← Chapters

ကျန်းမိသားစု...

Vol. 2 Ch. 31

ကျန်းမိသားစု...

Vol. 2 Ch. 31

" အခုသွားလို့ရပြီလား။ " လင်းယွမ်က စိတ်ထဲမှ ပျော်ရွှင်သွား၏။

အနန္တကမ္ဘာများ၏ ဂိတ်တံခါး၏ ခရီးသွားခြင်းစွမ်းရည်က အကန့်အသတ်မရှိပေ။ ၎က စွမ်းအားကို စုဆောင်းရန် အချိန်တစ်ခုသာ လိုအပ်လေသည်။

လင်းယွမ်က ပထမဆုံး ခရီးသွားပြီးသောအခါ ဂိတ်တံခါးမှ အချက်အလက်များကို ရရှိခဲ့သည်။ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အစွန်အဖျား၊ အတွင်းပိုင်းနှင့် ဗဟိုဧရိယာဟူ၍ ခွဲခြားထားသည်။

အစွန်အဖျားပိုင်း လင်းလတ်သွားလျှင် ခရီးသွားသောနည်းလမ်းက အသိစိတ်ဆင်းသက်ခြင်းသာ ဖြစ်သည်။ အတွင်းပိုင်းဧရိယာလင်းလက်လာလျှင် ပြင်ပခန္ဓာကိုယ်ဖြင့် ခရီးသွားနိုင်လေသည်။ ဗဟိုဧရိယာလင်းလက်လာလျှင် ၎င်းက ဂိတ်တံခါး၏ အသွင်ပြောင်းလဲခြင်းတစ်မျိုးမျိုးနှင့် ဆက်စပ်နေသည်။

လင်းယွမ်ရရှိခဲ့သော အချက်အလက်များက ၎င်းတို့၏ အကျဉ်းချုပ်သာ ဖြစ်သည်။ ထိုနေရာသုံးခု လင်းလက်လာရန် အချိန်လိုအပ်လေသည်။

အစွန်အဖျားနေရာလင်းလက်လာရန် အချိန် ရှစ်လမှ တစ်နှစ်အထိ ကြာနိုင်လေသည်။ အတွင်းပိုင်းဧရိယာလင်းလက်လာရန် အချိန် နှစ်အနည်းငယ်မှ ဆယ်စုနှစ်အထိ ကြာနိုင်လေသည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ ဗဟိုဧရိယာလင်းလက်လာရန် အချိန်က ဆယ်စုနှစ်အချို့မှ ရာစုနှစ်အထိပင် ကြာနိုင်လေသည်။

" အသိစိတ်နဲ့ပဲ သွားတာပေါ့။ " လင်းယွမ်က ခန္ဓာကိုယ်နှင့် သွားခြင်းကို စိတ်မဝင်စားပေ။

အကြောင်းရင်းတစ်ခုမှာ ခန္ဓာကိုယ်နှင့်သွားခြင်းက စွမ်းအားလုံလောက်ရန် အချိန်များစွာ လိုအပ်သောကြောင့် ဖြစ်သည်။ နောက်တစ်ခုမှာ ခန္ဓာကိုယ်နှင့်သွားခြင်းက သေဆုံးလျှင် အမှန်တကယ်သေဆုံးရမည်ဖြစ်သည်။

" ငါ မသွားခင် ပြင်ဆင်မှုအချို့လုပ်ဖို့တော့ လိုသေးတယ်။ " လင်းယွမ်က စဉ်းစားလိုက်ပြိ်း အစီအစဉ်များ ပြုလုပ်ရန် စတင်လိုက်သည်။

အဓိကမှာ သူ ခနပျောက်သွားမည့်အကြောင်း သူ၏ မိဘများကို အသိပေးရန် ဖြစ်သည်။ လင်းယွမ်က သူသွားရမည့် ကမ္ဘာ၏ အဆင့်ကို မသိသေးပေ။

အချိန်စီးဆင်းမှုက အများကြီး မကွာခြားလျှင် သူက အခြားကမ္ဘာတွင် ဆယ်စုနှစ်နေခဲ့လျှင် မူလကမ္ဘာတွင်လည်း နှစ်အနည်းငယ် ကြာသွားပေလိမ့်မည်။

အားလုံးပြင်ဆင်ပြီးသောအခါ လင်းယွမ်က မြေအောက်လေ့ကျင့်ရေးကွင်းမှ ထွက်ပြီး အခန်းဆီသို့ ရောက်လာသည်။

" ဒီတစ်ခါသွားပြီးရင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဒုတိယအလွှာကို ကောက်ချက်ချနိုင်လိမ့်မယ်။ "

" ဒါဆို ဉဏ်ပညာနတ်ဘုရားကို တင်ပြလိုက်ရင် ငါရနိုင်တဲ့ ကောင်းမှုအမှတ်တွေက နိုင်ငံသားအဆင့်သုံးကို မြှင့်တင်နိုင်လိမ့်မယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးတောလိုက်သည်။

လွန်ခဲ့သော နှစ်ဝက်က လင်းယွမ်က သိုင်းနိယာမ၏ ဒဏ္ဍာရီအဆင့်နဲ့ အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်တို့ကို တင်ပြခဲ့သည်။ ထို့နောက် သူက ကောင်းမှုအမှတ် သုံးထောင်ရရှိခဲ့သည်။

တစ်ချိန်တည်းတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့် ၉၃မွ ၇၈အထိ တက်လာခဲ့သည်။

ကန်လန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်၏ လမ်းစဉ်တစ်ရာက သူမ၏ တွက်ချက်မှုစွမ်းအားအပေါ် အခြေခံပြီး အလားအလာ၊ ကျော်ကြားမှု၊ ခက်ခဲမှုနှင့် အခြားအချက်များကို ထည့်သွင်းပြီး အဆင့်သတ်မှတ်ခြင်း ဖြစ်လေသည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် ဆရာသခင်နှင့် မဟာဆရာသခင်အဆင့်များအပြင် ဒဏ္ဍာရီအဆင့်နှင့် အနှောင်အဖွဲ့ကင်းလွတ်ခြင်းအဆင့်တို့ကိုပါ ထည့်ပေါင်းလိုက်သောကြောင့် ၎၏ အလားအလာက ပို၍ တိုးမြင့်လာပြီး အဆင့်ကလည်း သဘာဝအတိုင်း မြင့်တက်လာခဲ့သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ဒုတိယအလွှာသို့ တက်ရောက်သွားလျှင် ၎၏ အဆင့်ကလည်း တက်လာမည်မှာ သေချာလေသည်။

ပထမအလွှာမှ ဒုတိယအလွှာသို့ ဖြတ်ကျော်ခြင်းက လူသားမျိုးနွယ်၏ အသိအမှတ်ပြုထားသော အဆင့်တစ်ခုဖြစ်သည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အဆင့်မြှင့်တင်ခြင်းက လင်းယွမ်အား စုစုပေါင်း ကောင်းမှုအမှတ် ငါးထောင်ရရှိစေခဲ့သည်။

အဆင့်နှစ်နိုင်ငံသားအဖြစ်သို့ တိုးမြှင့်ခြင်းက ကောင်းမှုအမှတ် တစ်ထောင်ကုန်သောကြောင့် လင်းယွမ်တွင် အမှတ် လေးထောင်ကျန်နေသေးသည်။

" စတာပေါ့။ " လင်းယွမ်က အခန်းထဲသို့ ဝင်သွားလိုက်သည်။

သူက နှစ်မီတာရှည်သော အားဖြည့်ဆေးအိုးဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ ပထမအကြိမ်ခရီးသွားခြင်းတွင် လင်းယွမ်က စစ်မှုထမ်းခြင်း၏ ဖိအားကြောင့် ရွေးချယ်စရာမရှိဘဲ ချက်ချင်း လုပ်ဆောင်ခဲ့ရလေသည်။ ကံကောင်းစွာဖြင့် သူက သိုင်းကမ်ဘာတွင် နှစ်နှစ်ဆယ် ကုန်ခဲ့သော်လည်း မူလကမ္ဘာတွင် ဆယ်မိနစ်သာ ကုန်ခဲ့လေသည်။

ယခု လင်းယွမ်တွင် ပြင်ဆင်ချိန်ရှိပြီဖြစ်သည်။ ထိုအားဖြည့်ဆေးအိုးက စစ်တပ်အဆင့်ပစ္စည်းတစ်ခုဖြစ်ပြီး လင်းယွမ်က မစ္စတာလျောင်၏ အကူအညီဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အသက်သွင်းလိုက်သည်နှင့် နှစ်နှစ်ရာလောက် ခံနိုင်လေသည်။

လင်းယွမ် ထိုထဲတွင် ရှိနေလျှင် အားဖြည့်ဆေးအိုးမှ စွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို နှစ်နှစ်ရာလုံး အားဖြည့်ပေးနေပေလိမ့်မည်။ ၎င်းက လင်းယွမ်ကို စိတ်အေးရစေလေသည်။ အကယ်၍ သူက အချိန်ကြာသည်အထိ ပြန်မလာနိုင်လျှင်တောင် သူ၏ ခန္ဓာကိုယ်က မူလအတိုင်းရှိနေပေလိမ့်မည်။ အားဖြည့်ဆေးအိုး၏ အဖုံးကို ဖွင့်ပြီး လင်းယွမ်က အထဲသို့ ဝင်လိုက်သည်။

" သွားမယ်။ " လင်းယွမ်၏ အသိက စိတ်၏ အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားပြီး အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ပေါင်းစပ်သွားသည်။

ချက်ချင်း မမြင်နိုင်သော စုပ်အားတစ်ခု ထွက်ပေါ်လာပြီး လင်းယွမ်၏ စိတ်အသိက စုပ်ယူခြင်းခံလိုက်ရသည်။

ကျန်းမိသားစုခံတပ်။

မီးရောင်များဖြင့် အလှဆင်ထားပြီး ပျော်စရာကောင်းသော အချိန်အခါတစ်ခု ဖြစ်လေသည်။

သခင်ကျန်း၏ ဇနီးက ယောကျာ်းလေးတစ်ယောက်မွေးဖွားခဲ့ခြင်း ဖြစ်လေသည်။ ယင်းမတိုင်မီ သခင်မကျန်းက သမီးရှစ်ယောက်ကို ဆက်တိုက်မွေးဖွားခဲ့ပြီး လူများ၏ အတင်းအဖျင်းပြောဆိုခြင်းကို ခံခဲ့ရသည်။

" မိန်းမ ပင်ပန်းသွားပြီ။ " အခန်းထဲတွင် ကျန်းခွန်က ပျော်ရွှင်စွာဖြင့် သူ၏ လက်ထဲမှ ကလေးကို ချလိုက်ပြီး အိပ်ယာပေါ်မှ ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။

" မပင်ပန်းပါဘူး။ ဒါက ကျွန်မတို့ ကလေးပဲ။ " သခင်မကျန်း၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး ကေလးကို လက်နှစ်ဖက်ဖြင့် ပွေ့ချီကာ နူးညံ့စွာဖြင့် ကြည့်နေသည်။

ထို့နောက် သခင်မကျန်းက လေးနက်စွာ ပြောလိုက်သည်။ " ယောကျာ်း နတ်ဆိုးတစ်သောင်းဂိုဏ်းက လှုပ်ရှားလာပြီ။ လုံဟုတောင်တန်းက တာအိုသခင်ကို အကြောင်းကြားပြီးသွားပြီလား။ "

" စိတ်ချပါ မိန်းမရဲ့။ " ကျန်းခွန်က သူ၏ ရင်ဘတ်ကို ပုတ်ပြီး ပြောလိုက်သည်။

" ငါ ချန်ရှင်းဆီကို သံတမန်လွှတ်ပြီးပါပြီ။ သူမကြာခင် ဒီကို ရောက်လိမ့်မယ်။ "

ကျန်းခွန်က ခနရပ်ပြီး ဆက်ပြောလိုက်သည်။ " ဒါနဲ့ နတ်ဆိုးတစ်သောင်းဂိုဏ်းက ဘာကြောက်စရာရှိလို့လဲ။ ငါက သိုင်းလောကမှာ ပထမတန်းစား သိုင်းပညာရှင်မဟုတ်ဘူးလား။ ဒီနတ်ဆိုးလေးတွေကို ငါက ဘာလို့ကြောက်ရမှာလဲ။ "

" ဒီလိုမွေးလာတာကလည်း မဆိုးဘူးထင်တယ်။ "

ကျန်းခွန်းနှင့် သူ၏ ဇနီးတို့မသိသည်မှာ သူတို့စကားပြောနေစဉ် ကလေးငယ်လေး၏ မျက်လုံးများက အသက်အရွယ်နှင့်မလိုက်အောင် လေးနက်နေခဲ့ခြင်းဖြစ်သည်။

ထိုကလေးငယ်လေးက လင်းယွမ်ပင် ဖြစ်၏။ သူတို့၏ စကားများအရ ဤဘဝတွင် သူ၏ ဖခင်က အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်သည်ဟု ကောက်ချက်ချခဲ့သည်။ သူမွေးဖွားစဉ်အချိန်က လက်သည်ငါးယောက်အပြင် အိမ်အကူ တစ်ဒါဇင်ကျော် ရှိနေခဲ့သည်။ ထိုပမာဏက သာမန်လူများ တတ်နိုင်သော အရာမဟုတ်ပေ။ ထို့နောက် သူက အိပ်ပျော်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် လင်းယွမ်က ဆူညံ့သံများကြောင့် နိုးလာခဲ့သည်။ တံခါးကို တင်းကျပ်စွာ ပိတ်ထားသော်လည်း အပြင်မှ တိုက်ပွဲသံများ ကြားနေရသည်။ သူ၏ မိခင် မျက်နှာတွင်လည်း စိုးရိမ်သော အမူအရာများ ပြည့်နှက်နေသည်။

" ဘာတွေဖြစ်နေတာလဲ။ " လင်းယွမ်က မျက်လုံးပြူးသွား၏။

မကြာသေးမီက အားလုံးအဆင်ပြေနေသည်မဟုတ်ပါလား။ ယခုအခြေအနေမျိုး ဘယ်လိုလုပ်ရောက်သွားတာလဲ။

လင်းယွမ်နိုးလာသည်ကို မြင်သောအခါ သူ၏ မိခင်က ချက်ချင်းရောက်လာပြီး မျက်ရည်များနှင့် ပြောလိုက်သည်။ " ကလေး နတ်ဆိုးတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းထိန်းရှစ်ယောက်က လာတိုက်နေပြီ။ သားရဲ့အဖေနဲ့ အခြားသူတွေက ခုခံဖို့ သွားကြတယ်။ "

" အမေတို့က နတ်ဆိုးတွေကို ချေမှုန်းနိုင်လိမ့်မယ်။ " သူ၏ မိခင်က လင်းယွမ်ကို ပွေ့ပြီး လင်းယွမ်ကိုသာမက သူမကိုသူမပါ နှစ်သိမ့်နေသည်။

ခနကြာသောအခါ အခန်းတံခါးပွင့်သွားပြီး သူ၏ ဖခင် ကျန်းခွန်က သွေးများနှင့် ဝင်လာခဲ့သည်။

" ကျန်း အပြင်မှာ အခြေအနေဘယ်လိုလဲ။ " သူ၏ မိခင် စုယွင်က မေးလိုက်သည်။

" ငါတို့ မထိန်းထားနိုင်တော့ဘူး။ နတ်ဆိုးတစ်သောင်းဂိုဏ်းက ဂိုဏ်းထိန်းရှစ်ယောက်အပြင် ကာကွယ်သူကိုပါ လွှတ်ခဲ့တယ်။ ကျန်းမိသားစုခံတပ်က အဆုံးသတ်ပြီ..." ကျန်းခွန်းက အလွန်ဝမ်းနည်းကြေကွဲနေသည်။

ကျန်းမိသားစုခံတပ်နှင့် ရင်ဆိုင်ရန် နတ်ဆိုးတစ်သောင်းဂိုဏ်းက ကာကွယ်သူတစ်ယောက်ကို စေလွှတ်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ကာကွယ်သူတစ်ယောက်ဖြစ်ရန် ပထမတန်းစားသိုင်းပညာရှင်အဆင့်ထက် ကျော်လွန်ရန် လိုအပ်လေသည်။

" ဒါဆို ငါတို့ ဘယ်လိုလုပ်မလဲ။ " စုယွင်က ခနငြိမ်သက်သွားပြီးနောက် မေးလိုက်သည်။

" မင်းတို့နှစ်ယောက် ထွက်သွားသင့်တယ်။ "

ကျန်းခွန်းက ကုတင်နောက်သို့ သွားပြီး ခလုတ်တစ်ခုကို နှိပ်လိုက်သောအခါ လျို့ဝှက်လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။

" ဒီလိုဏ်ခေါင်းက ဆယ်မိုင်လောက်ရှည်တယ်။ ကလေးကို ခေါ်ပြီး တတ်နိုင်သမျှ အဝေးကို သွားပါ။ ဒီကို ဘယ်တော့မှ ပြန်မလာပါနဲ့။ "

လိုဏ်ခေါင်းကို ဖွင့်ပြီးနောက် ကျန်းခွန်းက ခွန်အားကုန်ခမ်းသွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။

စုယွင်က လိုဏ်ခေါင်းကို တစ်ချက်ကြည့်ပြီး ကျန်းခွန်းကို ကြည့်လိုက်သည်။

" မသွားနိုင်ဘူး။ "

ကျန်းခွန်းက သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါက နတ်ဆိုးတစ်သောင်းဂိုဏ်း ကာကွယ်သူရဲ့ လက်ဝါးချက် ထိထားပြီ။ ငါ့နှလုံးသွေးကြောတွေ ပျက်ဆီးသွားပြီး ကြာကြာအသက်ရှင်နိုင်မှာမဟုတ်ဘူး။ "

ကျန်းခွန်က လင်းယွမ်ကို ကြည့်ပြီး သူ၏ အသံက နူးညံ့သွားသည်။ " ငါ မင်းအတွက် နာမည် စဉ်းစားပြီးသွားပြီ။ မင်းကို ရှန်းဖုန်းလို့ ခေါ်မယ်။ "

ထိုသို့ပြောပြီးနောက် ကျန်းခွန်က ကျောက်စိမ်းလည်ဆွဲတစ်ခုကို အဝတ်ထုပ်ထဲသို့ ထည့်လိုက်သည်။ ဆွဲသီးပေါ်တွင် ရှန်းဖုန်း၏ ရေးသားထားသည်။

ထို့နောက် ကျန်းခွန်းက စုယွင်ကို ကြည့်လိုက်သည်။ " ကလေးကြီးလာရင် သူ့ရဲ့ ဇာစ်မြစ်ကို မပြောပါနဲ့။ သာမန်ဘဝနဲ့ပဲ နေထိုင်ပြီး ငါ့အတွက် လက်စားချေဖို့ လုံးဝ မစဉ်းစားပါနဲ့။ " ထိုစကားကို ပြောပြီး ကျန်းခွန်းက စုယွင်ကို လိုဏ်ခေါင်းထဲသို့ တွန်းချလိုက်သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters