← Chapters

ကျန်းဝူဓားထွက်ပေါ်လာခြင်း

Vol. 2 Ch. 34

ကျန်းဝူဓားထွက်ပေါ်လာခြင်း

Vol. 2 Ch. 34

အကြီးအကဲပင်းယန် ထွက်သွားသောအခါ လင်းယွမ်က သူ၏ နေရာသို့ ပြန်ရောက်လာသည်။

" ဓားသင်္ချိုင်း..." လင်းယွမ်က စိတ်ထဲမှ စဉ်းစားနေသည်။

ထျန်းရှီဂိုဏ်း၏ ဓားသင်္ချိုင်းက ယခင် ဘိုးဘေးများ၏ ဓားများကို သိမ်းဆည်းသော နေရာဖြစ်လေသည်။ ထျန်းရှီဂိုဏ်းက အစစ်အမှန်သိုင်းဧကရာဇ်ကို လေးစားကြပြီး ကျန်းဝူခုနှစ်ထွေဓားသိုင်းက သိုင်းလောကတွင် အသန်မာဆုံး ဓားသိုင်းအဖြစ် ကျော်ကြားခဲ့လေသည်ယာ

" ငါမှတ်မိတာ မှန်ရင် ဓားသင်္ချိုင်းက အဲ့ဒီနေရာတွေထဲက တစ်ခု ဖြစ်ရမယ်။ "

ထိုနေရာများဆိုသည်မှာ သဘာဝကောင်းကင်အဆင့်ကို ဖိနှိပ်နိုင်သော အော်ရာများ ရှိနေသည့် နေရာများ ဖြစ်လေသည်။

" လဝက်ကြာရင် အားလုံးသိရလိမ့်မယ်။ " လင်းယွမ်က စိတ်ကို တည်ငြိမ်စေပြီး စတင်ကျင့်ကြံလိုက်သည်။

လုံဟုတောင်ထိပ်ရှိ သိုင်းခန်းမတွင် ဆရာကြီးကန်ချင်းက လက်နှစ်ဖက်ကို နောက်ပစ်ပြီး အစစ်အမှန်သိုင်းဧကရာဇ်ရုပ်တုကို ကြည့်နေသည်။

" လဝက်ကြာရင် ဓားသင်္ချိုင်းခရီး စလိမ့်မယ်။ ငါတို့ဂိုဏ်းရဲ့ ဘယ်တပည့်တွေက နတ်ဓားတွေ ရွေးချယ်တာ ခံရမလဲမသိဘူး။ " ဆရာကြီးကန်ချင်းက သက်ပြင်းချလိုက်သည်။

ထျန်းရှီဂိုဏ်း၏ ဓားသင်္ချိုင်းထဲတွင် မရေတွက်နိုင်သော ဓားများ ရှိလေသည်။ ထိုဓားများက ထျန်းရှီဂိုဏ်း၏ တပည့်များ၏ ဓားများ၊ ခန်းမသခင်များ၏ ဓားများနှင့် ကောင်းကင်သခင် ၃၆ယောက်၏ ဓားများပင် ရှိနေလေသည်။ တန်ဖိုးအကြီးဆုံးက ကျန်းဝူဓားဖြစ်လေသည်။

၎င်းက ထျန်းရှီဂိုဏ်း၏ ပထမဆုံး ကောင်းကင်သခင် ကိုင်ဆောင်သောဓားဖြစ်ပြီး ၎င်း၏ နာမည်အတိုင်း အစစ်အမှန်သိုင်းဧကရာဇ်၏ ကောင်းချီးများပါဝင်နေလေသည်။ ကျန်းဝူဓား၏ ရွေးချယ်ခြင်းခံရမှသာ ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်အသစ် ဖြစ်လာပေလိမ့်မည်။

နှစ်ငါးရာအတွင်း ဓားသင်္ချိုင်းသို့ ၂၅ကြိမ် သွားခဲ့လေသည်။ ထျန်းရှီဂိုဏ်း၏ တပည့်တစ်ယောက်မှ ကျန်းဝူဓား၏ ရွေးချယ်ခြင်းမခံခဲ့ရပေ။ ထို့ကြောင့် ကောင်းကင်သခင်၏ နေရာက နှစ်ငါးရာကျော် လစ်လပ်နေခဲ့သည်။

ထျန်းရှီဂိုဏ်းက ကောင်းကင်သခင်မရှိသော်လည်း ဘယ်သူမှအထင်မသေးရဲကြပေ။ သို့သော် စွမ်းဆောင်ရည်နှင့် တိုက်ခိုက်နိုင်စွမ်းက အလွန်လျော့ကျသွားခဲ့သည်။ နတ်ဆိုးတစ်သောင်းဂိုဏ်းက ဆယ်စုနှစ်အချို့ကြာပြီးနောက် ပြန်လည်ဦးမော့လာပြီး မရေတွက်နိုင်သော သတ်ဖြတ်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ ထျန်းရှီဂိုဏ်းတွင် ကောင်းကင်သခင်သာ ရှိခဲ့ပါက နတ်ဆိုးတစ်သောင်းဂိုဏ်းက ထိုမျှရဲတင်းမည်မဟုတ်ပေ။

" ခေါင်းဆောင် စိတ်မပူပါနဲ့။ " သူ၏ ဘေးမှ တာအိုသူတော်စင်တစ်ယောက်က ပြောလိုက်သည်။

သူက သူ၏ အော်ရာကို ဖုံးကွယ်ထားပြီး သဘာဝကောင်းကင်အဆင့်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်မှာ ထင်ရှားလေသည်။

မျက်စိတစ်မှိတ်အတွင်း လဝက်ကုန်သွားခဲ့သည်။

လင်းယွမ်က အခန်းထဲမှ ထွက်လာချိန်တွင် တာအိုသခင်တစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" အသက်နှစ်ဆယ်အောက်က လူတွေအားလုံး ငါနဲ့လိုက်ခဲ့ကြ။ " သူက အသက် သုံးဆယ်ဝန်းကျင် ရှိနေသော်လည်း နဝမအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လေသည်။

" ဓားသင်္ချိုင်းကို သွားဖို့ အချိန်ကျပြီလား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စုဝေးသော နေရာသို့ သွားလိုက်သည်။

ခနအတွင်း လူငယ်တစ်ရာကျော်က စုရုံးရောက်ရှိလာကြသည်။

" ငါနောက်လိုက်ခဲ့ကြပါ။ " တာအိုသခင်က လူငယ်များအားလုံးကို ပြောလိုက်သည်။ သူ၏ အသံတွင် စွမ်းအားများ ပါဝင်ပြီး လူငယ်များ၏ နားစည်ကို တုန်ခါသွားစေခဲ့သည်။

နေ့တစ်ဝက်ကြာပြီးသောအခါ တာအိုသခင်၏ လမ်းညွှန်မှုဖြင့် လင်းယွမ်နှင့် အခြားသူများက လုံဟုတောင်၏ နောက်ဘက် ချိုင့်ဝှမ်းသို့ ရောက်လာကြသည်။ ထိုနေရာတွင် အခြားလူငယ်များစွာလည်း ရှိနေကြသည်။

" လူတွေအများကြီးပဲ။ " လင်းယွမ်၏ ဘေးမှ လူငယ်တစ်ယောက်က အံ့ဩစွာ ပြောလိုက်သည်။

" စီနီယာရှန်းဖုန်း ဆရာတွေက ငါတို့ကို ဘာလို့ဒီနေရာကို ခေါ်လာတာလဲ။ " ချင်းပင်းဟုခေါ်သော လူငယ်က လင်းယွမ်ကို တိုးညှင်းစွာ မေးလိုက်သည်။

" ငါမသိဘူး။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။

ချင်းပင်းက လင်းယွမ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး လင်းယွမ်အား လေးစားလေသည်။ ချန်ရှင်း၏ အရှိန်အဝါကြောင့် လင်းယွမ်က ဒုတိယမျိုးဆက်ဟု ပြောနိုင်ပြီး အနိုင်ကျင့်ခံရခြင်းမရှိပေ။ လုံဟုတောင် ထျန်းရှီဂိုဏ်းက အလွန်ကြီးမားပြီး ဂိုဏ်းခွဲများလည်း ရှိနေလေသည်။

နောက်ထပ်နာရီဝက်ကြာပြီးသောအခါ တာအိုသခင်တစ်ယောက် ရောက်လာပြီး သူ၏ လက်ထဲမှ စာအုပ်များကို လူငယ်များအား ဝေပေးလိုက်သည်။ " စာအုပ်ထဲမှာ ဓားအာရုံခံခြင်းနည်းစနစ်တစ်ခုရှိတယ်။ လူတိုင်း ဓားအာရုံခံခြင်းနည်းစနစ်အတိုင်း လေ့ကျင့်ပြီးမှ ဓားသင်္ချိုင်းထဲကို ဝင်နိုင်လိမ့်မယ်။ မင်းတို့ အာရုံခံခြင်းနည်းစနစ်ကို ထိန်းချုပ်ထားမှ ဓားသင်္ချိုင်းထဲက သင့်တော်တဲ့ ဓားတစ်ချောင်းကို ရှာဖွေနိုင်လိမ့်မယ်။ "

တာအိုသခင်က စာအုပ်များကို ဝေပေးပြီးနောက် အားလုံးရရှိသည်ဟု အတည်ပြုပြီးမှသာ အခြားနေရာသို့ ထွက်သွားခဲ့သည်။

" ဒီအာရုံခံခြင်းနည်းစနစ်က အရမ်းခက်တာပဲ။ " ချင်းပင်းက စာရွက်များကို လှန်ပြီး ညည်းညူလိုက်သည်။

အခြားလူငယ်များကလည်း ၎င်းကို နားလည်နိုင်ရန် လေ့လာနေကြသည်။

" အာရုံခံခြင်းနည်းစနစ်..." လင်းယွမ်က စာအုပ်ကို ဖွင့်ပြီး ဖတ်လိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဓားအာရုံခံခြင်းနည်းစနစ်ကို လေ့လာပြီး ထိုက်ရှန်ဓားအာရုံခံခြင်းအခန်းကို နားလည်သွားပါပြီ။ ]

ချက်ချင်းပင် ဓားလမ်းစဉ်၏ အသိအမြင်များနှင့် ဓားအသိက စီးဆင်းလာခဲ့သည်။ သဘာဝကောင်းကင်အဆင့်သို့ ရောက်နေသော လင်းယွမ်ပင် အားလုံးကို စုပ်ယူရန် နာရီဝက် အချိန်ယူလိုက်ရသည်။

" ဒီအာရုံခံခြင်းနည်းစနစ်...." လင်းယွမ်က နည်းစနစ်ကို အဆင့်မြှင့်၍ ကျွမ်းကျင်သွားပြီးနောက် မနီးမဝေးရှိ ဓားသင်္ချိုင်းမှ မရေရာသော ပဲ့တင်ထပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဓားသင်္ချိုင်းပေါ်တွင် စင်မြင့်တစ်ခု ရှိနေ၏။ လူသုံးယောက်က ထိုင်ပြီး အောက်မှ ဓားသင်္ချိုင်းကို လေ့လာနေကြသည်။ ရှေ့ဆုံးမှလူက ထျန်းရှီဂိုဏ်း၏ လက်ရှိခေါင်းဆောင် ကန်ချင်းဖြစ်၏။

ကောင်းကင်သခင်မရှိသော ခေတ်တွင် ဂိုဏ်းခေါင်းဆောင်က ဩဇာအာဏာအရှိဆုံး ဖြစ်လေသည်။ ဘယ်ဘက်တွင် တာအိုသူတော်စင် ပင်းယန်ရှိပြီး ညာဘက်တွင် တာအိုသူတောင်စင်ဝတုတ်တို့ ရှိနေကြသည်။

သူတို့က ထျန်းရှီဂိုဏ်း၏ သဘာဝကောင်းကင်အဆင့် သိုင်းပညာရှင်သုံးယောက်ဖြစ်လေသည်။

" ဓားသင်္ချိုင်းခရီးစဉ်..."

" ငါတို့ ထျန်းရှီဂိုဏ်းမှ ကောင်းကင်သခင်တစ်ယောက် မွေးဖွားလာဖို့ တကယ် လိုအပ်နေပြီ။ "

" ဒီတစ်ခါ ငါတို့ကို စိတ်မပျက်စေဖို့ မျှော်လင့်ရတာပဲ။ " တာအိုသူတော်စင် ပင်းယန်က ရေရွတ်လိုက်သည်။ သူတို့က ဓားသင်္ချိုးတစ်ခုလုံးကို ရှင်းလင်းစွာ မြင်နေရသည်။

" ဓားသင်္ချိုင်းမှာ လူတွေက ဓားကို ရွေးချယ်သလို ဓားတွေကလည်း သူတို့ရဲ့ သခင်ကို ရွေးချယ်ကြတယ်။ "

" ဓားသင်္ချိုးမှာ ရှိတဲ့ ဓားတိုင်းမှာ ဓားအသိရှိကြတယ်။ လူတစ်ယောက်က ဓားအာရုံခံခြင်းနည်းစနစ်ကို အသေးစားအောင်မြင်မှုအဆင့်ထိ လေ့ကျင့်ပြီးရင် ဓားသင်္ချိုင်းထဲက ဓားတွေရဲ့ ဓားအသိတွေကို အာရုံခံနိုင်လိမ့်မယ်။ " တာအိုသူတော်စင်ဝတုတ်က ပြောလိုက်သည်။

ပုံမှန်အားဖြင့် တပည့်များကို ဓားအာရုံခံခြင်းနည်းစနစ်အား ကြိုတင်လေ့လာခွင့်မပြုထားပေ။ ဓားအာရုံခံခြင်းနည်းစနစ်က လူတစ်ယောက်၏ စွမ်းရည်ကိုပါ တိုင်းတာခြင်းဖြစ်လေသည်။

နာရီအနည်းငယ်အတွင်း ဓားအာရုံခံခြင်းနည်းစနစ်ကို ကျွမ်းကျင်မှသာ သူတို့ရွေးချယ်သော ဓားကလည်း သူတို့၏ အဆင့်ကို ကိုယ်စားပြုနိုင်ပေလိမ့်မည်။

ဓားအာရုံခံခြင်းနည်းစနစ်၏ အကြီးစားအောင်မြင်မှုအဆင့်က ထျန်းရှီဂိုဏ်းတွင် ပေါ်မလာသည်မှာ ကြာပြီဖြစ်သည်။ ၎င်းက ကျန်းဝူဓားကို အာရုံခံနိုင်မည့် မျိုးစေ့တစ်ခုလည်း ဖြစ်၏။

နေ့တစ်ဝက်ကြာပြီးသောအခါ လူငယ်များက ဓားသင်္ချိုင်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြီး ဓားများ ရွေးချယ်လိုက်ကြသည်။ သူတို့ထဲတွင် တပည့်လေးယောက်က ယခင်ခေါင်းဆောင်များ၏ ဓားများကို ရွေးချယ်ခဲ့ပြီး သူတို့၏ ထူးခြားသော စွမ်းရည်ကို ပြသခဲ့ကြသည်။ နောက်ထပ် တပည့် ၃၁ယောက်က ယခင်အကြီးအကဲများ၏ ဓားများကို ရွေးချယ်ခဲ့ကြသည်။

ခေါင်းဆောင်ကန်ချင်းနှင့် အခြားနှစ်ယောက်က ပြုံး၍ ကျေနပ်နေကြသော်လည်း သူတို့က ကျန်းဝူဓား ထွက်ပေါ်လာ်မည်ကိုတော့ မျှော်လင့်မိကြလေသည်။ သို့သော် ကျန်းဝူဓားထွက်မပေါ်လာသည်မှာ နှစ်ငါးရာရှိပြီဖြစ်၏။ သူတို့က ကောင်းကင်သခင်ထွက်မပေါ်လာလျှင်တောင် သဘာဝကောင်းကင်အဆင့်များ မွေးထုတ်ပေးနိုင်မည်ဖြစ်သောကြောင့် ကျေနပ်ရပေလိမ့်မည်။

" မဟုတ်သေးဘူး။ ဒီဓားအသိတွေက အရမ်းအားနည်းတယ်။ " ဓားသင်္ချိုင်းထဲတွင် လင်းယွမ်ကလည်း ဓားတစ်ချောင်းကို ရွေးချယ်နေသည်။

ဓားအာရုံခံခြင်းနည်းစနစ်ကို ထိုက်ရှန်ဓားအာရုံခံခြင်းနည်းစနစ်ကို မြှင့်တင်ပြီးနောက် ဓားသင်္ချိုင်းထဲမှ ဓားအသိများက သူ၏ အာရုံထဲတွင် ရှင်းလင်းသွားခဲ့သည်။

လင်းယွမ်က ထိုက်ရှန်ဓားအာရုံခံခြင်းကို ထုတ်ဖော်လိုက်သည်နှင့် မရေတွက်နိုင်သော ဓားအသိများက စိတ်အားထက်သန်စွာ သူနှင့်လာရောက် ဆက်သွယ်ကြလေသည်။ ထိုဓားများက သာမန်တပည့်များအတွက် အစွမ်းထက်သော်လည်း သဘာဝကောင်းကင်အဆင့်တွင် ရှိနေသော လင်းယွမ်အတွက် စိတ်တိုင်းကျခြင်း မရှိပေ။

" ရှေ့မှာ ဓားအသိတစ်ခု ရှိသေးတာပဲ။ " ပဲ့တင်ထပ်မှုနောက်လိုက်ပြီး လင်းယွမ်က ဓားသင်္ချိုင်း၏ အနက်ပိုင်းထဲသို့ ဆင်းသွားခဲ့သည်။

တစ်ချိန်တည်းတွင် သဘာဝကောင်းကင်အဆင့် သုံးယောက်က လင်းယွမ်ကို အာရုံစိုက်နေကြသည်။

" အဲ့ဒါ ဘယ်သူလဲ။ ဓားမရွေးဘဲနဲ့ ဓားသင်္ချိုင်းရဲ့အတွင်းပိုင်းထဲထိ သွားနေတယ်။ " တာအိုသူတော်စင်ဝတုတ်က မျက်မှောင်ကြုတ်သွား၏။

" အဲ့ဒါ ရှန်းဖုန်းလား။ " တာအိုသူတော်စင်ပင်းယန်က လင်းယွမ်ကို မှတ်မိသွားပြီး စိတ်ရှုပ်သွား၏။

သူက လင်းယွမ်ကို ကောင်းကောင်းစွမ်းဆောင်ရန် ပြောခဲ့သော်လည်း ဓားသင်္ချိုင်းထဲတွင် လျှောက်သွားနေခြင်းကို မဆိုလိုပေ။ ထို့အပြင် အတွင်းပိုင်းမှ ဓားချီများက တပည့်တစ်ယောက်ကို အလွယ်တကူ ထိခိုက်စေနိုင်လေသည်။

" ငါသူ့ကို ပြန်ခေါ်လိုက်မယ်။ " တာအိုသူတော်စင်ဝတုတ်က လင်းယွမ်ကို စိတ်မရှည်တော့ သွားခေါ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လင်းယွမ်က တည်ငြိမ်စွာဖြင့် သူ၏ လက်ကို ရှေ့သို့ မြှောက်ပြီး ဓားလက်ကိုင်တစ်ခုပေါ်သို့ တင်လိုက်သည်။

" ထွက်လာခဲ့..." လင်းယွမ်က ထိုက်ရှန်ဓားအာရုံခံခြင်းကို ထုတ်ဖော်ပြီး သူ၏ လက်ကို ဖြည်းညင်းစွာ နောက်ဆုတ်လိုက်သည်။

ရွှီး.....

စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် အာလုံး၏ အကြည့်အောက်တွင် ဓားသင်္ချိုင်းနှင့်အတူ ဓားအားလုံးက တုန်ခါလာခဲ့သည်။ နောက်ဆုံး လုံဟုတောင်ပင် တုန်ခါသွား၏။

မြောက်ပိုင်းရေခဲပြင်တွင် ရွှေရောင်မျက်လုံးများနှင့် အမျိုးသားတစ်ဦးက ဆက်ခနဲ မတ်တပ်ရပ်ပြီး လုံဟုတောင်တန်းဆီသို့ ထိတ်လန့်စွာ ကြည့်လိုက်သည်။

လမ်းတစ်လမ်းတွင် တာအိုဝတ်ရုံနှင့် ကံကြမ္မာဟောပြောသူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လဲကျလုနီးပါး ဖြစ်သွား၏။ ထို့နောက် သူက အဝေးသို့ ကြည့်ပြီး ငေးမောနေသည်။ " ကောင်းကင်သခင်လား..."

စွန့်ပစ်နယ်မြေတစ်ခုတွင် မြေကြီးထဲတွင် ခန္ဓာကိုယ်တစ်ဝက်မြှုတ်နေသော လူအိုကြီး၏ မျက်နှာက မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက်သွား၏။

လုံဟုတောင် ဓားသင်္ချိုင်းထဲတွင် လင်းယွမ်၏ ညာလက်က ဓားလက်ကိုင်တွင် ကျန်းဝူဟု ရေးထွင်းထားသော ဟောင်းနွမ်းသည့် ဓားတစ်လက်ကို ဆွဲထုတ်နေသည်။ သူ့ကို ဗဟိုပြုပြီး ဓားပေါင်းသောင်းကျော်က ဆက်တိုက်တုန်ခါနေခဲ့သည်။

ထျန်းရှီဂိုဏ်း၏ တပည့်များအားလုံး၏ စိတ်က တုန်ခါသွားကြပြီး ကျန်းဝူဓား၏ ရှေ့တွင် ဒူးထောက်လိုက်ကြသည်။ ပထမအဆင့် တပည့် ၃၉ယောက်ပင် လင်းယွမ်ကို လေးစားစွာ အရိုအသေပေးလိုက်ကြသည်။

ခေါင်းဆောင်ကန်ချင်းက လက်ရှိအချိန်တွင် အလွန်ပျော်ရွှင်နေပြီး စိတ်မထိန်းနိုင်ဘဲ မျက်ရည်များပင် ဝဲနေလေသည်။

လုံဟုတောင်က ကျန်းဝူဓားကို မမြင်ရသည်မှာ နှစ်ပေါင်းငါးရာကျော်ပြီဖြစ်သည်။

ယနေ့ အစစ်အမှန်သိုင်းနတ်ဓားဖြစ်သော ကျန်းဝူဓားက အားလုံး၏ ရှေ့သို့ ထွက်ပေါ်လာခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters