ထိုက်ယင်နှင့် ထိုက်ယန်
Vol. 2 Ch. 35
" ဒီဓား..." လင်းယွမ်က ညာလက်ဖြင့် ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည်။ သို့သော် ဓားက အနည်းငယ် တုန်ခါနေသည်ကို သူက ရှင်းလင်းစွာ ခံစားမိနေ၏။ ထိုက်ရှန်ဓားအာရုံခံခြင်းနည်းစနစ်ကြောင့် မဟုတ်ပါက ထိုဓားမှာ သူ၏ လက်ထဲမှ ထွက်ပြေးသွားမည်ကို သိနေလေသည်။
" ပစ္စည်းတစ်ခုက ဒီလိုစိတ်ဝိညာဉ်ကို ပိုင်ဆိုင်နေတာလား။ " လင်းယွမ်က အံ့ဩသွားမိသည်။
အကယ်၍ ထိုဓားက စကြာဝဠာလူသားမဟာမိတ်တွင် ရှိနေပါက ဇီဝပေါင်းစပ်ခြင်းနည်းပညာဖြင့် ပြုလုပ်ထားသော အာကာသသင်္ဘောများသာ ၎င်းနှင့် ယှဉ်နိုင်ပေလိမ့်မည်။
" ဒါပေမယ့် စိတ်ဝိညာဉ်ရှိနေရင်တောင် ဒါက အရာဝတ္ထုတစ်ခု ဖြစ်နေတုန်းပဲ။ " သူက ဓား၏ ခုခံမှုအားနည်းသွားပြီး သူ၏ လက်ထဲတွင် ငြိမ်သက်သွားသည်ကို ခံစားလိုက်ရ၏။
ထိုနောက် လင်းယွမ်က နောက်သို့ လှည့်လိုက်သည်။ ထျန်းရှီဂိုဏ်း၏ ခေါင်းဆောင်နှင့် အခြားသဘာဝကောင်းကင်အဆင့် နှစ်ယောက်တို့က အဝေးတွင် ရပ်ပြီး လင်းယွမ်ကို ကြည့်နေကြသည်။ အတိကျပြောရလျှင် သူတို့က လင်းယွမ်၏ လက်ထဲမှ ကျန်းဝူဓားကို ကြည့်နေကြခြင်းဖြစ်၏။ သူတို့၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု၊ တုန်လှုပ်မှုနှင့် အတိတ်ကို တမ်းတအောက်မေ့ခြင်းများနှင့် ပြည့်နှက်နေသည်။
" ခေါင်းဆောင်..." လင်းယွမ်က ထိတ်လန့်သော အမူအရာနှင့် အရိုအသေပေးရန် ပြင်လိုက်သည်။
" မလိုဘူး။ " ခေါင်းဆောင်ကန်ချင်းက ရှေ့တိုးပြီး လင်းယွမ်ကို ဖေးမလိုက်သည်။
" မင်းက ကျန်းဝူဓားရဲ့ ဆက်ခံသူဖြစ်လို့ အနာဂတ်မှာ မင်းက ထျန်းရှီဂိုဏ်းရဲ့ ကောင်းကင်သခင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ " ကန်ချင်းက လေးနက်စွာ ပြောလိုက်သည်။
ဓားသင်္ချိုင်းခရီးစဉ်က ပြီးဆုံးသွားခဲ့သည်။
လင်းယွမ်က တာအိုဘုရားကျောင်းသို့ မပြန်ရဘဲ ဆရာကြီးကန်ချင်းက သူ့ကို တောင်ထိပ်သို့ ခေါ်သွားခဲ့သည်။ သူနှင့်အတူ အခြားလူငယ် လေးယောက်လည်း ရှိနေသည်။
ထိုလူငယ်များ ရွေးချယ်ထားသော ဓားများက ကျန်းဝူဓားလောက် အဆင့်မမြင့်သော်လည်း ယခင် ခေါင်းဆောင်များ ချန်ခဲ့သော ဓားများ ဖြစ်သောကြောင့် အံ့ဩစရာကောင်းလှပေသည်။ သူတို့အားလုံးက သဘာဝကောင်းကင်အဆင့်သို့ ရောက်ရန် အခွင့်အရေးများကြလေသည်။
" အကိုရှန်းဖုန်း ခေါင်းဆောင်က ကျွန်တော်တို့ကို ဘယ်ခေါ်သွားနေတာလဲ။ " လင်းယွမ်၏ နောက်မှ လိုက်ပါလာသော ချင်းပင်းက မေးလိုက်သည်။ ထိုကောင်လေးကလည်း ယခင် ခေါင်းဆောင်တစ်ယောက် ချန်ခဲ့သော ဓားကို ရွေးချယ်နိုင်ခဲ့လေသည်။
" မစိုးရိမ်ပါနဲ့။ ကောင်းတာတစ်ခုခုဖြစ်မှာပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဆရာကြီးကန်ချင်း၏ စကားများအရ သူတို့ငါးယောက်က ထျန်းရှီဂိုဏ်း၏ အနာဂတ်ထောက်တိုင်များအဖြစ် ပျိုးထောင်ခြင်းခံရမည်ကို လင်းယွမ်က သိနေလေသည်။ အထူးသဖြင့် ကျန်းဝူဓား၏ ရွေးချယ်ခြင်းခံရသော လင်ယွမ်က အနာဂတ်ကောင်းကင်သခင်အဖြစ် သတ်မှတ်ခြင်းခံရလေသည်။ နှစ်ငါးရာကြာပြီးသည့်တိုင်အောင် လူများက ကောင်းကင်သခင်၏ ကြောက်စရာကောင်းပုံကို မမေ့ကြသေးပေ။
ဂိုဏ်းမှ ထွက်ပေါ်လာသော ကောင်းကင်သခင်တစ်ယောက်က မည်သူဖြစ်စေ လောကတွင် ပြိုင်ဘက်ကင်းလေသည်။ လင်းယွမ်၏ နားလည်မှုအရ ဤကမ္ဘာ၏ စွမ်းအားအကန့်အသတ်က သဘာဝကောင်းကင်အဆင့် ဖြစ်လေသည်။
အလွန်နည်းပါးသော ပါရမီရှင်များက သဘာဝကောင်းကင်အဆင့်၏ အထက်အဆင့်ကို ခြေလှမ်းတစ်ဝက်သာ ချနိုင်ကြလေသည်။
သို့သော် ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်များက သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်နိုင်ကြလေသည်။ ၎င်းက ကောင်းကင်သခင်များ ပြိုင်ဘက်ကင်းရသည့် အကြောင်းရင်း ဖြစ်၏။
လင်းယွမ်ပင် ကောင်းကင်သခင်အဆင့်သို့ ချိုးဖျက်နိုင်ရန် တိကျသော အချက်အလက်များကို ရှာဖွေချင်နေခဲ့သည်။ သူ၏ တွက်ချက်မှုများအရ သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်ရန် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့်ပင် အနည်းဆုံး နှစ်ငါးဆယ်အချိန်ယူရပေလိမ့်မည်။
သို့သော် ကောင်းကင်သခင်များက ဘယ်လိုလုပ် အဆင့်ချိုးဖျက်နိုင်ကြတာလဲ။ ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်တိုင်းက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိနေကြတာလား။ ၎င်းက မဖြစ်နိုင်ပေ။
ဆရာကြီးကန်ချင်းက လင်းယွမ်နှင့် အခြားလူငယ်လေးယောက်ကို သူတို့၏ နေအိမ်များသို့ ပို့ဆောင်ပြီး ညဘက်အပြင်မထွက်ရန် မှာကြားပြီးနောက် ထွက်ခွာသွားသည်။
လင်းယွမ်က ကုတင်ပေါ်တွင် ထိုင်ပြီး ကျန်းဝူဓားကို သူ၏ရှေ့တွင် ချထားလိုက်သည်။ ယခုအချိန်တွင် ဓားက တိတ်ဆိတ်ငြိမ်သက်နေသည်။
" ဒီဓားမှာ ကောင်းကင်သခင်ရဲ့ လျို့ဝှက်ချက်တွေ ရှိနေလိမ့်မယ်။ မဟုတ်ရင် ဆရာကြီးကန်ချင်းက ငါ့ကို အနာဂတ်ကောင်းကင်သခင်အဖြစ် ချက်ချင်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ " လင်းယွမ်က သူ၏ ညာလက်ဖြင့် ဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
တစ်ချိန်တည်းတွင် မှိန်ဖျော့သော အလင်းရောင်တစ်ခုက ဓားကိုယ်ထည်မှ ပေါက်ကွဲထွက်ပေါ်လာသည်။
" ဝုန်း " လင်းယွမ်၏ ပတ်ဝန်းကျင်မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ဟင်းလင်းပြင်အမှောင်ထဲသို့ ရောက်သွားသည်ကို တွေ့လိုက်ရ၏။
သူ၏ ဘယ်ဘက်တွင် နေလုံးနှင့်တူသော အလင်းလုံးတစ်ခု ရှိနေပြီး သူ၏ ညာဘက်တွင် အဆုံးမရှိသော အေးစက်မှုများ ထွက်ပေါ်နေသည့် ချောက်နက်တစ်ခု ရှိနေလသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက ယင်ယန်စွမ်းအားများနှင့် ပြည့်နှက်နေသည်။
" ဒါက ဘာလဲ။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွား၏။ သူ၏ စိတ်ထဲတွင် အလင်းရောင်များ ရုတ်တရက် စီးဆင်းလာသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ထိုက်ယင်နှင့်ထိုက်ယန်တို့၏ သရုပ်သကန်ကို လေ့လာပြီး ယင်ယန်တာအိုကို ဆုပ်ကိုင်နိုင်သွားပါပြီ။ ]
များပြားသော ဉာဏ်အလင်းအသိအမြင်များက ချက်ချင်း သူ၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ လင်းယွမ်က သူ၏ ဘယ်ညာနှစ်ဘက်တွင် ရှိနေသော ယင်ယန်စွမ်းအားများကို အာရုံစိုက်ထားပြီး အချိန်မည်မျှကြာသွားသည်လဲ မသိတော့ပေ။
လင်းယွမ်၏ မျက်လုံးများက ဖြည်းညင်းစွာ ဖွင့်လာသည်။ " ဒါက ဒီလိုကိုး။ "
ထိုအချိန်တွင် ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်များက သဘာဝကောင်းကင်အဆင့်အား ချိုးဖျက်နိုင်သည့် အကြောင်းရင်းကို သူနားလည်သွား၏။ ၎င်းက ကျန်းဝူဓားပင်ဖြစ်သည်။ ဓား၏အတွင်းတွင် ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားများ ရှိနေပြီး ၎င်းက သဘာဝကောင်းကင်အဆင့်၏ အထက်အဆင့်သို့ ဦးတည်သွားစေနိုင်လေသည်။
ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်များက ယင်ယန်စွမ်းအားများကို နေ့ညမပြတ်လေ့လာပြီး အဆင့်ချိုးဖျက်ရန် ခက်ခဲခြင်း မရှိကြတော့ပေ။
" နှစ်နှစ်ဆယ် မဟုတ်သေးဘူး။ ဆယ်နှစ်ကျော်လောက်ဆို ငါ သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်နိုင်လောက်ပြီ။ " လင်းယွမ်က စိတ်လှုပ်ရှားသွား၏။
အမှန်တော့ ယင်နှင့်ယန်စွမ်းအားများတွင် တစ်ခုခုကို နားလည်ရုံဖြင့် သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်ရန် အဓိကသော့ချက်ဖြစ်လေသည်။ ၎င်းက ယခင်ကောင်းကင်သခင်များ၏ လမ်းကြောင်းလည်း ဖြစ်၏။
သို့သော် လင်းယွမ်က ကြီးမားသော ရည်မှန်းချက်ရှိပြီး ယင်နှင့်ယန်စွမ်းအားတို့ကို တစ်ပြိုင်နက် ကျင့်ကြံလိုနေသည်။ သို့မှသာ လိုအပ်သော အချိန်က နည်းပါးသွားမည်ဖြစ်သည်။
လင်းယွမ်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် စွမ်းအားတစ်ခုကို ရွေးချယ်လျှင် နောက်တစ်ဆင့်သို့ တက်ရန် တစ်နှစ် သို့မဟုတ် လအနည်းငယ်သာ ကြာပေလိမ့်မည်။
" ငါမှားသွားတာပဲ။ ငါ သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်တဲ့နည်းလမ်းက မှားနေခဲ့တာပဲ။ " လင်းယွမ်က ယင်နှင့်ယန်စွမ်းအားများ၏ အနှစ်သာရကို လေ့လာပြီး သူ၏ ပြဿနာကို စဉ်းစားမိသွား၏။
လွန်ခဲ့သော နှစ်များတွင် လင်းယွမ်က သဘာဝကောင်းကင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ သို့သော် လင်းယွမ်က သဘာဝကောင်းကင်အဆင့်သို့ တက်ရောက်ချိန်တွင် သူ၏ အခြေခံအုတ်မြစ်က အဓိကအားဖြင့် သိုင်းကမ္ဘာ၏ နောက်ဆုံးခရီးမှ အသိအမြင်များ ဖြစ်၏။ မှားသည်ဟု ပြော၍ မရသော်လည်း ထိုနည်းလမ်းဖြင့် သဘာဝကောင်းကင်အဆင့်သို့ တက်လှမ်းခြင်းက နောက်ဆက်တွဲလမ်းကြောင်းကို ပိုမိုခက်ခဲသွားစေမည်ဖြစ်သည်။
" ငါက ထိုက်ယင်၊ ထိုက်ယန် စွမ်းအားတစ်ခုခုကို အသုံးပြုပြီး သဘာဝကောင်းကင်အဆင့်ကို တက်ရောက်ခဲ့ရင် ယင်ယန်စွမ်းအားနှစ်ခုကို ပေါင်းစည်းပြီး နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်။ "
အတွေးများက လင်းယွမ်၏ စိတ်ထဲတွင် ပေါ်လာပြီး သဘာဝကောင်းကင်အဆင့်ကို နောက်တစ်ကြိမ် တက်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ အခြားတစ်ယောက်ဆိုလျှင် သဘာဝကောင်းကင်အဆင့်ကို ထပ်မံတက်ရောက်ရန် ကြိုးစားခြင်းက သူတို့၏ ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ခြင်းကို ဆိုလိုလေသည်။
သို့သော် လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူ၏ သဘာဝကောင်းကင်အဆင့်၏ ချီနှင့် ခွန်အားကို ထိုက်ယင် သို့မဟုတ် ထိုက်ယန်စွမ်းအားအဖြစ် ပြောင်းလဲနိုင်မည့်နည်းလမ်းကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ပေလိမ့်မည်။ ဆုံးရှုံးမှုအနည်းငယ် ရှိသော်လည်း အစကပြန်စခြင်းထက် ပိုကောင်းလေသည်။
" ဒီဓား.... ဒီကမ္ဘာမှာ အစစ်အမှန် သိုင်းဧကရာဇ် တကယ်ရှိခဲ့တာလား။ " လင်းယွမ်၏ အကြည့်က သူ၏ ရှေ့မှ ဓားပေါ်သို့ ကျရောက်သွားသည်။
ဓားအတွင်းမှ ထိုက်ယင်နှင့် ထိုင်ယန် စွမ်းအားတို့၏ အနှစ်သာရများက သဘာဝကောင်းကင်အဆင့်၏ အထက်အဆင့်ကို ချိုးဖျက်နိုင်ရန် လမ်းညွှန်ပေးလေသည်။
နောက်တစ်ရက်တွင် လင်းယွမ်နှင့် အခြားတပည့်လေးယောက်တို့က အပြင်တွင် ရပ်နေကြသည်။
ဆရာကြီးကန်ချင်းနှင့် အခြားအကြီးအကဲနှစ်ယောက်က သူတို့၏ ရှေ့တွင် ရှိနေ၏။ " ကောင်းပြီ။ မင်းတို့ငါးယောက်က ငါတို့ ထျန်းရှီဂိုဏ်းရဲ့ အနာဂတ်မျှော်လင့်ချက်ပဲ။ "
ဆရာကြီးကန်ချင်း၏ အကြည့်က လင်းယွမ်ပေါ်သို့ ကျရောက်သွားသည်။ ကျန်းဝူဓား၏ ရွေးချယ်ခံရသော သူက သံသယဝင်စရာမလိုဘဲ အနာဂတ် ကောင်းကင်သခင်တစ်ယောက် ဖြစ်မည်မှာ သေချာလေသည်။
" အခု ငါမင်းတို့ကို အစစ်အမှန်သိုင်းတာအိုခန်းမကို ခေါ်သွားပေးမယ်။ အဲ့ဒီနေရာက ငါတို့ ထျန်းရှီဂိုဏ်းရဲ့ ကောင်းကင်သခင်တွေ တံခါးပိတ်ကျင့်ကြံတဲ့နေရာပဲ။ အထဲမှာ ကောင်းကင်သခင်တွေရဲ့ ကျင့်စဉ်တွေနဲ့ အသိအမြင်တွေကို မှတ်တမ်းတင်ထားတယ်။ " ဆရာကြီးကန်ချင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ လူငယ်လေးယောက်က စိတ်လှုပ်ရှားသွားကြသည်။ လုံဟုတောင်ပေါ်တွင် ကောင်းကင်သခင်များက ဒဏ္ဍာရီတစ်ခု ဖြစ်၏။ ကောင်းကင်သခင်များ ကျင့်ကြံသော နေရာသို့ သွားရောက်နိုင်ခြင်းက အမှန်တကယ် ကောင်းချီးတစ်ခုပင် ဖြစ်၏။
ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း