မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်
Vol. 96 Ch. 1342
အခန်း (၁၃၄၂) မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်
နဂါးဘုရင်’ဟွမ်ချန်’ က...
“အမြန်ပြောစမ်း... ချန်ရွှမ်ကျုန်း ဟုတ်လား”
ဖုလော်ကျီက ဝင်ပြောလိုက်သည်။
“ဟုတ်ပါတယ် ၊ ယွိချင်အဆက်အနွယ်က’ချန်ရွှမ်ကျုန်း’ ပါ ၊ သူက ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်သွားတဲ့ စောမင်ကျန့်လောက် မတော်ပေမယ့် မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် စန်းချင်း(၃)ပါးအဆက်အနွယ်တွေထဲမှာ တန်ခိုးစွမ်းအားမြင့်မားတဲ့သူ တစ်ယောက်ပါပဲ”
သူက ဆက်ပြောလိုက်သည်။
“အရင်က သူလည်း ရန်ကျောက်ကဲတို့အုပ်စုနဲ့အတူ လိုက်ပါသွားပြီး အဂ္ဂိရတ်ခန်းမရှိတဲ့ ပြင်ပဗလာနယ်ထဲမှာ ပုန်းအောင်းနေခဲ့တာပါ”
သူက ခဏမျှ စဉ်းစားပြီးမှ...
“သူ့အဆက်အနွယ်သမိုင်းကြောင်းက ရှေးကျတယ် ၊ ကြည့်ရတာ ယွင်ကျုန်းကျီရဲ့ အဆက်အနွယ်ဖြစ်မယ်ထင်တယ်”
သမင်ဖြူနတ်မိစ္ဆာကြီးက...
“အမှန်ပဲ ၊ ဒီပုဂ္ဂိုလ်က အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်နေတယ် ၊ အရင်တုန်းက သူကိုယ်တိုင် စန့်ချင်အဆက်အနွယ်တွေနဲ့ ဆက်သွယ်တာကို တွေ့ခဲ့ဖူးတယ် ၊ ဒါပေမဲ့ ငါ သူ့ကိုတားဆီးလို့မရခဲ့ဘူး”
နဂါးဘုရင်’ဟွမ်ချန်’ က သားဖြစ်သူကို ကြည့်လိုက်ပြီး...
“အခု ဒီလူ ဘယ်မှာရှိနေသလဲ”
သံချပ်ကာဝတ်ဆင်ထားသူက ဦးညွှတ်လိုက်ရင်း...
“အဂ္ဂိရတ်ခန်းမ ပြန်လည်ထွက်ပေါ်လာခဲ့တဲ့ စကြာဝဠာထဲမှာပါ”
“အိုး ဟုတ်လား...”
နတ်မိစ္ဆာများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း စိတ်ထဲမှ တွေးတောလိုက်ကြသည်။
“ဒီကိစ္စက စိတ်ဝင်စားစရာပဲ”
အဂ္ဂိရတ်ခန်းမကို ရယူပြီးသားဖြစ်ပါလျှက် သူက ဘာဖြစ်လို့ အဂ္ဂိရတ်ခန်းမထွက်ပေါ်လာခဲ့သည့် စကြာဝဠာသို့ ပြန်သွားရပါသနည်း။
“ကြည့်ရတာ အဂ္ဂိရတ်ခန်းမမှာ အထူးယန္တရားတွေများ ရှိနေသေးလို့လား ၊ ဒီ တာအိုကျင့်ကြံသူတွေက အဂ္ဂိရတ်ခန်းမကို အပြည့်အဝ သန့်စင်ထိန်းချုပ်ဖို့ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့အတွက် သဲလွန်စနဲ့ ဖြေရှင်းနည်းတွေ ရှာဖွေဖို့ ပြန်လာကြတာများလား”
နဂါးဘုရင်’ဟွမ်ချန်’ က မရေရာစွာဖြင့် ပြောလိုက်သည်။
မဟာအမတ’ရူယိ’ က သမင်ဖြူနတ်မိစ္ဆာကြီးကို ကြည့်လိုက်ပြီး...
“အဲဒီလို ဖြစ်နိုင်တာပဲ မဟုတ်လား ၊ ဘာပဲဖြစ်ဖြစ် အဂ္ဂိရတ်ခန်းမမှာ အရင် ခန်းမဝိညာဉ်ရှိတယ် ၊ အဲဒီခန်းမဝိညာဉ်က အသိဉာဏ်ရှိနေတယ် ၊ ဒီလိုကိစ္စမျိုးက မကြုံစဖူးပဲလေ”
သူက ဆက်ပြောသည်။
“ခန်းမဝိညာဉ် သေဆုံးပြီးတော့မှ အဂ္ဂိရတ်ခန်းမက စန်းချင်း(၃)ပါးအဆက်အနွယ်တွေလက်ထဲ ကျရောက်သွားတာ မဟုတ်လား ၊ ဒီတော့ ပြောင်းလဲမှုတွေ ရှိလာနိုင်တာပဲလေ”
သမင်ဖြူနတ်မိစ္ဆာက ခဏမျှ စဉ်းစားလိုက်ပြီး...
“သိပ်တော့မသေချာဘူး ၊ ဒါပေမဲ့ တာအိုဆရာ’ရူယိ’ ရဲ့စကားက အဓိပ္ပါယ်ရှိတယ်”
မဟာအမတ’ရူယိ’ က...
“ဒါဆို အဂ္ဂိရတ်ခန်းမတစ်ခုလုံးက အဲဒီစကြာဝဠာထဲမှာ ပုန်းအောင်းနေပြီး သဲလွန်စရှာဖွေဖို့ သူတို့လူတွေကို နေရာအနှံစေလွှတ်နေတာ ဖြစ်နိုင်မလား”
နတ်မိစ္ဆာများအားလုံးက ပြိုင်တူပြောလိုက်ကြသည်။
“ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ ယုံရခက်ခက်ပဲ”
ဖုလော်ကျီက...
“ဒီလိုလုပ်ရင်ရော... ကျုပ်တို့ထဲကတစ်ယောက်လောက် အဲဒီကိုသွားကြည့်ဖို့လွှတ်လိုက်မယ် ၊ ကျန်တဲ့သူတွေက အစီအစဉ်အတိုင်းဆက်လုပ်ကြမယ် ဘယ်လိုလဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ခေါင်းကိုးလုံးသူတော်စင်နဲ့ တခြားသူတွေကိုတော့ အရင်အကြောင်းကြားထားဖို့လိုမယ်”
နတ်မိစ္ဆာတစ်ယောက်က...
“ဒါ ကောင်းတဲ့နည်းလမ်းပဲ ၊ အဲဒီမှာ အဂ္ဂိရတ်ခန်းမရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ့ရင် အမြန်ဆုံး ငါတို့ကို အကြောင်းကြားပါ ၊ ဒါဆို ငါတို့အားလုံး ဒီနေရာကိုစွန့်ခွာပြီး အဲဒီကို လိုက်ကြမယ်”
ထို့နောက် နတ်မိစ္ဆာများ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး...
"ဒါပေမယ့် ဘယ်သူသွားမှာလဲ"
ဖုလော်ကျီက...
“ကျုပ်ကတော့ ဒီကိစ္စမှာ မပါဘူး ၊ ဒီမှာလည်းမနေဘူး ၊ အနောက်ဘက် သူတော်စင်ဘုံက ဘုန်းကြီးတွေကို စောင့်ကြည့်မယ် ၊ သူတို့လာမယ်ဆိုရင် ကျုပ် သူတို့ကို ခဏလောက်အချိန်ဆွဲထားနိုင်မယ့် နည်းလမ်းလေးတွေ လုပ်ထားတယ် ၊ ဒါဆို မင်းတို့အားလုံးအတွက်လည်း အလုပ်တွေ ပိုပြီးအဆင်ပြေမယ်လေ”
နေရာတွင်ရှိနေသည့် နတ်မိစ္ဆာများအားလုံးက ခေါင်းညိတ်လိုက်ကြပြီး...
“တာအိုဆရာ’ဖုလော်’ ၊ မင်းက တကယ့်ကိုချီးကျူးထိုက်ပါတယ် ၊ မင်းရဲ့အစီအစဉ်တွေအတွက် ဂုဏ်ပြုပါတယ်”
ဖုလော်ကျီက...
“မျက်လုံတစ်ရာတာအိုဆရာနဲ့ တာအိုဆရာ’ဟွမ်ချန်’ တို့ကတော့ ဒီမှာကျန်ခဲ့ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဝင်ရောက်စီးနင်းရမယ်”
သူက ဆက်ရှင်းပြသည်။
“မင်တို့နှစ်ယောက်လှုပ်ရှားမှ ရန်သူတွေက ဒီကိစ္စကို အတိတ်ကရန်ငြိုးကြောင့်ဖြစ်တဲ့ ကိုယ်ရေးကိုယ်တာပဋိပက္ခလို့ ထင်မှတ်လိမ့်မယ် ၊ အဂ္ဂိရတ်ခန်းမနဲ့ပတ်သက်တယ်လို့ ထင်မှာမဟုတ်ဘူး”
သမင်ဖြူနတ်မိစ္ဆာက အဂ္ဂိရတ်ခန်းမကိုရရှိရန် တိုက်ခိုက်ခဲ့ဖူးသည်။
သူနှင့်အတူ နွားရိုင်းမိစ္ဆာအချို့သည်ပင် အဂ္ဂိရတ်ခန်းမအတွင်း လိုက်ပါသွားခဲ့ကြသေးသည်။
ထို့ကြောင့် နွားရိုင်းမိစ္ဆာဘုရင်၏ညီဖြစ်သော မဟာအမတ’ရူယိ’ ထွက်ပေါ်လာပါက အားလုံးက အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်ပြီး ဆက်စပ်စဉ်းစားမိသွားကြပေမည်။
မဟာအမတ’ရူယိ’ စောစောစီးစီး ရှေ့ထွက်လိုက်မည်ဆိုလျှင် သူ့ကို နွားရိုင်းမိစ္ဆာဘုရင်နှင့် ဆက်စပ်မိပြီး ရန်သူများက ပိုမိုသတိထားလာကြမည် ဖြစ်သည်။
နက်ရှိုင်းကမ္ဘာနတ်မိမယ်က မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်မှ ဆင်းသက်လာသူတစ်ယောက် ဖြစ်သည်။ သူမရှေ့ထွက်လိုက်မည်ဆိုလျှင်လည်း သေချာပေါက် အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်ပြီး မလွဲမသွေ ဆက်စပ်တွေးတောကြပေမည်။
သို့ဖြစ်ရာ မျက်လုံးတစ်ရာတာအိုဆရာနှင့် နဂါးဘုရင်’ဟွမ်ချန်’ တို့ (၂)ယောက်သာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ဝင်ရောက်မွှေနှောက်ရန် သင့်လျော်ပေသည်။
“တာအိုဆရာ’ရူယိ’... မင်းလည်း ဒီမှာနေတာ ပိုကောင်းလိမ့်မယ်”
ဖုလော်ကျီက ပြောလိုက်သည်။
ထို့နောက် သူက သမင်ဖြူနတ်မိစ္ဆာကြီးနှင့် နက်ရှိုင်းကဗျာနတ်မိမယ်ကို ကြည့်လိုက်ပြီး
"မင်းတို့နှစ်ယောက်ထဲက ဘယ်သူ ဒီတာဝန်ကိုယူမလဲ”
သမင်ဖြူနတ်မိစ္ဆာနှင့် နက်ရှိုင်းကဗျာနတ်မိမယ်တို့ (၂)ယောက်လုံးက မဟာအမတ’ရူယိ’ အနေဖြင့် တာအိုစကြာဝဠာတွင်ပင်နေသင့်ကြောင်း နားလည်ထားကြသည်။
မဟုတ်ပါက သူတို့နှင့် လမ်းမှန်တာအိုကျင့်ကြံသူများ ထိပ်တိုက်ရင်ဆိုင်မှု ပိုမိုဆိုးရွားလာလျှင် ဝူတန့်မယ်တော် သို့မဟုတ် တာအိုဝါဒ၏ အခြားသော ကောင်းကင်ဘုံအရှင်များ ထွက်ပေါ်လာနိုင်သည်။
ထိုသို့ဆိုလျှင် ခေါင်းကိုးလုံးသူတော်စင်နှင့် ပင်းထျန်းတန်ခိုးရှင်’နွားရိုင်းမိစ္ဆာဘုရင်’ တို့ ဝင်ရောက် လှုပ်ရှားရပေမည်။
သို့သော် နွားရိုင်းမိစ္ဆာဘုရင် ထွက်ပေါ်လာမည်လားဆိုသည်က သိပ်မသေချာလှပေ။
သမင်ဖြူနတ်မိစ္ဆာက...
“ငါ ဒီနေရာမှာရောက်နေတာလည်း ကြာပြီဆိုတော့ အဲဒီနေရာကို ငါသွားလိုက်မယ် ၊ ကျန်တဲ့ကိစ္စတွေကိုတော့ မင်းတို့လက်ထဲပဲအပ်လိုက်တော့မယ်”
သူက သဲလွန်စတစ်ခုခုတွေ့လျှင် အခြားသူများကိုအကြောင်းကြားမည်ဖြစ်ပြီး ဘာမှမတွေ့လျှင်တော့ ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ ပြန်မည် ဖြစ်သည်။
ဤနေရာမှာတော့ တကယ့်စစ်ပွဲတစ်ခု သေချာပေါက် ဖြစ်ပေါ်လာမည်ပင်။
ဝူတန့်မယ်တော် သို့မဟုတ် စောမင်ကျန့်ထွက်ပေါ်လာပါက ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်လာပြီး သူတို့အသက်ရှင်သန်ဖို့သည်ပင် မရေရာမှုများဖြင့် ပြည့်နေနိုင်သည်။
ယခု ဤနေရာတွင်ရှိနေသော နတ်မိစ္ဆာတန်ခိုးစွမ်းအားရှင်များအနက် မည်သူမျ ဝူတန့်မယ်တော်၏ တန်ခိုးစွမ်းအားကို မသိရှိကြပေ။
သို့သော် သမင်ဖြူနတ်မိစ္ဆာကြီးကတော့ စောမင်ကျန့်၏တန်ခိုးစွမ်းအားကို အသိဆုံးဖြစ်သလို နက်ရှိုင်းစွာနားလည်သူလည်း ဖြစ်သည်။
ထို့ကြောင့် သမင်ဖြူနတ်မိစ္ဆာကြီးက ဤနေရာတွင် အချိန်ကြာမြင့်စွာနေထိုင်ခဲ့သဖြင့် ဤနေရာကိုစွန့်ခွာရန် မလိုလားသော်လည်း တာဝန်ကိုအကြောင်းပြပြီး ဤနေရာမှ ဆုတ်ခွာသွားရန် ဆုံးဖြတ်ခဲ့သည်။
ဤသည်က တာဝန်ခွဲဝေယူခြင်းသာဖြစ်ပြီး အရာအားလုံးပြီးဆုံးသွားပါက သူသည်လည်း အကျိုးအမြတ်တစ်စိတ်တစ်ပိုင်းကို ရရှိမည် ဖြစ်သည်။
နက်ရှိုင်းကဗျာနတ်မိမယ်က ပြုံးလိုက်ပြီး...
“ဒါဖြင့် ဒီတာဝန်ကို တာအိုဆရာ’သမင်ဖြူ’ ကိုပဲ ပေးလိုက်ပါတော့မယ်”
အခြားသူများကလည်း...
“ဒါဖြင့် ဒီတာဝန်ကို မင်းကိုပဲပေးလိုက်တော့မယ်”
ဟု ပြောလိုက်ကြသည်။
ထို့နောက် သမင်ဖြူနတ်မိစ္ဆာကြီး ချက်ချင်းပင်လှည့်ထွက်သွားပြီး ပြင်ပဗလာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဖုလော်ကျီက...
“ဒါဖြင့် ကျုပ်တို့လည်း လှုပ်ရှားကြမယ်”
သူက ဆက်ပြောသည်။
“သမင်ဖြူနတ်မိစ္ဆာကြီးရဲ့ သတင်းရင်းမြစ်အရဆိုရင် ကြီးမားတဲ့ပြဿနာတစ်ခုခု ကျုပ်တို့ဆီရောက်လာနိုင်တယ် ၊ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ လျှို့ဝှက်စောင့်ကြပ်နေတဲ့သူတွေ အများကြီးရှိသေးတယ် ၊ ဒီတော့ ပြဿနာရှိလာရင် အလျှင်အမြန် ထွက်သွားဖို့ မခက်ခဲပါဘူး”
မျက်လုံးတစ်ရာတာအိုဆရာက...
“တာအိုဆရာ’ဖုလော်’ ပြောတာမှန်ပါတယ် ၊ ကဲ... ကျုပ်လည်း သွားတော့မယ်”
သူက နဂါးဘုရင်’ဟွမ်ချန်’ ကို လှမ်းကြည့်လိုက်သည်။
သူတို့နှစ်ယောက်၏စရိုက်လက္ခဏာက ကိုက်ညီခြင်းမရှိသော်လည်း သူက စကားဆိုလိုက်သည်။
“ကျေးဇူးပြုပြီး ကျုပ်ကိုကူညီပါဦး”
နဂါးဘုရင်’ဟွမ်ချန်’ က ခေါင်းညိတ်လိုက်ပြီး...
“မင်းက အားနာလွန်းနေပြီ ၊ ကြွပါ...”
ထို့နောက် မျက်လုံးတစ်ရာတာအိုဆရာက တာအိုစကြာဝဠာဆီသို့ ဦးတည်ထွက်ခွာသွားပြီး နဂါးဘုရင်’ဟွမ်ချန်’ သည်လည်း ရောင်စုံတိမ်တိုက်ကိုစီးနင်းပြီး နဂါးမျိုးနွယ်တပည့်များကို ခေါ်ဆောင်ကာ တာအိုစကြာဝဠာအတွင်း ဝင်ရောက်သွားလေသည်။
နတ်မိစ္ဆာများ စုဝေးခရီးနှင်လာသည့်အခါ သူတို့၏ မိစ္ဆာစွမ်းအားများက ကောင်းကင်တစ်ခွင်လွှမ်းခြုံလာသည်။
ထိုမိစ္ဆာစွမ်းအားများက ဗလာနယ်ကိုဖြတ်ကျော်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တည်ရှိရာနေရာသို့ ရောက်ရှိလာသည်။
ထိုမိစ္ဆာစွမ်းအားများ ဝင်ရောက်စီးနင်းမှုကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး တုန်ခါနေသည့်ပမာ ခံစားရသည်။
တစ်ချိန်တည်းမှာပင် ချင်းဖိန်တောင်မှ ယိုစိမ့်ထွက်ပေါ်နေသော ထက်ရှသည့် ဓားချီသည်လည်း ပို၍ပင် ထက်ရှလာလေသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဗလာနယ်အပိုင်းအခြားတစ်ခုလုံးက ဓားသွားတစ်ခုပမာ ပြောင်းလဲသွားပြီး အပြင်ပိုင်းစကြာဝဠာဆီသို့ ဆက်လက်ချဲ့ထွင်လာသည်။
“တာအိုဆရာ’ချွမ်ဟယ်’ ရဲ့တပည့်တွေ ၊ ထွက်လာကြစမ်း”
မျက်လုံးတစ်ရာနတ်မိစ္ဆာက အော်ဟစ်လိုက်သည်။
သူ၏မျက်လုံးများက အရေးမစိုက်ဟန် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နက်နေသည်။
“တာအိုဆရာ’ချွမ်ဟယ်’ က အရင်တုန်းက ငါ့တပည့်ိကုသတ်ခဲ့တယ် ၊ ဒီနေ့ မင်းရဲ့တပည့်သားမြေးတွေကိုသတ်ဖြတ်ပြီး လက်စားချေမယ်”
သူ၏အသံလှိုင်းက အဝါရောင်အလင်းစက်ဝိုင်းအဖြစ်ပြောင်းလဲသွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဆီသို့ ကျရောက်သွားသည်။
ထိုစက်ဝိုင်းမှ ထူထပ်သောဓားချီများထွက်ပေါ်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အရံအတားကို ချိုးဖျက်လိုက်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘံဒ ၊ ချင်းဖိန်တောင်မှ နွယ်ပင်ဧကရီသည် သူမ၏ ကျောက်ဂူအိမ်တော်အတွင်းမှ ထွက်လာသည်။
သူမ၏ခြေထောက်အောက်တွင် ကျယ်ပြန့်သော အစီအရင်တစ်ခု ချဲ့ထွင်လာပြီး ချင်းဖိန်တောင်ကိုဗဟိုပြုကာ မိုင်းသန်းပေါင်းများစွာကိုဖြတ်ကျော်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နယ်မြေ(၉)ခုလုံးသို့ ဖုံးလွှမ်းသွားသည်။
ချင်းဖိန်တောင်၏ အထင်ရှားဆုံးတောင်ထွတ်တစ်ခုမှ ချီစွမ်းအားတိုင်လုံးကြီးတစ်ခုထွက်ပေါ်လာပြီး ထိုတိုင်လုံးကြီးက ကောင်းကင်ထောက်တိုင်တစ်ခုနှင့်ဆင်တူကာ ဓားသွားပမာ ထက်မြက်သည်။
ထိုချီစွမ်းအားတိုင်လုံးကြီးက မိုးကောင်းကင်အား ထိုးဖောက်ဝင်ရောက်သွား၏။
တစ်ချိန်းတည်မှာပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဗလာနယ်အရံအတားတွင် ပိုမိုအားကောင်းသော ဓားသွားလှိုင်းတစ်ခုထွက်ပေါ်လာကာ အပြင်လူများ၏တိုက်ခိုက်ခြင်းအား တားဆီးထားလိုက်သည်။
နွယ်ပင်ဧကရီ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
ရန်သူက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးခင် စကားပြောဆိုရုံမျှဖြင့် မဟာတာအိုရဲ့ စူးရှတေးသံကို အသုံးပြုခဲ့သည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ချင်းဖိန်တောင်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
သူက မျက်ခုံးများကိုတွန့်ချိုးရင်း ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်ပြီး...
“နတ်မိစ္ဆာမျိုးနွယ်တွေလား...”