ပထမအလွှာ အဆင့် ၁၂....
Vol. 2 Ch. 26
ထို့နောက် ကျူးရှန်ရှန်က VRစက်နှင့်ပက်သက်ပြီး သတိထားရမည့်အချက်အချို့ကို ပြောပြခဲ့သည်။ ထို့နောက် ရိုသေစွာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။
" Virtual World စက်..." လင်းယွမ်က အချိန်အတော်ကြာ ကြည့်ပြီးနောက် စက်ထဲတွင် ဝင်လှဲလိုက်သည်။
" ဟမ်..." စွမ်းအားအတက်အကျအချို့ကို ခံစားပြီးနောက် လင်းယွမ်က သူ၏ အရေပြားပေါ်မှ အနည်းငယ်နာကျင်လာသည်ကို ခံစားလိုက်ရသည်။
" ပုံတူကူးခြင်း ပြီးဆုံးပါပြီ။ VR ကမ္ဘာနှင့် ချိတ်ဆက်ပါ။ "
" အကဲဖြတ်ခြင်းကမ္ဘာက ကြိုဆိုပါတယ်။ " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီးနောက် တင်းမာသော အမူအရာနှင့် သူ့အား ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။
" အကဲဖြတ်ခြင်းကမ္ဘာ..." လင်းယွမ်က သူ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သညိ။
သူ၏ ခန္ဓာကိုယ်မှ ခွန်အား၊ အတွင်းမှ ယွမ်စွမ်းအား လှည့်ပတ်မှုနှင့် နီဝမ်နန်းတော်ထဲမှ ထူးဆန်းသော စိတ်ဝိညာဉ်စွမ်းအား အားလုံးက ပြပကမ္ဘာနှင့် ကွဲပြားခြင်း မရှိပေ။
" စကြာဝဠာလူသားမဟာမိတ်က တကယ်ကြောက်စရာကောင်းတာပဲ။ " ခန္ဓာကိုယ်ထဲမှ အရာအားလုံးကို ပုံတူကူးယူနိုင်သည်ကို ကြည့်ပြီး လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။ " မဟုတ်သေးဘူး။ "
" အနန္တကမ္ဘာတွေရဲ့ ဂိတ်တံခါးက ပုံတူကူးယူတာမခံရဘူး။ " လင်းယွမ်က တစ်စုံတစ်ခုကို တွေးပြီးနောက် သူ၏ စိတ်ထဲမှ အနက်ရှိုင်းဆုံးနေရာသို့ အာရုံစိုက်လိုက်သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးရှိသော နေရာတွင် ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။
" စကြာဝဠာလူသားမဟာမိတ်ကတောင် အနန္တကမ္ဘာတွေရဲ့ဂိတ်တံခါးကို ပုံတူကူးမယူနိုင်ဘူးလား။ ဒါမှမဟုတ် ဂိတ်တံခါးရဲ့တည်ရှိမှုကို ရှာမတွေ့နိုင်တာလား။ " လင်းယွမ်က ခနစဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။
"ဆင့်ကဲပြောင်းလဲသူ ကျေးဇူးပြုပြီး သင့်ရဲ့ အကဲဖြတ်ခြင်းဇာတ်ကောင်ကို ရွေးချယ်ပါ။ " သူ၏ ရှေ့မှ လူက ရုတ်တရက် ပြောလိုက်သည်။
သူစကားပြောပြီးသည်နှင့် လင်းယွမ်၏ ရှေ့တွင် မြင်ကွင်းအချို့ ပေါ်လာသည်။အဆုံးမရှိသော သဲများနှင့် ကန္တာရ၊ ရှေးဟောင်းသစ်ပင်ကြီးများစွာနှင့် သစ်တောကြီး နှင့် ကြီးမားသော အဆောက်အဦးများနှင့် မြို့ကြီးများ....
" ကန္တာရကို ရွေးတယ်။ " လင်းယွမ်က တစ်ခုကို ရွေးချယ်လိုက်သည်။
" မြင်ကွင်းအတည်ပြုခြင်း ပြီးဆုံးပါပြီ။ " ထိုလူက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီး လင်းယွမ်က မြင့်မားသောအပူချိန်နှင့် အဆုံးမရှိသော သဲကန္တာရထဲသို့ ရောက်သွားသည်။
" ဆင့်ကဲပြောင်းလဲသူရဲ့ ခန္ဓာကိုယ်က စွမ်းအားအတက်အကျပေါ် မူတည်ပြီးတော့ ပထမအဆင့် အကဲဖြတ်မှု စတင်ပါပြီ။ "
" ပထမအဆင့်က ပထမအလွှာရဲ့ အဆင့်တစ် ပြိုင်ဘက်။ အနိုင်ရရင် နောက်တစ်ဆင့် တက်မယ်။ "
" နားလည်လား" တင်းမာသော လူက မေးလိုက်သည်။
" အင်း " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
" ဝှစ် "
ထိုလူပျောက်ကွယ်သွားပြီးနောက် မနီးမဝေးရှိ သဲများက လျင်မြန်စွာ စုစည်းသွားပြီး လူသဏ္ဍန်ပေါ်လာသည်။
ထိုလူက အရည်ရှည်၍ အသားမဲပြီး နဖူးတွင် အနက်ရောင်ဦးချိုတစ်ချောင်းလည်း ရှိနေသည်။
" သေစမ်း "
အနက်ရောင်ဦးချိုနှင့်လူက ဘာမှမပြောဘဲ လင်းယွမ်ဆီသို့ ပြေးလာသည်။
" သူက သာမန် ဆရာသခင်အဆင့်တစ်ယောက်ထက် ပိုမြန်တာပဲ။ ဒါပေမယ့် ငါ့ကိုတော့ မခြိမ်းခြောက်နိုင်ဘူး။ " လင်းယွမ်၏ အမူအရာက မပြောင်းလဲဘဲ ရှိနေသည်။
ယခင်လူ၏ ပြောပြချက်အရ ပြိုင်ဘက်များက တဖြည်းဖြည်း သန်မာလာမည်ဖြစ်ပြီး ပထမအလွှာ၏ အဆင့်တစ်ကို အနိုင်ယူနိုင်လျှင် ပထမအလွှာ၏ အဆင့်နှစ် ပြိုင်ဘက် ပေါ်လာပေလိမ့်မည်။
" ဝုန်း "
အနက်ရောင်ဦးချိုနှင့်လူက ရုတ်တရက် ရပ်တန့်သွားကာ သူ၏ အကြည့်များက မှေးမှိန်သွားပြီး သူ၏ ခန္ဓာကိုယ်က သဲများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားသည်။
လင်းယွမ်က မူလနေရာတွင်သာ ရပ်နေပြီး တစ်လက်မလေးမျှ မလှုပ်ခဲ့ပေ။ သူ့ထက် အားနည်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရချိန်တွင် အနိုင်ယူရန် အလျင်မြန်ဆုံး နည်းလမ်းက စိတ်ဝိညာဉ်သိုင်းပညာကို အသုံးပြုရန် ဖြစ်သည်။
လင်းယွမ်၏ အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်၏ စိတ်ဝိညာဉ်စွမ်းအားနှင့် သူက ပြိုင်ဘက်၏ ဝိညာဉ်ကို ချက်ချင်း ဖျက်ဆီးပစ်နိုင်လေသည်။
" ဟူး..." သဲများက နောက်တစ်ကြိမ် စုစည်းသွားသည်။ ဤတစ်ကြိမ်တွင်လည်း လင်းယွမ်၏ ပြိုင်ဘက်က အနက်ရောင်ဦးချိုနှင့်လူ ဖြစ်၏။ သို့သော် ဤတစ်ကြိမ်တွင် သူ၏ ခွန်အားက ဆရာသခင် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေသည်။
ဆရာသခင်ဖြစ်ဖြစ် မဟာဆရာသခင်ဖြစ်ဖြစ် လင်းယွမ်အတွက် ထူးခြားမသွားပေ။
အသက်ရှိုက်စာအနည်းငယ်အတွင်း သူက ကိုးယောက်မြောက်ပြိုင်ဘက်နှင့် ရင်ဆိုင်ခဲ့သည်။ ကိုးယောက်လုံးက အနက်ရောင်ဦးချိုနှင့်လူသာဖြစ်၏။ သို့သော် ယခင်ရှစ်ယောက်နှင့် နှိုင်းယှဉ်လျှင် ထိုအနက်ရောင်ဦးချိုနှင့်လူက စပေါ်လာသည်နှင့် လင်းယွမ်ကို မတိုက်ခိုက်ပေ။
" စိတ်သခင်တွေလို ဆင့်ကဲပြောင်းလဲသူလား။ ဒီတစ်ခါ ငါက စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံဖို့ ငါ့ရဲ့ ဝိညာဉ်ကို အားဖြည့်ထားတယ်။ " အနက်ရောင်ဦးချိုနှင့်လူက အေးစက်စွာ ပြုံးလိုက်သည်။
သူက များပြားလှသော ဒေတာများနှင့် သရုပ်ဖော်ထားခြင်းဖြစ်ပြီး အခြေခံခံစားချက်အချို့ ရှိသောကြောင့် ရှစ်ကြိမ်ဆက်တိုက် အနိုင်ယူခံရပြီးသောအခါ အလွန်ဒေါသထွက်နေသည်။
" သေစမ်း " အနက်ရောင်ဦးချိုနှင့်လူက လင်းယွမ်ဆီသို့ ပြေးလာသည်။
သို့သော် ထိုအချိန်တွင်..
" ဂျွတ် "
လက်တစ်ဖက်က သူ၏ လည်ပင်းကို ဆုပ်ကိုင်သွားပြီး လွယ်ကူစွာ လိမ်ချိုးသွားသည်။
" ငါမှာ စိတ်ဝိညာဉ်တိုက်ခိုက်တဲ့ နည်းလမ်းတွေပဲ ရှိတယ်လို့ မင်းကို ဘယ်သူပြောတာလဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းသူများအတွက် အခြေခံအကျဆုံးမှာ သူတို့၏ ခန္ဓာကိုယ်သာ ဖြစ်၏။ စိတ်ဝိညာဉ်စွမ်းအားက သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအားမျှသာ ဖြစ်၏။
" မင်း မင်းက စိတ်သခင်တစ်ယောက်မဟုတ်ဘူးလား။ " အနက်ရောင်ဦးချိုနှင့်လူက မယုံကြည်နိုင်ဖြစ်သွားပြီး နောက်တစ်ကြိမ် သဲများအဖြစ်သို့ ပြောင်းလဲသွားသည်။
စိတ်သခင်များနှင့် တူညီသော ဆင့်ကဲပြောင်းလဲသူများက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကိုသာ ပိုင်ဆိုင်ကြလေသည်။ သူတို့က ရုပ်ခန္ဓာများတွင် ချို့ယွင်းချက်များ ရှိကြလေသည်။ အစွမ်းထက်သော စိတ်သခင်အချို့က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကိုပါ လေ့ကျင့်ကြသော်လည်း ထိုအားနည်းချက်ကို လုံးဝ ဖယ်ရှားနိုင်ရန် အလွန်ခက်ခဲလေသည်။
ဆင့်ကဲပြောင်းလဲသူများအဖွဲ့.....
ကျူးရှန်ရှန်က အကဲဖြတ်အခန်းမှ ထွက်လာပြီး သူမ၏ အလုပ်နေရာသို့ ပြန်လာခဲ့သည်။
" မစ္စတာလင်းရဲ့ ဆင့်ကဲပြောင်းလဲခြင်းအဆင့်က ဘယ်အဆင့်မှာ ရှိမလဲမသိဘူး။ " ကျူးရှန်ရှန်က သိလိုစိတ်ဖြင့် သူမ၏ ရှေ့မှ ဖန်သားပြင်ကို ကြည့်နေသည်။
ဆင့်ကဲပြောင်းလဲသူများ၏ လျို့ဝှက်ချက်မျာူကို လေးစားသောကြောင့် အကဲဖြတ်နေစဉ် တိုက်ပွဲအခြေအနေများကို အပြင်အား ထုတ်ဖော်ပြသခြင်း မရှိပေ။
ထို့ကြောင့် ကျူးရှန်ရှန်ကဲ့သို့သော် ဝန်ထမ်းများပင် အသေးစိတ်အချက်အလက်များကို မကြည့်နိုင်ပေ။
ဖန်သားပြင်ပေါ်တွင် အနိုင်ယူသွားသော ဆင့်ကဲပြောင်းလဲခြင့်အဆင့်များကိုသာ ကြည့်ရှုနိုင်လေသည်။
" ရှောင်ကျူး မစ္စတာလင်း အထဲဝင်သွားပြီလား။ " ကျူးရှန်ရှန် ထိုင်ပြီးနောက် ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌ ရောက်လာခဲ့သည်။
ဥက္ကဋ္ဌတစ်ယောက်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အကဲဖြတ်မှုကို အာရုံစိုက်ရန် မလိုအပ်သော်လည်း လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်ရုံသာမက အဆင့်နှစ်နိုင်ငံသားတစ်ယောက်လည်း ဖြစ်လေသည်။ အဆင့်နှစ်နိုင်ငံသားတစ်ယောက်က အရာရှိတစ်ယောက်မဟုတ်လျှင်တောင် ဥက္ကဋ္ဌထက် များစွာနိမ့်ကျခြင်းမရှိပေ။ ထို့ကြောင့် သူက အကဲဖြတ်မှုပြီးသောအခါ လင်းယွမ်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
" ဥက္ကဋ္ဌ " ကျူးရှန်ရှန်က လန့်သွားပြီး ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ " မစ္စတာလင်း ဝင် ဝင်သွားပါပြီ။ "
" သက်သာသလိုနေပါ။ " ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက စိတ်ထားကောင်းလေသည်။
" ဟုတ်ကဲ့ " ကျူးရှန်ရှန်က သူမ၏ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
" ရှောင်ကျူး မစ္စတာလင်းက ဘယ်အဆင့်ထိ ရောက်နိုင်မယ်ထင်လဲ။ " ဥက္ကဋ္ဌက လင်းယွမ်ကို စိတ်ဝင်စားနေပြီး မေးလိုက်သည်။
" မစ္စတာလင်းက အဆင့်နှစ်နိုင်ငံသားတစ်ယောက်ဆိုတော့ စာရင်းလာသွင်းကတည်းက အဆင့်တစ်ခွန်အားတော့ ရှိမှာ သေချာတယ်။ " ကျူးရှန်ရှန်က ပြောလိုက်သည်။
သာမန်လူများအတွက် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာရန် ခက်ခဲလေသည်။ သို့သော် အဆင့်နှစ်နိုင်ငံသားများ၏ အမြင်တွင် ဗီဇပြောင်းလဲခြင်းဆေးကို ဝယ်ပြီး ဗီဇစစ်သည်လမ်းကြောင်းကို လျှောက်လှမ်းနိုင်သော နည်းလမ်းများ ရှိလေသည်။
ဗီဇစစ်သည်များက အားနည်းချက်များရှိပြီး ပြင်ပပံ့ပိုးမှုအပေါ် များစွာ မှီခိုထားကြသော်လည်း သူတို့က ဆင့်ကဲပြောင်းလဲသူများ ဖြစ်နေဆဲ ဖြစ်သည်။
" မှန်တယ်။ " ဥက္ကဋ္ဌက ခေါင်းငြိမ့်လိုက်သည်။
လင်းယွမ်က အဆင့်တစ်ခွန်အားရှိသောကြောင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်မည်မှာ သေချာလေသည်။ အဆင့်မြင့်နိုင်ငံသားများက ဆင့်ကဲပြောင်းလဲသူများ ဖြစ်လာနိုင်သော်လည်း အားနည်းသော ဆင့်ကဲပြောင်းလဲသူအများစုက အဆင့်တစ်နိုင်ငံသားများသာ ဖြစ်လေသည်။
" ကျွန်တော် အမြင်ကတော့ မစ္စတာလင်းက အဆင့်တစ်ကနေ အဆင့်သုံးအထိတော့ အလွယ်တကူရောက်နိုင်လိမ့်မယ်။ " ဥက္ကဋ္ဌ၏ အတွင်းရေးမှူးက ခန့်မှန်းလိုက်သည်။
ဥက္ကဋ္ဌက ခေါင်းငြိမ့်လိုက်ပြန်သည်။
အဆင့်မြင့်နိုင်ငံသားများက ဆင့်ကဲပြောင်းလဲသူများဖြစ်လာရန် မခက်ခဲသော်လည်း သန်မာသည့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာရန် အတားအဆီးများ ရှိနေဆဲ ဖြစ်သည်။
ထိုအတားအဆီးများက ပထမအလွှာ အဆင့် ၁၂ဆင့်မှ ၃ဆင့်စီတိုင်းတွင် ရှိလေသည်။ အဆင့်သုံးမှ အဆင့်လေးသို့ တက်ရောက်ရန် ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လသာမက အရည်အချင်းရှိရန်လည်း လိုအပ်လေသည်။
အဆင့်မြင့်နိုင်ငံသားများက လူသားမျိုးနွယ်ကို အကျိုးပြုပြီး ဉာဏ်ပညာနတ်ဘုရား၏ အသိမှတ်ပြုခြင်းကို ခံထားရသောကြောင့် အရည်အချင်းအချို့ ရှိမည်မှာ သေချာလေသည်။ သို့သော် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အရည်အချင်းများက ငွေနှင့် ဝယ်၍ မရပေ။
ဗီဇပြောင်းလဲခြင်းဆေးများ အသုံးပြုခြင်းက ဆင့်ကဲပြောင်းလဲနိုင်သော်လည်း အသက်အန္တရာယ်ရှိသောကြောင့် အဆင့်နှစ်နိုင်ငံသားများက သူတို့၏ အသက်ကို စွန့်စားကြမည်မဟုတ်ပေ။
" ကျန်းက အဓိကအချက်ကို မြင်နိုင်တာပဲ။ " ဥက္ကဋ္ဌက သူ၏ အတွင်းရေးမှူးကို ချီးကျူးလိုက်သည်။
" မစ္စတာလင်းရဲ့ အကဲဖြတ်မှု ပြီးသွားရင် ငါ့ကို လာပြောလှည့်။ " ဥက္ကဋ္ဌက ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဖန်သားပြင်ပေါ်မှ အဆင့်တစ်အလင်းတိုင်က ရုတ်တရက် လင်းလက်လာသည်။
" အကဲဖြတ်တာ စပြီ။ " ၎င်းကို မြင်သောအခါ ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက ထွက်မသွားတော့ဘဲ အကဲဖြတ်မှုကို ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ဥက္ကဋ္ဌ၏ အမြင်အရ လင်းယွမ်၏ အဆင့်က အဆင့်တစ်မှ အဆင့်သုံးသို့ ဖြတ်ကျော်ရန် လွယ်ကူသော်လည်း အဆင့်သုံးကို ကျော်လွန်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်များက သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။ အဆင့်တစ်အလင်းတိုင်က လင်းလက်လာပြီးနောက် အဆင့်နှစ်အလင်းကလည်း ချက်ချင်း လင်းလာခဲ့သည်။ ထို့နောက် အဆင့်သုံး၊ အလင်းလေး၊ အဆင့်ငါး။
အလင်းဆယ့်နှစ်ခုက လင်းလက်လာပြီး အဆင့် ၁၂သို့ ရောက်သွားခဲ့သည်။ ၎င်းက အသက်ရှုချိန်အနည်းငယ်သာ ကြာခဲ့လေသည်။ ထိုအချိန်တွင် ဥက္ကဋ္ဌက ထိုင်ပင် မထိုင်ရသေးပေ။
" ဒါ အဆင့် ၁၂လား။ " ကျူးရှန်ရှန်က မျက်လုံးပြူးသွားပြီး သူမဘေးမှ ဥက္ကဋ္ဌကလည်း အံ့ဩနေသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း