← Chapters

အဆုံးသတ်မည့် လမ်းကြောင်း...

Vol. 2 Ch. 36

အဆုံးသတ်မည့် လမ်းကြောင်း...

Vol. 2 Ch. 36

အစစ်အမှန်သိုင်းတာအိုခန်းမက လုံဟုတောင်တန်းထဲတွင် တည်ဆောက်ထားသော လျို့ဝှက်နေရာတစ်ခု ဖြစ်၏။ အတွင်းပိုင်းက ကျယ်ဝန်းပြီး နံရံများပေါ်တွင် စာလုံးများ ရေးထွင်းထားသည်။

" ဒီစာလုံးတွေက မျိုးဆက်အသီးသီးက ကောင်းကင်သခင်တွေ ရေးသားခဲ့တာပဲ။ သူတို့မှာ ကျင့်ကြံခြင်းရဲ့ အနှစ်သာရတွေ ပါဝင်တယ်။ မင်းတို့ ဒါတွေကို အလောတကြီး လေ့လာလို့ မရဘူး။ ဒီအတိုင်းပဲ အပေါ်ယံပဲ ကြည့်ကြ မဟုတ်ရင် မင်းတို့ ကျင့်ကြံခြင်းကို ထိခိုက်သွားလိမ့်မယ်။ " ဆရာကြီးကန်ချင်းက သူတို့ကို သတိပေးလိုက်သည်။

လင်းယွမ်မှ လွဲ၍ ကျန်သည့်လူငယ်လေးယောက်က သူတို့အကြည့်များကို လွှဲလိုက်ကြသည်။

" အခု မင်းတို့က မီးပုလဲနဲ့ ရေခဲပုလဲတို့ကို နားလည်အောင် အဓိကအာရုံစိုက်သင့်တယ်။ " ဆရာကြီးကန်ချင်းက အားလုံးကို ခန်းမ၏ အလယ်သို့ ဦးဆောင်သွားသည်။

ခန်းမ၏ အလယ်တွင် အနီရောင်နှင့် အပြာရောင်ကျောက်တုံးနှစ်တုံး ရှိနေပြီး ၎င်းတို့ဆီမှ အပူနှင့်အအေးလှိုင်းများ ထွက်ပေါ်နေသည်။

" ဒီမီးနဲ့ရေခဲပုလဲတွေက အရှေ့ပင်လယ်ထဲမှာ အော်ရာအမျိုးမျိုး စုစည်းပြီး ဖြစ်ပေါ်လာတဲ့ ကောင်းကင်ပုလဲတွေပဲ။ " ကန်ချင်းက ရှင်းပြလိုက်သည်။ " ကောင်းကင်သခင်ရဲ့ မျိုးဆက်တွေက သူတို့ရဲ့ စွမ်းအားတွေကို ဒီထဲကို ထည့်ပေါင်းခဲ့ကြတယ်။ ဒါကြောင့် ဒီနေ့အထိ ဒီမီးနဲ့ရေခဲပုလဲကို ထိန်းသိမ်းနိုင်ခဲ့တာပဲ။ "

၎င်းကို ကြားသောအခါ လင်းယွမ်က အတွေးနက်သွား၏။ ထိုမီးနှင့်ရေခဲပုလဲများက ကျန်းဝူဓားထဲရှိ ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားတို့၏ အဆင့်နိမ့်ပုံစံပင် ဖြစ်၏။ ယခင် ကောင်းကင်သခင်များက ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားတို့ကို အတုယူရန် ကြိုးစားခဲ့ပုံရလေသည်။

ကံဆိုးစွာပင် အသုံးပြုထားသော ပစ္စည်းကြောင့် သို့မဟုတ် စွမ်းအားကွာခြားမှုများကြောင့် ကျန်းဝူဓားအတွင်းမှ ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားတို့နှင့် ယှဉ်ပါက နေ့အလင်းရောင်အောက်မှ ပိုးစုန်းကြူးတစ်ကောင်သဖွယ် ဖြစ်နေပေလိမ့်မည်။

ဆရာကြီးကန်ချင်းက ဆက်ပြောလိုက်သည်။ " အခု မင်းတို့ရဲ့ အဓိကပန်းတိုင်က မီးနဲ့ရေခဲပုလဲတွေဆီက ထိုက်ယင်နဲ့ထိုက်ယန် စွမ်းအားတွေကို နားလည်နိုင်ဖို့ပဲ။ အရင် ကောင်းကင်သခင်တွေက အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တွေထဲက လမ်းတစ်ခုကို ရွေးချယ်ခဲ့ကြတယ်။ "

" အဆုံးမဲ့ယင်ဖြစ်စေ အဆုံးမဲ့ယန်ဖြစ်စေ မင်းတို့ နည်းနည်းလောက်နားလည်ရင် သဘာဝကောင်းကင်အဆင့်ကို တက်ရောက်လို့ရပြီ။ " ဆရာကြီးကန်ချင်းက အားလုံးကို ကြည့်ပြီး ပြောလိုက်သည်။

၎င်းက နောက်ပိုင်းမျိုးဆက်များ၏ တပည့်များအတွက် ပထမကောင်းကင်သခင် ချန်ထားခဲ့သော ကျင့်ကြံခြင်း လမ်းစဉ်ဖြစ်လေသည်။ ထိုလမ်းစဉ်နှစ်ခု၏ စွမ်းအားက အလွန်သန်မာသောကြောင့် ထျန်းရှီဂိုဏ်းမှ သဘာဝကောင်းကင်အဆင့်များက အပြင်မှ အဆင့်တူများနှင့်ယှဉ်လျှင် ပို၍ သန်မာနေခြင်း ဖြစ်သည်။ ထိုအားသာချက်က အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကြောင့်ဖြစ်၏။

ယခင်ကောင်းကင်သခင်များက ထိုလမ်းစဉ်နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ကြသော်လည်း သူတို့က ကျန်းဝူဓားထဲမှ ထိုက်ယင်နှင့် ထိုက်ယန်တို့၏ စစ်မှန်သော အနှစ်သာရကို ဆင်ခြင်နိုင်ကြလေသည်။

အကျိုးသက်ရောက်မှုက လက်ရှိ မီးနှင့် ရေခဲပုလဲတို့ထက် အဆပေါင်းများစွာ ပိုသန်မာပြီး အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့၏ လမ်းကြောင်းပေါ်တွင် ပို၍ တိုးတက်အောင်မြင်ကြလေသည်။

ထို့နောက် ဆရာကြီးကန်ချင်းက လူငယ်လေးယောက်ကို သွားစေပြီး လင်းယွမ်ကို ကြည့်လိုက်သည်။

" မင်းက မီးပုလဲနဲ့ ရေခဲပုလဲကို ဆင်ခြင်ဖို့ မလိုဘူး။"

သူက ကျန်းဝူဓား၏ လျို့ဝှက်ချက်များကို မသိသော်လည်း မှတ်တမ်းများအရ အစစ်အမှန်းသိုင်းတာအိုခန်းမသို့ လာသော ကောင်းကင်သခင်များက မီးနှင့်ရေခဲပုလဲတို့ကို စိတ်ဝင်စားခြင်းမရှိကြသည်ကိုတော့ သိထားလေသည်။ သို့သော် ကောင်းကင်သခင်များက အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့၏ လမ်းစဉ်ပေါ်တွင် အောင်မြင်စွာ ဦးဆောင်နိုင်ကြဆဲ ဖြစ်သည်။

ထို့ကြောင့် ဆရာကြီးကန်ချင်းက ကောင်းကင်သခင်များတွင် အခြားနည်းလမ်းများရှိသည်ဟု တွေးထင်ခဲ့သည်။

" နံရံပေါ်က စာလုံးတွေကိုပဲ အာရုံစိုက်ပါ။ အဲ့ဒါ အရင်ကောင်းကင်သခင်တွေ ချန်ခဲ့တာဆိုတော့ မင်းအတွက် အထောက်အကူဖြစ်နိုင်တယ်။ "

" ကောင်းပြီ။ "လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ထျန်းရှီဂိုဏ်း၏ ကောင်းကင်သခင်များက သဘာဝကောင်းကင်အဆင့်ထက် ကျော်လွန်သူများဖြစ်ပြီး သူတို့၏ ထိုးထွင်းသိမြင်မှုများက လင်းယွမ်အတွက် အမှန်တကယ် အသုံးဝင်လေသည်။

" ကိစ္စတစ်ခုခုရှိရင် ငါကို ခေါ်လိုက်ပါ။ " ဆရာကြီးကန်ချင်းက လင်းယွမ်ကို မှာကြားပြီးနောက် ထွက်ခွာသွားသည်။

နောင်အချိန်များတွင် လင်းယွမ်က ခန်းမထဲမှ ထွက်မသွားခဲ့ပေ။ ဂိုဏ်းမှ အခြားတပည့်များက သူ့ကို စားသောက်စရာများ လာပို့ကြလေသည်။ အကယ်၍ လင်းယွမ်က အပြင်ထွက်လျှင် လုံဟုတောင်မှ ထွက်သွား၍ မရပေ။ အကြောင်းမှာ ကျန်းဝူဓားက ကောင်းကင်သခင်များ မွေးထုတ်ပေးရန် အဓိကသော့ချက်ဖြစ်သောကြောင့် လုံးဝ ပျောက်ဆုံး၍မရပေ။

အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး နှစ်ဝက်ကြာသွားခဲ့သည်။

လင်းယွမ်က စာလုံးများ ရေးထွင်းထားသော နံရံတစ်ခုရှေ့တွင် ထိုင်နေသည်။ ထိုစာလုံးများကို ၁၈ဆက်မြောက် ကောင်းကင်သခင်က ချန်ထားခဲ့ခြင်းဖြစ်၏။ သူက အဆုံးမဲ့ယန်လမ်းစဉ်ကို လျှောက်လှမ်းပြီး သူ၏ အသိအမြင်များကို မှတ်တမ်းတင်ထားခဲ့သည်။

" ကောင်းကင်သခင်၏ အသိအမြင်များကို လေ့လာပြီး ယင်ယန်တာအိုအပေါ် သင်၏ နားလည်မှုက ပိုနက်ရှိုင်းသွားပါပြီ။ "

လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ " ငါ အပြည့်အဝ ပြောင်းလဲသွားပြီပဲ။ "

ဤအချိန်များတွင် သူက ယင်ယန်တာအိုအပေါ် သူ၏ နားလည်မှုဖြင့် သူ၏ ယခင် သဘာဝကောင်းကင်အဆင့် စွမ်းအားများကို ထိုက်ယင်နှင့်ထိုက်ယန် စွမ်းအားများအဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းတို့ကို အခြေတည်ပြီး သဘာဝကောင်းကင်အဆင့်သို့ ပြန်လည်တက်ရောက်ခြင်းက သူကို သာမန်ထက် နှစ်ဆ လေးဆလောက် ပို၍ သန်မာသွားစေခဲ့သည်။ ၎င်းက ကနဦးအသွင်ပြောင်းလဲမှုသာဖြစ်၏။ အလားအလာနှင့် ကျင့်ကြံခြင်းအမြန်နှုန်းအရ အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့က အခြား သဘာဝကောင်းကင်အဆင့်များထက် ကျော်လွန်သွားခဲ့သည်။ ပုံမှန်အားဖြင့် လင်းယွမ်က သဘာဝကောင်းကင်အဆင့်မှ နောက်တစ်ဆင့်သို့ တက်ရန် နှစ်ငါးဆယ် လိုအပ်လေသည်။

သို့သော် သူ၏ အခြေခံကို အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်စွမ်းအားတို့အဖြစ် ပြောင်းလဲပြီးနောက် သူက နောက်တစ်ဆင့်သို့ တက်ရန် အချိန်ထက်ဝက်ကျော် သက်သာသွားခဲ့သည်။

" ရှန်းဖုန်း "

" မင်းဆင်ခြင်တာ ဘယ်လိုလဲ။ "

ချင်းပင်းက ရောက်လာခဲ့သည်။ " အာ မီးပုလဲကို ဆင်ခြင်တာ အရမ်းခက်ခဲတာပဲ။ ငါ သိပ်ကိုနားမလည်သေးဘူး။ "

ချင်းပင်းက စိတ်ပျက်စွာ ပြောလိုက်သည်။

" အချိန်ယူပါ အလျင်မလိုနဲ့။ " လင်းယွမ်က နှစ်သိမ့်လိုက်သည်။

ချင်းပင်းက အဆုံးမဲ့ယန်လမ်းစဉ်ကို ရွေးချယ်ပြီး မီးပုလဲကို နားလည်ရန် ကြိုးစားနေခဲ့သည်။ မီးပုလဲ၏ စွမ်းအားက ကျန်းဝူဓားကို မယှဉ်နိုင်သော်လည်း အခြားအရာများထက် သာလွန်လေသည်။ ခေါင်းဆောင်တစ်ယောက် ဓား၏ ရွေးချယ်ခံရသော ချင်းပင်းအတွက် အချိန်ယူပြီး လေ့လာလျှင် အသီးအပွင့်များ ခံစားရမည်မှာ သေချာလေသည်။

" ရှန်းဖုန်း မင်းရဲ့ အခြေအနေရော ဘယ်လိုလဲ။ " ချင်းပင်းက တစ်ခုခုကို တွေးနေပုံရပြီး လင်းယွမ်ကို မျှော်လင့်တကြီး ကြည့်နေသည်။

" တိုးတက်မှုအချို့တော့ ရှိပါတယ်။ " လင်းယွမ်က ခန စဉ်းစားပြီးနောက် သူ၏ လက်ကို မြှောက်လိုက်သည်။ ယင်နှင့်ယန်စွမ်းအားများက သူ၏ လက်ချောင်းများကြားတွင် ထွက်ပေါ်လာသည်။

" ဝါး ရှန်းဖုန်း မင်းက ဆရာကြီးပဲ။ " ချင်းပင်းက မျက်လုံးပြူးသွား၏။ သူက အံ့အားသင့်သွားသော်လည်း မယုံကြည်နိုင်တော့ မဖြစ်ပေ။

ဓားသင်္ချိုင်းတွင် လင်းယွမ်က ကျန်းဝူဓားကို ကိုင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အော်ရာတစ်ခုနှင့် ထွက်လာသည်ကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် ဆရာကြီးကန်ချင်းက သူတို့ကိုသူတို့ လင်းယွမ်နှင့်မယှဉ်ဘဲ ကြိုးစားလေ့ကျင့်ရန် မှာကြားခဲ့သည်။ လင်းယွမ်က အနာဂတ် ကောင်းကင်သခင်တစ်ယောက်ဖြစ်ပြီး သူတို့က သဘာဝကောင်းကင်အဆင့်သို့ တက်ရောက်ရန်ပင် ခက်ခဲနေကြလေသည်။

လင်းယွမ်က ယင်နှင့်ယန် စွမ်းအားနှစ်ခုလုံးအား ထိန်းချု​ပ်နိုင်သည်ကို မြင်သောအခါ ချင်းပင်းနှင့် အခြားလူငယ်သုံးယောက်က အံ့ဩသွားကြသည်။

လဝက်ကြာပြီးသောအခါ ဆရာကြီးကန်ချင်းနှင့် အခြားအကြီးအကဲနှစ်ယောက် ရောက်လာခဲ့သည်။ သူတို့က လူငယ်လေးယောက်၏ တိုးတက်မှုများကို စစ်ဆေးခဲ့သည်။

ပထမဆုံး ချင်းပင်းက သူ၏ လက်ကို မြှောက်ပြီး အပူလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။

" မဆိုးဘူး။ "

" မင်း တံခါးဝကို ရောက်နေပြီ။ " ဆရာကြီးကန်ချင်းက ခေါင်းငြိမ့်လိုက်သည်။

နောက်သုံးယောက်တွင် တစ်ယောက်က ချင်းပင်းကဲ့သို့ အဆုံးမဲ့ယန်လမ်းကြောင်းပေါ် ရောက်အောင် လုပ်နိုင်ခဲ့သည်။ ကျန်သော နှစ်ယောက်က အောင်မြင်ခြင်း မရှိသေးပေ။

" မီးပုလဲ ရေပုလဲတွေရဲ့ အကူအညီနဲ့ အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တို့ရဲ့ တံခါးဝကို ရောက်အောင်လုပ်နိုင်တာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ဘူး။ " ဆရာကြီးကန်ချင်းက အားလုံးကို စိတ်မပျက်ဘဲ ဆက်လက်ကြိုးစားရန် တွန်းအားပေးလိုက်သည်။

လူငယ်လေးယောက်၏ တိုးတက်မှုကို စစ်ဆေးပြီးနောက် ဆရာကြီး ကန်ချင်း၏ အကြည့်က လင်းယွမ်ပေါ်သို့ ကျရောက်လာသည်။

လင်းယွမ်က ကျန်းဝူဓား၏ ရွေးချယ်ခြင်းခံရသော အနာဂတ် ကောင်းကင်သခင်ဖြစ်လေသည်။ အခြားကလေးလေးယောက်ထဲတွင် နှစ်ယောက်က အဆုံးမဲ့ယန်ကို ထိတွေ့နိုင်ခဲ့လျှင် အထူးချွန်ဆုံးဖြစ်သော လင်းယွမ်ကို သူတို့ အလွန်မျှော်လင့်နေကြသည်။

" ဆရာကြီး " လင်းယွမ်က အရိုအသေပေးလိုက်သည်။

လင်းယွမ်က သူ၏ လက်ကို မြှောက်လိုက်သည်နှင့် ယင်နှင့်ယန်စွမ်းအားများက ရောယှက်စွာဖြင့် နက်ရှိုင်းသော အော်ရာတစ်ခု ထွက်ပေါ်လာသည်။

" အံ့ဩစရာပဲ။ "

" ရှန်းဖုန်းက ပိုပြီး သန်မာလာပြန်ပြီ။ "

" ငါတို့ ဘယ်အချိန်မှ ရှန်းဖုန်းအဆင့်ကို ရောက်မှာလဲ မသိဘူး။ " ၎င်းကို မြင်သောအခါ တပည့်လေးယောက်က သူတို့ အချင်းချင်း ဆွေးနွေးလိုက်ကြသည်။

သူတို့က ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအား တစ်ခုကို ထိတွေ့နိုင်အောင် ခက်ခက်ခဲခဲ ကြိုးစားနေကြသော်လည်း လင်းယွမ်က နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့သည်။

ဆရာကြီးကန်ချင်း၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ " အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန် နှစ်ခုလုံးကို မင်းကို ဘယ်သူက လေ့ကျင့်ခိုင်းလို့လဲ။"

" အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်က ကောင်းကင်က သတ်မှတ်ထားတဲ့ လမ်းစဉ်နှစ်ခုပဲ။ အဲ့ဒါနှစ်ခုကို တစ်ပြိုင်နက် လေ့ကျင့်တာက တကယ်သေခြင်းပဲ။ "

" ယင်နဲ့ယန်က ဆန့်ကျင်ဘက် စွမ်းအားတွေပဲ။ မင်းနှစ်ခုလုံးကို လေ့ကျင့်တာ အစပိုင်းမှာ ဘာမှမသိသာပေမယ့် ကြာရင် ဒုက္ခရောက်သွားလိမ့်မယ်။ "

" ငါတို့ ထျန်းရှီဂိုဏ်းရဲ့ တတိယကောင်းကင်သခင်က ယင်နဲ့ယန် နှစ်ခုလုံးကို လေ့ကျင့်ချင်လို့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ယင်စွမ်းအားတွေ ထည့်သွင်းလိုက်တာ ခန္ဓာကိုယ်ပေါက်ကွဲပြီး အဆုံးသတ်သွားခဲ့တယ်။ "

" ဒီလိုမဆင်မခြင်လုပ်တာ မင်းအကျိုးဆက်တွေကို စဉ်းစားပြီးပြီလား။ " ဆရာကြီးကန်ချင်းက လင်းယွမ်ကို ဒေါသတကြီး အပြစ်တင်နေလေသည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters