ကန်လန်ကြယ်၏ ပြိုင်ပွဲ....
Vol. 2 Ch. 30
လင်းဟောက်၏ ခန့်မှန်းချက်က မမှားပေ။ မစ္စတာလျောင်က လင်းယွမ်ကို လာရှာခြင်းဖြစ်၏။ ရည်ရွက်ချက်က ဂုဏ်ပြုသည်ထက် ပိုလေသည်။
မစ္စတာလျောင်က လင်းယွမ်နှင့် ဆွေးနွေးစရာရှိသည်ဟု ပြောသောအခါ လင်းဟောက်က အခြားသူများကို အပြင်သို့ ခေါ်သွားပြီး အခန်းထဲတွင် သူတို့နှစ်ယောက်ကိုသာ ချန်ထားခဲ့သည်။
ဗျူရိုခေါင်းဆောင်၏ အတွင်းရေးမှူးဖြစ်သကဲ့သို့ သူကို ဗိုလ်မှူးကြီးဟိုရန်မင်ပင် အနည်းငယ်မျှ ဖိနှိပ်နိုင်ခြင်းမရှိပေ။
အခန်းထဲတွင် မစ္စတာလျောင်နှင့် လင်းယွမ်တို့က မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
" မစ္စတာလင်း ငါမင်းနဲ့ ဆွေးနွေးစရာရှိလို့ လာခဲ့တာပဲ။ " မစ္စတာလျောင်က ကွေ့ဝိုက်မနေဘဲ တိုက်ရိုက်ပြောလိုက်သည်။
" ကျေးဇူးပြုပြီး ပြောပါ မစ္စတာလျောင်။ " လင်းယွမ်က ပြန်ပြောလိုက်သည်။
ချူးမိသားစုနှင့် ဟိုမိသားစုမှ လူများ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သော်လည်း မစ္စတာလျောင်က လင်းယွမ်ကို အနည်းငယ် ခေါင်းရှုပ်သွားစေသည်။
ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌတစ်ယောက်ဖြစ်သည့်အပြင် သူ၏ နိုင်ငံသားအဆင့်ကလည်း အဆင့်နှစ်ဖြစ်ပြီး ဆင့်ကဲပြောင်းလဲခြင်းအဆင့်က လင်းယွမ်လောက် မမြင့်သော်လည်း သိပ်မဝေးတော့ပေ။ ထိုကဲ့သို့သော် လူတစ်ယောက်က လင်းယွမ်နှက့် ဘာဆွေးနွေးစရာရှိလို့လဲ။
" နောက်တစ်နှစ်ဆို ကန်လန်ကြယ်ရဲ့ ပြိုင်ပွဲ စတော့မယ်။ မစ္စတာလင်းကို တုန်နင်မြို့ရဲ့ ကိုယ်စား ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ " မစ္စတာလျောင်က လေးနက်စွာ ပြောလိုက်သည်။
" ပြိုင်ပွဲ..." လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီးနောက် လျင်မြန်စွာ နားလည်သွားသည်။
ပြိုင်ပွဲက ကန်လန်ကြယ်၏ လူသားမျိုးနွယ်တစ်ခုလုံးတွင် ကျော်ကြားလေသည်။ ပြိုင်ပွဲတွင် ဆင့်ကဲပြောင်းလဲသူများက တိုက်ခိုက်မည်ဖြစ်ပြီး ပြိုင်ပွဲကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပေးလေသည်။ ထိုပြိုင်ပွဲက ရင်ခုန်စရာကောင်းပြီး နိုင်ငံသားတိုင်း သဘောကျကြလေသည်။
" ဘာလို့ကျုပ်ကို ရွေးတာလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ဘာလို့လဲဆိုတော့ မစ္စတာလင်းက တုန်နင်မြို့သားဖြစ်တဲ့အပြင် အသက်တစ်ရာအောက်ဆိုတော့ ပြိုင်ပွဲချက် သတ်မှတ်ချက်တွေနဲ့ကိုက်ညီတယ်။ အရေးကြီးဆုံးက မစ္စတာလင်းရဲ့ ခွန်အားက ဒုတိယအလွှာနဲ့ အရမ်းနီးကပ်နေပြီ။ "
" မင်းက တုန်နင်မြို့မှာ အသန်မာဆုံးထဲမှာပါတယ်။ ငါက မစ္စတာလင်းကို မရွေးရင် မင်းထက်အားနည်းတဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ရွေးရမှာလား။ " မစ္စတာလျောင်က အမှန်အတိုင်း ဖြေလိုက်သည်။
ကန်လန်ကြယ်ပြိုင်ပွဲက မြို့အသီးသီးရှိ အသန်မာဆုံး ဆင့်ကဲပြောင်းလဲသူများကို ရွေးချယ်ခြင်းဖြစ်လေသည်။
" မစ္စတာလင်းကို မဖုံးကွယ်ပါဘူး။ ပြီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ ငါတို့ တုန်နင်မြို့ရဲ့ အဆင့်က သိပ်မကောင်းဘူး။ ဒီပြိုင်ပွဲမှာသာ အရင်နှစ်လိုဖြစ်ရင် ငါက ဆင့်ကဲပြောင်းလဲသူများအဖွဲ့ရဲ့ ဥက္ကဋ္ဌနေရာက နှုတ်ထွက်ရလိမ့်မယ်။ " မစ္စတာလျောင်က ခါးသီးစွာ ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲသူများအဖွဲ့က ဒေသအတွင်း ဆင့်ကဲပြောင်းလဲသူများကို လေ့ကျင့်ခြင်းနှင့် စီမံခန့်ခွဲရာတွင် တာဝန်ရှိလေသည်။
တုန်နင်မြို့၏ ဆင့်ကဲပြောင်းလဲသူများက အားနည်းပြီး ပြိုင်ပွဲတွင် ကောင်းစွာ မစွမ်းဆောင်နိုင်ပါက အဖွဲ့၏ ဥက္ကဋ္ဌအနေဖြင့် တာဝန်ယူရပေလိမ့်မည်ဖြစ်သည်။ ၎င်းမှာ ဆင့်ကဲပြောင်းလဲသူများ၏ စွမ်းရည်ကို လှုံ့ဆော်ပေးပြီး ပိုမိုသန်မာသော သူများ ထွက်ပေါ်လာစေရန် စကြာဝဠာလူသားမဟာမိတ်မှ အသုံးပြုသည့်နည်းလမ်းများထဲမှ တစ်ခု ဖြစ်သည်။ ပြိုင်ပွဲတွင် အဆင့်ဝင်သူများကလည်း ဆုလာဒ်များ ရရှိမည်ဖြစ်သည်။
" အဲ့လိုကိုး။ " လင်းယွမ်က ချက်ချင်း.သဘောပေါက်သွား၏။
" မစ္စတာလင်း စိတ်ချပါ။ မင်း ထိပ်ဆုံးငါးထောင်စာရင်းထဲဝင်နိုင်ရင် ငါတို့ ဆင့်ကဲပြောင်းလဲသူများအဖွဲ့က မင်းကို သန်ငါးဆယ် ဆုချပါမယ်။ " မစ္စတာလျောင်က လင်းယွမ် သဘောမတူမည်ကို စိုးရိမ်သောကြောင့် ချက်ချင်း ကတိပေးလိုက်သည်။
ယခင်ပြိုင်ပွဲများအရ လူဦးရေ တစ်သောင်း အကြမ်းဖျင်း ပါဝင်ကြပေလိမ့်မည်။ ဆင့်ကဲပြောင်းလဲသူတစ်သောင်းတွင် ထိပ်ဆုံးငါးထောင်အတွင်း အဆင့်တစ်ခုက ပျမ်းမျှဟု ပြောလို့ရပေသည်။
အဓိကမှာ ယခင်ပြိုင်ပွဲများတွင် သူတို့က အမြဲတမ်းအောက်ဆုံးတွင် ရှိနေခဲ့သည်။ မစ္စတာလျောင်က ရှုံးနိမ့်မှာ ကြောက်လာခဲ့သည်။ ထိုပြိုင်ပွဲအတွက် ဆုကြေးက ထိပ်ဆုံးသုံးထောင်အတွင်းသာ ရှိသော်လည်း ထိပ်ဆုံးငါးထောင်အဆင့်ဝင်လျှင် ပြစ်ဒဏ်မှကင်းလွတ်ပေလိမ့်မည်။
" သန်းငါးဆယ်။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွား၏။ အဆင့်မြင့်အားဖြည့်ဆေးရည်က သူ့အတွက် အဓိကလိုအပ်ချက်တစ်ခုဖြစ်သောကြောင့် သူ့အတွက် ငွေလိုမည်မှာ သေချာလေသည်။
ပထမအကြိမ် ဆင်းသက်ခြင်းတွင် သူက သူ၏ ခွန်အားအားလုံးကို ပြန်လည်ရရှိရန် အဆင့်မြင့်အားဖြည့်ဆေးရည် ၂၁ပုလင်းကို အသုံးပြုခဲ့ရသည်။ နောက်တစ်ကြိမ် ဆင်းသက်ခြင်းတွင် သူမည်မျှလိုအပ်မည်ကို ဘယ်သူမှမသိနိုင်ပေ။
သူ၏ ခွန်အားက ပို၍ သန်မာလာသည်နှင့်အမျှ အဆင့်မြင့်အားဖြည့်ဆေးရည်တစ်ခုတည်းနှင့် မလုံလောက်နိုင်တော့ဘဲ အခြားအရင်းအမြစ်များလည်း လိုအပ်လာပေလိမ့်မည်။ ၎င်းတို့အတွက် ငွေလိုအပ်လေသည်။
သူသာ သန်းငါးဆယ်ကို ရရှိခဲ့လျှင် လာမည့်နှစ်များတွင် ငွေကြေးဖိအားက သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
" ကောင်းပြီ။ ကျုပ်စဉ်းစားထားပါမယ်။ " လင်းယွမ်က ခနစဉ်းစားပြီး ပြန်ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ " မစ္စတာလျောင်က ပြောလိုက်၏။
ပြိုင်ပွဲက တစ်နှစ်လိုသေးသောကြောင့် မစ္စတာလျောင်က လင်းယွမ်၏ အဖြေကို အလျင်မလိုခဲ့ပေ။
အခန်း၏ အပြင်ဘက်တွင် လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။
" ချောင်ချန် မင်းသားရဲ့ အနာဂတ်အောင်မြင်မှုတွေက အကန့်အသတ်မရှိတော့ဘူး။ " လင်းဟောက်က တုန်လှုပ်နေပြီး လင်းချောင်ချန်ကို ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ အခြားသူများက စိတ်ရှုပ်ထွေးသော အမူအရာများ ပေါ်လာကြသည်။ မူလတွင် သူတို့ထဲမှ အများစုက လင်းယွမ်အပေါ် မနာလိုသော ခံစားချက်များ ရှိခဲ့ကြသော်လည်း ထိုခံစားချက်များက ပျောက်ကွယ်သွားပြီဖြစ်သည်။ ယခုအခါ သူတို့၏ စိတ်ထဲတွင် မနာလိုမှုနှင့် ခါးသီးမှုများက ဒွန်တွဲနေကြသည်။
ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌကိုယ်တိုင် လင်းယွမ်ကို လာတွေ့သည်ကို ကြည့်ခြင်းဖြင့် အခြေအနေကို သိနိုင်လေသည်။
" မင်း အသုံးမကျတဲ့ကောင် ဒီမှာ ရပ်နေဖို့တောင် မျက်နှာရှိသေးလား။ " လင်းဟောက်က သူ၏ သားကို ကြည့်ပြီး စိတ်ပျက်နေ၏။
အကယ်၍ သူ၏ သားအတွက်သာ မဟုတ်ခဲ့လျှင် လင်းရန်၏ စကားများက ခွဲတမ်းကို လင်းယွမ်အားလွှဲပြောင်းပေးသည့်အတွက် သူ့ကို ကျေးဇူးတင်ကြမည်မှာ သေချာလေသည်။ ယခုမူ လင်းရန်၏ စကားများကြောင့် ထိုကျေးဇူးများက လျော့ကျသွားပေလိမ့်မည်။
" အဖေ..." လင်းရန်က ရှက်ပြီး ခေါင်းငုံ့နေသည်။ လင်းယွမ်က စစ်ဘက်မှအရာရှိ၊ စီးပွားရေးသမားနှင့် ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌကိုယ်တိုင် လာရောက်တွေ့ဆုံရသည်အထိ အရှိန်အဝါကြီးမားလိမ့်မည်ဟု သူမထင်ခဲ့ပေ။
ထိုအချိန်တွင် အထူးသဖြင့် ဆင့်ကဲပြောင်းလဲသူများအဖွဲ့၏ ဥက္ကဋ္ဌက လင်းယွမ်နှင့် တွေ့ဆုံရန် ရောက်ရှိလာသောအခါ သူက အလွန်တုန်လှုပ်သွားခဲ့သည်။
နာရီဝက်ကြာပြီးသောအခါ လင်းယွမ်နှင့် မစ္စတာလျောင်တို့က အခန်းထဲမှ ထွက်လာခဲ့သည်။ မစ္စတာလျောင်က ထွက်သွားပြီးသောအခါ ချူးမိသားစုနှင့် ဟိုမိသားစုတို့ကလည်း သူတို့ကို ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။ အဆုံးတွင် ၎င်းက အခြားမိသားစုတစ်ခု၏ တွေ့ဆုံပွဲဖြစ်သောကြောင့် ပြင်ပလူတစ်ယောက်အနေဖြင့် သူတို့က ထိုနေရာတွင် ဆက်နေရန် အကြောင်းရင်းမရှိပေ။ သူတို့ထွက်သွားပြီးနောက် လင်းမိသားစုက ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
သို့သော် ယခုအချိန်တွင် ပွဲကို ဘယ်သူမှ စိတ်မဝင်စားတော့ပေ။ သူတို့၏ စိတ်များက ရှုပ်ထွေးနေကြပြီး လင်းယွမ်ကို တုန်လှုပ်အံ့ဩခြင်းများ နားမလည်နိုင်ခြင်းများဖြင့် ကြည့်နေကြသည်။
တစ်နာရီကြာပြီးနောက် လင်းမိသားစု၏ တွေ့ဆုံပွဲက ပြီးမြောက်သွားခဲ့သည်။ ဆွေမျိုးများက လင်းယွမ်နှင့် ရင်းနှီးလိုကြသော်လည်း သူတို့က တုန့်ဆိုင်းနေကြပြီး ထိုကဲ့သို့ လုပ်ရန် သတ္တိမရှိကြတော့ပေ။
" ရှောင်ယွမ် ဘာတွေဖြစ်နေတာလဲ။ " အိမ်ပြန်ရောက်ပြီးနောက် လုချုံးက မနေနိုင်တော့ဘဲ မေးလိုက်သည်။
မိသားစုတွေ့ဆုံပွဲတွင် လင်းယွမ်က အားလုံး၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုချုံးက ထိတ်လန့်ခဲ့ရလေသည်။
" အမေ မစိုးရိမ်ပါနဲ့။ သား ဆင့်ကဲပြောင်းလဲသူစာရင်းသွင်းတုန်းက ပထမအလွှာ အဆင့် ၁၂ထိ ရောက်ခဲ့တယ်။ " လင်းယွမ်က သာမန်အတိုင်း ပြောလိုက်သည်။
" ပထမအလွှာ အဆင့် ၁၂။ " လုချုံးက မယုံကြည်နိုင်ဖြစ်သွား၏။
ပထမအလွှာ အဆင့် ၁၂မပြောနှင့် သူမက အဆင့်မသတ်မှတ်ထားသော ဆင့်ကဲပြောင်းလဲသူ အနည်းငယ်ကိုသာ တွေ့ခဲ့ရလေသည်။
" ငါ့သားက အဆင့် ၁၂ ဆင့်ကဲပြောင်းလဲသူလား။ " လုချုံးက အံ့အားသင့်သွားသည်။
အချိန်များက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ကြာသွားခဲ့သည်။
ရွှေယွဲ့အိမ်ခြံမြေ နံပါတ် ၃၂ အိမ်၏ မြေအောက်လေ့ကျင့်ရေးအခန်းတွင် လင်းယွမ်က ထိုင်နေသည်။
ရုတ်တရက် သူက တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ လင်းယွမ်က ချက်ချင်း သူ၏ အသိကို စိတ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပို့လိုက်သည်။
ထိုနေရာတွင် ခမ်းနားထည်ဝါလှသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးတစ်ခုလုံးက အလင်းရောင်များနှင့် တောင်ပနေခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း