← Chapters

စစ်ဗုံသံများကြားမှတိုက်ပွဲ

Vol. 96 Ch. 1341

စစ်ဗုံသံများကြားမှတိုက်ပွဲ

Vol. 96 Ch. 1341

အခန်း (၁၃၄၁) စစ်ဗုံသံများကြားမှတိုက်ပွဲ

သမင်ဖြူနတ်မိစ္ဆာကြီးနှင့်အတူပါလာသော ဖုလော်ကျီတို့ (၃)ယောက်က သူတို့အနားသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာခဲ့ကြသည်။

သူတို့ရောက်လာသည်ကိုမြင်တော့ ရောင်စုံတိမ်တိုက်ထက်မှ လူ(၂)ယောက်က မတ်တတ်ရပ်လိုက်ကြပြီး လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ကြသည်။

“နောက်ဆုံးတော့ မင်းတို့ (၃)ယောက်လည်း ရောက်လာပြီပေါ့”

ဖုလော်ကျီတို့အုပ်စုက...

“တာအိုဆရာ’ရူယိ’ နဲ့ တာအိုဆရာ’ဟွမ်ချန်’ တို့ကို စောင့်နေစေရတဲ့အတွက် အားနာမိပါတယ်”

ဟု ပြောလိုက်ကြသည်။

ရောင်စုံတိမ်တိုက်ထက်မှ ခမ်းနားကြီးကျယ်သေသာပုံစံရှိသည့် သက်လတ်ပိုင်းလူရွယ်က နဂါးမျိုးနွယ်တစ်ယောက် ဖြစ်သည်။

သူက စစ်မှန်သောနဂါးမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး သူ၏အမည်က အောင်ဟွမ်ချန် ဖြစ်သည်။ သူ့ကို နဂါးဘုရင်’ဟွမ်ချန်’ ဟု ခေါ်ဆိုလေ့ရှိကြသည်။

ရှေးဦးခေတ်ကာလက ၊ အချိန်တစ်ချိန်တွင် နဂါးမျိုးနွယ်များ အထွတ်ထိပ်အဆင့် စည်ပင်ဖွံ့ဖြိုးခဲ့ကြဖူးသည်။ ရှေးခေတ်မျိုးနွယ်အသင်္ချေတွင် နဂါးမျိုးနွယ်က အကြီးမားဆုံး မျိုးနွယ်များထဲမှတစ်ခု ဖြစ်၏။

သို့သော် နတ်ဘုရားများ အုပ်စိုးသည့်ခေတ်ကာလသို့ ရောက်ရှိလာချိန်တွင် နဂါးမျိုးနွယ်များ တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

နဂါးမျိုးနွယ်များထဲတွင် ‘အမတနတ်မိစ္ဆာ’ အဆင့် ရောက်ရှိထားသော တန်ခိုးစွမ်းအားရှင်များစွာရှိသည့်တိုင် ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင် ခေါင်းဆောင်ကြီးများကတော့ နည်းပါးသွားပြီ ဖြစ်သည်။

အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလ အလယ်ပိုင်းတွင် နဂါးမျိုးနွယ်များ၏တိုးတက်မှုက အနည်းငယ်သာ ရှိတော့သည်။

သို့သော် ခေတ်သစ်အချိန်ကာလသို့ ရောက်ရှိလာသည့်အခါမှာတော့ သူတို့က ပုန်းအောင်းနေထိုင်ရင်း မိမိကိုယ်ကိုယ်ပြင်ဆင်ခဲ့ကြသည်။

ယခု နဂါးမျိုးနွယ်များအနေဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာသည့်အချိန်ကာလသို့ ပြန်လည်ရောက်ရှိလာနိုင်သော အရှိန်အဟုန်ကို ရရှိထားကြပြီ ဖြစ်သည်။

သို့ပေသိ ရှေးခေတ်ကာလ နဂါးမျိုးနွယ်များ ဖွံ့ဖြိုးတိုးတက်ခဲ့သည့်အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုလျှင် လက်ရှိအချိန်က များစွာနိမ့်ကျသေးသော်လည်း ချန်စန်းရှင်းဟိုင်းစကြာဝဠာတွင်တော့ နေရာတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် အောင်ဟွမ်ချန်က မဟာနတ်မိစ္ဆာများထက် အသက်ငယ်သူ ဖြစ်သည်။ ထို့ကြောင့် သူက အသက်ကြီးသူများကို ရိုသေသောအားဖြင့် သမြင်ဖြူနတ်မိစ္ဆာ ၊ ဖုလော်ကျီနှင့် အခြားသူများ စကားပြောဆိုနေသည်ကို တိတ်ဆိတ်စွာပင် နားထောင်နေခဲ့၏။

သို့သော် ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသည့် တာအိုဆရာကတော့ ထိုသို့မဟုတ်ပေ။

သူက ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ၏ ညီဖြစ်သည်။ သူက အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလတွင် နယ်မြေတစ်ခုကို အပိုင်စားရသော မဟာနတ်မိစ္ဆာကြီးတစ်ပါး ဖြစ်၏။

သမိုင်းဝင်ဒဏ္ဍာရီအချို့တွင် သူ့ကို ‘အစစ်အမှန်နတ်ဘုရား ရူယိ’ ဟု ရည်ညွှန်းကြသည်။

ဤလောကရှိသမိုင်းတွင်တော့ သူက နတ်ဘုရားတံခါးကို တွန်းဖွင့်ပြီးဖြစ်သဖြင့် သူ၏ အမတနတ်မိစ္ဆာဘွဲ့အမည်မှာ “မဟာအမတ ‘ရူယိ’ “ ဟု အမည်ပြောင်းလဲသွားခဲ့သည်။

တစ်ခါတစ်ရံမှာတော့ လူအများက သူ့ကို တာအိုဆရာ’ရူယိ’ ဟု ခေါ်ဆိုကြသည်။

ယခုတော့ သူက ဖုလော်ကျီတို့အုပ်စုကို ကြည့်လိုက်ပြီး ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...

“မင်းတို့ (၃)ရောက်ကလည်း ရလာမယ့်အကျိုးအမြတ်ကို မျှဝေပြီးယူချင်တာလား”

မျက်လုံးတစ်ရာတာအိုဆရာက မေးခွန်းကို မေးခွန်းဖြင့် အဖြေပေးလိုက်ပြီး ပွင့်လင်းစွာပင် ပြောဆိုလိုက်သည်။

“ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ ရော ပါဝင်လှုပ်ရှားမှာလားဆိုတာ သိပါရစေ”

တာအိုဆရာ’ရူယိ’ က ...

“ငါ့အစ်ကိုမှာ သူ့ကိုယ်ပိုင်အစီအစဉ်ရှိတယ်”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“ဘယ် သူတော်စင်က မင်းတို့(၃)ယောက်ကို ဒီနေရာကိုပို့လိုက်တာလဲ ၊ တာအိုဆရာ’ဖုလော်’ ... အနောက်ဘက် သူတော်စင်ဘုံနဲ့တိုက်ပွဲမှာ မင်းအဖေက စစ်သူကြီးတစ်ယောက်ဆိုတာ ငါမှတ်မိနေတယ် ၊ သူကတော့ ဒီနေရာကကိစ္စတွေကို အာရုံစိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး ၊ ကြည့်ရတာ... သူများ ပြန်ရောက်လာပြီလား”

ဖုလော်ကျီက ပြုံးလိုက်ရင်း...

“စစ်ပွဲမပြီးသေးဘူးဆိုတော့ အဖေလည်း ပြန်မလာသေးပါဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီတစ်ခေါက် ခေါင်းကိုးလုံးသူတော်စင်လည်း လှုပ်ရှားလိမ့်မယ်”

တာအိုဆရာ’ရူယိ’ က အနည်းငယ်မျက်မှောင်ကျုံ့လိုက်ပြီး...

“ခေါင်းကိုးလုံးသူတော်စင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”

ဖုလော်ကျီက ခေါင်းညိတ်ရင်း...

“ဟုတ်ပါတယ်”

ထိုစကားကိုကြားတော့ သမင်ဖြူနတ်မိစ္ဆာနှင့် နဂါးဘုရင်’ဟွမ်ချန်’ တို့က စိတ်ရှုပ်ထွေးသောအမူအရာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့မျက်လုံးများထဲတွင် ဝမ်းသာမှုနှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေသည်။

တာအိုဆရာ’ရူယိ’ ၏ မျက်ခုံးများ ပြန်လည်ပြေလျော့သွားပြီး သူက အေးဆေးစွာဖြင့်...

“ခေါင်းကိုးလုံးသူတော်စင် တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီဆိုတော့ ငါတို့ အောင်မြင်နိုင်ခြေ ပိုများလာပြီပေါ့”

ဖုလော်ကျီက...

“ဟုတ်ပါတယ် ၊ လက်ရှိအခြေအနေအရဆိုရင် လမ်းမှန်တာအိုဝါဒရြ့ ကောင်းကင်ဘုံအရှင်တွေက လွတ်လပ်နေတဲ့ အနေအထားမှာ ရှိနေကြတယ် ၊ သူတို့ထဲကတစ်ယောက်ယောက် ကျုပ်တို့ကို လာမတိုက်ဘူးလို့ မပြောနိုင်ဘူး ၊ ဒီတော့ ကျုပ်တို့ဘက်မှာ သူတော်စင်တွေ များများရှိလေ အောင်မြင်နိုင်ခြေ ပိုများလေပါပဲ”

သူက ဆက်ပြောလိုက်သည်။

“ကျုပ်တို့က အရမ်းကာရောလှုပ်ရှားဖို့ ရည်ရွယ်မထားပေမယ့် အဂ္ဂိရတ်ခန်းမက တခြားသူတစ်ယောက်လက်ထဲမှာ ကြာကြာရှိနေတာ မကောင်းဘူးလေ ၊ သူက အဂ္ဂိရတ်ခန်းမကို နက်နက်နဲနဲ ထိန်းချုပ်လာနိုင်ပြီး ခန်းမထဲမှာ မူလကတည်းက သိမ်းဆည်းထားတဲ့ ဆေးလုံးတွေ ဆေးဝါးပစ္စည်းတွေကို အသုံးပြုလိုက်နိုင်တယ် ၊ ဒါဆို ကျုပ်တို့အတွက် အခက်တွေ့တဲ့အခြေအနေမျိုး ရောက်ရှိသွားလိမ့်မယ်”

ဖုလော်ကျီက သက်ပြင်းချလိုက်ပြီး...

“အခု တာအိုစကြာဝဠာရဲ့အချိန်ကို တွက်ချက်ကြည့်ရင် အနှစ်(၂၀)ကျော် ကြာသွားပြီ ၊ အချိန်အတော်ကြာနေပြီလို့ ပြောလို့ရတယ် ၊ ဆိုတော့... အချိန်ပိုကြာလေ ကျုပ်တို့ရရှိမယ့် အကျိုးအမြတ်တွေ လျော့နည်းလာလေပါပဲ”

နက်ရှိုင်းကဗျာနတ်မိမယ်က...

“ဟုတ်ပါတယ် ၊ အချိန်ပိုကြာလေ အပြောင်းအလဲတွေ ပိုများလာလေပါပဲ ၊ ဒီတော့ နောက်မှလှုပ်ရှားမယ့်အစား စောစောလှုပ်ရှားတာ ပိုကောင်းပါတယ်”

“သုခဘုံနဲ့ အမတခုံရုံးကြားက စစ်ပွဲမှာ ကျွန်မတို့ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အနောက်ဘက် သူတော်စင်ဘုံတို့ ပါဝင်ကြတယ်ဆိုပေမယ့် ဒီအုပ်စုနှစ်ခုက ဒီစစ်ပွဲကြောင့်ပဲ ကျွန်မတို့ကို အရေးစိုက်နိုင်မှာမဟုတ်ဘူး ၊ ဒီတော့ ပြိုင်ဘက်တွေနည်းပါးနေတဲ့အအတွက် အခြေအနေက သိပ်မရှုပ်ထွေးလောက်ဘူး”

သူမက လေးနက်စွာဖြင့်...

“တစ်ခုရှိတာက... အနောက်ဘက် သူတော်စင်ဘုံကိုတော့ မေ့ထားလို့မရဘူး ၊ ကျွန်မတို့လိုပဲ သူတို့မှာလည်း အရံအင်အားတွေ အများကြီးရှိနေတုန်းပဲ”

ဖုလော်ကျီက...

“နတ်မိမယ်ပြောတာ မှန်ပါတယ် ၊ ငါတို့အနေနဲ့လည်း အနောက်ဘက် သူတော်စင်ဘုံနဲ့ နောက်ထပ်စစ်ပွဲတစ်ပွဲဆင်နွှဲရမယ့်ကိစ္စမျိုး မဖြစ်စေချင်ဘူး”

သူက တာအိုဆရာ’ရူယိ’ ဘက်သို့လှည့်ပြီး ဆက်ပြောလိုက်သည်။

“ဒါက ကျုပ်တို့ ဒီနေရာကို ရောက်လာရတဲ့ အဓိကအကြောင်းရင်းပါပဲ”

တာအိုဆရာ’ရူယိ’ က...

“ဒါဖြင့် မင်းမှာ ဘာအစီအစဉ်တွေရှိလဲ တာအိုဆရာ’ဖုလော်’”

ဘေးနားတွင်ရှိနေသည့် သမင်ဖြူနတ်မိစ္ဆာကြီးက ဝင်ပြောလိုက်သည်။

“အရင်တုန်းက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ထားတဲ့ ယွိချင်အဆက်အနွယ်တပည့် ‘ရန်ကျောက်ကဲ’ အကြောင်းကို တာအိုဆရာ’ဖုလော်’ က ပြောပြထားတယ် ၊ သူက တာအိုစကြာဝဠာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာနေထိုင်တဲ့ စန့်ချင်အဆက်အနွယ်တွေနဲ့ ပတ်သက်နေတယ်”

ထိုစကားကိုကြားတော့ တာအိုဆရာ’ရူယိ’ နှင့် နဂါးဘုရင်’ဟွမ်ချန်’ တို့ ချက်ချင်း သဘောပေါက်သွားကြသည်။

တာအိုဆရာ’ရူယိ’ က...

“မင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုဝင်တိုက်ပြီး ရန်ကျောက်ကဲနဲ့ အဂ္ဂိရတ်ခန်းမကို မျှားခေါ်ဖို့ ကြံစည်နေတာလား”

ဖုလော်ကျီက...

“ဟုတ်ပါတယ်”

ဟု ပြောလိုက်သည်။

ထို့နောက် သူက ဆက်ရှင်းပြသည်။

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကို ပစ်မှတ်ထားဖို့ မလိုပါဘူး ၊ ရန်ကျောက်ကဲနဲ့ဆက်နွယ်နေတဲ့ လူအနည်းငယ်ကို ပစ်မှတ်ထားလိုက်ရင် ရပါပြီ”

“ကျုပ်တို့လုပ်ရပ်တွေကို ဝူတန့်မယ်တော် သတိထားမိသွားရင်တောင် သူ့ကိုကိုင်တွယ်ဖို့ ခေါင်းကိုးလုံးသူတော်စင်နဲ့ ပင်းထျန်းတန်ခိုးရှင် ‘နွားရိုင်းမိစ္ဆာဘုရင်’ တို့ရှိနေပါတယ်”

တာအိုဆရာ’ရူယိ’ က စိတ်ထဲတွင် အစီအစဉ်များ စတင်ရေးဆွဲလိုက်သည်။

နဂါးဘုရင်’ဟွမ်ချန်’  က ဖြည်းညင်းသည့်လေသံဖြင့်...

“အဂ္ဂိရတ်ခန်းမကို ပြင်ပဗလာနယ်ထဲက မျှားခေါ်ဖို့ဆိုရင်... သူတို့ တာအိုစကြာဝဠာထဲရောက်လာတဲ့အထိ လုံလောက်တဲ့အချိန်တော့ ပေးရမယ် ၊ အချိန်ကြာလေ အနောက်ဘက် သူတော်စင်ဘုံက အခြေအနေကို ရိပ်မိသွားဖို့ နီးစပ်လေ ဖြစ်လိမ့်မယ် ၊ သူတို့ရိပ်မိသွားရင် သူတို့ဘက်ကလည်း အဂ္ဂိရတ်ခန်းမကိုယူဖို့ လူတွေစေလွှတ်မှာပဲ”

ဖုလော်ကျီက ပြုံးလိုက်ပြီး မျက်လုံးတစ်ရာတာအိုဆရာကို လှမ်းကြည့်လိုက်သည်။

“ဒါကြောင့် ကျုပ်တို့တွေ အရင်ဆုံး ရှေ့မထွက်သင့်ဘူး ၊ အထူးသဖြင့် သမင်ဖြူကြီးနဲ့ တာအိုဆရာ’ရူယိ’ တို့ပဲ ၊ ဒီကိစ္စအတွက် မျက်လုံးတစ်ရာတာအိုဆရာကို ဦးဆောင်ခိုင်းရမယ် ၊ တာအိုဆရာ’ဟွမ်ချန်’ ကတော့ သူ့ကိုကူညီဖို့အကြောင်းပြချက်နဲ့ လိုက်ပါသွားရင် အဆင်ပြေပါမယ်”

ထိုစကားကြားတော့ နဂါးဘုရင်’ဟွမ်ချန်’ က မျက်လုံးတစ်ရာတာအိုဆရာကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

မျက်လုံးတစ်ရာတာအိုဆရာက တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သော်လည်း ယခင်တုန်းက ရိုင်းစိုင်းကြမ်းတမ်းသည့် နတ်မိစ္ဆာတစ်ပါး ဖြစ်ခဲ့သည်။

အစပိုင်းတွင် သူက ကျင့်ကြံသူတစ်ယောက်မွေးမြူထားသော အချစ်တော်တိရိစ္ဆန်တစ်ကောင်ဖြစ်ခဲ့ပြီး ၊ ထိုကျင့်ကြံသူ မရှိတော့သည့်နောက် သူက နယ်မြေများကိုသိမ်းပိုင်ပြီး သူ့ကိုယ်သူ နတ်မိစ္ဆာဘုရင်အဖြစ် ကြေညာခဲ့သည်။

နဂါးမျိုးနွယ်များက မျက်လုံးတစ်ရာတာအိုဆရာနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့လေရာ ၊ သူ့ထက်ဆာလျှင် နဂါးဘုရင်’ဟွမ်ချန်’ က ဖုလော်ကျီ ၊ သမင်ဖြူကြီး ၊ နက်ရှိုင်းကဗျာနတ်မိမယ်တို့နှင့် ပိုမိုရင်းနှီးသောဆက်ဆံရေးရှိသည်။

တာအိုဆရာ’ရူယိ’ နှင့် အခြားသူများသည်လည်း မျက်လုံးတစ်ရာတာအိုဆရာနှင့် ရင်းနှီးသူများ မဟုတ်ကြပေ။

နဂါးဘုရင်’ဟွမ်ချန်’ ၏ အကြည့်ကို မျက်လုံးတစ်ရာတာအိုဆရာက လျစ်လျူရှုလိုက်သည်။

ဖုလော်ကျီက ပြုံးလိုက်ရင်း...

“မျက်လုံးတစ်ရာတာအိုဆရာ ချန်စန်းရှင်းဟိုင်စကြာဝဠာထဲ မဝင်ရောက်သေးခင် ၊ မဟာကပ်ဘေးကြီးမတိုင်ခင်က သူတန်ဖိုးထားရတဲ့တပည့်တစ်ယောက်က စန့်ချင်အဆက်အနွယ်တပည်တစ်ယောက်လက်ချက်နဲ့ သေဆုံးခဲ့ရဖူးတယ်”

သူက ဆက်ပြောလိုက်သည်။

“အဲဒီတပည့်က ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်တစ်ယောက်ပဲ”

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရဲ့ လက်ရှိအကြီးအကဲနေရာမှာရှိနေသူက နွယ်ပင်ဧကရီ’လီကျိထန်’ ဆိုတဲ့သူပဲ ၊ သူက မျက်လုံးတစ်ရာတာအိုဆရာနဲ့ ရန်ငြိုးရှိခဲ့တဲ့သူရဲ့တပည့်ဖြစ်နိုင်တယ်”

ဖုလော်ကျီက ဆက်ပြောလိုက်သည်။

“မျက်လုံးတစ်ရာတာအိုဆရာက သူ့တပည့်အတွက် တရားမျှတမှု ပြန်လည်ရယူမယ် ၊ ဟုတ်တယ်... ဒီလှည့်ကွက်က အဂ္ဂိရတ်ခန်းမ ထွက်ပေါ်လာအောင်လုပ်တယ်ဆိုတာ အနောက်ဘက် သူတော်စင်ဘုံကလည်း စဉ်းစားမိမှာပဲ ၊ ဒီတော့ သူတို့ဘက်ကလူတွေလွှတ်လာရင်လည်း သူတို့ကိုတားဆီးဖို့ ကျုပ်တို့ဘက်က နည်းလမ်းတွေ စဉ်းစားထားပါတယ်”

သူက ခဏနားပြီးမှ စကားဆကပြောလိုက်သည်။

“ကျုပ်မှာ အစီအစဉ်တွေရှိတယ် ၊ နောက်ပိုင်း ဆက်ဆွေးနွေးကြတာပေါ့”

နတ်မိစ္ဆာများအားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းညိတ်လိုက်ကြသည်။

ဖုလော်ကျီက...

“ဒါဖြင့် ကျုပ်တို့ စပြီးလှုပ်ရှားကြတာပေါ့”

သူတို့ စကားပြောနေစဉ်မှာပင် အဝေးဆီမှ အလင်းရောင်များတောက်ပလာသည်ကို တွေ့မြင်လိုက်ရသည်။

အလင်းရောင်များနီးကပ်လာသည်နှင့် ချပ်ဝတ်များဝတ်ဆင်ထားသည့် ခမ်းနားသော လူအုပ်စုတစ်စု၏ ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။

ထိုအုပ်စုကိုဦးဆောင်သူက နဂါးဘုရင်’ဟွမ်ချန်’ ကဲ့သို့ပင် စစ်မှန်သောနဂါးမျိုးနွယ်မှဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ နဂါးသွေးခုနနှုန်းများ လှုပ်ခတ်နေသည်။

ထိုသူက ရောက်ရှိလာသည်နှင့် သမင်ဖြူနတ်မိစ္ဆာနှင့်အခြားသူများကို တစ်ချက်ပင် နှုတ်ဆက်ခြင်းမပြုဘဲ နဂါးဘုရင်’ဟွမ်ချန်’ ထံသို့ အရင်ဆုံးသတင်းပို့လိုက်သည်။

“ခမည်းတော် ဆူပူအုံကြွမှုတစ်ခုဖြစ်ပွားခဲ့တယ် ၊ ကျွန်တော်တို့ ယွိချင်အဆက်အနွယ်တပည့် ‘ချန်ရွှမ်ကျုန်း’ ဆိုတဲ့သူရဲ့ တည်နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်”

All Chapters