← Chapters

မိသားစုတွေ့ဆုံပွဲ...

Vol. 2 Ch. 27

မိသားစုတွေ့ဆုံပွဲ...

Vol. 2 Ch. 27

" အဆင့် ၁၂ "

" ပထမအလွှာရဲ့ အဆင့် ၁၂။ " ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက အံ့ဩသွား၏။ သူက ပထမအလွှာ၏ အဆင့် ၁၂ကို အံ့ဩခြင်းမဟုတ်ပေ။ ပထမအလွှာ အဆင့် ၁၂က အားကောင်းပြီး တုန်နင်မြို့တွင် ထိပ်သီးအဆင့်ဟု သတ်မှတ်ခံရသော်လည်း ရှားပါးသည်​တော့ မဟုတ်ပေ။ သူက ဥက္ကဋ္ဌရာထူးကို ရရှိထားသကဲ့သို့ သူ၏ ဘဝတွင် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူများကိုပင် မြင်ဖူးလေသည်။

လင်းယွမ်က ပထမဆုံး စာရင်းသွင်းချိန်တွင် ပထမအလွှာ၏ အဆင့် ၁၂ ခွန်အားကို ပိုင်ဆိုင်ထားသောကြောင့် ဥက္ကဋ္ဌက အံ့အားသင့်သွားခြင်းဖြစ်သည်။

ဆင့်ကဲပြောင်းလဲခြင်းတွင် စွမ်းအားအသွင်ပြောင်းလဲခြင်းက အချိန်လိုအပ်လေသည်။ လူတစ်ယောက်က တစ်ရက်တည်းနှင့် ပထမအလွှာမှ ဒုတိအလွှာသို့ ခုန်တက်သွားရန် မဖြစ်နိုင်ပေ။

စကြာဝဠာလူသားမဟာမိတ်တွင် ဆင့်ကဲပြောင်းလဲသူများအတွက် အလွှာများကြားတွင် စွမ်းအားပိုင်းခြားမှုများက အလွန်တင်းကျပ်လေသည်။ ပထမအလွှာ ဆင့်ကဲပြောင်းလဲသူနှင့် ဒုတိယအလွှာ ဆင့်ကဲပြောင်းလဲသူကြား စွမ်းအားကွာခြားမှုက အဆတစ်ရာရှိလေသည်။ ထိုကဲ့သို့ ကြီးမားသော ကွာခြားချက်ကို အချိန်တိုအတွင်း ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

သို့သော် လင်းယွမ်က ပထမဆုံး စာရင်းသွင်းချိန်တွင် ပထမအလွှာ အဆင့် ၁၂၏ ခွန်အားကို ပိုင်ဆိုင်ထားလေသည်။

၎င်းကို အခြေခံ၍ ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌတွင် ထင်မြင်ချက် နှစ်ခု ရှိလေသည်။ တစ်ချက်မှာ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာသည်မှာ ကြာပြီဖြစ်ပြီး ပထမအလွှာ၏ အဆင့် ၁၂ကို ရောက်သည်အထိ သူ၏ စွမ်းအားကို ဖုံးကွယ်ထားပေလိမ့်မည်။

၎င်းက ဖြစ်နိုင်ချေနည်းလေသည်။ စကြာဝဠာလူသားမဟာမိတ်က စာရင်းမသွင်းထားသော ဆင့်ကဲပြောင်းလဲသူများကို တွေ့ရှိပါက အပြစ်ပေးခြင်း ခံရပေလိမ့်မည်။ လင်းယွမ်က အဆင့်နှစ်နိုင်ငံသားဖြစ်သောကြောင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရလျှင်တောင် ယခုအချိန်ထိ ရှာမတွေ့သည်ကတော့ မဖြစ်နိုင်ပေ။

ဒုတိယအချက်မှာ လင်းယွမ်၏ ဆင့်ကဲပြောင်းလဲခြင်းစွမ်းရည်က ကြောက်စရာကောင်းအောင် သန်မာပေလိမ့်မည်။ ပထမအလွှာ အဆင့်တစ်မှ အဆင့် ၁၂အထိ နှစ်အနည်းငယ် သို့မဟုတ် ဆယ်နှစ်အောက်သာ ကြာပေလိမ့်မည်။ ပထမအလွှာ ဆင့်ကဲပြောင်းလဲခြင်းအဆင့်က နှစ်ငါးရာအထိ ရှင်သန်နိုင်သောကြောင့် နှစ်အနည်းငယ်က မများလှပေ။

ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက ဒုတိယအချက်ကို ဖြစ်နိုင်သည်ဟု ထင်မိလေသည်။ ဥက္ကဋ္ဌနှင့် ယှဉ်လျှင် ကျူးရှန်ရှန်က အလွန်အံ့ဩနေသည်။

၎င်းက အဆင့် ၁၂ဖြစ်လေသည်။ ကျူးရှန်ရှန်က ဤနေရာတွင် နှစ်နှစ်နီးပါး အလုပ်လုပ်ခဲ့သော်လည်း အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်လေသည်။

တုန်နင်မြို့တွင် ပထမအလွှာ အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူများက အဆင့်နှစ် နိုင်ငံသားများကဲ့သို့ပင် အလွယ်တကူ မတွေ့နိုင်ပေ။ ယခု သာမန်ဟု ထင်ရသော လင်းယွမ်က အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူဖြစ်နေလေသည်။ ၎င်းက ကျူးရှန်ရှန်ကို မယုံကြည်နိုင်ဖြစ်စေလေသည်။

ပထမအလွှာ အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူများ၏ ခွန်အားင မီတာဆယ်ချီမြင့်သော အဆောက်အဦးများကို တစ်ချက်တည်းဖြင့် အလွယ်တကူ ဖျက်ဆီးနိုင်လေသည်။

" သွားစို့။ "

" မစ္စတာလင်းနဲ့ သွားတွေ့ရအောင်။ "

ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက ခနစဉ်းစားပြီးနောက် အကဲဖြတ်အခန်းသို့ သွားပြီး လင်းယွမ်နှင့် ကိုယ်တိုင်တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

အစတွင် ဥက္ကဋ္ဌက လင်းယွမ်နှင့် တွေ့ဆုံပြီး ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ထား၏။ သို့သော် ယခု လင်းယွမ်၏ ကြောက်စရာကောင်းသော စွမ်းအားကြောင့် ဥက္ကဋ္ဌက သူ အနည်းငယ် နှိမ့်ချသင့်သည်ဟု တွေးမိလေသည်။

အကဲဖြတ်အခန်းတွင် လင်းယွက မျက်လုံးများ ဖွင့်လိုက်ပြီး VR စက်ထဲမှ ထရပ်လိုက်သည်။

" စိတ်မကောင်းစရာပဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။

၁၂ယောက်မြောက် ပြိုင်ဘက်ကို အနိုင်ယူပြီးနောက် အကဲဖြတ်သည့်နေရာက ဒုတိယအလွှာ ပြိုင်ဘက်ကို သဘာဝအတိုင်း ပုံဖော်ပေးခဲ့သည်။

လင်းယွမ်က ထွက်မသွားသေးဘဲ သူ၏ ခွန်အားနှင့် ဒုတိယအလွှာကြား ကွာခြားချက်ကို ကြည့်ချင်ခဲ့သည်။ ရလဒ်က ထင်ရှားလေသည်။ နည်းစနစ်သုံးမျိုးကို အသုံးပြုပြီးနောက် လင်းယွမ်က ရှုံးနိမ့်ခဲ့သည်။

" ဒုတိယအလွှာ..."

လင်းယွမ်၏ စိတ်ထဲတွင် ရုတ်တရက် အသိအမြင်အချို့ ပေါ်လာသည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်မှုနှင့်အတူ သူက ရှေ့ဆက်ရမည့် လမ်းကြောင်းကို တဖြည်းဖြည်း နားလည်လာသည်။

ဒုတိယအလွှာတစ်ယောက်နှင့် တိုက်ခိုက်ပြီးနောက် သူက ဒုတိယအလွှာ၏ အနှစ်သာရကို ဆုပ်ကိုင်မိလာသည်။ အခြားဆင့်ကဲပြောင်းလဲသူများက ၎င်းကို ကြားလျှင် ရူးသွပ်သွားနိုင်လောက်ပေသည်။ လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် အချိန်မရွေး ဉာဏ်အလင်းပွင့်နိုင်လေသည်။ ဒုတိယအလွှာ ဆင့်ကဲ​ပြောင်းလဲသူနှင့် မတိုက်ခိုက်လျှင်တောင် ဒုတိယအလွှာကို နားလည်ရန် အချိန်တစ်ခုသာ လိုအပ်ပေလိမ့်မည်ဖြစ်သည်။

" အခု ငါ့မှာ ဦးတည်ချက်တစ်ခု ရှိသွားပြီ။ ငါးနှစ်အတွင်း အဆင့်တက်နိုင်လောက်တယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများအဖွဲ့သို့ လာသည်မှာ အမှန်တကယ် ကောင်းသော ရွေးချယ်မှုဖြစ်လေသည်။ သူက စာရင်းသွင်းနိုင်ရုံသာမက ရှေ့ဆက်ရမည့်လမ်းကိုလည်း နားလည်နိုင်ခဲ့သည်။

လင်းယွမ်က တံခါးဖွင့်လိုက်ပြီး အပြင်တွင် ကျူးရှန်ရှန်နှင့် သက်လတ်ပိုင်းလူတစ်ဦးတို့ကို တွေ့လိုက်ရသည်။

" မစ္စတာလင်း ဒါက ကျွန်မတို့ ဥက္ကဋ္ဌပါ..." ကျူးရှန်ရှန်က ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။

" ဥက္ကဋ္ဌ..." လင်းယွမ်က သက်လတ်ပိုင်းလူကြီးကို ကြည့်လိုက်သည်။

ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက အဆင့်မြင့်ပြီး တုန်နင်မြို့၏ ထပ်ဆုံးငါးယောက်အဆင့်ထဲတွင် ပါဝင်လေသည်။

" ငါ့နာမည်က လျောင်ပါ။ " သက်လတ်ပိုင်းလူကြီးက ရှေ့တိုးပြီး ပြောလိုက်သည်။

" ဥက္ကဋ္ဌဖြစ်ဖြစ် ဘာဖြစ်ဖြစ် ငါက မင်းထက် နည်းနည်းပဲ အသက်ကြီးတာ။ မစ္စတာလင်း မင်းစိတ်မရှိရင် ငါ့ကို အကိုလျောင်လို့ ခေါ်နိုင်တယ်။ " မစ္စတာလျောင်က ရင်းနှီးစွာ ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်က စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က ထွက်သွားရန်ပြင်လိုက်သည်။ မစ္စတာလျောင်က လင်းယွမ်ကို တံခါးဆီသို့ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။

နောက်တစ်နေ့ လင်းယွမ်က အိမ်သို့ ပြန်ရောက်လာသည်။

" သား မနက်ဖြန် အားအောင် လုပ်ထားနော်။ သားက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်တယ်ဆိုရင်တောင် သားမလာရင် မကောင်းဘူး။ သူတို့အားလုံးက ဆွေးမျိုးတွေပဲ။ သား အနာဂတ်မှာ သူတို့အကူအညီ မလိုဘူးလို့ မပြောနိုင်ဘူးလေ။ " ချက်ပြုတ်နေစဉ် လုချုံးက လင်းယွမ်ကို ပြောလိုက်သည်။

မနက်ဖြန် မိသားစုတွေ့ဆုံပွဲဖြစ်ပြီး အဝေးမှ ဆွေမျိုးများက လင်းယွမ်ကို ဂုဏ်ပြုကြရုံသာမက သူတို့အချင်းချင်းလည်း တွေ့ဆုံရန် အခွင့်အရေး ရကြလေသည်။

လင်းယွမ်၏ အဖေက သူ့ကို ယခင်ရက်က စကားအနည်းငယ် ပြောခဲ့လေသည်။

" ဟေ့ လု ငါတို့ ဖန်ရှင်းဟော်တယ်မှာ စားပွဲနည်းနည်း ကြိုမှာထားလိုက်ရမလား။

သူ၏ မိခင် လုချုံးက တုန့်ဆိုင်းသွားခဲ့သည်။ ဖန်ရှင်းဟော်တယ်က တုန်နင်မြို့တွင် အကျော်ကြားဆုံး ဟော်တယ်များထဲမှ တစ်ခုဖြစ်ပြီး စားပွဲတစ်ခု မှာယူခြင်းကပင် လင်းချောင်ချန်၏ လစာအချို့ ကုန်ကျပေလိမ့်မည်။ လုချုံးက များပြားသော ငွေများကို အသုံးပြုရန် ခက်ခဲနေသည်။

" မစ္စတာနန်က တုန်နင်မြို့က ဒါရိုက်တာတစ်ယောက်ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ လင်းဟောက်ကို ဖိတ်ခေါ်ထားတယ်။ ငါတို့ ရှောင်ယွမ်အတွက် မျက်နှာမပျက်လောက်​ပါဘူး။ " လင်းချောင်ချန်က ပြောလိုက်သည်။

" လင်းဟောက်..." လုချုံးက မှင်သက်သွား၏။

လင်းဟောက်နှင့် သူတို့က အဆင့်အတန်းချင်း မတူပေ။ ပုံမှန်အားဖြင့် လင်းချောင်ချန်ပင် လင်းဟောက်ကို တွေ့ဆုံရန် အခွင့်အရေးမရှိပေ။ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခြင်းကြောင့်သာ ထိုကဲ့သို့သော လူကို ဖိတ်ခေါ်နိုင်ခြင်းဖြစ်သည်။

" ဒါဆို ငါတို့က ဖန်ရှင်းဟော်တယ်မှာ တကယ် လုပ်သင့်တယ်။ " လုချုံးက ခေါင်းငြိမ့်လိုက်သည်။

လင်းဟောက်ကို စိတ်ကျေနပ်မှုပေးရန် သူတို့က ငွေအချို့တော့ အသုံးပြုရပေလိမ့်မည်။

တုန်နင်မြို့ အိမ်ကြီးတစ်လုံးထဲတွင် ချူးရှီယုက တိတ်ဆိတ်စွာ ရပ်နေသည်။ သူ၏ ရှေ့တွင် မုတ်ဆိတ်မွေးနှင့် လူတစ်ယောက် ထိုင်နေသည်။

" မင်း အတန်းဖော်ရဲ့ အချက်အလက်တွေကို ရှာတာ ဉာဏ်ပညာနတ်ဘုရားရဲ့ မူလအသိစိတ်ကိုယ်တိုင် သတိပေးတာ ခံခဲ့ရတယ်ပေါ့။ " မုတ်ဆိတ်မွေးများနှင့် လူ၏ မျက်နှာက တင်းမာနေသည်။

" ဟုတ်ကဲ့။ အဘိုး အဲ့ဒါက မရည်ရွယ်ပါဘူး။ " ချူးရှီယုက ထိတ်လန့်စွာ ပြောလိုက်သည်။

သူ၏ ရှေ့တွင် ထိုင်နေသော မုတ်ဆိတ်မွေးများနှင့်လူက ချူးကော်ပိုရေးရှင်း၏ တည်ထောင်သူတစ်ယောက်ဖြစ်လေသည်။

" ရည်ရွယ်ချက်ရှိလုပ်တာ မလုပ်တာ မဆိုင်ဘူး။ ဉာဏ်ပညာနတ်ဘုရားထံက ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုရရှိတာ မင်းအတန်းဖော်က ရိုးရှင်းတဲ့လူတစ်ယောက် မဟုတ်တာကို ပြနေတယ်။ "

" မင်းက သူ့ကို ပြစ်မှတ်ထားတာ မဟုတ်ရင်တောင် သူ့စိတ်ထဲမှာ မှတ်ထားရင် ပြဿနာ ဖြစ်လာနိုင်တယ်။ "

" မနက်ဖြန် မင်းရဲ့ အတန်းဖော်အိမ်ကို အလည်သွားကြတာပေါ့။ " မုတ်ဆိတ်မွေးများနှင့်လူက ဆုံးဖြတ်ချက်ချလိုက်သည်။

သူ၏ တုန့်ပြန်မှုက လွန်ကဲနေခြင်းမဟုတ်ဘဲ အခြေအနေက ထင်ထားသည်ထက် ပို၍ လေးနက်နေခြင်းဖြစ်သည်။

၎င်းက လူသားမျိုးနွယ်တစ်ခုလုံးကို အုပ်ချုပ်သော ဉာဏ်ပညာနတ်ဘုရားဖြစ်၏။ ချူးမိသားစုမပြောနှင့် အဆင့်မြင့်သော ကြယ်သခင်များပင် ဂရုစိုက်ရလေသည်။ ဉာဏ်ပညာနတ်ဘုရားကိုယ်တိုင်ပါဝင်လာသောကြောင့် ထိုကိစ္စက လေးနက်သွားပြီဖြစ်သည်။

" ဟုတ်ကဲ့ဟုတ်ကဲ့..." ချူးရှီယုက တုန်ယင်စွာ ပြောလိုက်သည်။

နောက်တစ်နေရာတွင် ဟိုချင်းယောင်က စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားတစ်ဦးနှင့် ဗီဒီယိုကောပြောနေသည်။

" ဉာဏ်ပညာနတ်ဘုရား မင်းရဲ့အတန်းဖော်က နတ်ဘုရားရဲ့ စောင့်ကြည့်စာရင်းထဲမှာ ထည့်ခံထားရတာ ဖြစ်နိုင်တယ။ သူက အနာဂတ်မှာ အဆင့်မြင့်တဲ့လူတစ်ယောက်ဖြစ်လာနိုင်တယ်။ " အမျိုးသားက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အဆင့်မြင့်လူတစ်ယောက်..." ဟိုချင်းယောင်က အနည်းငယ် စိတ်ပျက်သွား၏။

သူ၏ ဦးလေးက လင်းယွမ်ကို ထိုကဲ့သို့ အကဲဖြတ်လိုက်သောကြောင့် အနာဂတ်တွင် လင်းယွမ်၏ အောင်မြင်မှုများက တုန်နင်မြို့တစ်ခုတည်းတွင် ရှိနေမည်မဟုတ်ပေ။

" မင်းက ဘယ်လိုပြဿနာရှာရမလဲဆိုတာ သိတာပဲ။ ငါမင်းအတွက် ခရီးတစ်ခုသွားပေးမယ်။ သူက ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ် အဓိကက သူနဲ့မင်းကြားမှာ အဖုအထစ်တွေ မရှိဖို့လိုတယ်။ "

" အဲ့ဒီနေ့က မင်း စစ်မှုထမ်းစာရင်းကို ပြောင်းလဲပေးနိုင်တဲ့အကြောင်း ကြွားခဲ့တယ်။ စဉ်းစားတတ်တဲ့လူတိုင်း အဲ့ဒါက အဓိပ္ပါယ်မရှိဘူးဆိုတာ သိကြလိမ့်မယ်။ "

" မနက်ဖြန် မင်း သူ့ကိုတောင်းပန်ဖို့ ခေါ်သွားပေးမယ်။ ငါတို့ မိတ်ဆွေတွေ မဖြစ်ရင်တောင် ရန်သူတွေတော့ ဖြစ်လို့မရဘူး။ " စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားက ဆက်တိုက်ပြောလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများအဖွဲ့....

မစ္စတာလျောင်က သူ၏ ထိုင်ခုံတွင် ထိုင်နေပြီး ခနကြာသောအခါ အတွင်းရေးမှူးက ဝင်လာသည်။

" မစ္စတာလင်းရဲ့ နောက်ကြောင်းကို စုံစမ်းပြီးပြီလား။ " မစ္စတာလျောင်က မေးလိုက်သည်။

" ဥက္ကဋ္ဌ မစ္စတာလင်းယွမ်ရဲ့ အချက်အလက်တွေကို ဉာဏ်ပညာနတ်ဘုရားကိုယ်တိုင် လျို့ဝှက်ထားတယ်။ ကျွန်တော်လည်း ပြဿနာတက်မှာစိုးလို့ ဆက်မရှာရဲတော့ဘူး။ " အတွင်းရေးမှူးက တိကျစွာ ပြောလိုက်သည်။

"ဉာဏ်ပညာနတ်ဘုရားက လျို့ဝှက်ထားတာလား။ " မစ္စတာလျောင်၏ အမူအရာက လေးနက်သွား၏။

နိုင်ငံသားတစ်ယောက်၏ အချက်အလက်များကို ဉာဏ်ပညာနတ်ဘုရားက လျို့ဝှက်ထားသည်။ သူက အဆင့်မြင့်နိုင်ငံသားတစ်ယောက်ဖြစ်လျှင်တောင် ၎င်းက အဓိပ္ပါယ်မရှိပေ။ အခြားအကြောင်းရင်းများ ရှိပေလိမ့်မည်။

" ဒါပေမယ့် ကျွန်တော်က မစ္စတာလင်းယွမ်အကြောင်း မရှာနိုင်ပေမယ့် သူ့မိဘတွေအကြောင်း ရှာဖွေနိုင်ခဲ့တယ်။ မစ္စတာလင်းရဲ့ မိဘတွေက တုန်နင်မြို့ ဇာတိဖြစ်ပြီးတော့ အခြားနေရာတွေနဲ့လည်း အဆက်အသွယ်မရှိဘူး။ " အတွင်းရေးမှူးက ပြောလိုက်သည်။

" မစ္စတာလင်းက တုန်နင်မြို့ကလား။ " မစ္စတာလျောင်၏ မျက်လုံးများက တောက်ပသွား၏။

" ဘာလို့လဲ ဥက္ကဋ္ဌ ။ " အတွင်းရေးမှူးက ထူးဆန်းမှုကို ခံစားလိုက်ရပြီး မေးလိုက်သည်။

" ဒါဆို တိုက်ရိုက်မေးမြန်းဖို့ပဲ လိုတာပေါ့။ မနက်ဖြန် အစီအစဉ်တွေကို ဖျက်လိုက်တော့။ ငါ မနက်ဖြန် အဲ့ဒီအကြောင်းဆွေးနွေးဖို့ မစ္စတာလင်းရဲ့ အိမ်ကို ကိုယ်တိုင်သွားမယ်။ " မစ္စတာလျောင်က လေးနက်စွာ ပြောလိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters