← Chapters

ရန်သူများရောက်လာသည့်အချိန်တစ်ခဏ

Vol. 96 Ch. 1343

ရန်သူများရောက်လာသည့်အချိန်တစ်ခဏ

Vol. 96 Ch. 1343

အခန်း (၁၃၄၃) ရန်သူများရောက်လာသည့်အချိန်တစ်ခဏ

မဟာနတ်မိစ္ဆာကြီးအားအားလုံး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပြင်ဘက်တွင် ရှိနေကြသော်လည်း လုံလောက်သော ကျင့်ကြံခြင်းအဆင့်ရှိမှသာလျှင် သူတို့ထံမှ ထွက်‌ပေါ်နေသော ပြင်းထန်သည့်မိစ္ဆာချီစွမ်းအားကို အာရုံခံမိမည် ဖြစ်သည်။

နွယ်ပင်ဧကရီက လက်တစ်ဖက်ဖြင့် ဓားစည်းတံဆိပ်တစ်ခု ဖွဲ့စည်းလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် လေထုထဲတွင် အလင်းစက်ဝန်းတစ်ခု ရေးသားလိုက်သည်။

ထိုအလင်းစက်ဝန်းထဲတွင် မြင်ကွင်းတစ်ခုထွက်ပေါ်လာပြီး ချင်းဖိန်တောင်ထွတ်တွင် ရှိနေသူများသာလျှင် ထိုမြင်ကွင်းထဲမှ ပုံရိပ်ကိုတွေ့မြင်ရပြီး အသံကိုပါကြားရလေသည်။

“တာအိုဆရာ’ချွမ်ဟယ်’ ရဲ့ တပည့်တွေ ၊ ထွက်လာခဲ့စမ်း”

ရန်ကျောက်ကဲက အလင်းစက်ဝန်းအတွင်းရှိမြင်ကွင်းထဲမှ နတ်မိစ္ဆာကိုလှမ်းကြည့်လိုက်တော့ တောက်ပသည့်အနီရောင်သရဖူကိုဆောင်းထားသည့် အဘိုးအိုတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူက အနက်ရောင်ဝတ်ရုံကိုခြုံလွှမ်းထားပြီး ထန်မျိုးနွယ် အစိမ်းရောင်တိမ်တိုက်ဖိနပ်ကိုစီးနင်းလျှက် အဝါရောင်ခါးပတ်ကို ဝတ်ဆင်ထားသည်။

သူ၏မျက်နှာက သံဖရဲသီးပုံစံရှိပြီး မျက်ဝန်းများက ကြယ်စင်များပမာ တောက်ပနေသည်။ မဟာတာအိုကို ရရှိပြီးသူတစ်ယောက်ဟု ထင်ရသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့်မိစ္ဆာစွမ်းအားများက ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည်။

“ဒီလိုပုံစံမျိုးက...”

ရန်ကျောက်ကဲစိတ်ထဲ သူ့ကို အနည်းငယ် ရင်းနှီးနေသလို ခံစားရသည်။ သို့သော် ပုံပန်းသဏ္ဌန်ကိုကြည့်ရုံဖြင့် မှတ်မိနိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ်နှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီး..

“သူ ပြောတဲ့အတိုင်းဆိုရင်...”

လက်ရှိတွင် ကောင်းရွှယ်ပေါ်က ကောင်းကင်ထက်သို့ ကြည့်ရှုနေပြီး မျက်နှာထက် စိုးရိမ်ပူပန်သောအသွင်အပြင် ရှိနေသည်။

သူက ရန်ကျောက်ကဲ လှမ်းကြည့်ကြောင်း သိရှိသော်လည်း ပြန်လှည့်ကြည့်မလာခဲ့‌ပေ။

သို့သော် သူက ရှင်းပြသည်။

“ဆရာဘိုးဘိုး’ချွမ်ဟယ်’ ဆိုတာ မဟာကပ်ဘေးကြီးမတိုင်ခင်က ငါတို့အဆက်အနွယ်ရဲ့ ဆရာဘိုးဘိုးတစ်ယောက်ပဲ ၊ သူ သေဆုံးသွားတာ အချိန်ကြာမြင့်နေပါပြီ ၊ ကြည့်ရတာ... အခု ဆရာဘိုးဘိုးရဲ့ရန်သူဟောင်းက ငါတို့ဆီကို လက်စားချေဖို့ ရောက်လာတာပဲ”

နွယ်ပင်ဧကရီ’လီယင်း’ က ခဏမျှစဉ်းစားလိုက်ပြီး သူ၏မျက်နှာက ပို၍တည်ကြည်လေးနက်လာသည်။

သူမက အလင်းစက်ဝန်းအတွင်းမှ တာအိုဆရာကိုကြည့်ပြီး မေးမြန်းလိုက်သည်။

“မင်းက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်လား...”

နာမည်ကိုကြားလိုက်ရတော့မှ ရန်ကျောက်ကဲ သဘောပေါက်သွားသည်။

သူက မျက်ခုံးများကိုပိုပြီးတွန့်ချိုးလိုက်ရင်း...

“အဲဒီမိစ္ဆာအိုကြီးလား...”

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ဆိုသောအမည်ကို ယခင်ကပင် ရန်ကျောက်ကဲ ကြားခဲ့ဖူးသည်ပင်။

သို့သော် နှစ်ပေါင်းများစွာကြာပြီးသည့်နောက် ထိုနတ်မိစ္ဆာသခင်နှင့် တစ်ခါမှ ထိတွေ့ဆက်ဆံခွင့်မရခဲ့သဖြင့် သူက ထိုနတ်မိစ္ဆာသခင်ကို မမှတ်မိခဲ့ခြင်း ဖြစ်သည်။

ဤနတ်မိစ္ဆာက အနောက်သို့ခရီးသွားမှတ်တမ်း အလယ်ခေတ်ကတည်းက မဟာတာအိုလမ်းစဉ်သို့ တက်လှမ်းခဲ့ပြီး ဖြစ်သည်။

လေလွင့်နတ်မိစ္ဆာများထဲတွင် သူက ကျင့်ကြံခြင်းတွင် ထူးချွန်သူတစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအားနှင့်လည်း ပြည့်စုံသူ ဖြစ်သည်။

နောက်ပိုင်း ကျင့်ကြံသူတစ်ယောက်က သူ့ကိုနှိမ်နင်းခဲ့ပြီး အိမ်မွေးတိရိစ္ဆန်အဖြစ် မွေးမြူခဲ့သည်။

သို့ပေသိ မတော်တဆ လွတ်လပ်မှုပြန်လည်ရရှိသွားပြီး သူ့ကိုယ်သူ နတ်မိစ္ဆာဘုရင်တစ်ပါးအဖြစ် ကြေညာခဲ့သည်။

သမင်ဖြူနတ်မိစ္ဆာနှင့်ယှဉ်လျှင် မျက်လုံးတစ်ရာတာအိုဆရာက ပိုပြီးကြောက်စရာကောင်းသလို တန်ခိုးစွမ်းအားလည်း ပိုမိုမြင့်မားသည်။

သူကျင့်ကြံထားသည့် ထူးခြားသောမိစ္ဆာပညာကြောင့် သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများသည်ပင် သူ့ကိုနှိမ်နင်းနိုင်ခြင်း မရှိကြပေ။

တာအိုဆရာ’ချွမ်ဟယ်’ ဆိုသည်က နွယ်ပင်ဧကရီ’လီယင်း’ ၏ ဆရာဘိုးဘိုး ဖြစ်သည်။

ယခင်က ချွမ်ဟယ်က မျက်လုံးတစ်ရာတာအိုဆရာ၏တပည့်ကို သတ်ဖြတ်ခဲ့သော်လည်း ဝူတန့်မယ်တော်က ကာကွယ်ပေးထားသည့်အတွက် ဤမိစ္ဆာကြီးက လက်စားချေ၍ မရခဲ့ပေ။

ထို့ကြောင့် သူက ဒေါသကို စိတ်ထဲမှာပင် သိမ်းဆည်းထားခဲ့ရသည်။

နောက်ပိုင်းမှာတော့ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ချန်စန်းရှင်းဟိုင်စကြာဝဠာသို့ဝင်ရောက်ပြီး အသင်္ချေကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။

ထို့ကြောင့် ဤကိစ္စ ပြီးဆုံးသွားပြီဟု ထင်ရှိခဲ့ကြသည်။

ထို့နောက် တာအိုဆရာ’ဟယ်ချွမ်’ လည်း သေဆုံးသွားခဲ့သည်။ သို့သော် သူ၏တပည့်များကတော့ တာအိုဆရာ’ဟယ်ချွမ်’ နှင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကြားမှ ရန်ငြိုးကို သိရှိနေကြဆဲ ဖြစ်၏။

သို့ပေသိ ထိုစဉ်အချိန်က မည်သူမှ ထိုရန်ငြိုးကို အရေးမစိုက်ခဲ့ကြပေ။

မဟာကပ်ဘေးကြီးဖြစ်ပွားပြီးနောက် အရာရာက လုံးဝ ကွဲပြားသွားခဲ့သည်။

လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများ ကပ်ဘေးခံစားခဲ့ရပြီး ကြောက်မက်ဖွယ်ရာအခြေအနေသို့ ကျဆင်းသွားခဲ့သည်။ သို့ဖြစ်ရာ ယခင်က ဘာမှမဟုတ်ဟု မှတ်ယူထားခဲ့သော ရန်သူများကိုလည်း သတိထားရန် လိုအပ်လာသည်။

သူ၏ရုပ်သွင်ကိုတွေ့မြင်ပြီးနောက် နွယ်ပင်ဧကရီက ‘မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်’ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိခဲ့သည်။

နွယ်ပင်ဧကရီ၏ အမေးစကားကိုကြားတော့ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က...

“ဟုတ်တယ် ၊ ငါပဲ...”

သူက အရေးမစိုက်ဟန်ဖြင့် ဆက်ပြောလိုက်သည်။

“တာအိုဆရာ’ချွမ်ဟယ်’ ဆီမှာ ငါ့တပည့်ရဲ့အသက်တစ်ချောင်း အကြွေးတင်နေတယ် ၊ အခု သူသေဆုံးသွားပြီဆိုပေမယ့် မင်းတို့က မင်းတို့ဆရာအတွက် အပြစ်ပြန်ပေးဆပ်ရမယ်”

သူစကားပြောလိုက်သည်နှင့် အဝါရောင်ချီစွမ်းအားစက်ဝန်းက ပိုမိုထူထပ်လာပြီး နွယ်ပင်ဧကရီမှာ ပိုမိုပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲနှင့်အခြားသူများက မျက်လုံးတစ်ရာတာအိုဆရာ၏နောက်သို့ လှမ်းကြည့်လိုက်သည့်အခါ ဗလာနယ်ဟင်းလင်းပြင်တစ်ခွင် ဖြန့်ကျက်ထားသည့် ရွှေရောင်တိမ်တိုက်ပင်လယ်တစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုတိမ်တိုက်ပင်လယ်ထဲတွင် နဂါးဟိန်းသံများ အဆက်မပြတ် ပဲ့တင်ထပ် ထွက်ပေါ်နေပြီး မရေမတွက်နိုင်သော နဂါးအရိပ်များသည်လည်း မှော်ဆန်စွာဖြင့် လွင်မျောလျှက် ရှိသည်။

နဂါးစွမ်းအားက ပြင်းထန်လွန်းသဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဗလာနယ်အရံအတားကိုပင် ထိခိုက်မှု ရှိလာသည်။

စစ်မှန်သောနဂါးပုံရိပ်များအပြင် ရောင်စုံတိမ်တိုက်များကြား လေမတိုက်ဘဲ လှုပ်ရှားနေသည့် အလံရှည်များကိုလည်းတွေ့ရကာ အလွန်တရာပင် လွှမ်းမိုးနိုင်စွမ်း မြင့်မားလှသည်။

စည်တီးသံများက လေထုထဲတွင် စုဝေးထွက်ပေါ်နေပြီး လူအများကို သွေးများဆူပွက်လာစေသည်။

သို့သော် ထိုအရာများက မျက်လုံးတစ်ရာတာအိုဆရာ၏စကားသံကို လွှမ်းမိုးနိုင်ခြင်း မရှိပေ။ သူ၏စကားသံက ပိုပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မားလေသည်။

ရန်ကျောက်ကဲနှင့် အခြားသူများမှာ သူတို့၏စိတ်များ အနည်းငယ်လေးလံလာသည်ဟု ခံစားလိုက်ရသည်။

ပြဿနာများစွာကျရောက်လာသည့် အချိန်ကာလတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။

ကမ္ဘာ့အခြေအနေများက ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့နေရပြီ ဖြစ်သည်။

ပြင်ပတာအိုကျင့်ကြံသူများက တာအိုစကြာဝဠာကို အဆက်မပြတ်ခြိမ်းခြောက်နေခဲ့သော်လည်း ယခု အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံတို့ စစ်မက်ဖြစ်ပွားသည့်အတွက် တာအိုစကြာဝဠာက ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကတည်းက တာအိုစကြာဝဠာတွင် ငြိမ်းချမ်းသောနေ့ရက်များမရှိတော့ဘဲ ပြဿနာများ တစ်ခုပြီးတစ်ခု ကြုံတွေ့လာရသည်။

ထိုသို့သော ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမဖြစ်နိုင်ပါက ကမ္ဘာ့အခြေအနေ ပြောင်းလဲမှုကို ရင်ဆိုင်ရာတွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့ရပေမည်။

“ဒါက နဂါးမျိုးနွယ်တွေလား...”

ပိုးသားဧကရာဇ်’ဖုယွင်ချီ’ က မျက်ခုံးတစ်ချက်ပင့်ရင်း မေးခွန်းထုတ်လိုက်သည်။

သူ၏လေသံက သံသယများဖြင့် ပြည့်နက်နေသည့်တိုင် မျက်ဝန်းများကတော့ သေချာမှုဖြင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကို တစ်ချက်ကြည့်လိုက်ပြီး နဂါးသွေးခုန်နှုန်းများလှုပ်ရှားနေသည့် ရောင်စုံတိမ်တိုက်များကို လှမ်းကြည့်လိုက်သည်။

“သူတို့က မျက်လုံးတစ်ရာတာအိုဆရာကိုကူညီဖို့ ရောက်လာကြတာလား”

“သူတို့က လက်စားချေဖို့သက်သက်ပဲ လာကြတာလား ၊ ဒါမှမဟုတ် အဂ္ဂိရတ်ခန်းမအတွက် ရောက်လာကြတာလား ၊ သူတို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုတိုက်ခိုက်ပြီး ငါနဲ့ အဂ္ဂိရတ်ခန်းမထွက်ပေါ်လာအောင် စီစဉ်နေတာလား”

ဤအတွေးများက ရန်ကျောက်ကဲစိတ်ထဲ ချက်ချင်း ဖြတ်သန်းသွားသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က တန်ခိုးစွမ်းအားကြီးမားသည်မှန်သော်လည်း ဝူတန့်မယ်တော်သာ ဆင်းသက်လာပါက သူ့အနေဖြင့် သေချာပေါက် ရှုံးနိမ့်မည် ဖြစ်သည်။

သူ ထွက်ပေါ်လာရဲသည်ဆိုကတည်းက သူ့တွင် သေချာပေါက် အားကိုးရှိပေမလိမ့်မည်။ အနည်းဆုံးတော့ ဝူတန့်မယ်တော်၏တိုက်ခိုက်မှုအတွက် စိုးရိမ်စရာမရှိနိုင်ပေ။

သူတို့က လက်စားချေရန်အတွက်သာမက အဂ္ဂိရတ်ခန်းမအတွက် ဦးတည်တိုက်မည်ဆိုလျှင် ဤမဟာနတ်မိစ္ဆာကြီးများနောက်တွင် နတ်မိစ္ဆာသူတော်စင်တစ်ယောက်ယောက် သေချာပေါက် ရှိနေရပေမည်။

မဟုတ်ပါက သူတို့အနေဖြင့် ဤမျှလောက် ယံကြည်မှုရှိမည် မဟုတ်ပေ။

သူတို့အနေဖြင့် အဂ္ဂိရတ်ခန်းမအတွက် လာရောက်ခြင်းဖြစ်ပါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဝိုင်းရံထားသည့် စစ်တပ်ကြီးတစ်ခုရှိနေပြီး သေချာပေါက် ရန်ကျောက်ကဲနှင့် အဂ္ဂိရတ်ခန်းမကို ထောင်ချောက်ဆင်ရင် အသင့်စောင့်နေကြပေမည်။

ရန်ကျောက်ကဲ တိတ်ဆိတ်စွာဖြင့် ပတ်ဝန်းကျင်ကို လျှို့ဝှက်စွာအကဲခတ်ကြည့်လိုက်သည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က အလျင်လိုခြင်း မရှိခဲ့ပေ။ သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် နွယ်ပင်ဧကရီဆီသို့ ဖိအားများ အဆက်မပြတ် ထုတ်လွှတ်နေသည်။

ကြောင်နှင့်ကြွက်၏ ကစားပွဲပမာ ဖြစ်သော်လည်း သူက တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေသည့်ပမာ ထင်မှတ်ရသည်။

မျက်လုံတစ်ရာနတ်မိစ္ဆာသခင်၏နောက်ဘက်တွင် တလိမ့်လိမ့်တက်လာနေသည့် ရွှေရောင်တိမ်တိုက်ပင်လယ်အတွင်းမှ ပုံရိပ်များစွာ ထွက်ပေါ်လာသည်။

ရှေ့ဆုံးမှထွက်လာသူက ခမ်းနားကြီးကျယ်ဟန်ရှိသော လူရွယ်အမျိုးသားတစ်ယောက် ဖြစ်သည်။

သူက နဂါးဘုရင်’ဟွမ်ချန်’ ပင် ဖြစ်၏။

နဂါးဘုရင်’ဟွမ်ချန်’ က မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ဘဲ ရောင်စုံတိမ်တိုက်များထက်တွင် တိတ်ဆိတ်စွာထိုင်နေသည်။

သို့တိုင် တာအိုဝါဒ၏ ထိုက်ရွှီးမူလနတ်ဘုရား (ထျန်းကျွင်းနယ်ပယ်) နှင့်အဆင့်တူညီသည့် နဂါးမျိုးနွယ် ‘သူတော်စင်ငယ်’ ကို မည်သူမှ လျှော့မတွက်ရဲကြပေ။

သူက မျက်လုံးတစ်ရာတာအိုဆရာကို လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီး ‌နောက်မှ စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။

သို့သော် သူ၏အသွင်သဏ္ဌန်ကို ထုတ်ဖော်ပြလိုက်သည်နှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပေါ်သက်ရောက်လသည့် ဖိအားနှင့်ဘေးအန္တရယ်က ပိုမိုမြန်ဆန်လာသလို ပို၍လည်း အားကောင်းလာသည်။

ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

“ဟုတ်တယ်... သူတို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုဝိုင်းရံပြီး ငါနဲ့ အဂ္ဂိရတ်ခန်းမ ထွက်ပေါ်လာမှာကို စောင့်နေကြတာပဲ”

ရန်ကျောက်ကဲ တွေးလိုက်သည်။

“သူတို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ငါနဲ့ဆက်သွယ်လို့ရအောင် အချိန်ပေးနေတာ ၊ ပြီးရင် ငါက အဂ္ဂိရတ်ခန်းမကို ပြင်ပဗလာနယ်ထဲက ယူဆောင်လာဖို့ လုံလောက်တဲ့အချိန်လည်းပေးထားတယ်”

ရန်သူများက နွယ်ပင်ဧကရီတစ်ယောက်တည်းကိုသာ ဦးတည်နေပုံရပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အခြားနေရာများကို ဝိုင်းရံခြင်း သို့မဟုတ် သတိပေးခြင်းများပင် မပြုလုပ်ခဲ့ပေ။

သူတို့က လမ်းတစ်ခုဖွင့်ပေးထားရန် ရည်ရွယ်ခဲ့ကြသည်။

သို့မှသာ စန့်ချင်အဆက်အနွယ်များအနေဖြင့် အပြည့်အဝ ဝိုင်းရံခံထားရသည့်အခြေအနေကို ဖြတ်ကျော်ပြီး ရန်ကျောက်ကဲထံသို့ ဘေးကင်းစွာ ဆက်သွယ်နိုင်မည် ဖြစ်သည်။

“သူတို့က အချိန်ကိုက်ရောက်လာကြတာပဲ”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

“ကံကောင်းတာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် အခြေခံပြင်ဆင်မှုတွေ လုပ်ပြီးသွာတာပဲ”

သူက အစကတည်းကပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအား ရန်သူများ ဝိုင်းရံပိတ်ဆို့နိုင်သည်ဟု တွေးထင်ထားခဲ့သည်။

သို့သော် ယခုကဲ့သို့ ရှောင်တခင်လုပ်ဆောင်လိမ့်မည်ဟုတော့ ထင်မထားခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲကလည်း မဖိတ်ခေါ်ဘဲရောက်လာသည့်ဧည့်သည်များအတွက် အံ့အားသင့်စရာတစ်ခု ပြင်ဆင်ထားခဲ့သည်။

သူတို့ အရမ်းလိုချင်နေသည့် အဂ္ဂိရတ်ခန်းမက ပြင်ပဗလာနယ်ထဲတွင် ရှိမနေဘဲ တာအိုစကြာဝဠာထဲသို့ ရောက်ရှိနေခြင်းပင် ဖြစ်လေ၏။

All Chapters