းယွမ်လည်း ရောက်လာနိုင်သောကြောင့်သာ မဟုတ်လျှင် သူမက ထိုကဲ့သို့သော ပွဲလေးမျိုးကို စိတ်ဝင်စားမည်မဟုတ်ပေ။

" အတန်းဖော် လင်းယွမ် " ကျိုးချီဝူက ရှေ့တိုးပြီး သူမ၏ ညာလက္ကို ဆန့်ထုတ်လိုက်သည်။

ကျိုးချီဝူ၏ လုပ်ရပ်ကြောင့် တုချွမ်က အံ့အားသင့်သွား၏။ သူမက အမြဲတမ်းတစ်ယောက်တည်းသာ နေပြီး ဟိုချင်းယောင်နှင့် ချူးရှီယုတို့ကိုပင် အထင်ကြီးခြင်းမရှိသော်လည်း လင်းယွမ်ကို စတင်မိတ်ဆက်ခဲ့လေသည်။

" ဟယ်လို.... " လင်းယွမ်က လက်ဆန့်ပြီး ပြန်လည်မိတ်ဆက်လိုက်သည်။

အဖွဲ့က ခနစကားပြောပြီးနောက် ထိုင်စရာနေရာများ ရှာဖွေလိုက်ကြသည်။

ချူးရှီယူက စားပွဲထိုးကို ခေါ်ပြီး အားလုံးအတွက် ဆိုင်၏ အဓိကကော်ဖီတစ်ခွက်ဆီကို မှာယူလိုက်သည်။

" အဲဲဒါ အမြဲတမ်းရက်ရောတဲ့ ငါတို့ အကိုယုပဲ။ " တုချွမ်က ဘေးမှ ချီးကျူးလိုက်သည်။

ထိုဆိုင်၏ အဓိကကော်ဖီက တစ်ခွက်လျှင် ယွမ်သုံးဆယ်ကျသင့်လေသည်။ အားလုံးက ထိုင်ပြီးနောက် စကားများ စတင်ပြောဆိုလိုက်ကြသဘ်။

" ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ကောင်းကောင်းမဖြေနိုင်တော့ တတိယအဆင့်တက္ကသိုလ်ကိုပဲ တက်ရောက်နိုင်တယ်။ ဘွဲ့ရပြီးရင် ဘာလုပ်ရမှန်းတောု် မသိတော့ပါဘူး။ " မိန်းကလေးတစ်ယောက်က သက်ပြင်းချလိုက်သည်။

" အဲ့ဒါ မရိုးရှင်းဘူးလား။ မင်းက အကိုယုနဲ့ ရင်းနှီးတယ်မဟုတ်လား။ ဘွဲ့ရပြီးရင် သူ့မိသားစုကုမ္ပဏီမှာ အလုပ်သွားလုပ်ပေါ့။ " တုချွမ်က စနောက်လိုက်သည်။

" နင်..." မိန်းကလေးက ဒေါသထွက်ဟန်ဆောင်လိုက်သော်လည်း အမှန်တကယ် ဝမ်းသာနေပြီး ချူးရှီယုကို ခိုးကြည့်နေသည်။

" တုချွမ်က စဉ်းစားတတ်တယ်။ မင်းဘွဲ့ရပြီးရင် ငါ့မိသားစုကုမ္ပဏီမှာ အလုပ်လာလုပ်ပါ။ လစာကောင်းကောင်းရလိမ့်မယ်။ " ချူးရှီယုက ပြောလိုက်သည်။

အမှန်တော့ ထိုကိစ္စမျိုးက ပြောစရာပင် မလိုသေးပေ။ ဘွဲ့ရရန် အချိန်လိုသေးသောကြောင့် ပြင်ဆင်ချိန်များ ရှိလေသည်။

" ကျေးဇူးတင်ပါတယ် အကိုယု..." မိန်းကလေးက ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။

ကော်ဖီသောက်ရင်း သူတို့က စကားများ ပြောဆိုနေကြသည်။

" ဒါနဲ့ လင်းယွမ် မင်း စစ်မှုထမ်းထဲပါတယ်မဟုတ်လား။ " ဟိုချင်းယောင်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။

ထိုအကြောင်း ပြောချိန်တွင် အားလုံးက တိတ်ဆိတ်သွားပြီး လင်းယွမ်ကို ကြည့်လိုက်ကြသည်။ ပုံမှန်အားဖြင့် စစ်မှုထမ်းခြင်းက ဆိုးရွားသော အရာမဟုတ်ဘဲ အချိန်ကျလျှင် သူတို့အတွက် အလုပ်များကိုပင် စီစဉ်ပေးလေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters