လုံဟုတောင် ထျန်းရှီဂိုဏ်း......
Vol. 2 Ch. 32
လိုဏ်ခေါင်းမှတစ်ဆင့် စုယွင်က ကျန်းမိသားစုခံတပ်မှ အောင်မြင်စွာ ထွက်လာနိုင်ခဲ့သည်။ သို့သော် နတ်ဆိုးတစ်သောင်းဂိုဏ်းက အခန်းထဲမှ လျို့ဝှက်လမ်းကြောင်းကို တွေ့သွားကြပြီး သူမတို့၏ နောက်မှ လိုက်လာကြသည်။
စုယွင်က ရွေးချယ်စရာမရှိဘဲ လင်းယွမ်ကို တောအုပ်တစ်ခုထဲတွင် ဝှက်ထားခဲ့သည်။
" အမေ သူတို့ကို မျှားခေါ်သွားမယ်။ ပြီးမှ သားဆီပြန်လာခဲ့မယ်။ " ထိုသို့ပြောပြီးနောက် စုယွင်က အခြားဘက်သို့ ဦးတည်သွားခဲ့သည်။
ပထမတန်းစားသိုင်းပညာရှင်အဆင့်ဖြစ်သော ကျန်းခွန်း၏ ဇနီးက သာမန်လူတစ်ယောက်တော့ မဟုတ်ပေ။ ကလေးမွေးပြီးပြီးချင်းပင် သူမ၏ ခွန်အားက တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် သိုင်းပညာရှင်များထက် သာလွန်နေပြီး သူမ၏ လှုပ်ရှားမှုစွမ်းရည်ကလည်း ထူးခြားလေသည်။
သို့သော် နှစ်နာရီ သုံးနာရီ ကြာသည်အထိ စုယွင်က ပြန်ရောက်မလာခဲ့ပေ။
" သူမ ပြန်မလာနိုင်လောက်တော့ဘူး။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
စုယွင်က နောက်မှ လိုက်လာသူများကို မျက်ခြေဖြတ်နိုင်ခဲ့လျှင် ယခုအချိန်တွင် သေချာပေါက် ပြန်လာရမည်ဖြစ်သည်။ သူမ ပြန်ရောက်မလာခြင်းကြောင့် သူမ အန္တရာယ်ထဲကျရောက်သွားသည်မှာ သေချာလေသည်။
" ဟူး..." လင်းယွမ်က သက်ပြင်းချလိုက်သည်။
မကြာသေးမီကပင် သူက ကျန်းမိသားစုခံတပ်၏ အမွေဆက်ခံသူတစ်ယောက် ဖြစ်လေသည်။ ယခုတွင် သူ့မှာ ဘာမှမရှိတော့ပေ။
" အဲ့ဒါမှပြဿနာပဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွား၏။
ယခုအချိန်တွင် အရေးကြီးဆုံးက အသက်ရှင်အောင် ဘယ်လိုလုပ်မလဲဆိုသည်ပင်။ ဤတစ်ကြိမ်တွင် လင်းယွမ်၏ အခြေအနေက အလွန်ခက်ခဲနေသည်။ သူက မွေးကင်းစကလေးငယ်တစ်ဦးဖြစ်သောကြောင့် လှုပ်ရှားမှုမပြုလုပ်နိုင်သေးပေ။
သူက ကျယ်လောင်စွာ ငိုလိုက်လျှင်လည်း နတ်ဆိုးတစ်သောင်းဂိုဏ်းမှ လူများကို ဆွဲဆောင်မိသွားပေလိမ့်မည်။ ထို့အပြင် ယခုနေရာက လူသားများနှင့် ဝေးကွာသော တောနက်ထဲတွင် ရှိနေလေသည်။ ဆူညံ့သံများက သားရဲများကိုပင် ဆွဲဆောင်သွားစေနိုင်လေသည်။
" လနည်းနည်းလောက်ကြာရင် မဟုတ်ဘူး။ ရက်နည်းနည်းလောက်ကြာရင်..." လင်းယွမ်က ကူကယ်ရာမဲ့နေသည်။
သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် လင်းယွမ်က ပို၍ သန်မာလာနိုင်လေသည်။ ပထမအကြိမ် ခရီးသွားသောအချိန်တွင် သူက အသက်သုံးနှစ်အရွယ်နှင့် လောဟန်ဗုဒ္ဓလက်သီးသိုင်းကို နားလည်ခဲ့ပြီး ရှန်ထျန်းအဆင့်ကို တက်ရောက်နိုင်ခဲ့သည်။ ကလေးတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ကန့်သတ်ချက်များစွာ ရှိသော်လည်း ပြန်လည်မတိုက်ခိုက်နိုင်လျှင်တောင် ခုခံနိုင်စွမ်းတော့ ရှိပေလိမ့်မည်။
မကြာမီ ညအချိန်သို့ ရောက်လာခဲ့သည်။ အပူချိန်ကလည်း လျင်မြန်စွာ ကျဆင်းလာခဲ့သည်။ အဝတ်များနှင့် ထုတ်ပိုးခြင်းခံထားရသော်လည်း လင်းယွမ်က အေးစက်မှုကို ခံစားနေရဆဲ ဖြစ်သည်။ အခြားကလေးများဆိုလျှင် ယခုအချိန်တွင် ငိုယိုနေကြပေလိမ့်မည်။ သို့သော် လင်းယွမ်က သူငိုလျှင် သားရဲများ၏ စားသောက်ခြင်းအား ခံရမည်ကို သိနေလေသည်။
သို့သော် ကလေးတစ်ယောက်၏ နို့နံ့ကတော့ တစိမ့်စိမ့် ထွက်ပေါ်နေဆဲ ဖြစ်သည်။ မကြာမီ လင်းယွမ်က အနီးနားရွိ ခြုံများမှ ဆူညံ့သံများကြားလိုက်ရသည်။ အသံများကို နားထောင်ရုံဖြင့် လူများမဟုတ်သည်မှာ သိသာလေသည်။
" ဘာလုပ်ရမလဲ။ " လင်းယွမ်က နှလုံးခုန်မြန်သွား၏။
သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရလျှင် လင်းယွမ်က ခုခံနိုင်စွမ်းမရှိဘဲ အရသာရှိသော အစားအေသာက္တစ္ခုသာ ဖြစ်သွားပေလိမ့်မည်။
ဆူညံသံများက နီးကပ်လာပြီး လင်းယွမ်၏ အသက်ရှုသံများကလည်း နှေးကွေးလာသည်။
ထိုအချိန်တွင် လင်းယွမ်၏ အကြည့်များက ရုတ်တရက် မြေပြင်မှ သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာက တောနက်တစ်ခုဖြစ်သောကြောင့် သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းများက နေရာအနှံ့တွင် ရှိနေသည်။ သစ်ရွက်နှင့် သစ်ကိုင်းများကို ကြည့်ပြီး လင်းယွမ်၏ စိတ်ထဲတွင် စိတ်ဝိညာဉ်အလင်းစက်များ ပေါ်လာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် သစ်ရွက်ခြောက်များကို လေ့လာပြီး ခြောက်သွေ့သစ်သားအသက်ရှူပညာကို နားလည်သွားပါပြီ။ ]
" ခြောက်သွေ့သစ်သားအသက်ရှူပညာ အထူးအသက်ရှူခြင်းစည်းချက်ဖြင့် ခြောက်သွေ့နေသော သစ်သားကို အတုယူကာ ရှင်သန်ခြင်းလက္ခဏာအားလုံးကို ဖုံးကွယ်နိုင်ပါတယ်။ "
ချက်ချင်း လင်းယွမ်၏ အော်ရာက ရုတ်လျော့သွားပြီး နို့နံ့များကလည်း ပျောက်ကွယ်သွားသည်။ လင်းယွမ်၏ ဖြူဖွေးသော အသားအရေးများပင် ခြောက်သွေ့သော သစ်သားကဲ့သို့ အနက်ရောင်ဖြစ်သွား၏။ အဝေးမှကြည့်လျှင် လင်းယွမ်က အဝတ်ထုပ်ထဲမှ သစ်သားခြောက်တစ်ခုနှင့် တူနေလေသည်။
" ဝေါင်း..."
မီတာအနည်းငယ်အဝေးတွင် အရွယ်ရောက်ပြီးသော ဝံပုလွေတစ်ကောင်က ခေတ္တရပ်ပြီး လေထဲသို့ ရှူရှိုက်နေသည်။ အချိန်အတော်ကြာနေပြီးနောက် အသားနံ့မရသည်ကို အတည်ပြုပြီး ဝံပုလွေက ပြန်လည်ထွက်ခွာသွားသည်။
ဆူညံ့သံများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ အဝတ်များထဲမှ လင်းယွမ်က သက်ပြင်းချလိုက်သည်။
" ခြောက်သွေ့သစ်သားအသက်ရှူပညာ..." လင်းယွမ်က ထိုဖုံးကွယ်ခြင်း နည်းစနစ်ကို သဘောကျသွား၏။
လူတစ်ယောက်၏ အော်ရာကို ဖုံးကွယ်နိုင်သော နည်းစနစ်များရှိပြီး လင်းယွမ်က ပထမအကြိမ်ဆင်းသက်ခြင်းတွင် နည်းစနစ်များစွာကို နားလည်ခဲ့သည်။ သို့သော် ထိုနည်းစနစ်များက အတွင်းအားချီ သို့မဟုတ် ယွမ်စွမ်းအားကို လိုအပ်လေသည်။
ယခု လင်းယွမ်က ကလေးခန္ဓာကိုယ်နှင့် ဖြစ်သောကြောင့် အတွင်းအားချီ သို့မဟုတ် ယွမ်စွမ်းအားကို မပိုင်ဆိုင်ပေ။ ယခု နားလည်လိုက်သော ခြောက်သွေ့သစ်သားအသက်ရှူပညာက အသက်ရှူခြင်းစည်းချက်တစ်ခုကို အသုံးပြုပြီး လူတစ်ယောက်၏ အော်ရာကို ဖုံးကွယ်ခြင်း ဖြစ်သည်။
" လောလောဆယ်တော့ အန္တရာယ်သိပ်မရှိတော့ပါဘူး။ " လင်းယွမ်က ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး အနည်းငယ် စိတ်အေးသွား၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း နေ့တစ်ဝက်ကုန်သွားသည်။ ထိုအချိန်တွင် လင်းယွမ်က ပြင်းထန်သော ဆာလောင်မှုကို ခံစားနေရသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဆာလောင်မှုကို ခံစားခဲ့ပြီး ဆောင်းခိုခြင်းပညာကို နားလည်သွားပါပြီ။ ]
ကောင်းကင်ကိုဆန့်ကျင်သောနားလည်နိုင်စွမ်းက လင်းယွမ်ကို နောက်တစ်ကြိမ် ကယ်တင်သွားပြန်သည်။ ဆောင်းခိုခြင်းပညာက လင်းယွမ်၏ ခန္ဓာကိုယ်ကို လျှော့ချပေးပြီး ခြောက်သွေ့သစ်သားအသက်ရှူပညာနှင့် ပေါင်းစပ်လိုက်သောအခါ အမှန်တကယ် သစ်သားခြောက်တစ်ခုနှင့် မကွာခြားတော့ပေ။
နှစ်ရက်ကြာပြီးသောအခါ လင်းယွမ်က သူ၏ သတိကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
ထိုအချိန်တွင် တာအိုသူတော်စင်တစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာသည်။
" တစ်ယောက်ယောက်ရောက်လာတာလား။ ပြီးတော့ တာအိုသူတော်စင်။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။ သူက နှစ်ရက်အတွင်း လူသားတစ်ယောက်ကို ပထမဆုံး မြင်လိုက်ရခြင်း ဖြစ်သည်။
" ကိစ္စမရှိဘူး။ ငါ ဒီအတိုင်းဆက်သွားရင် တကယ်သေသွားလိမ့်မယ်။ " လင်းယွမ်က ခြောက်သွေ့သစ်သားအသက်ရှူပညာနှင့် ဆောင်းခိုခြင်းပညာတို့ကို ချက်ခြင်း ရုတ်သိမ်းလိုက်သည်။ မည်သို့ပင် ဖြစ်စေ မွေးကင်းစကလေးတစ်ယောက်က မစားမသောက်ဘဲ နှစ်ရက် အသက်ရှင်နေခြင်းမှာ အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ထိုသို့ဆက်သွားနေလျှင် ဆောင်းခိုခြင်းပညာပင် ထိန်းထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထိုအတွေးနှင့် လင်းယွမ်က ကျယ်လောင်စွာ အော်ငိုလိုက်သည်။
ကလေးငိုသံထွက်ပေါ်လာသည်နှင့် တာအိုသူတော်စင်က ချက်ချင်းကြားသွားသည်။
" မွေးကင်းစကလေးတစ်ယောက်လား။ " တာအိုသူတော်စင်က သက်လတ်ပိုင်းအရွယ်ရှိပြီး သူ၏ အမူအရာက ပင်ပန်းနွမ်းနယ်နေသည်။
" ဟမ် ဒါက ကျန်းမိသားစုခံတပ်က ကလေး။ " ထုပ်ပိုးထားသည့် အဝတ်များကို ကြည့်ပြီး တာအိုသူတော်စင်က လင်းယွမ်၏ ဇာတ်မြစ်ကို ခန့်မှန်းလိုက်သည်။
" ဒီကျောက်စိမ်းဆွဲသီး ဒါ အကိုကျန်းရဲ့ ပစ္စည်းပဲ။ ဒါဆို ဒါက အကိုကျန်းရဲ့ကလေးလား။ " တာအိုသူတော်စင်က အလွန်စိတ်မကောင်းဖြစ်သွား၏။
သူက ချန်ရှင်းဖြစ်ပြီး လွန်ခဲ့သော လများစြာက နတ်ဆိုးတစ်သောင်းဂိုဏ်း၏ လှုပ်ရှားမှုများကို ရှာတွေ့ထားသည့်အကြောင့် ကျန်းခွန်းဆီမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ ချန်ရှင်းက ကျန်းမိသားစုခံတပ်သို့ ချက်ချင်း ထွက်လာခဲ့သည်။
သို့သော် သူက လမ်းတွင် နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လမ်းတွင် ရက်အနည်းငယ် နှောင့်နှေးသွားခဲ့သည်။ သူရောက်လာချိန်တွင် ကျန်းမိသားစုခံတပ်မှ လူတိုင်းက သေဆုံးသွားကြပြီဖြစ်သည်။
ချန်ရှင်းက သတင်းပို့ရန် လုံဟုတောင်သို့ ပြန်ချိန်တွင် မမျှော်လင့်ဘဲ ကျန်းခွန်၏ သား လင်းယွမ်၏ ငိုသံကို ကြားခဲ့ရခြင်း ဖြစ်သည်။
" ကောင်းတယ် အရမ်းကောင်းတယ်။ အကိုကျန်းရဲ့ မျိုးဆက်ရှိနေသေးတယ်..." ချန်ရှင်းက လင်းယွမ်ကို ကောက်ပွေ့ပြီး သနားကြင်နာစွာ ကြည့်လိုက်သည်။ သူ၏ အမြင်တွင် လင်းယွမ်ကဲ့သို့ ကလေးငယ်တစ်ယောက်က အပြင်တွင် နေ့တစ်ဝက်လောရှိသည်နှင့် အေးခဲသွားပေလိမ့်မည်။
လင်းယွမ်က ထိုနေရာတွင် အချိန်မည်မျှ နေခဲ့သည်ကို မသိရသော်လည်း ပတ်ဝန်းကျင်ကို ကြည့်ခြင်းဖြင့် နေ့တစ်ဝက်ကျော်ကြာမည်ကို သိနိုင်လေသည်။ ထို့ကြောင့် ချန်ရှင်းက ကလေးကို အားဖြည့်ပေးရန် သူ၏ ယွမ်စွမ်းအားကို အသုံးပြုလိုက်သည်။
သူနောက်ကျခဲ့ခြင်းကြောင့် ကျန်းမိသားစုခံတပ်မှ လူအားလုံး သေဆုံးသွားခဲ့ပြီး သူတို့၏ နောက်ဆုံးမျိုးဆက်ကိုပင် မကာကွယ်နိုင်လျှင် သူက အသက်ရှင်ရန်ပင် ထိုက်တန်တော့မည် မဟုတ်ပေ။
" ဟမ် ခန္ဓာကိုယ်မှာ ဘာဒဏ်ရာမှမရှိဘူး။ " ချန်ရှင်းက အံ့အားသင့်သွား၏။ ကလေး၏ ခန္ဓာကိုယ်က ထူးဆန်းစွာဖြင့် ကျန်းမာနေပြီး ဆာလောင်ခြင်းမှလွဲ၍ အခြားပြဿနာများ ရှိမနေခဲ့ပေ။
" မယုံနိုင်စရာပဲ။ ကလေး အခုကစပြီး မင်းက လုံဟုတောင်ရဲ့ လူပဲ။ " ချန်ရှင်းက လင်းယွမ်ကို သူ၏ ရင်ခွင်ထဲတွင် ပွေ့ပြီး လုံဟုတောင်သို့ ခရီးဆက်ခဲ့သည်။
လုံဟုတောင် သိုင်းခန်းမတွင် ချန်ရှင်းက ဆရာကြီး ကန်ချင်း၏ ရှေ့တွင် ရပ်ပြီး ဖြစ်ပျက်သမျှကို ပြောပြလိုက်သည်။ ဆရာကြီး ကန်ချင်းက လုံဟုတောင် ထျန်းရှီဂိုဏ်း၏ ခေါင်းဆောင်ဖြစ်ပြီး သိုင်းလောကတွင် လေးစားဖွယ်ကောင်းသော လူတစ်ယောက် ဖြစ်လေသည်။
" နတ်ဆိုးတစ်သောင်းဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ်က ထက်မြက်ပြီးတော့ သူ အဆင့်တက်သွားတာနဲ့ နယ်မြေတွေသိမ်းပိုက်ဖို့ သူရဲ့ တပည့်တွေကို အမိန့်ပေးခဲ့တယ်။ " ဆရာကြီးကန်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ ထို့နောက် သူက ချန်ရှင်း၏ လက်ထဲမှ ကလေးကို ယူလိုက်သည်။
" သနားစရာကောင်းတဲ့ ကလေး။ " ဆရာကြီးကန်ချင်းက သက်ပြင်းချလိုက်သည်။
" သခင်ကျန်းက သူ့ဘဝမှ တရားမျှတမှုရှိရှိ နေထိုင်ခဲ့တယ်။ အခု သူက နတ်ဆိုးတစ်သောင်းဂိုဏ်းရဲ့ လက်ထဲမှာ ကျဆုံးသွားခဲ့ပြီ။ ငါတို့ထျန်းရှီဂိုဏ်းက ဒီကိစ္စကို ခွင့်မလွှတ်ဘူး။ "
" ဒါနဲ့ ကလေးမှာ နာမည်ရှိလား။ " ဆရာကြီးကန်ချင်းက မေးလိုက်သည်။
" အဝတ်ထုပ်ထဲမှာ ရှန်းဖုန်းလို့ ရေးထားတဲ့ ကျောက်စိမ်းလည်ဆွဲတစ်ခုတော့ တွေ့ခဲ့တယ်။ အဲ့ဒါက အကိုကျန်း ကလေးအတွက် ရွေးပေးထားတာ ထင်တယ်။ " ချန်ရှင်းက ပြောလိုက်သည်။
" ရှန်းဖုန်း ကောင်းပြီ။ ဒီနေ့ကစပြီး မင်းနာမည် ကျန်းရှန်းဖုန်း...." ဆရာကြီးကန်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
ထို့နောက် လင်းယွမ်က လုံဟုတောင်ပေါ်တွင် နေထိုင်ခဲ့သည်။ အစပိုင်းတွင် ချန်ရှင်းက လင်းယွမ်၏ ငိုသံကြောင့် အခြားသူများ စိတ်အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ခဲ့သည်။ သို့သော် ရက်အနည်းငယ် ကြာပြီးနောက် လင်းယွမ်က အသက်အရွယ်နှင့်မလိုက်အောင် တည်ငြိမ်လှသည်ကို တွေ့ခဲ့ရသည်။
သူက အော်ဟစ်ငိုယိုခြင်းမရှိဘဲ ဗိုက်ဆာလာသောအခါ မျက်လုံးဝိုင်းလေးများနှင့် ကြည့်နေတတ်သည်။
ထိုသို့ဖြင့် အချိန်က ဆယ်နှစ် ကြာသွားခဲ့သည်။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း