အလည်ရောက်လာခြင်း....
Vol. 2 Ch. 28
ဖန်ရှင်းဟော်တယ်....
နံနက်ခင်းစောစောတွင် လင်းချောင်ချန်နှင့် သူ၏ ဇနီးတို့က သီးသန့်အခန်း၏ အဝင်တွင် ရပ်နေကြသည်။
တုန်နင်မြို့၏ အဆင့်မြင့်ဆုံး ဟော်တယ်များထဲမှ တစ်ခုဖြစ်သော ဖန်ရှင်းဟော်တယ်က စျေးကြီးသကဲ့သို့ သူတို့၏ ဝန်ဆောင်မှုများနှင့် အစားအသောက်များကိုလည်း ဘယ်သူမှမဝေဖန်နိုင်ကြပေ။
သူတို့၏ သား ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာခြင်းကြောင့် ဂုဏ်ပြုပွဲကို ထိုနေရာတွင် ပြုလုပ်ခြင်းက သူတို့အတွက် တကယ် ဂုဏ်ရှိလေသည်။
" ဦးလေးထန် ရောက်လာပြီ။ ဒီမှာထိုင်ပါ။ "
" အဲ့ဒါ ဦးလေးသမီးလား။ သူမက အတော်လှလာတာပဲ။ "
" မစ္စတာနန် ဒီကိုလာပါ။ မင်းသာ မကူညီရင် ငါ အခု ဘယ်ရောက်နေမလဲတောင် မသိတော့ဘူး။ " လင်းချောင်ချန်က ဝင်ပေါက်တွင် ရပ်ပြီး လူတိုင်းကို ကြိုဆိုနေသည်။
နာရီဝက်ကြာပြီးသောအခါ အားလုံးနီးပါး ရောက်နေကြပြီဖြစ်သည်။ ထို့နောက် မိသားစုတွေ့ဆုံပွဲက တရားဝင် စတင်ပြီး အားလုံးက ထိုင်ကာ စားသောက်လိုက်ကြသည်။
လင်းယွမ်က စားပွဲထိပ်တွင် ထိုင်နေပြီး သူ၏ တူများက လုံးဝ မရပ်တန့်ပေ။
ဖန်ရှင်းဟော်တယ်က တုန်နင်မြို့တွင် ခိုင်မာသော ကျောထောက်နောက်ခံ ရှိရုံသာမက သူတို့၏ ဝန်ဆောင်မှုများကြောင့်လည်း အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။
ဖန်ရှင်း၏ အစားအသောက်များ အများစုက အခြားဂြိုလ်များမှ လာပြီး အသားများကလည်း ဆန်းကျယ်သော သားရဲများ၏ အသားများဖြစ်ကာ အရည်အသွေးကောင်းမွန်ပြီး စားကောင်းလေသည်။
ထိုအသားများတွင် ပါဝင်သော စွမ်းအားများက အဆင့်မြင့်အားဖြည့်ဆေးရည်လောက် မထိရောက်သော်လည်း သာမန်အစားအသောက်များထက်တော့ ကျော်လွန်လေသည်။
စားပွဲဝိုင်းတွင် လင်းယွမ်မှလွဲ၍ အခြားသူများက အစားအသောက်တွင် အာရုံစိုက်ခြင်း သိပ်မရှိကြဘဲ စကားများ ပြောဆိုနေကြသည်။
လင်းချောင်ချန်၏ ဝမ်းကွဲညီကို လင်းကျိယဲ့က အစိုးရမှ မြေကွက်များကို ဝယ်ယူပြီး ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ်များ ရရှိခဲ့လေသည်။
" ငါမင်းကို ပြောပြဦးမယ်။ ငါ ဖန်ရှင်းဟော်တယ်ပိုင်ရှင်နဲ့ တွေ့ဖူးတယ်။ သူမက မိန်းကလေးပဲ။ ပြောကြတာကတော့..." လင်းကျိယဲ့က သူ၏ အဆက်အသွယ်များ ကောင်းမွန်းကြောင်းကို ပြောပြနေခဲ့သည်။
သူ၏ စကားများက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ ဖန်ရှင်းဟော်တယ်ပိုင်ရှင်က ဆန်းကျယ်ပြီး ဘယ်သူမှ မတွေ့ဖူးပေ။
" ချောင်ချန် ရှောင်ယွမ်အတွက် အနာဂတ်မှာ ဘာအစီအစဉ်ရှိလဲ။ "
ဖန်ရှင်းဟော်တယ်ပိုင်ရှင်အကြောင်းပြောပြီးနောက် လင်းကျိယဲ့၏ အာရုံက လင်းယွမ်အပေါ်သို့ ကျရောက်သွားသည်။ သူပြောပြီးနောက် အားလုံး၏ အကြည့်များက လင်းယွမ်အပေါ်သို့ ကျရောက်သွားကြသည်။
အဆုံးတွင် ထိုပွဲ၏ အဓိက ရည်ရွယ်ချက်က လင်းယွမ်သာ ဖြစ်၏။ လင်းယွမ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာခြင်းက ဆွေးမျိုးများ၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။
လင်းယွမ်၏ အနာဂတ်အလားအလာကို တွေ့ကြည့်လျှင် ကြီးမားသော အောင်မြင်မှုများ ရရှိလာမည်ကို လူတိုင်းသိကြလေသည်။
" ကျွန်တော်မှာ အထူးအစီအစဉ်တော့ မရှိသေးပါဘူး။ တဖြည်းဖြည်းချင်းပဲ သွားရမှာပဲ။ " လင်းယွမ်က သူ၏ တူများကို ချပြီး ပြန်ဖြေလိုက်သည်။
၎င်းက အမှန်ပင်ဖြစ်သည်။ လင်းယွမ်က အနာဂတ်အကြောင်း သိပ်မတွေးထားပေ။ သူက တစ်စုံတစ်ခုကို ပြောလျှင် ထိုအရာကို လုပ်နိုင်စွမ်းလည်း ရှိရပေလိမ့်မည်။ မဟုတ်လျှင် ဘာမှမပြောခြင်းနှင့် ကွာခြားသွားမည်မဟုတ်ပေ။
" ဒါဆို ငါ့ကုမ္ပဏီမှာ အလုပ်လာလုပ်ပါလား။ ငါ့ကုမ္ပဏီက သိပ်မကြီးပေမယ့် မင်းကို တစ်လနှစ်သောင်းပေးလို့ရပါတယ်။ " လင်းကျိယဲ့က ယုံကြည်မှုရှိစွာ ကမ်းလှမ်းလိုက်သည်။
တစ်လ နှစ်သောင်း။ စားပွဲဝိုင်းမှ ဆွေမျိုးများက မနာလိုသော အကြည့်များ ပေါ်လာသည်။ သာမန်နိုင်ငံသားတစ်ယောက်က တစ်လလျှင် နှစ်ထောင်သုံးထောင်စာ ရနိုင်သောကြောင့် တစ်လ နှစ်သောင်းက အမှန်တကယ် များပြားလေသည်။
" ဘယ်လိုလဲ။ မင်းနိမ့်ကျတယ်လို့ မခံစားရဘူးမလား။ "
" ငါတို့က လုံခြုံရေးအတွက် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကိုလည်း ငှားရမ်းထားတယ်။ "
" မင်းလာရင် လစာရမယ့်အပြင် သူနဲ့ ဆင့်ကဲပြောင်းလဲခြင်းအကြောင်းတွေလည်း ဆွေးနွေးလို့ရတယ်။ " လင်းကျိယဲ့က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
သာမန်လူများအတွက် ဆင့်ကဲပြောင်းလဲသူများက တွေ့ရခဲလေသည်။ သို့သော် ချမ်းသာသော လူများအတွက် ဆင့်ကဲပြောင်းလဲသူများကို အလုပ်ခန့်၍ ရလေသည်။ ငှားရမ်းခံရသူများကတော့ အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူများသာ ဖြစ်၏။ အဆင့်မြင့်သော ဆင့်ကဲပြောင်းလဲသူများအတွက် လင်းကျိယဲ့ကဲ့သို့ အသေးစားလုပ်ငန်းပိုင်ရှင်များ တတ်နိုင်သော အရာမဟုတ်ပေ။
သို့သော် လင်းကျိယဲ့၏ စကားများက လက်ရှိဆွေးမျိုးများ၏ အမြင်တွင် သူ၏ အဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်လေသည်။
မကြာမီတစ်ယောက်က ဝင်ပြောလိုက်သည်။ " ကျိယဲ့ မင်း ကုမ္ပဏီမှာ လူလိုသေးလား။ ငါကလေးက အလုပ်ရှာနေတုန်းပဲ။ ငါတို့ လစာနှစ်သောင်းမလိုပါဘူး။ ငါးထောင်လောက်ဆို အဆင်ပြေပါတယ်။ "
" ကျိယဲ့ ငါ့သမီးက ချောပြီးတော့ ခန္ဓာကိုယ်လည်း လှတယ်နော်။ သူမက မင်းရဲ့ ကုမ္ပဏီမှာ ဧည့်ကြိုတစ်ယောက်ဆိုရင်တောင် ပြည့်စုံနေလိမ့်မယ်။ "
မကြာမီ လင်းကျိယဲ့က လူတိုင်း၏ အာရုံစိုက်မှုကို ရရှိသွားသည်။
လင်းကျိယဲ့က သူ၏ ဆွေမျိုးများ၏ မြှောက်ပင့်သံများကြားတွင် ဘာလုပ်ရမှန်းမသိဖြစ်သွား၏။ လင်းယွမ်ကတော့ စိတ်ဝင်စားခြင်းမရှိဘဲ သူ၏ တူများကို ကောက်ယူလိုက်ပြီး နောက်တစ်ကြိမ် စားသောက်လိုက်သည်။
လင်းယွမ်က သူ၏ အဆင့်နှစ်နိုင်ငံသား လုပ်ပိုင်ခွင့်ကို အသုံးချပြီး အွန်လိုင်းတွင် လင်းကျိယဲ့အကြောင်း စစ်ဆေးခဲ့သည်။ သူက ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူတစ်ယောက် ငှားရမ်းထားသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် ထိုဆင့်ကဲပြောင်းလဲသူက လွန်ခဲ့သော နှစ်များတွင် သူ၏ ဆန္ဒအလျောက် နှုတ်ထွက်သွားပြီဖြစ်သည်။
အကြောင်းပြချက်မှာ လင်းကျိယဲ့က သူ၏ လစာများကို အကြိမ်ကြိမ် ဖြတ်ယူခြင်းကြောင့် ဆင့်ကဲပြောင်းလဲသူများအဖွဲ့တွင် အငြင်းပွားလုနီးပါး ဖြစ်ခဲ့လေသည်။ လင်းကျိယဲ့က တစ်ချိန်က ချမ်းသာသည်ဟု ပြောနိုင်သော်လည်း ယခု သူ၏ ဘဏ္ဍာရေးအခြေအနေက သိပ်မကောင်းတော့ပေ။ သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ငှားရမ်းရန် ဘယ်လိုလုပ်တတ်နိုင်တော့မှာလဲ။
လင်းချောင်ချန်နှင့် လုချုံးတို့က သူတို့၏ သား အလုပ်ရရေးအတွက် လင်းကျိယဲ့နှင့် မကြာခန စကားစမြည်ပြောဆိုနေကြသည်ကို လင်းယွမ်က တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။
ထိုအချိန်တွင် စားပွဲ၏ တစ်ဖက်ထိပ်မှ လင်းဟောက်က ရုတ်တရက် စကားပြောလိုက်သည်။ " ရှောင်ယွမ်က ငယ်သေးတယ်။ သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်လာတယ်ဆိုရင်တောင် စောစောစီးစီး အလုပ်လုပ်ဖို့ မလိုဘူး။ "
လင်းဟောက်ပြောလိုက်သည်နှင့် အခန်းက တိတ်ဆိတ်သွား၏။ စကားပြောနေသော လင်းကျိယဲ့ပင် ပါးစပ်ပိတ်လိုက်ရသည်။ မိသားစုတွေ့ဆုံပွဲတွင် လင်းဟောက်က အဆင့်အတန်းအမြင့်ဆုံးဖြစ်သည်မှာ သံသယဝင်စရာပင် မလိုပေ။
" အကိုဟောက် ဘာကိုဆိုလိုတာလဲ။ " လင်းချောင်ချန်းက ဖြည်းညင်းစွာ မေးလိုက်သည်။
"ငါတို့ ဗျူရိုမှာ ဆင့်ကဲပြောင်းလဲသူတွေပဲ တက်ရောက်နိုင်တဲ့ အဆင့်မြင့်ပညာရေးဌာနမှာ နေရာလေးနေရာရှိသေးတယ်။ "
ခနစဉ်းစားပြီးနောက် လင်းဟောက်က ဆက်ပြောလိုက်သည်။ " ငါတို့ လုပ်စရာလိုတာက ရှောင်ယွမ်က ဗျူရိုရဲ့ အင်တာဗျူးမှာ ပါဝင်ပြီး ငှားရမ်းခံရတာနဲ့ ငါ နေရာတစ်ခုကို သူ့အတွက် လွှဲပေးလို့ရတယ်။ "
ဆင့်ကဲပြောင်းလဲသူများသာ တက်ရောက်နိုင်သော တက္ကသိုလ်တွင် ပညာသင်ကြားခြင်းက သာမန်ကျောင်းသားများနှင့် မတူစွာ ဆက်ဆံခံရမည့်အပြင် အရင်းအမြစ်များလည်း ရရှိနိုင်လေသည်။ ထို့ကြောင့် ဆင့်ကဲပြောင်းလဲသူများက လင်းဟောက်၏ဗျူရိုရှိ ထိုနေရာကို အလွန်တက်မက်ကြလေသည်။
လင်းဟောက်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်သော်လည်း ဒါရိုက်တာ၏ အတွင်းရေးမှူးဖြစ်သောကြောင့် ဆင့်ကဲပြောင်းလဲသူများကို ကိုင်တွယ်ပေးရလေသည်။ ပုံမှန်အားဖြင့် ထိုအခွင့်အရေးက လင်းဟောက်၏ သားအတွက်ပင် ဖြစ်သည်။
သို့သော် သူ၏ သားက ဆင့်ကဲပြောင်းလဲသူအများအပြား၏ သင်ကြားမှုကို ခံခဲ့ရသော်လည်း ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်မလာခဲ့ပေ။ ယခုအခါ ထိုနေရာက ဗျူရိုရှိ အခြားဆင့်ကဲပြောင်းလဲသူများ၏ လက်ထဲသို့ ကျရောက်သွားပေလိမ့်မည်။
ထိုအချိန်တွင် လင်းဟောက်က သူ၏ ဆွေမျိုးများထဲမှ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာသည်ကို ကြားခဲ့ရသည်။ လင်းဟောက်၏ အတွေးက ရိုးရှင်းလေသည်။ ထိုနေရာအား အခြားသူများကိုပေးခြင်းထက် သူ၏ ဆွေမျိုးဖြစ်သော လင်းယွမ်ကို ပေးခြင်းက ပိုကောင်းလေသည်။ အနည်းဆုံးတော့ သူတို့က မိသားစုများ ဖြစ်ကြလေသည်။
" အာ အဲ့ဒါက အရမ်းတန်ဖိုးကြီးတယ်မဟုတ်လား။ " လင်းချောင်ချန်က စိတ်ရှုပ်ထွေးသွား၏။
သူက ဆင့်ကဲပြောင်းလဲသူတစ်ယောက် မဟုတ်လျှင်တောင် အဆင့်မြင့်ကျောင်းများကို တက်ရောက်ရန် မည်မျှခက်ခဲသည်ကို နားလည်လေသည်။
" ပြဿနာမရှိဘူး။ အချိန်ကျရင် ငါပြောမယ်။ " လင်းဟောက်က ပေါ့ပါးစွာ ပြောလိုက်သည်။
လင်းယွမ်အား ထိုနေရာကို ပေးခြင်းက ဖိတ်ခြင်းဖိတ် ကိုယ်အိတ်ထဲဖိတ်ဟုသော စကားအတိုင်းပင် ဖြစ်၏။
" ကျေးဇူးတင်ပါတယ် အကိုဟောက်။ ကျေးဇူးအများကြီးတင်ပါတယ်။ " လင်းချောင်ချန်က ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
" ရှောင်ယွမ် မင်းရဲ့ ဝမ်ကွဲကို ကျေးဇူးမတင်သေးဘူးလား။ " လင်းချောင်ချန်က လင်းယွမ်ကို ကြည့်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ဝမ်းကွဲ..." လင်းယွမ်က ပြောလိုက်သည်။ အနည်းဆုံး သူ့အတွက် အကျိုးရှိခြင်းမှာ သူ၏ ဝမ်းကွဲကြောင့်ဟု ပြောရပေလိမ့်မည်။
" ဟမ် ဒီလို အကျိုးအမြတ် ရတာတောင် မင်းပြောတာ ကျေးဇူးတင်ပါတယ်ပဲလား။ " လင်းဟောက်၏ ဘေးတွင် ထိုင်နေသော လင်းရန်က မကျေမနပ်ဖြစ်သွားသည်။
ထိုအခွင့်အရေးက လင်းဟောက်၏ သား သူ့အတွက်သာ ဖြစ်လေသည်။ သို့သော် သူက အစီအစဉ်အတိုင်း ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်မလာခဲ့ပေ။ ထို့ကြောင့် သူ၏ အဖေက ထိုအခွင့်အရေးကို သူ၏ ဆွေမျိုးတစ်ယောက်အား ပေးခဲ့လေသည်။
လင်းယွမ်က အဆင့်မြင့်ပညာရေးကျောင်းသို့ တက်ရောက်သည့်အကြောင်းကို တွေ့လိုက်ရုံဖြင့် လင်းရန် မသက်မသာ ခံစားရလေသည်။
" မင်းက ကိုယ်တိုင် အသုံးမကျဘဲနဲ့ သူများတွေကို အပြစ်တင်နေတာပဲ။ " လင်းဟောက်က သူ၏ သားကို မျက်ခုံးများပင့်ပြီး ကြည့်လိုက်သည်။
၎င်းကို ကြားသောအခါ အခြားသူများက အခြေအနေကို စိတ်ဝင်စားသွားကြသည်။ ၎င်းက လင်းဟောက်၏ မိသားစုအတွင်းရေးဖြစ်သော်လည်း လင်းချောင်ချန်၏ မိသားစုနှင့် ပက်သက်နေသောကြောင့် အခြေအနေက ထူးခြားသွားလေသည်။
လင်းချောင်ချန်၏ မျက်နှာက နီသွားပြီး ဘာပြောရမှန်းမသိဖြစ်သွား၏။ သာမန်အခြေအနေအရ လင်းဟောက်နှင့် သူ၏ သားတို့ကြား အဆင်ပြေရန်အတွက် သူတို့က ထိုနေရာကို မလိုအပ်ဟု ပြောသင့်ပေသည်။
သို့သော် ထိုအချိန်တွင် ဖန်ရှင်းမှ ဝန်ထမ်းတစ်ယောက်က အခန်းထဲသို့ ပြေးဝင်လာသည်။ သူက စိုးရိမ်သော အမူအရာနှင့် ချက်ချင်း ပြောလိုက်သည်။ " ခွင့်လွှတ်ပါ မစ္စတာလင်းယွမ် ဒီမှာရှိလား။ "
" သူ ဒီမှာ ရှိတယ်။ "
" ဘာဖြစ်လို့လဲ။ " လင်းချောင်ချန်က မေးလိုက်သည်။
ဝန်ထမ်းက လျင်မြန်စွာ ပြန်ပြောလိုက်သည်။ " လူတစ်ယောက်က မစ္စတာ လင်းယွမ်ဆီ အလည်လာချင်လို့ပါ။ "
လင်းချောင်ချန်က အံ့ဩသွား၏။ တစ်စုံတစ်ယောက်က သူ၏ သားဆီ အလည်လာချင်တာလား။ မိသားစုတွေ့ဆုံပွဲမှာ ဘယ်သူမရောက်သေးတာလဲ။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း