မစ္စတာလျောင်...
Vol. 2 Ch. 29
" ငါ့သားကို ဘယ်သူရှာနေတာလဲ။ " လင်းချောင်ချန်က မတ်တပ်ရပ်ပြီး မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် ဧည့်သည်များကို စဉ်းစားလိုက်သည်။ သူ၏ ဆွေမျိုးများက အားလုံးရောက်နေကြပြီဖြစ်ပြီး တစ်ယောက်မှလျော့မနေပေ။
" အဲ့ဒါ မစ္စတာချူးပါ။ " ဝန်ထမ်းက သက်ပြင်းချပြီး ပြောလိုက်သည်။
ချူးကော်ပိုရေးရှင်းက ဖန်ရှင်းဟော်တယ်နှင့် ပူးပေါင်းဆောင်ရွက်နေသည်မှာ တစ်နှစ်ကြာပြီဖြစ်သည်။ ချူးကော်ပိုရေးရှင်း၏ တည်ထောင်သူကိုယ်တိုင်က လင်းယွမ်ကို တွေ့ရန် ကိုယ်တိုင်ရောက်လာခြင်းက သူမကို ထိတ်လန့်စေခဲ့သည်။
" မစ္စတာချူးလား။ " မိသားစုတွေ့ဆုံပွဲမှ လူအားလုံးက အနည်ငယ် အံ့ဩသွားကြသည်။
အားလုံးက အသံနိမ့်ပြီး ဆွေးနွေးနေကြချိန်တွင် မုတ်ဆိတ်မွေးများနှင့် လူတစ်ယောက်က ၁၆ ၁၇နှစ်အရွယ် လူငယ်တစ်ယောက်နှင့်အတူ ဝင်လာသည်။
မုတ်ဆိတ်မွေးများနှင့် လူက ရိုးရှင်းစွာ ဝတ်ဆင်ထားသော်လည်း သူ၏ ရုပ်ရည်ကို ကြည့်ရုံနှင့် ဩဇာအာဏာရှိသူတစ်ယောက်မှန်း သိသာလေသည်။
" သူက ချူးကော်ပိုရေးရှင်းရဲ့ တည်ထောင်သူလား။ " တစ်ယောက်က အံ့ဩစွာဖြင့် ပြောလိုက်သည်။
ကြယ်တာယာခေတ်တွင် အင်တာနက်က ကျယ်ပျံ့လာပြီး ကျော်ကြားသော နိုင်ငံသားများ၏ ပုံများက လိုင်းပေါ်တွင် ရှိနေကြသည်။
တုန်နင်မြို့၏ ထိပ်တန်းစီးပွားရေးလုပ်ငန်း ငါးဆယ်ထဲမှ တစ်ခုဖြစ်သော ချူးကော်ပိုရေးရှင်းက ကျော်ကြားပြီး ၎င်း၏ တည်ထောင်သူကို သာမန်လူများပင် သိနိုင်လေသည်။
" ချူးကော်ပိုရေးရှင်းရဲ့ တည်ထောင်သူလား။ "
" ချူးကော်ပိုရေးရှင်းမှာ ဆယ်ဘီလီယံတန်တဲ့ ပိုင်ဆိုင်မှုတွေရှိတယ်။ တည်ထောင်သူက တကယ်ကို ချမ်းသာတဲ့ လူတစ်ယောက်ပဲ။ "
" ဒီလိုအဆင့်မြင့်တဲ့လူက လင်းယွမ်ကို တွေ့ဖို့လာတာလား။ "
ရုတ်တရက် လူများက တစ်ယောက်နှင့်တစ်ယောက် စကားများ ပြောဆိုလိုက်ကြသည်။
" ဒါရိုက်တာချူး..." လင်းကျိယဲ့က မုတ်ဆိတ်မွေးများနှင့်လူ၏ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ကျုပ်တို့ လွန်ခဲ့တဲ့ ခြောက်နှစ်က ဆုံဖူးတယ်လေ။ အဲ့ဒီတုန်းက ခင်ဗျားရဲ့ ကော်ပိုရေးရှင်းက ဆင်ခြေဖုံးမှာ အဲ့ဒီမြေကွက်တွေကို ဝယ်ခဲ့တာလေ။ "
" ဟမ်..." မုတ်ဆိတ်မွေးများနှင့်လူက လင်းကျိယဲ့ကို လုံးဝ မမှတ်မိပေ။
" မစ္စတာလင်းလည်း ရောက်နေတာကိုး။ " မုတ်ဆိတ်မွေးများနှင့်လူက ထိုင်နေသော လင်းဟောက်ကို တွေ့ပြီး ခေါင်းငြိမ့်၍ နှုတ်ဆက်လိုက်သည်။
ထို့နောက် သူက လင်းယွမ်ဆီသို့ သွားလိုက်ပြီး နောက်မှ ချူးရှီယုကို ဆွဲခေါ်လိုက်သည်။ " မစ္စတာလင်း ငါ့ရဲ့ ဂျူနီယာကို ဆုံးမပြီးပါပြီ။ မင်းစိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။ "
သူက အလွန်နှိမ့်ချနေပြီး အဆင့်မြင့်သော လူတစ်ယောက်နှင့်ပင် မတူပေ။
" ဘာမှမဖြစ်ပါဘူး။ " လင်းယွမ်က ချူးရှီယုကို ကြည့်၍ ကော်ဖီဆိုင်တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို တွေးပြီး ခေါင်းခါလိုက်သည်။
" ဒီနေရာကို ဘယ်လိုရှာတွေ့တာလဲ။ " လင်းယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
" ဒီနေ့ ရှီယုနဲ့အတူ မစ္စတာလင်း အိမ်ကို ရောက်ခဲ့ပေမယ့် မစ္စတာလင်းတို့က ဒီဖန်ရှင်းဟော်တယ်မှာ မိသားစုတွေ့ဆုံပွဲကျင်းပနေတယ်လို့ ကြားလို့ ဒီကို လိုက်လာခဲ့တာပဲ။ " မုတ်ဆိတ်မွေးများနှင့်လူက အမှန်အတိုင်း ပြောလိုက်သည်။
" အော်..." လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
မိသားစုတွေ့ဆုံပွဲက လျို့ဝှက်ချက်တစ်ခု မဟုတ်သောကြောင့် သူတို့၏ အိမ်နီးချင်းများက ထိုအကြောင်းကို သိကြလေသည်။
" ဒါကတော့ လင်းယွမ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်လာလို့ ဂုဏ်ပြုတာပါ။ " မုတ်ဆိတ်မွေးများနှင့်လူက စာအိတ်တစ်အိတ်ကို ထုတ်ပြီး လေးနက်စွာ ပြောလိုက်သည်။
သူ၏ လေးစားမှုမှာ လင်းယွမ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်သောကြောင့် မဟုတ်ပေ။ ဆင့်ကဲပြောင်းလဲသူများက ရှားပါးသော်လည်း ချူးကော်ပိုရေးရှင်းက ဆင့်ကဲပြောင်းလဲသူတစ်ဖွဲ့ကို ငှားရမ်းထားလေသည်။
မုတ်ဆိတ်မွေးများနှင့်လူ အမှန်တကယ် သတိထားသောအရာမှာ လင်းယွမ်အပေါ် ဉာဏ်ပညာနတ်ဘုရား၏ အလေးထားမှု ဖြစ်လေသည်။ သူ၏ အချက်အလက်များကို ရှာခြင်းကပင် ဉာဏ်ပညာနတ်ဘုရား၏ သတိပေးခြင်းကို ခံခဲ့ရလေသည်။
လင်းယွမ်က သာမန်လူတစ်ယောက်မဟုတ်သည်ကို အရူးကပင် သိနိုင်လေသည်။ သူ့လို ကော်ပိုရေးရှင်းတစ်ခု တည်ထောင်သူတစ်ယောက်၏ အချက်အလက်များကို ရှာဖွေလျှင်တောင် ဉာဏ်ပညာနတ်ဘုရား၏ သတိပေးချက်ကို ဘယ်သူမှရမည်မဟုတ်ပေ။
" နားလည်ပါပြီ။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။ သူက ကော်ဖီဆိုင်မှ အဖြစ်အပျက်ကို စိတ်ထဲတွင် မရှိပေ။
လင်းယွမ်မသိသည်မှာ သူနှင့် မုတ်ဆိတ်မွေးများနှင့်လူတို့၏ စကားများက ဘေးမှ ဆွေးမျိုးများကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။ ထိုလူက ချူးကော်ပိုရေးရှင်း၏ တည်ထောင်သူဖြစ်သောကြောင့် သူတို့က လူမှားသည်ဟုပင် ထင်နေကြသည်။ သူပြောသော မစ္စတာလင်းယွမ်ဆိုသည်မှာ အခြားလူတစ်ယောက်ဖြစ်နိုင်လေသည်။ ချူးကော်ပိုရေးရှင်း၏ တည်ထောင်သူက လင်းယွမ်နှင့် စကားပြောသည့်အချိန်မှ သူတို့က လူမှားခြင်းမဟုတ်သည်ကို နားလည်သွားကြသည်။
" လင်းယွမ် " လင်းကျိယဲ့၏ အမူအရာက ပြောင်းလဲသွား၏။ သူက ယခင် စီနီယာတစ်ယောက်ကဲ့သို့ ပြုမူပြီး လင်းယွမ်ကို သူ၏ ကုမ္ပဏီသို့ ခေါ်နေခဲ့သည်။ ယခု သူပင် မော့မကြည့်နိုင်သော ချူးကော်ပိုရေးရှင်း၏ တည်ထောင်သူက လင်းယွမ်၏ ရှေ့တွင် လေးစားစွာ ပြောဆိုနေသည်။
" ငါတူ..." လင်းဟောက်က ထိုင်ခုံတွင် ထိုင်ပြီး အတွေးနက်နေသည်။ အခြားသူများ၏ မျက်လုံးထဲတွင် မုတ်ဆိတ်မွေးများနှင့်လူက အဆင့်မြင့်သော လူတစ်ယောက်ဖြစ်လေသည်။
သို့သော် လင်းဟောက်အတွက် သူက အောင်မြင်သော စီးပွားရေးသမားတစ်ယောက်သာ ဖြစ်၏။ သူ့ကို အံ့ဩစေသည်မှာ ထိုလူက လင်းယွမ်ကို ရိုရိုသေသေ ဆက်ဆံနေခြင်းပင်ဖြစ်၏။
" ဒေါက် ဒေါက် ဒေါက်..." တံခါးခေါက်သံ ထွက်ပေါ်လာပြန်သည်။
" ဒါ မစ္စတာလင်းယွမ်ရဲ့ အခန်းလားမသိဘူး။ " အသံတစ်သံ ထွက်ပေါ်လာ၏။
နောက်တစ်ယောက်က လင်းယွမ်ကို ရှာနေပြန်ပြီလား။
သူတို့က ရှေ့တွင် ဥပမာတစ်ခု ရထားပြီဖြစ်သောကြောင့် ပေါ့ပေါ့တန်တန် မတွေးကြတော့ဘဲ လင်းချောင်ချန်က ထပြီး တံခါးဖွင့်ပေးလိုက်သည်။
အားလုံး၏ အကြည့်အောက်တွင် ဖြောင့်မတ်သော ကိုယ်ဟန်ရှိသည့် လူတစ်ယောက်က လူငယ်တစ်ယောက်နှင့်အတူ ဝင်လာသည်။
" သူက ဘယ်သူလဲ။ " မိသားစုတွေ့ဆုံပွဲမှ လူများက အွန်လိုင်းပေါ်တွင် ရှာဖွေခဲ့ကြသော်လည်း သက်ဆိုင်ရာအချက်အလက်များကို ရှာမတွေ့ခဲ့ကြပေ။
" ဒါက နောက်ထပ် အဆင့်မြင့်တဲ့လူ မဟုတ်လောက်ဘူးမလား။ " အားလုံးက သက်ပြင်းချလိုက်ကြသည်။
ထိုအချိန်တွင် မုတ်ဆိတ်မွေးများနှင့်လူ နှုတ်ဆက်တုန်းကပင် ထိုင်နေသော လင်းဟောက်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။
" ဗိုလ်မှူးကြီးဟို..." လင်းယောက်၏ အသံက မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည်။
စစ်တပ်အချက်အလက်များက အလွန်လျို့ဝှက်ပြီး သာမန်လူများ သိနိုင်ရန် အလွန်ခက်ခဲလေသည်။သို့သော် လင်းဟောက်က ဒါရိုက်တာတစ်ဦး၏ အတွင်းရေးမှူးဖြစ်သောကြောင့် သူ၏ လုပ်ပိုင်ခွင့်က ပို၍ ကျယ်ပြန့်ပြီး အချက်အလက်များ ပိုရနိုင်လေသည်။
" အတွင်းရေးမှူးလင်း..." ဟိုရန်မင်က လင်းဟောက်ကို ကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူက ဘေးသို့ သွားလိုက်ပြီး နောက်မှ လူတစ်ယောက်ကို အထဲဝင်စေလိုက်သည်။
" မစ္စတာလျောင်..." ဟိုရန်မင်ကို မြင်ချိန်တွင် စစ်တပ်က ပြင်ပကိစ္စများတွင် ပါဝင်ပက်သက်ခြင်းမရှိသောကြောင့် လင်းဟောက်က အံ့ဩသွားခဲ့သည်။
ထို့နောက် ဟိုရန်မင်၏ နောက်မှလူကို မြင်လိုက်ရချိန်တွင် လင်းဟောက်၏ ဦးရေပြားများပင် ထုံကျဉ်သွား၏။
တုန်နင်မြို့ ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌ မစ္စတာလျောင်။ အဆင့်အတန်းနှင့် ရာထူးအရ သူ့ကို တုန်နင်မြို့၏ ထိပ်ဆုံးငါးယောက်ထဲတွင် ပါဝင်လေသည်။ ထိုကဲ့သို့ ဩဇာကြီးသော လူတစ်ယောက်နှင့် တွေ့ဆုံချိန်တွင် လင်းဟောက်၏ ဒါရိုက်တာပင် သတိထားရလေသည်။
" ဖြစ်နိုင်တာက မစ္စတာလျောင်က ရှောင်ယွမ်ကို တွေ့ဖို့လာတာလား။ " အတွေးတစ်ခုက လင်းဟောက်၏ စိတ်ထဲတွင် ပေါ်လာသည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း