← Chapters

ငါရအောင်လုပ်ပြမယ်...

Vol. 2 Ch. 38

ငါရအောင်လုပ်ပြမယ်...

Vol. 2 Ch. 38

" အကိုရှန်းဖုန်း မင်းအဆင်ပြေရဲ့လား " လင်းယွမ်က သူ၏ အတွေးများအား စုစည်းနေချိန်တွင် ချင်းပင်းက သူ၏ အနားသို့ ကပ်လာခဲ့သည်။

အခြလူငယ်သုံးယောက်က အဝေးတွင် ရပ်နေပြီး အနီးသို့ ကပ်မလာရဲကြပေ။

" ငါအဆင်ပြေတယ်။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။

ပြင်ပကမ္ဘာမှ ပရိယာယ်များ၊ လှည့်စားမှုများနှင့် ယှဉ်လျှင် လုံဟုတောင်က အေးချက်လေသည်။

ခန်းမထဲတွင် လင်းယွမ်က အခြားလူငယ်လေးယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိလေသည်။ လင်းယွမ်က ဆရာကြီးကန်ချင်း၏ အပြစ်တင်ခြင်းကို ခံခဲ့ရသော်လည်း ဘယ်သူမှမလှောင်ပြောင်ခဲ့ပေ။

ဆရာကြီးကန်ချင်းက လင်းယွမ်လမ်းမှားသွားသည်ကို တွေ့ပြီးနောက် လမ်ကမလွှတ်ဘဲ သူ့ကို ထိခိုက်စေနိုင်သော ခန္ဓာကိုယ်သန့်စင်သော နည်းလမ်းအား အသုံးပြုရန် ဖျောင်းဖျခဲ့လေသည်။

" ခေါင်းဆောင်အထင်မှားသွားတာ ဖြစ်ရမယ်။ "

" အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တို့ကို နားလည်ဖို့ ကြိုးစားတာက တကယ်ခက်ခဲတယ်။ "

" အကိုရှန်းဖုန်းက နှစ်ခုလုံးကို နားလည်သွားတာ တကယ်ကို အံ့ဩစရာပဲ။ " ချင်းပင်းက တိုးညှင်းစွာ ပြောလိုက်၏။

သူက အဆုံးမဲ့ယန်စွမ်းအားကို ထိတွေ့ပြီးနောက် အဆုံးမဲ့ယင်စွမ်းအားကို နားလည်နိုင် ကြိုးစားဖူးလေသည်။ သို့သော် အခက်အခဲများက ခုန်ပျံတက်သွားခဲ့သည်။

သူက အစပိုင်း မည်သည့်လမ်းစဉ်မှမဝင်ရောက်မီ မီးပုလဲနှင့် ရေပုလဲတို့မှ ယင်ယန်စွမ်းအားတို့ကို ခံစားမိခဲ့သည်။ သို့သော် သူက အဆုံးမဲ့ယန်၏ တံခါးဝသို့ ဝင်ရောက်သွားပြီးနောက် အဆုံးယင်စွမ်းအားကို လုံးဝ အာရုံမခံမိခဲ့ပေ။ ထိုက်ယင်စွမ်းအားကို မခံစားနိုင်ဘဲ နားလည်ဆင်ခြင်ရန် မဖြစ်နိုင်ပေ။

" ဟုတ်လား။ " လင်းယွမ်က ပြုံးလိုက်၏။ ထိုကောင်လေးများနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းတွင် တဖန် နစ်မြှုပ်သွားခဲ့သည်။

နံရံမှ ကောင်းကင်သခင်များ၏ အသိအမြင်များကို လေ့လာပြီး ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်၏ အသိအမြင်များက များစွာ တိုးတက်လာခဲ့သည်။

ကောင်းကင်သခင်များက လင်းယွမ်ကဲ့သို့ နှစ်မွှာလမ်းစဉ်ကို မလျှောက်လှမ်းကြသော်လည်း သူတို့၏ လမ်းစဉ်အသီးသီးက လင်းယွမ်ကို အထောက်အကူဖြစ်စေလေသည်။

" အံ့ဩစရာပဲ။ ထိုက်ယန်စွမ်းအားကို ဒီလိုအသုံးပြုနိုင်သေးတာပဲ။ " လင်းယွမ်က ပထမကောင်းကင်သခင်၏ နံရံရှေ့တွင် ထိုင်ပြီး သူ၏ မျက်လုံးများက တောက်ပနေသည်။ နံရံများကို အချိန်အတော်ကြာလေ့လာပြီးနောက် လင်းယွမ်က ကောင်းကင်သခင်များကို အဆင့်သုံးဆင့် ခွဲခြားထားသည်။

ပထမကောင်းကင်သခင်ကတော့ သံသယဝင်စရာမလိုအောင် ပထမအဆင့် ဖြစ်လေသည်။ ပထမကောင်းကင်သခင်က လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခဲ့သူဖြစ်သောကြောင့် ကောင်းကင်သခင်အားလုံးထက် ပို၍ သန်မာလေသည်။

အထူးသဖြင့် အဆုံးမဲ့ယန်လမ်းစဉ်တွင် ပထမကောင်းကင်သခင်က အလွန်နက်ရှိုင်းစွာ နားလည်ထားသူတစ်ယောက် ဖြစ်လေသည်။

ပထမကောင်းကင်သခင်ပြီးနောက် နှစ်ဆက်မြောက်၊ သုံးဆက်မြောက်၊ ဆယ့်ငါးဆက်မြောက်နှင့် နှစ်ဆယ့်ရှစ်ဆက်မြောက် ကောင်းကင်သခင်တို့ဖြစ်ကြသည်။ ထိုကောင်းကင်သခင်လေးယောက်က ပထမကောင်းကင်သခင်လောက်မသန်မာသော်လည်း အခြားသူများထက် သာလွန်လေသည်။ သူတို့က အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို အသိသိရွေးချယ်ခဲ့ကြပြီး အားလုံးက အောင်မြင်မှုများ ရှိခဲ့ကြလေသည်။

အခြားကောင်းကင်သခင်များက ပထမနှစ်ဆင့်နှင့် ယှဉ်လျှင် သာမန်ဟု ပြောလို့ရပေသည်။ သို့သော် အားအနည်းဆုံး ကောင်းကင်သခင်ကပင် သဘာဝကောင်းကင်အဆင့်ထက် သာလွန်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးနိုင်စွမ်းရှိလေသည်။

" ငါ့လမ်းစဉ်က အရင် ကောင်းကင်သခင်တွေရဲ့ အောင်မြင်မှုတွေအောက်မှာ ကန့်သတ်နေမှာမဟုတ်ဘူး။ ငါ သူတို့အားလုံးကို ဖိနှိပ်နိုင်ရမယ်။ " လင်းယွမ်က ထိုင်ပြီး စဉ်းစားနေသည်။

ထိုအချိန်တွင် လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး ဝင်ပေါက်သို့ ကြည့်လိုက်သည်။

မကြာမီ ဆရာကြီးကန်ချင်းက လျင်မြန်စွာ လမ်းလျှောက်လာခဲ့သည်။

" တပည့်ကျန်း လူတစ်ယောက် မင်းကို လာရှာနေတယ်။ " ဆရာကြီးကန်ချင်းက လင်းယွမ်ကို လက်လျော့လိုက်ပြီဖြစ်သော်လည်း ထျန်းရှီဂိုဏ်းတွင် သူ၏ အဆင့်အတန်းက မြင့်မားနေဆဲ ဖြစ်သည်။

ကျန်းဝူဓား၏ ရွေးချယ်ခံရသော လူတစ်ယောက်အနေဖြင့် သူက ကောင်းကင်သခင်တစ်ယောက်ဖြစ်လာလျှင် ထျန်းရှီဂိုဏ်းတစ်ခုလုံးကို အမိန့်ပေးနိုင်လေသည်။ ယခု သူက ကောင်းကင်သခင်တစ်ယောက် မဖြစ်လာသေးလျှင်တောင် ခေါင်းဆောင်အပါအဝင် ဘယ်သူမှ သူ့ကို အမိန့်မပေးနိုင်ပေ။

" ဦးလေး ချန်ရှင်းလား။ " လင်းယွမ်က ခန်းမထဲမှ လမ်းလျှောက်ထွက်လာပြီးနောက် ချန်ရှင်းကို မြင်လိုက်ရသည်။

လင်းယွမ်က သူ၏ အသက်ကို ကယ်တင်ခဲ့သော တာအိုသခင်ချန်ရှင်းကို လေးစားမှုရှိလေသည်။ သူက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိလျှင်တောင် ၎င်းက အကန့်အသတ်ရှိနေသေးသည်။

ချန်ရှင်းက လင်းယွမ်အတွက် အဖေတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ဤနှစ်များတွင်လည်း လင်းယွမ်အပေါ် ကြင်နာခဲ့လေသည်။

" အာ ရှန်းဖုန်း မင်း ခေါင်းဆောင်ကို စိတ်ဆိုးအောင်လုပ်လိုက်တယ်ဆို။ " ချန်ရှင်းက ကျေနပ်သော အမူအရာနှင့် ပေါ့ပါးစွာ ပြောလိုက်သည်။

" ကျွန်တော်က ခေါင်းဆောင်ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် မလုပ်နိုင်ခဲ့ဘူး။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။

ဆရာကြီးကန်ချင်း၏ မျှော်လင့်ချက်က လင်းယွမ်ကို ကောင်းကင်သခင်တစ်ယောက် ဖြစ်လာရန်ဖြစ်သော်လည်း လင်းယွမ်၏ ပန်းတိုင်က ကောင်းကင်သခင်ထက် ပိုလေသည်။

" ဟားဟား ခေါင်းဆောင်က သူ့ရဲ့ ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်။ မင်းက သူ့ကို ဒီလိုစိတ်ဆိုးအောင် လုပ်လိုက်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ " ချန်ရှင်းက ရယ်လိုက်သည်။

ထို့နောက် သူက လေးနက်စွာဖြင့်..." ရှန်းဖုန်းက ငါ ဒီနေ့ မင်းဆီကို ဘာလို့လာလဲသိလား။ "

" ခေါင်းဆောင်က ကျွန်တော်ကို ဖျောင်းဖျဖို့ လွှတ်လိုက်တာလား။ " လင်းယွမ်က ခန်းမှန်းမိလေသည်။

" အမှန်ပဲ။ " ချန်ရှင်းက ခေါင်းငြိမ့်လိုက်သည်။ " ခေါင်းဆောင်က မင်းကို ခန္ဓာကိုယ်သန့်စင်ပြီး အရင်ကောင်းကင်သခင်တွေရဲ့ လမ်းစဉ်ကို လျှောက်လှမ်းဖို့ မျှော်လင့်နေတယ်။ "

" ဒါပေမယ့် အခုကြည့်ရတာ ငါမင်းကို ဖျောင်းဖျဖို့ မလိုတော့ဘူးထင်တယ်။ မင်းပျော်ရွှင်နေရင် ပြီးတာပဲ။ ကောင်းကင်သခင်တွေ ဘာတွေ ဂရုစိုက်မမေမဲ့။ " ချန်ရှင်းက တစ်စုံတစ်ခုကို သတိရသွား၏။

" မင်းအဖေနဲ့ မင်းအမေ မင်းကို ကိုယ်ဝန်လွယ်ထားတုန်းက သူ့သားကို ဘယ်လိုမျှော်လင့်ထားလဲလို့ မင်းအဖေကို ငါမေးခဲ့တယ်။ "

ချန်ရှင်းက ညင်သာစွာ ဆက်ပြောလိုက်သည်။ " မင်းအဖေက မင်းကို ကမ္ဘာကျော်တဲ့ သူရဲကောင်းတစ်ယောက် မဟုတ်ရင်တောင် ကျန်းမိသားစုခံတပ်ရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်လာစေချင်မယ်လို့ ငါထင်ခဲ့တယ်။ ဒါပေမယ့် မင်းအဖေက မင်းကို ပျော်ရွှင်တဲ့ ဘဝမှာ ရှိနေဖို့ပဲ မျှော်လင့်ခဲ့တယ်။ "

" ဒီဘဝမှာ ငါတို့က ပျော်ရွှင်စွာ နေနိုင်သလို ဖိအားတွေအောက်မှာလည်း နေနိုင်တယ်။ ကောင်းကင်သခင်တွေက မျိုးဆက်တိုင်း ပြိုင်ဘက်ကင်းခဲ့ကြပေမယ့် အခု သူတို့သေသွားတော့ ဘာတွေများကွာခြားသွားလို့လဲ။ အမွေအနှစ်တွေက လူတစ်ယောက်သေသွားရင် ဘာအဓိပ္ပါယ်ရှိဦးမှာလဲ။ "

ချန်းရှင်းက သက်ပြင်းချလိုက်၏။ " အနာဂတ်မှာ မင်းက မင်းရွေးချယ်ခဲ့တဲ့ လမ်းအပေါ် နောင်တမရဖို့ပဲ ငါမျှော်လင့်တယ်။ "

ချန်ရှင်း၏ စကားများက လင်းယွမ်ကို အံ့အားသင့်သွားစေခဲ့သည်။ အစတွင် ချန်ရှင်းက ဆရာကြီးကန်ချင်း၏ ဆန္ဒအတိုင်း သူ့ကို ဖျောင်းဖျမည်ဟု ထင်ခဲ့သော်လည်း တစ်ဘက်က သူ၏ အမြင်ကိုသာ ထုတ်ပြောခဲ့သည်။

ချန်ရှင်းထွက်သွားပြီးနောက် လင်းယွမ်က ကျင့်ကြံခြင်းတွင် တစ်ဖန် နစ်မြှုပ်သွားခဲ့သည်။ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သူ၏ ကျင့်ကြံခြင်းက အလွန်လျင်မြန်လေသည်။

လင်းယွမ်၏ ခန့်မှန်းချက်အရ ဆယ်နှစ်အတွင်း သူက အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို သဘာဝကောင်းကင်အဆင့်ထက် သာလွန်သော အဆင့်သို့ တက်ရောက်နိုင်လိမ့်မည်ဟု ခန့်မှန်းမိလေသည်။

တစ်နေ့ လင်းယွမ် ကျင့်ကြံနေစဉ် တာအိုသူတော်စင်တစ်ယောက်က သူ၏ နောက်တွင် တိတ်ဆိတ်စွာ ပေါ်လာသည်။

" ပင်းယန်..." လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီး ချက်ချင်း နှုတ်ဆက်လိုက်သည်။

ဆရာကြီးကန်ချင်းနှင့်ယှဉ်လျှင် လင်းယွမ်က အကြီးအကဲပင်းယန်နှင့် ပို၍ ရင်းနှီးလေသည်။ ဓားသင်္ချိုင်းသို့ မသွားမီ အကြီးအကဲပင်းယန်က လူငယ်များနှင့် မကြာခန စကားပြောလေ့ရှိလေသည်။

" အံ့ဩစရာပဲ။ ယင်နဲ့ယန် နှစ်ခုလုံးကို လေ့ကျင့်တာ အရင်မျိုးဆက် ကောင်းကင်သခင်တွေ လုပ်နိုင်တဲ့အရာမဟုတ်ဘူး။ " အကြီးအကဲပင်းယန်က ခေါင်း​ငြိမ့်လိုက်သည်။

ကောင်းကင်သခင် ၃၆ယောက်ထဲတွင် တတိယမျိုးဆက် ကောင်းကင်သခင်တစ်ယောက်က ယင်နှင့်ယန်နှစ်မျိုးလုံးကို ကျင့်ကြံရန် ကြိုးစားခဲ့လေသည်။ သို့သော် တတိယကောင်းကင်သခင်က ကောင်းကင်သခင်ဖြစ်လာပြီးမှ ထိုက်ယင်စွမ်းအားကို ပေါင်းစပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ရလဒ်က မအောင်မြင်ခဲ့ပေ။

လင်းယွမ်က ကောင်းကင်သခင်ဖြစ်မလာသေးသော်လည်း ထိုလမ်းကြောင်းကို စဉ်းစားမိပြီး လက်တွေ့လေ့ကျင့်ခဲ့လေသည်။

" ကျေးဇူးတင်ပါတယ် အကြီးအကဲ။ " လင်းယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။

" ဒါပေမယ့် မင်း ရှေ့ဆက်ရမယ့် လမ်းကြောင်းကို စဉ်းစားပြီးပြီလား။ အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တို့ကို လေ့ကျင့်တာက မင်းကို သဘာဝကောင်းကင်အဆင့်ကို ရောက်စေလိမ့်မယ်။ ဒါပေမယ့် မင်းက သဘာဝကောင်းကင်အဆင့်အထက်က ကောင်ကင်သခင်အဆင့်ကို တက်လှမ်းချင်ရင် မင်းရဲ့ မူလချီကို အသွင်ပြောင်းလဲဖို့ လိုအပ်တယ်။ မင်းက ယင်နဲ့ယန်နှစ်ခုလုံးကို လေ့ကျင့်တာဆိုတော့ အသွင်ပြောင်းလဲမှုစတင်ရင် ယင်နဲ့ယန်စွမ်းအားတွေက တစ်ခုနဲ့တစ်ခု တွန်းကန်နေလိမ့်မယ်။ အဲ့ဒီအကျိုးဆက်က...." အကြီးအကဲပင်းယန်က အသိပေးလိုက်သည်။ အကျိုးဆက်မှာ တတိယကောင်းကင်သခင်ပင် ဖြစ်၏။

" အကြီးအကဲ ဒီကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်စဉ်းစားပြီးပါပြီ။ ယင်ယန်စွမ်းအားက အသွင်ပြောင်းလဲချိန်မှာ တစ်ခုနဲ့တစ်ခု တွန်းကန်တာက သူတို့က ပေါင်းစည်းမှုမရှိလို့ပါ။ "

" ကျွန်တော်က ယင်ယန်စွမ်းအားကို စွမ်းအားအသစ်တစ်ခုအဖြစ် ပြောင်းလဲပြီး သဘာဝကောင်းကင်အဆင့်ကို နောက်တစ်ကြိမ် ချိုးဖျက်မယ်ဆိုရင်ရော..." လင်းယွမ်က သူ၏ ကိုယ်ပိုအတွေးများကို ထုတ်ပြောလိုက်သည်။ ၎င်းမှာ သူ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကောက်နှုတ်ထားသော နည်းလမ်းတစ်ခု ဖြစ်လေသည်။

" ယင်ယန်စွမ်းအားကို ပေါင်းစည်းတာလား။ မင်းက အဆုံးမဲ့ယင်ကို အဆုံးမဲ့ယန်နဲ့ ပေါင်းစပ်တာကို ပြောတာလား။ "

" မင်းရူးနေလား။ ဆန့်ကျင်ဘက်စွမ်းအားနှစ်ခုကို လေ့ကျင့်တဲ့အပြင် မင်းက သူတို့ကို ပေါင်းစည်းချင်သေးတာလား။ " အကြီးအကဲပင်းယန်က လင်းယွမ်၏ အတွေးကြောင့် ထိတ်လန့်သွား၏။

၎င်းက မီးနှင့်ရေကို ပေါင်းစည်းခြင်းနှင့် တူလေသည်။ အဆုံးတွင် ရေက မီးကို ငြိမ်းသတ်ခြင်း သို့မဟုတ် မီးက ရေကို အငွေ့ပျံသွားစေခြင်းတို့ ဖြစ်သွားပေလိမ့်မည်။ နောက်ထပ်ဖြစ်နိုင်ချေမှာ မီးနှင့်ရေ နှစ်ခုလုံး ပျက်စီးသွားနိုင်လေသည်။

" မင်း တကယ်ရူးသွားပြီလား။ အဆုံးမဲ့ယင်ကို အဆုံးမဲ့ယန်နဲ့ ပေါင်းစည်းတာက လုံးဝအဓိပ္ပါယ်မရှိဘူး။ ရှေခေတ်ကတည်းက ဒီလိုမျိုး ဘယ်သူမှမလုပ်ရဲကြဘူး။ "

" ပထမမျိုးဆက် ကောင်းကင်သခင်တောင် ဒီလိုမျိုး မလုပ်နိုင်ဘူး။ နောက်ထပ် မျိုးဆက်တွေဆို စိတ်ကူးယှဉ်ဖို့တောင် မဖြစ်နိုင်ဘူး။ " အကြီးအကဲပင်းယန်က လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူက နောက်ထပ်ပြောရန် ပြင်လိုက်သော်လည်း သူ၏စကားများကို ပြန်မျိုချလိုက်ရသည်။

လင်းယွမ်က ယင်နှင့်ယန်အား ပေါင်းစည်းရန် စိတ်ပိုင်းဖြတ်ထားသည်ကို သူမြင်နိုင်လေသည်။

လင်းယွမ်က အကြီးအကဲပင်းယန်ထွက်သွားသည်ကို ကြည့်နေသည်။ ထို့နောက် သူက ခန်းမ၏ အပြင်သို့ ထွက်လိုက်ပြီး အောက်မှတောင်တန်းများကို ကြည့်လိုက်သည်။

" ရှေးခေတ်ကလူတွေ မလုပ်နိုင်တာနဲ့ အခုခေတ်လူတွေကလည်း မလုပ်ရဲကြဘူး။ "

လင်းယွမ်၏ မျက်လုံးထဲတွင် ယင်နှင့်ယန်စွမ်းအားများ ရောယှက်နေပြီး ခေါင်းမော့လိုက်သည်။

" ငါ ရအောင်လုပ်ပြမယ်။ "

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters