← Chapters

မုန်တိုင်းမလာခင်ငြိမ်သက်ခြင်း

Vol. 96 Ch. 1340

မုန်တိုင်းမလာခင်ငြိမ်သက်ခြင်း

Vol. 96 Ch. 1340

အခန်း (၁၃၄၀) မုန်တိုင်းမလာခင်ငြိမ်သက်ခြင်း

ကျောက်ဂူအိမ်တော်သခင်၏ စကားကိုကြားသည်နှင့် ကျန်နှစ်ယောက်၏မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။

“အိုး ဟုတ်လား...”

ကျောက်ဂူအိမ်တော်သခင်က ဆက်ပြီး သတိပေးစကားဆိုလိုက်သည်။

“မင်းတို့နှစ်ယောက် မေ့သွားပြီလား ၊ နတ်ဘုရားများအုပ်စိုးတဲ့ခေတ် လွန်ပြီးတဲ့နောက်မှာ စန့်ချင်အဆက်အနွယ်က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တွေက ဝူတန့်မယ်တော်နဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ရှိခဲ့ကြတယ်”

“အခု လမ်းမှန်တာအိုဝါဒ ကျဆင်းနေတဲ့အချိန်မှာ ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်တွေက သူတို့ကိုယ်သူတို့ စန့်ချင်အဆက်အနွယ်တွေအဖြစ် ရပ်တည်နေကြတယ် ၊ ဒါပေမဲ့ ငါတို့ဘက်မှာ ဝူတန့်မယ်တော်ကို ရန်ငြိုးထားနေတဲ့ စန့်ချင်အဆက်အနွယ်နဲ့ဆက်စပ်ပတ်သက်နေတဲ့လူတွေလည်း ရှိနေတယ်လေ”

ထိုစကားကိုကြားတော့မှ ကျန်နှစ်ယောက် သဘောပေါက်သွားကြသည်။

“ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သမင်ဖြူနတ်မိစ္ဆာကြီးကလည်း သူတို့ကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်”

ကျောက်ဂူအိမ်တော်သခင်က ဆက်ပြောပြသည်။

“သမင်ဖြူကြီးအတွက် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’က လက်စားချေပေးမှာတော့မဟုတ်ဘူး ၊ ဒါပေမဲ့ နွားရိုင်းမိစ္ဆာဘုရင်ရဲ့စိတ်အာရုံကို အဂ္ဂိရတ်ခန်းမကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မယ်ဆိုရင် ဒီကိစ္စက မတူညီတဲ့ကိစ္စတစ်ခု ဖြစ်လာမယ် မဟုတ်လား”

တာအိုဆရာက ခေါင်းညိတ်လိုက်ပြီး...

“ကျုပ်ကြားတာတော့ အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်တဲ့သဲလွန်စတွေကို သမင်ဖြူကြီးက အစောဆုံးရှာဖွေတွေ့ရှိခဲ့တာပဲ ၊ ဒါပေမဲ့ သူက တစ်ယောက်တည်းအပိုင်ဆီးချင်တဲ့အတွက် ရန်သူကိုမယှဉ်နိုင်ဘဲ သူများတွေက ကြားထဲက အမြတ်ထွက်သွားတာပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ သူကတစ်ဆင့် ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ကို စည်းရုံးပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့”

အဂ္ဂိရတ်ခန်းမမှ အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိနိုင်လျှင်တော့ မျက်လုံးတစ်ရာတာအိုဆရာအတွက် အကောင်းဆုံး ဖြစ်ပေမည်။

ဘာမှမရလျှင်တောင်မှ ရန်ကျောက်ကဲနှင့် အဂ္ဂိရတ်ခန်းမကိုမျှားခေါ်ရန် အပြာရောင်ခရီးရှည်ကော်းကင်ဘုံကို ဒုက္ခပေးရမည်ဖြစ်လေရာ အနည်းဆုံး သူ၏ဒေါသကိုဖြေဖျောက်နိုင်မည်ဖြစ်သဖြင့် ဤခရီးစဉ်က သူ့အတွက် အချည်းအနှီးမဖြစ်ဟု ဆိုနိုင်ပေသည်။

မိန်းမပျိုကတော့ အကြောင်းအရာမျိုးစုံကို စဉ်းစားနေဟန် ရှိသည်။

နတ်မိစ္ဆာမျိုးနွယ်များမှ သူတော်စင်များက အဂ္ဂိရတ်ခန်းမကို ပိုမိုအာရုံစိုက်လာကြသည်ဖြစ်ရာ နောက်ဆုံး အဂ္ဂိရတ်ခန်းကို ရရှိလျှင်တောင်မှ အကျိုးအမြတ်အများစုက ထိုသူတော်စင်များလက်ထဲသို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။

သို့သော် ဤသည်က ရှောင်လွှဲမရသည့်ကိစ္စာပင်။

စန့်ချင်အဆက်အနွယ်မှ ဝူတန့်မယ်တော်၏ဖိအားကို ခုခံရန်နှင့် လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များကိုကာကွယ်ရန် ခေါင်းကိုးလုံးသူတော်စင်နှင့် အခြားသူတော်စင်များ၏အကူအညီ လိုအပ်နေသည်ပဲ ဖြစ်သည်။

ထိုသို့မဟုတ်ပါက သူမတို့အုပ်စု အပေါင်းအဖော်များနှင့် လူစုပြီး သွားရောက်တိုက်ခိုက်လျှင် အောင်မြင်မှုမရသည့်အပြင် အသက်အန္တရယ်ပါ ရှိနိုင်သည်။

အကောင်းဆုံး ဥပမာကတော့ သမင်ဖြူနတ်မိစ္ဆာကြီးပဲ ဖြစ်သည်။

သူက အဂ္ဂိရတ်ခန်းမကို တစ်ယောက်တည်းအပိုင်သိမ်းချင်သဖြင့် ကြိုးစားခဲ့သော်လည်း ဆုံးရှုံးမှုများသာ ရရှိခဲ့သည်။

ဤသို့သော သင်ခန်းစာများကြောင့် အရမ်းကာရောမလှုပ်ရှားခင် မည်သို့စနစ်တကျ အစီအစဉ်ဆွဲမည်လဲဆိုသည်ကို စဉ်းစားလာကြရသည်။

သို့ဖြစ်ရာ မျက်လုံးတစ်ရာတာအိုဆရာ ၊ မိန်းမပျိုနှင့် ကျောက်ဂူအိမ်တော်သခင်တို့အတွက် အကျိုးအမြတ် ဘယ်လောက်ရရှိမည်က ပြောရခက်သည်။

သို့ပေသိ သူမက လောဘမကြီးပေ။

အဂ္ဂိရတ်ခန်းမထဲတွင်သိမ်းဆည်းထားသော ဝိညာဉ်ဆေးဝါးအချို့ကိုသာ သူမက လိုချင်ခြင်းဖြစ်သည်။

နတ်မိစ္ဆာမျိုးနွယ်များလက်ထဲသို့ အဂ္ဂိရတ်ခန်းမရောက်ရှိလာပါက သူမအနေဖြင့်လည်း ထိုဆေးဝါးများကိုရယူရန် ခက်ခဲတော့မည် မဟုတ်ပေ။

ဤဆေးဝါးများက သူမအတွက် အရေးပါပြီး အလွန်ရှားပါးခြင်းကြောင့် အဂ္ဂိရတ်ခန်းမအတွက် တိုက်ပွဲဝင်ခြင်းက သူမအတွက် ထိုက်တန်သည်ဟု ဆိုနိုင်သည်။

အနည်းဆုံး မိုးပြိုပြီး သူတို့အပေါ်ဖိမိလျှင်ပင် ခေါင်းကိုးလုံးသူတော်စင်က သူတို့အတွက် ကိုင်တွယ်ဖြေရှင်းပေးမည် ဖြစ်သည်။

သူမအတွက် မိုးပြိုသည့်ပမာ ကြီးမားသော ဘေးအန္တရယ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နတ်မိစ္ဆာမျိုးနွယ်၏ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များ၏ မျက်လုံးထဲမှာတော့ သေးငယ်သည့် ပြဿနာတစ်ခုသာ ဖြစ်သည်။

မိန်းမပျိုက...

“ဒီလိုဆိုရင်တော့ ကျွန်မမှာ မေးခွန်းထုတ်စရာ မရှိတော့ပါဘူး”

သူမက ဆက်ပြောလိုက်သည်။

“ကျွန်မ ထျန်းစူးခန်းမက ဝိညာဉ်ဆေးဝါးတွေလိုချင်တယ်လို့ ပြောခဲ့တာကို အစ်ကိုမှတ်မိနေမယ်လို့ လုံးဝ ထင်မထားခဲ့ဘူး ၊ ကျွန်မကို ဒီလောက်ထိ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပါတယ် ၊ တကယ့်ကို ကျေးဇူးတင်မိပါတယ်”

ကျောက်ဂူအိမ်တော်သခင်က ပြုံးလိုက်ပြီး...

“ဘာတွေပြောနေတာလဲ ၊ ငါတို့တွေ အချင်းချင်း ဂရုစိုက်ပေးနေကြတာပဲ မဟုတ်ဘူးလား”

သူက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

“ငါတို့တွေ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတယ် ၊ အခု ငါတို့တွေ လောကကြီးအလယ် ပြန်လည်ထွက်ပေါ်လာနိုင်ပြီ ၊ ဒါပေမဲ့ ငါတို့ရဲ့လုပ်ရပ်တိုင်းကို သတိထားပြီး ဂရုပြုနေဖို့တော့လိုတယ်”

“အရင်တုန်းက မိုးကောင်ကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမမှာ များပြားလှတဲ့ ကြွယ်ဝချမ်းသာမှုတွေရှီတယ် ၊ ငါတို့ အဲဒါကို ရယူနိုင်ဖို့ အစီအစဉ်ချမှတ်ရမယ် ၊ သမင်ဖြူနတ်မိစ္ဆာကြီးက လောဘကြီးလွန်းတဲ့အတွက် ဘေးတွေ့ခဲ့တယ် ၊ ငါတို့က သူ့လိုမဖြစ်အောင် ရှောင်ရှားရမယ်”

စကားပြောရင်းဖြင့်ပင် ကျောက်ဂူအိမ်တော်သခင်က နေရာမှထလိုက်သည်။

“ကဲ... အချိန်မဆွဲကြနဲ့တော့ ၊ အခုပဲ ခေါင်းကိုးလုံးသူတော်စင်ဆီကို သွားကြရအောင်”

သူတို့ (၃)ယောက် ကျောက်ဂူအိမ်တော်အတွင်းမှ ထွက်ခွာလာကြပြီး အမိန့်စောင့်ဆိုင်းနေကြသည့် တပည့်အချို့ကိုခေါ်ဆောင်ကာ ဤကမ္ဘာကြီးထဲမှ ပျံသန်းထွက်ခွာသွားကြသည်။

ချန်စန်းရှင်းဟိုင်စကြာဝဠာတစ်လျှောက် ပျံသန်းထွက်ခွာလာပြီး အချိန်မည်မျှကြာမှန်းမသိရခင် သူတို့မျက်စိရှေ့တွင် ကမ္ဘာတစ်ခု ပေါ်လာသည်။

ဗလာနယ်အရံအတားများကို ဖြတ်ကျော်ပြီး ထိုကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်နှင့် ကျယ်ပြန့်နက်ရှိုင်းသော စိမ်းပြာရောင်ပင်လယ်ကြီးတစ်ခုကို သူတို့မျက်စိရှေ့တွင် တွေ့မြင်လိုက်ရသည်။

ပြင်းထန်သောရေလှိုင်းများက တဟုန်ထိုးမြင့်တက်လာနေပြီး မိစ္ဆာစွမ်းအားများက နေရာအနှံ့ ပျံ့နှံ့နေသည်။

သူတို့ (၃)ယောက် ပင်လယ်ရေအောက်ကြမ်းပြင်သို့ဆင်းသွားပြီး ခဏအကြာမှာတော့ ပင်လယ်ထဲမှ ပြန်ထွက်လာကြက အဝေးတစ်နေရာသို့ ထွက်ခွာသွားကြသည်။

ဤသည်က ခရီးရှည်ကြီးတစ်ခု ဖြစ်လေသည်။

ထို့နောက် သူတို့ ချန်စန်းရှင်းဟိုင်စကြာဝဠာမှ ထွက်ခွာသွားပြီး ပြင်ပဗလာနယ်ထဲသို့ ရောက်ရှိသွားသည်။

အဆုံးမရှိသော ပြင်ပဗလာနယ်အတွင်း ဝင်ရောက်ပြီးနောက် အာကာသအလွှာများ၏ တွန့်ခေါက်လွှာများကြောင့်ဖြစ်ပေါ်လာသော အက်ကြောင်းများကိုဖြတ်ကျော်ခဲ့ကြသည်။

မည်မျှကြာအောင် ခရီးနှင်ခဲ့သည်မသိ နောက်ဆုံး သူတို့(၃)ယောက်လုံး ခြေလှမ်းများ ရပ်တန့်လိုက်ကြသည်။

ထို့နောက် ကျောက်ဂူအိမ်တော်သခင်က အင်းချပ်တစ်ခုထုတ်ယူပြီး မီးရှို့လိုက်သည်။

အင်းချပ်က အစိမ်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားပြီး ဗလာနယ်ထဲတွင် ကြာရှည်စွာလှည့်ပတ်ပြီးနောက် စက်ဝိုင်သဏ္ဌန် ပြောင်းလဲသွားသည်။

ခဏအကြာတွင် ထိုစက်ဝိုင်းမှ အလင်းရောင်များထွက်ပေါ်လာပြီး ခဏမျှ တလက်လက်တောက်ပနေသည်။

ဒါကိုမြင်တော့ နတ်မိစ္ဆာ (၃)ယောက် သူတို့၏လမ်းကြောင်းကို‌ပြောင်းလဲလိုက်ပြီး အခြားတစ်ဖက်သို့ ပျံသန်းထွက်ခွာသွားကြသည်။

အချိန်အတန်ကြာပြီးနောက် အဝေးတစ်နေရာမှ အလင်းရောင်များထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရပြီး သူတို့ကိုကြိုဆိုနေသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုအဘိုးအိုက အတိတ်တစ်ချိန်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းက်ငဘုံနန်းတော်မှ သက်ရှည်နတ်မင်းဘိုးဘိုး၏စီးတော် ‘သမင်ဖြူနတ်မိစ္ဆာ’ ပင် ဖြစ်သည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သူက ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ ဝင်ရောက်နေထိုင်ခဲ့သည်။

“ရောက်လာပြီလား တာအိုဆရာ’ဖုလော်’ ၊ စောစောထွက်မကြိုမိတာ တောင်းပန်ပါတယ်”

သမင်ဖြူနတ်မိစ္ဆာကြီးက သူတို့ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုနှုတ်ဆက်ရင်း စကားဆိုလိုက်သည်။

“မျက်လုံးတစ်ရာတာအိုဆရာနဲ့ နက်ရှိုင်းကဗျာနတ်မိမယ်လည်း ပါလာတာကိုး ၊ နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ်”

ဖုလော်ကျီနှင့် နက်ရှိုင်းကဗျာနတ်မိမယ်တို့က ပြိုင်တူပင်ပြောလိုက်ကြသည်။

“တာအိုရောင်းရင်း’သမင်ဖြူ’ က ယဉ်ကျေးလွန်းနေပါပြီ”

သို့သော် မျက်လုံးတစ်ရာတာအိုဆရာကတော့ သမင်ဖြူကြီးကို အရေးမစိုက်ဟန် အမူအရာဖြင့်ရှိနေလေသည်။

ဤသည်ကိုသတိထားမိပြီး သမင်ဖြူနတ်မိစ္ဆာကြီး ဒေါသထွက်သွားရ၏။

အဂ္ဂိရတ်ခန်းမတွင် ဖြစ်ပျက်ခဲ့သည့်သတင်းများ ပျံ့နှံ့သွားပြီးနောက် သမင်ဖြူကြီးမှာ နတ်မိစ္ဆာမျိုးနွယ်များအလယ်တွင် ရယ်စရာလူသားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

တစ်ချိန်တည်းမှာပင် နတ်မိစ္ဆာအတော်များများကလည်း သူ့ကို မကျေမနပ် ဖြစ်ခဲ့ကြသည်။

ထို့ကြောင့် သမင်ဖြူနတ်မိစ္ဆာကြီးမှာ သိက္ခာပြန်ဆည်နိုင်ရန် အတော်လေး ကြိုးစားနေခဲ့ရသည်။

စောမင်ကျန့်လက်ချက်ဖြင့် ရရှိခဲ့သောဒဏ်ရာများမှာလည်း ယခုအချိန်ထိ ပျောက်ကင်းခြင်းမရှိသေးပေ။ သို့သော် သူက အနည်းငယ်လှုပ်ရှားလာနိုင်သည်နှင့် တာအိုစကြာဝဠာသို့ အလောတကြီး သွားရောက်ခဲ့သည်။

သူက တာအိုစကြာဝဠာတစ်ခွင် လှည့်လည်သွားလာရင်း ရန်ကျောက်ကဲနှင့် အဂ္ဂိရတ်ခန်းမတို့၏တည်နေရာကိုရှာဖွေရန် သတင်းအချက်အလက်များကို စောင့်ဆိုင်းနေခဲ့သည်။

အဂ္ဂိရတ်ခန်းမနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအကြား ဆက်သွယ်မှုကို အကြိမ်အနည်းငယ် ကြားဖြတ်နိုင်လုနီးပါး ဖြစ်ခဲ့သည်။

သို့သော် နောက်ဆုံမှာတော့ မအောင်မြင်ခဲ့ပေ။

သို့ဖြစ်ရာ ဖုလော့ကျီတို့အုပ်စုနှင့်တွေ့ဆုံပြီးနောက် မျက်လုံးတစ်ရာတာအိုဆရာ၏ မထီမဲ့မြင်ပြုခြင်းကို ခံရသောအခါ သမင်ဖြူနတ်မိစ္ဆာကြီး စိတ်ဆင်းရဲရသည်မှာ သဘာဝပင် ဖြစ်သည်။

“မင်းက အတော်ရိုင်းပျတဲ့သူပဲ”

သမင်ဖြူကြီး စိတ်ထဲမှတွေးလိုက်သည်။

သို့သော် ဒေါသထွက်နေသည့်တိုင် သူက စိတ်ခံစားချက်များကို ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။

သမင်ဖြူအဘိုးအိုက...

“တာအိုဆရာ’ရူယိ’ နဲ့ တာအိုဆရာ’ဟွမ်ချန်’ တို့လည်း သိပ်မဝေးတဲ့နေရာမှာ ရှိနေတယ် ၊ မင်းတို့(၃)ယောက် ငါနဲ့အတူလိုက်ခဲ့ပါ ၊ အားလုံးဆုံရင် အစီအစဉ်ကြီးအတွက် ဆွေးနွေးကြတာပေါ့”

ထိုစကားကြားတော့ နတ်မိစ္ဆာ(၃)ယောက်၏မျက်ဝန်းများ လက်ခနဲတောက်ပသွားကြသည်။

“တာအိုဆရာ’ရူယိ’ ဟုတ်လား... ၊ ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ရဲ့ ညီလား”

နတ်မိစ္ဆာ(၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ပိုပြီး သတိထားရမည် ဖြစ်၏။

ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ က ချန်စန်းရှင်းဟိုင်စကြာဝဠာထဲတွင် သြဇာကြီးမားသူများထဲမှ တစ်ယောက်ဖြစ်သည်မှာ မလွဲဧကန်ပင်။

ကြည့်ရသည်မှာ သမင်ဖြူကြီးက သွေးဆောင်ခြင်းမရှိလျှင်တောင်မှ ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ကိုယ်တိုင် ဤကိစ္စတွင် နက်နက်နဲနဲ ပါဝင်ပတ်သက်နေသည်မှာ ထင်ရှားသည်။

သူကိုယ်တိုင် ပါဝင်လှုပ်ရှားလာနိုင်ခြေပင် ရှိလေသည်။

သြဇာကြီးမားသူများ ပိုမိုများပြားလာလေ အနိုင်ရဖို့အခွင့်အလမ်း ပိုများလာလေ ဖြစ်သည်။

သို့သော် အောင်မြင်မှုရရှိပြီးသည့်နောက် ခွဲဝေရရှိမည့်အကျိုးအမြတ်ကလည်း ပိုမိုနည်းပါးသွားမည်သာပင်။

ဤကိစ္စတွင် အမျိုးမျိုးသော အပြောင်းအလဲများရှိနေပြီး မည်သည့်ဘက်က ပိုမိုအကျိုးကျေးဇူးရရှိမည်လဲဆိုတာကတော့ ကိစ္စရပ်များ မည်သို့ဖြစ်လာမည်လဲဆိုသည့်အပေါ် မူတည်သည်။

သူတို့ (၃)ယောက် သမင်ဖြူနတ်မိစ္ဆာကြီးနောက် လိုက်ပါသွားကြပြီး ခဏအကြာမှာတော့ ရောင်စုံတိမ်တိုက်တစ်ခုကို တွေ့လိုက်ရသည်။

ထိုရောင်စုံတိမ်တိုက်အတွင်းမှ တန်ခိုးစွမ်းအားကြီးမားသော အရှိန်အဝါများ ထွက်ပေါ်နေပြီး လူတိုင်း၏စိတ်ကို မငြငိမ်သက်ခံစားရစေသည်။

သူတို့အားလုံး ဧကရာဇ်တစ်ပါးနှင့်ရင်ဆိုင်ရသည့်ပမာ ကိုးကွယ်ဆည်းကပ်လိုစိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာကြသည်။

ဤသို့ဖြစ်ရသည်မှာ တိမ်တိုက်အတွင်းမှ နဂါးသွေးခုန်နှုန်းကြောင့် ဖြစ်သည်။

ရောင်စုံတိမ်တိုက်ထက်တွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ထိုင်နေသည်။ သူက လူသားအသွင်ရှိနေသော်လည်း တကယ်တမ်းတွင် နဂါးတစ်ကောင်ဖြစ်ကြောင်း သိရှိနိုင်သည်။

ထိုခမ်းနားလှသော သက်လတ်ပိုင်းလူရွယ်ဘေးတွင် တာအိုဆရာအသွင် လူတစ်ယောက် ရှိနေသည်။

ထိုလူ၏မျက်ဝန်းအစုံက ဇာမဏီမျက်ဝန်းများပမာဖြစ်ပြီး ဒေါင်လိုက်ဖြောင့်တန်းနေသည့် မျက်ခုံးမွှေးတစ်စုံ ရှိသည်။

သူ၏ရုပ်ရည်သွင်ပြင်က ကြမ်းတမ်းပြီး တာအိုဆရာများဆောင်းလေ့ရှိသော အဝတ်ဦးထုပ်ကိုဆောင်းထားသည်။ သူက ရွှေရောင်အဝတ်အစားများဝတ်ဆင်ထားပြီး နဖူးထက်တွင်ကျနေသည့်ဆံပင်များ မီးလျှံများပမာ လှုပ်ခတ်နေပြီး ပခုံးထက်သို့ကျနေသည့်ဆံပင်များကတော့ ထူထဲသည့် အနီရောင်ဆံပင်များ ဖြစ်ကြသည်။

ရောင်စုံတိမ်တိုက်ပတ်ပတ်လည်တွင် နတ်မိစ္ဆာအချို့က အမိန့်နာခံရန်အသင့်စောင့်ဆိုင်းနေသော ဟန်အမူအရာဖြင့် ရှိနေကြသည်။

All Chapters