လူတိုင်းတုန်လှုပ်သွားကြခြင်း....
Vol. 2 Ch. 24
သာမန်လူတစ်ယောက်အတွက် ၎င်းက အခွင့်အရေးတစ်ခုဟု ပြော၍ ရပေသည်။ သ်ု့သော် ဤတစ်ကြိမ် စစ်မှုထမ်းခြင်းက အခြားမျိုးနွယ်များကို ဆန့်ကျင်ရန် ဖြစ်လေသည်။ စာရင်းထဲတွင် ပါဝင်သူများက တိုက်ပွဲတွင် မသေဆုံးခဲ့လျှင်တောင် သူတို့ကို ပြန်တွေ့ရန်မဖြစ်နိုင်သလောက်ပင် ဖြစ်၏။ အစိုးရက မိသားစုများကို အကျိုးအမြတ်များ ပေးမည်ဖြစ်သော်လည်း စွန့်လွှတ်မှုကလည်း သေချာလေသည်။
" လူတိုင်းက ဘာလို့အခြားမျိုးနွယ်တွေအကြောင်း ပြောနေကြတာလဲ။ ငါ့အမြင်အရ ဒါတွေက ကောလဟာလတွေပါပဲ။ " တုချွမ်က ပြောလိုက်သည်။
" မှန်တယ်။ "
" အစိုးရက တရားဝင်မထုတ်ပြန်သေးဘူး။ ဒါက ပုံမှန်စစ်မှုထမ်းတာလည်း ဖြစ်နိုင်တာပဲ။ "
" မှန်တယ်။ လင်းယွမ် မင်းအရမ်းစိုးရိမ်မနေနဲ့။ မင်း အငြိမ်းစားယူပြီးသွားရင် စစ်တပ်ခရိုင်မှာပြန်ပြီး တာဝန်ထမ်းဆောင်နိုင်တယ်။ "
လူအချို့က လင်းယွမ်ကို နှစ်သိမ့်လိုက်ကြသည်။ သို့သော် ၎င်းက အမှန်တကယ် နှစ်သိမ့်မှုသာ ဖြစ်၏။ ထိုစစ်မှုထမ်းတာဝန်နှင့် ပက်သက်ပြီး ဘယ်သူမှ အကောင်းမမြင်ကြပေ။
အစိုးရက တရားဝင်ကြေညာထားခြင်းမရှိသော်လည်း စစ်မှုထမခးပါဝင်သူများအတွက် လျော်ကြေးငွေကို တစ်ခါတည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ပုံမှန်စစ်မှုထမ်းသာ ဖြစ်လျှင် ထိုကဲ့သို့ လျော်ကြေးအများကြီး ရမည်မဟုတ်ပေ။
" အမှန်တော့ မျှော်လင့်ချက်နည်းနည်းတော့ ရှိတယ်။ ငါ့ဦးလေးက စစ်တပ်ဘက်မှာ အလုပ်လုပ်နေတယ်။ ငါဒီညပြန်ရင် အဆင်ပြေအောင် လုပ်ပေးနိုင်မလား မေးကြည့်လိုက်မယ်။ " ဟိုချင်းယောင်က ပြောလိုက်သည်။
သူက အခန်းထဲတွင် စစ်တပ်နောက်ခံရှိသော တစ်ဉီးတည်းသော လူဖြစ်လေသည်။ ထို့ကြောင့် ထိုကဲ့သို့ပြောဆိုခြင်းက ယုံကြည်ရလေသည်။
" ဒါဆို အကိုယောင်ကို ဒုက္ခပေးရဦးမယ်။ " တုချွမ်က ချက်ချင်း ပြန်ပြောလိုက်သည်။ သူက အမှန်တကယ်ပင် ကျေးဇူးတင်နေသည်။ နှစ်အနည်းငယ်ကြာအောင် ခင်လာခဲ့သော် သူ၏ အတန်းဖော်ကို ပြန်လမ်းမရှိသော နေရာသို့ မသွားစေချင်ပေ။
အခြားသူများက ၎င်းကို ကြားသောအခါ အထူးသဖြင့် မိန်းကလေးအချို့က မျက်လုံးများ တောက်ပသွားကြသည်။ ဟိုချင်းယောင်၏ စကားအရ သူက စစ်မှုထမ်းစာရင်းကို လွှမ်းမိုးနိုင်စွမ်းရှိသော အဆက်အသွယ်အချို့ ရှိသည်ဟု အဓိပ္ပါယ်ရလေသည်။ အလုပ်တစ်ခု ရှာပေးနိုင်သော ချူးရှီယုနှင့် ယှဉ်လျှင် ဟိုချင်းယောင်၏ လွှမ်းမိုးမှုက ပို၍ သာပုံရလေသည်။
ကျိုးချီဝူမှလွဲ၍ မိန်းကလေးများအားလုံးပ ဟိုချင်းယောင်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။
တစ်ဖက်တွင် ထိုင်နေသော လင်းယွမ်က ဟိုချင်းယောင်၏ ဂုဏ်ဖော်သော စကားကို ဂရုစိုက်ခြင်းမရှိဘဲ ပြုံးလိုက်သည်။ စစ်မှုထမ်းစာရင်းက ဉာဏ်ပညာနတ်ဘုရားမှ စစ်ဆေးပြီး ပြောင်းလဲခြင်းက ထင်သလောက်မရိုးရှင်းပေ။
သို့သော် ဟိုချင်းယောင်က သူ့ကို ကူညီရန် ကြိုးစားနေသည်ဟု ထင်ရသော်လည်း ထိုအကူအညီက ချူးရှီယုကို ယှည်ပြိုင်ရန်သာ ဖြစ်သည်။
လင်းယွမ်၏ အမြင်တွင် ဟိုချင်းယောင်နှင့် ချူးရှီယုတို့က အိမ်တွင် ကစားရင်း ရန်ဖြစ်နေကြသော ကလေးများနှင့် တူလေသည်။
" အချိန်ကျပြီ။ လူတစ်ယောက် ငါ့ကို စောင့်နေလို့ ငါသွားတော့မယ်။ " လင်းယွမ်က အချိန်ကိုကြည့်၍ နှုတ်ဆက်လိုက်ပြီး အခြားသူများ၏ တုန့်ပြန်မှုကို မစောင့်တော့ဘဲ ကော်ဖီဆိုင်မှ ထွက်ကာ လမ်းဘေးသို့ သွားလိုက်သည်။
" ဟင်.." အားလုံးက ၎င်းကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။
အထူးသဖြင့် ထိုကိစ္စကို သူ့ဦးလေးနှင့် ပြောကြည့်မည်ဟုဆိုသော ဟိုချင်းယောင်ဖြစ်၏။ လင်းယွမ်က အနည်းဆုံးတော့ ကျေးဇူးတင်စကား ပြောသွားသင့်ပေသည်။ သို့သော် လင်းယွမ်က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ယခုလည်း ချက်ချင်း ထွက်သွားခဲ့လေသည်။
" ဒီကောင်..." ဟိုချင်းယောင်က လင်းယွမ်ကို ကြည့်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။
ထိုအချိန်တွင် အနက်ရောင်ဟိုဗာကားတစ်စီးက လမ်းဘေးရှိ လင်းယွမ်၏ ဘေးတွင် ရပ်တန့်သွားသည်။
" အဲ့ဒီဟိုဗာကားရဲ့ နံပါတ်က..." ချူးရှီယုကလည်း သတိထားမိသွားပြီး သူ၏အာရုံက ကားနံပါတ်ပြားပေါ်သို့ ကျရောက်သွားသည်။
သူ၏ မိသားစုထဲတွင် စစ်တပ်နောက်ခံမရှိသော်လည်း အစိုးရနှင့် ဆက်ဆံရေးအချို့ ရှိသောကြောင့် အနက်ရောင်ဟိုဗာကား၏ နံပါတ်ပြားက အစိုးရက အသိအမှတ်ပြုထားသော အထူးသီးသန့်ကားများ ဖြစ်သည်ကို သူသိလေသည်။
ထိုလိုင်စင်နံပါတ်ပြားကို ချိတ်ဆွဲထားခြင်းဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်သော လမ်းများမှ မောင်းနှင်နိုင်ပြီး ခရီးအကွာအဝေးကိုလည်း လျှော့ချပေးနိုင်လေသည်။
သို့သော် ထိုကားများကို ပုံမှန်အားဖြင့် VIPများကို ပို့ဆောင်ရာတွင်သာ အသုံးပြုကြလေသည်။ ယခု ထိုကားက လင်းယွမ်ရှေ့တွင် ရပ်တန့်သွားလေသည်။
" ဒါတိုက်ဆိုင်တာပဲနေမယ်။ သေချာပေါက်တိုက်ဆိုင်တာပဲ။ " ချူးရှီယုတို့က ဆက်ပြီး မစဉ်းစားနိုင်တော့ပေ။
လူတိုင်းကြည့်နေစဉ် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ဦးက အနက်ရောင်ကားပေါ်မှ ဆင်းလာပြီး လင်းယွမ်ကို ကားထဲသို့ လေးစားစွာ ခေါ်ဆောင်သွားသည်။
ဒါ....
အားလုံးက တိတ်ဆိတ်သွားကြသည်။ လင်းယွမ်က လူတစ်ယောက်စောင့်နေသည်ဟု ပြောသောအခါ သူတို့က ဆင်ခြေသက်သက်ဟု ထင်ခဲ့ကြသည်။ သို့သော် ယခု သူစောင့်နေသော လူက အစိုးရမှ အသိအမှတ်ပြုထားသော ကားတစ်စီးနှင့် ရောက်လာလေသည်။
" ဒီလိုင်စင်နံပါတ်က ဆင့်ကဲပြောင်းလဲသူများအဖွဲ့ကပဲ။ ငါ့ဦးလေးနဲ့ အဲ့ဒီကို သွားတုန်းက ဒီလိုကားမျိုး ငါမြင်ဖူးတယ်။ " ချူးရှီယုက တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲသူများအဖွဲ့....
ဟိုချင်းယောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
အစိုးရ၏ ဌာနများကြားတွင် ဆင့်ကဲပြောင်းလဲသူများအဖွဲ့က ကိုင်တွယ်ရန် အခက်ခဲဆုံးများထဲမှ တစ်ခုဖြစ်၏။ သူတို့က ဆင့်ကဲပြောင်းလဲသူများကို စီမံခန့်ခွဲပြီး အလွန်ဩဇာညောင်းကြလေသည်။ သို့သော် ထိုကဲ့သို့ ကြောက်စရာကောင်းသော ဆင့်ကဲပြောင်းလဲသူများအဖွဲ့က ကျောင်းသားတစ်ယောက်သာ ဖြစ်သော လင်းယွမ်ကို ခေါ်ဆောင်ရန် ဘာကြောင့် အထူးသီးသန့်ကားတစ်စီးကို စေလွှတ်ခဲ့တာလဲ။
လူတိုင်း၏ စိတ်ထဲတွင် သံသယအချို့ပေါ်လာသည်။ သို့သော် ၎င်းက မဖြစ်နိုင်ပေ။
" ဟားဟား စစ်တပ်နဲ့ ဆင့်ကဲပြောင်းလဲသူများအဖွဲ့ကြားမှာ ပူးပေါင်းမှုအချို့ ဆောင်ရွက်နေတာထင်တယ်။ " ဟိုချင်းယောင်က သူ၏ စိတ်ထဲမှ ဖြစ်နိုင်ချေကို ပြောပြလိုက်သည်။
" အဲ့လိုဖြစ်နိုင်တယ်။ "
ဆင့်ကဲပြောင်းလဲသူများအဖွဲ့နှင့် စစ်တပ်က မတူညီသော စနစ်နှစ်ခု ဖြစ်သောကြောင့် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲလေသည်။ သို့သော် ၎င်းက လက်ရှိအခြေအနေအတွက် အဖြစ်နိုင်ဆုံး ဖြေရှင်းချက်တစ်ခုဖြစ်၏။
ထို့အပြင် လင်းယွမ်က စစ်မှုထမ်းစာရင်းတွင် ပါဝင်နေသောကြောင့် ဆင့်ကဲပြောင်းလဲသူများအဖွဲ့နှင့် ပက်သက်ရန် တစ်ခုတည်းသောဖြစ်နိုင်ချေမှာ နောက်ကွယ်တွင် စစ်တပ်ရှိပေလိမ့်မည်။
" ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က စစ်မှုထမ်းစာရင်းကို ပြန်ကြည့်တဲ့အချိန်မှာ လင်းယွမ်ရဲ့ နာမည်က စစ်မှုတမ်းစာရင်းထဲမှာ မရှိတော့တာကိုတွေ့ခဲ့ရတယ်။ " တိတ်ဆိတ်နေသော ကျိုးချီဝူက ရုတ်တရက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အားလုံးက အံ့ဩသွားကြပြီး ဟိုချင်းယောင်၏ အမူအရာက တင်းမာသွား၏။ စစ်မှုထမ်းခြင်းကို ဖယ်ရှားရန် မည်မျှခက်ခဲသည်ကို သူအသိဆုံးဖြစ်လေသည်။
သူ၏ ဦးလေးကို မေးမြန်းကြည့်မည်ဟု ပြောခဲ့သောစကားက ပုံမှန်စကားတစ်ခွန်းသာ ဖြစ်၏။ သူ၏ ဦးလေးက ၎င်းနှင့် ပက်သက်ပြီး မည်သို့မျှ လုပ်နိုင်မည်မဟုတ်ပေ။ နည်းလမ်းရှိခဲ့လျှင်တောင် ကုန်ကျစရိတ်က အလွန်များမည်ဖြစ်ပြီး အပြင်လူများလည်း ထိုကဲ့သို့ လုပ်နိုင်စွမ်းမရှိပေ။ သို့သော် ယခု လင်းယွမ်၏ နာမည်က စစ်မှုထမ်းစာရင်းတွင် မရှိတော့ပေ။
" မဖြစ်နိုင်ဘူး။ ဉာဏ်ပညာနတ်ဘုရားကို မေးကြည့်ရမယ်။ "
ဟိုချင်းယောင်က ကွန်ရက်နှင့် ချိတ်ဆက်ပြီး လင်းယွမ်၏ နာမည်က စာရင်းတွင် မရှိတော့သည်ကို တွေ့လိုက်ရပြီးနောက် ဉာဏ်ပညာနတ်ဘုရားနှင့် ဆက်သွယ်ပြီး လင်းယွမ် စစ်မှုထမ်းခြင်းမှ ကင်းလွတ်သွားသည့်အကြောင်းရင်းကို မေးမြန်းလိုက်သည်။
ထိုအချိန်တွင် တည်ကြည်သော အမျိုးသမီးတစ်ယောက်၏ အသံက ဟိုချင်းယောင်၏ စိတ်ထဲတွင် ပေါ်လာသည်။
" သတိပေးချက် အဆင့်တစ်နိုင်ငံသား ဟိုချင်းယောင် သင်က သင်ရဲ့ အခွင့်အာဏာနဲ့ ပြင်ပကိစ္စများကို မေးမြန်နေတာကြောင့် ဥပဒေပုဒ်မ ၅၆၀ကို ချိုးဖောက်နေတယ်လို့ သံသယရှိပါတယ်။ "
" ဒါက ပထမဆုံးသတိပေးချက်ပဲ။ ဆက်ပြီးစုံစမ်းရင် တရားရုံးချုပ်မှာ ရုံးတင်စစ်ဆေးခံရမယ်။ "
ဉာဏ်ပညာနတ်ဘုရား၏ အေးစက်သော သတိပေးချက်ကို ကြားလိုက်ရသောအခါ ဟိုချင်းယောင်၏ မျက်နှာက ဖြူဖျော့သွားပြီး အလွန်ထိတ်လန့်သွား၏။
စကြာဝဠာလူသားမဟာမိတ်၏ တရားရုံချုပ်က အဆိုးဆုံးသော ရာဇဝတ်သားများကို စစ်ဆေးပြီး တရားရုံးချုပ်မှ စီရင်ချက် ချခံရသူတိုင်း အလွန်ဆိုးရွားသော ပြစ်ဒဏ်များကို ခံခဲ့ရလေသည်။
ဟိုချင်းယောင်က အလွန်ထိတ်လန့်သွားပြီး ခြေထောက်များပင် တုန်ခါသွားသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း