← Chapters

ဆင့်ကဲပြောင်းလဲသူများအဖွဲ့.....

Vol. 2 Ch. 25

ဆင့်ကဲပြောင်းလဲသူများအဖွဲ့.....

Vol. 2 Ch. 25

ဟိုချင်းယောင်က အလွန်ထိတ်လန့်နေ၏။ စကြာဝဠာလူသားမဟာမိတ်၏ နတ်ဘုရားသုံးပါးထဲမှ တစ်ပါးအနေဖြင့် ဉာဏ်ပညာနတ်ဘုရား၏ အခွင့်အာဏာက အမြင့်ဆုံးတွင် ရှိနေသည်။ ကြယ်သခင်များပင် နတ်ဘုရားသုံးပါး၏ ရှေ့တွင် ရိုသေမှုကို ပြကြရပြီး ဆန့်ကျင်ရဲခြင်းမရှိကြပေ။

ယခု ဉာဏ်ပညာနတ်ဘုရား၏ မူလအသိကိုယ်တိုင်ဆင်းသက်လာပြီး ဟိုချင်းယောင်ကို သတိပေးခဲ့လေသည်။

" ဘာ..." ဟိုချင်းယောင်က ပြန်လည်ကောင်းမွန်မလာသေးမီ ချူးရှီယု၏ မျက်နှာက ဖြူဖတ်သွား၏။ သူ၏ ထိတ်လန့်မှုကလည်း ဟိုချင်းယောင်အောက် မလျော့ပေ။

" မင်းလည်း လင်းယွမ်ရဲ့ အချက်အလက်တွေကို စစ်ဆေးခဲ့တာလား။ " ဟိုချင်းယောင်က မေးလိုက်သည်။ ထို့နောက် သူက အခြားသူများကို ကြည့်ပြီး သတိပေးလိုက်သည်။ " မင်းတို့ လင်းယွမ်ရဲ့အကြောင်းကို မရှာကြည့်ကြနဲ့။ "

သူကိုယ်တိုင် လင်းယွမ်၏ အချက်အလက်များကို စစ်ဆေးပြီးနောက် ဉာဏ်ပညာနတ်ဘုရား၏ သတိပေးချက်ကို ရရှိခဲ့သောကြောင့် အခြားသူများလည်း ပြောစရာပင်မလိုပေ။

" ဘာလို့လဲ။ " မိန်းကလေးအချို့က အံ့ဩသွားပြီး မေးလိုက်ကြသည်။

ဟိုချင်းယောင်က သူ၏ အတွေ့အကြုံကို အတိုချုံ့ပြောပြလိုက်သည်။

" လင်းယွမ်က ဘယ်လိုနောက်ခံမျိုးရှိနေတာလဲ။ သူ့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဉာဏ်ပညာနတ်ဘုရားကတောင် ဖုံးကွယ်ပေးထားတယ်။ "

ချူးရှီယုက အသိဝင်လာပြီး သူ၏ မျက်နှာက မဲမှောင်နေသည်။ စကြာဝဠာလူသားမျိုးနွယ်တွင် နိုင်ငံသားတစ်ဦး၏ ကိုယ်ရေးအချက်အလက်များကို လျို့ဝှက်ထားသည်မှာ ပုံမှန်သာဖြစ်၏။ သို့သော် ယခုပင် လင်းယွမ်၏ နာမည်က စစ်မှုထမ်းစာရင်းမှ ပယ်ဖျက်ခံရပြီး ဉာဏ်ပညာနတ်ဘုရား၏ အသိပေးခြင်းခံခဲ့ရသည့်အကြောင်းရင်းကို သူက သိချင်နေသည်။

ထိုအတိုင်းအတာထိ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးခြင်းခံရသူများမှ အဆင့်မြင့် နိုင်ငံသားများနှင့် ထူးခြားသော စွမ်းရည်ရှိသူများသာ ရှိလေသည်။

" သူ့ရဲ့ နောက်ခံက ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ငါအရူးလုပ်ခံလိုက်ရတာပဲ။ " ဟိုချင်းယောင်၏ မျက်နှာက အနည်းငယ် နီနေ၏။ သူက အားလုံး၏ ရှေ့တွင် လင်းယွမ်ကို ကူညီရန် သူ၏ ဦးလေးအား မေးကြည့်မည်ဟုပင် ပြောခဲ့လေသည်။ လင်းယွမ်က သူ၏ အကူအညီမလိုအပ်ဘဲ စာရင်းမှ ပယ်ဖျက်ပြီးပြီဖြစ်လေသည်။

" ကျိုးချီဝူ အစောက လင်းယွမ်ရဲ့ နာမည် စာရင်းထဲမှာ မရှိတော့တာ နင်သိနေတော့ သူ့အကြောင်း နောက်ထပ်သိထားသေးလား။ " ချူးရှီယုက တစ်ဖက်တွင် ထိုင်နေသော ကျိုးချီဝူကို ကြည့်ပြီး မေးလိုက်သည်။

အားလုံး၏ အကြည့်ကလည်း ကျိုးချီဝူအပေါ်သို့ ကျရောက်သွားသည်။

" ငါလည်း အများကြီးမသိဘူး။ " ကျိုးချီဝူက သူမ၏ ခေါင်းကို ခါပြီး ခနတုန့်ဆိုင်းသွား၏။ " ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးမှာ အချိန်ပိုင်းအလုပ်လုပ်နေတုန်း လင်းယွမ်က အိမ်တစ်လုံး တိုက်ရိုက်ဝယ်သွားတာကို တွေ့ခဲ့ရတယ်။ "

၎င်းကို ကြားသောအခါ အားလုံးက မှင်သက်သွားကြသည်။ ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးက အဆင့်မြင့်လူနေရပ်ကွက်တစ်ခုဖြစ်ပြီး တစ်ယူနစ်ကပင် ဆယ်သန်းအထက်တွင် ရှိလေသည်။

ကျိုးချီဝူမလိမ်ခဲ့လျှင် လင်းယွမ်က သူတို့ကျောင်းတွင် အချမ်းသာဆုံး ကျောင်းသားဖြစ်ပေလိမ့်မည်။ ငွေဆယ်သန်းက သိပ်မများသော်လည်း ချူးရှီယုပင် သူ၏ မိသားစု အကူအညီမရှိလျှင် ထိုမျှပမာဏကို ချေးယူရန် ခက်ခဲလေသည်။

ဟိုချင်းယောင်နှင့် ချူးရှီယုတို့က တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်က ကျောင်းတွင် သုံးနှစ်ကြာယှဉ်ပြိုင်ခဲ့ပြီး အားလုံးကိုလည်း လင်းယွမ်က သိနေပေလိမ့်မည်။ လင်းယွမ်၏ နောက်ခံကို စဉ်းစားကြည့်လျှင် သူတို့၏ ယှဉ်ပြိုင်မှုများက မျောက်ကပွဲနှင့်ပင် တူနေပေလိမ့်မည်။

ကျိုးချီဝူက စိတ်ပျက်သွားသော ဟိုချင်းယောင်နှင့် ချူးရှီယုတို့ကို ကြည့်လိုက်သည်။ သူမ မပြောခဲ့သော နောက်ထပ် အချက်တစ်ခုလည်း ရှိလေသည်။ ရွှေယွဲ့၏ မန်နေဂျာ မစ္စတာဝမ်က လင်းယွမ်ကို အလွန်လေးစားစွာ ဆက်ဆံခဲ့လေသည်။

ရွှေယွဲ့အိမ်ခြံမြေရောင်းဝယ်ရေးက ကြီးမားသော ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အနီးမှ မြို့များစွာတွင် လက်ခွဲများရှိ၍ မစ္စတာဝမ်က တုန်နင်မြို့မှ ခေါင်းဆောင်အများအပြားနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သော်လည်း လင်းယွမ်၏ ရှေ့တွင် ထိုကဲ့သို့ ပြုမူခဲ့လေသည်။

" လင်းယွမ်မှာ တကယ် ထူးခြားတဲ့ နောက်ခံရှိနေတာလား။ " ကျိုးချီဝူက စိတ်ထဲမှ တွေးလိုက်သည်။

တုချွမ်က အနည်းငယ် မသက်မသာခံစားလိုက်ရသည်။ သူက လင်းယွမ်နှင့် သုံးနှစ်ကြာအောင် ခင်မင်ခဲ့သော်လည်း ယခုအခါ သူနှင့်လုံးဝမသိသကဲ့သို့ ခံစားလိုက်ရသည်။

ဆင့်ကဲပြောင်းလဲသူများအဖွဲ့....

အနက်ရောင်ဟိုဗာကားတစ်စီးက ရပ်တန့်သွားပြီး လင်းယွမ်က ကားထဲမှ ထွက်လာသည်။

" ဒါ ဆင့်ကဲပြောင်းလဲသူများအဖွဲ့လား။ " လင်းယွမ်က သူ၏ စိတ်ထဲတွင် ထူးဆန်းမှုတစ်ခုကို ခံစားလိုက်ရသည်။

သူ၏ ရှေ့တွင် မီးခိုးရောင်အဆောက်အဦးကြီးသာ ရှိနေပြီး ဆင့်ကဲပြောင်းလဲသူများအဖွဲ့ဟူသော ဆိုင်းဘုတ်ပင် ရှိမနေပေ။

" ရှင်က မစ္စတာလင်းယွမ်လား။ " အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က ဒူးအထက်လောက်ရှိသော စကတ်ကို ဝတ်ဆင်ထားပြီး ရှေ့သို့ ထွက်လာသည်။

" ဟုတ်ပါတယ် ကျုပ်ပါပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

" မစ္စတာလင်း ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ။ "ကျူးရှန်ရှန်က လင်းယွမ်ကို တစ်ချက်ကြည့်ပြီး လမ်းပြလိုက်သည်။

သူမက လင်းယွမ်၏ နိုင်ငံသားအဆင့်ကို သတိမပြုမိခဲ့သော ဝန်ထွးဖြစ်လေသည်။ ထိုကြောင့် ကျူးရှန်ရှန်က ကြီးမားသော ဖိအားကို ခံစားနေရပြီး အမြဲတစေ စိုးရိမ်နေခဲ့သည်။ လင်းယွမ်၏ ခွင့်လွှတ်မှုကို မရရှိလျှင် သူမ အလုပ်ထုတ်ခံရနိုင်လေသည်။

မစ္စတာလင်းက အရမ်းငယ်သေးတာပဲ.... ကျူးရှန်ရှန်ကလင်းယွမ်ကို တစ်ချက် ခိုးကြည့်ပြီး တွေးလိုက်သည်။

ကျူးရှန်ရှန်၏နောက်မှ လိုက်ပြီး လင်းယွမ်က မီးခိုးရောင်အဆောက်အဦးထဲမှ ဓာတ်လှေကားသို့ ရောက်သွားသည်။ ဓာတ်လှေကားထဲသို့ ဝင်ပြီးသောအခါ ကျူးရှန်ရှန်က လင်းယွမ်၏ ဘေးတွင် ရပ်ပြီး ရှင်းပြလိုက်သည်။ " မစ္စတာလင်း ဆင့်ကဲပြောင်းလဲသူတစ်ယောက်အဖြစ် စာရင်းမသွင်းခင် အကဲဖြတ်မှုတစ်ခု လုပ်ဖို့ လိုအပ်ပါတယ်။ အကဲဖြတ်မှုရလဒ်အပေါ် မူတည်ပြီးတော် ဆင့်ကဲပြောင်းလဲသူလက်မှတ်ကို ထုတ်ပေးမှာပါ။ "

" အဲ့ဒါကို ကျုပ်သိပါတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။ ဆင့်ကဲပြောင်းလဲသူလက်မှတ်ကို ရရှိရန် ခွန်အားကို စစ်ဆေးခြင်းသာ ဖြစ်နိုင်လေသည်။

အချိန်တိုအတွင်း သူတို့က ၂၂ လွှာသို့ ရောက်သွားကြသည်။ ဓာတ်လှေကားပွင့်သွားပြီးနောက် အတွင်းတွင် အခန်းငယ်လေးများ ရှိနေသည်။

" မစ္စတာလင်းရဲ့ အကဲဖြတ်အခန်းက ဒီမှာပါ။ " ကျူးရှန်ရှန်က လင်းယွမ်ကို အဝေးမှ အခန်းဆီသို့ ခေါ်သွားသည်။

" အကဲဖြတ်တာက ဒီအခန်းထဲမှာ လုပ်တာလား။ " လင်းယွမ်က မျက်ခုံးများ ပင့်သွား၏။

" ဟုတ်တယ် ဒါပေမယ့် မဟုတ်ဘူး။ "ကျူးရှန်ရှန်က ခေါင်းငြိမ့်ပြီး ခေါင်းခါလိုက်ပြန်သည်။

ထို့နောက် သူမက တံခါးကို တွန်းဖွင့်လိုက်သည်။ အတွင်းတွင် ငွေသတ္တုဖြင့် ပြုလုပ်ထားသော VRစက်တစ်လုံး ရှိနေသည်။

" ဒါက Virtual World စက်တစ်ခုပါ။ မစ္စတာလင်းရဲ့အကဲဖြတ်မှုကို VRကမ္ဘာမှာပြုလုပ်မှာပါ။ ကျူးရှန်ရှန်က ရှင်းပြလိုက်သည်။

" အကဲဖြတ်တာကို VR ကမ္ဘာမှာ လုပ်တယ်။ " လင်းယွမ်က အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။

ကျူးရှန်ရှန်က ပြုံး၍ပြန်ပြောလိုက်သည်။ " စွမ်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲသူတွေက မြို့တွေ အဆောက်အဦးတွေကို အလွယ်တကူဖျက်ဆီးပစ်နိုင်တယ်လေ။ ဒါကြောင့် အကဲဖြတ်တာကို VR ကမ္ဘာမှာပဲလုပ်ကြတယ်။ "

ကျူးရှန်ရှန်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " မစ္စတာလင်းက VRကမ္ဘာထဲမှာ အပြင်ကခွန်အားနဲ့ ကွာခြားသွားမှာ စိတ်ပူဖို့မလိုပါဘူး။ "

" ဒါကVR စက်တစ်ခုပါ။ မစ္စတာလင်းက ဒီပေါ်မှာ လှဲနေသရွေ့ ဒါက မစ္စတာလင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးပြီး VR ကမ္ဘာထဲမှာ ရာနှုန်းပြည့် ပြန်လည်ထုတ်လွှတ်ပေးနိုင်ပါတယ်။ "

" အဲ့လိုကိုး။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ဆင့်ကဲပြောင်းလဲသူများတွင် ပထမအဆင့်မှ စတုတ္ထအဆင့်ထိ အဆင်ပြေလေသည်။ သူတို့၏ ခွန်အားကို ထုတ်ဖော်ရန် နေရာကျယ်တစ်ခုသာ လိုအပ်ပေသည်။ သို့သော် လင်းယွမ်ကဲ့သို့သော လူအတွက် သာမန်ရိုက်ချက်တစ်ခုက သူ၏ ခြေထောက်အောက်မှ မီးခိုးရောင်အဆောက်အဦးကို ဖျက်ဆီးနိုင်လေသည်။ ထိုကဲ့သို့သော ဆင့်ကဲပြောင်းလဲသူများကို စစ်ဆေးရာတွင် အလွန်ကုန်ကျစရိတ် များပေလိမ့်မည်။

ထို့ကြောင့် အကဲဖြတ်ခြင်းကို VR ကမ္ဘာထဲတွင် ပြုလုပ်သောအခါ ကုန်ကျစရိတ်က များစွာလျော့ကျသွားပေလိမ့်မည်ဖြစ်သည်။ VRကမ္ဘာထဲမှ အရာအားလုံးက ကြယ်တစ်ခုလုံးကို ပုံဖော်ထားခြင်းသာဖြစ်လေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters