← Chapters

မူလနတ်ဆိုးဂိတ်တံခါး....

Vol. 2 Ch. 39

မူလနတ်ဆိုးဂိတ်တံခါး....

Vol. 2 Ch. 39

ရှစ်နှစ်ကြာပြီးနောက်။

လင်းယွမ်က လုံဟုတောင်ထိပ်ရှိ ကြီးမားသော ကျောက်တုံးကြီးပေါ်တွင် ထိုင်နေသည်။ ကောင်းကင်မှ မိုးရေစက်များက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေပြီး လင်းယွမ်က ကောင်းကင်မှ တိမ်ပင်လယ်ကို မော့ကြည့်လိုက်သည်။

" အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်တို့က ဆန့်ကျင်ဘက်လမ်းကြောင်းနှစ်ခုလို့ ထင်ရပေမယ့် အနှစ်သာရမှာတော့ သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ အစိတ်အပိုင်းတွေပဲ။ ယင်က ယန်အဖြစ် ပြောင်းလဲနိုင်သလို ယန်ကလည်း ယင်အဖြစ် ပြောင်းလဲနိုင်တယ်။ "

လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ ချီပင်လယ်ဒန်တန်ထဲတွင် ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားများက အဖြူနှင့်အနက် စွမ်းအားများအဖြစ် ပေါင်းစည်းနေသည်။ ဆက်တိုက်ရောယှက်နေပြီး ပျောက်ကွယ်လိုက် ပြန်လည်မွေးဖွားလိုက်ဖြင့် သံသရာလည်နေသည်။

ထိုရှစ်နှစ်တွင် လင်းယွမ်က အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့အား ဆင်ခြင်မှုအပေါ်တွင်သာ နစ်မြှုပ်နေခဲ့ပြီး သူ၏ ကျင့်ကြံခြင်းက တိုးတက်ခြင်းမရှိဘဲ သဘာဝကောင်းကင် စဦးအဆင့်တွင် ရပ်တန့်နေခဲ့သည်။ လင်းယွမ်အတွက် ယင်နှင့်ယန်ကို နားလည်သွားလျှင် သဘာဝကောင်းကင်အဆင့်၏ စဦးအဆင့်နှင့် အထွတ်အထိပ်အဆင့်က ကွဲပြားခြင်းမရှိတော့ပေ။

" ကျန်းဝူဓား..." အတွေးတစ်ချက်နှင့်အတူ ကျန်းဝူဓားက လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။ သူက ပိုပြီးနားလည်လာလေ ကျန်းဝူဓား၏ ကြောက်စရာကောင်းသော သဘာဝကို ပိုပြီးနားလည်လာလေ ဖြစ်၏။

၎င်းက ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားများကို နောက်လာမျိုးဆက်များ နားလည်ဆင်ခြင်နိုင်ရန် ဓားတစ်ချောင်းအဖြစ် ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုဓားသာမရှိလျှင် လင်းယွမ်၏ တိုးတက်မှုက နှေးကွေးခဲ့ပေလိမ့်မည်။

" အဆုံးမဲ့ယင်နဲ့ အဆုံးမဲ့ယန်ကို နားလည်ဖို့က မခက်ခဲဘူး။ ဒါပေမယ့် သူတို့ကို ပေါင်းစပ်တာက ကောင်းကင်ကို တက်သလိုခက်ခဲတယ်။ ပုံမှန်အတိုင်းဆို ထိတွေ့တာနဲ့ အဆုံးသတ်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ဆရာကြီးကန်ချင်းနှင့် အခြားအကြီးအကဲများက ၎င်းကို သေခြင်းအဆုံးသတ်ဟု တွေးသည်မှာ အံ့ဩစရာမရှိပေ။

" ငါက တတိယကောင်းကင်သခင်နဲ့မတူဘူး။ သူက ကောင်းကင်သခင်ဖြစ်လာပြီးမှာ ယင်နဲ့ယန်ကို ဟန်ချက်ညီအောင် ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ သူ့ရဲ့ အခြေခံက တည်ဆောက်ပြီးနေပြီ။ ငါက ကွဲပြားတယ်။ ငါက ကောင်းကင်သခင်အဆင့်မရောက်ခင် ယင်နဲ့ယန် ဟန်ချက်ညီစေခဲ့လို့ ပေါင်းစည်းဖို့က ဖြစ်နိုင်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်၏။

သူ၏ ဖြစ်နိုင်ချေက ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းကို ဆိုလိုခြင်းဖြစ်လေသည်။ အခြားသူများဆိုလျှင် သူတို့က ကျန်းဝူဓား၏ အသိအမှတ်ပြုခြင်းခံရလျှင်တောင် ယင်နှင့်ယန်ကို ဟန်ချက်ညီညီ ပေါင်းစပ်ခြင်းက မျှော်လင့်ချက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ပထမဦးစွာ အဆုံးမဲ့ယင် သို့မဟုတ် အဆုံးမဲ့ယန် တစ်ခုခုကို စတင်လေ့လာပြီးနောက် အခြားတစ်ခုကို မည်သို့စတင်ရန် စဉ်းစားရပေလိမ့်မည်။ ဒုတိယမှာ အဆုံးမဲ့ယင်နှင့် အဆုံးမဲ့ယန်တို့ကို ဟန်ချက်ညီအောင် ပေါင်းစပ်လျှင် အနည်းငယ် လွဲချော်သွားသည်နှင့် ရလဒ်က ခန္ဓာကိုယ်ပေါက်ကွဲခြင်းသာ ဖြစ်ပေလိမ့်မည်။

ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းက မည်သည့်အခြေအနေတွင်မဆို မိမိအတွက် အကောင်းမွန်ဆုံးနည်းလမ်ကို နားလည်နိုင်လေသည်။

လွန်ခဲ့သော ဆယ့်ရှစ်နှစ်ကဲ့သို့ မွေးကင်းစအရွယ် လင်းယွမ်က သားရဲများ၏ ရှာဖွေတွေရှိခြင်းမှ ရှောင်တိမ်းရန် ကိုယ့်ကိုကိုယ် ဖုံးကွယ်သော နည်းလမ်းကို နားလည်နိုင်ခဲ့သည်။

ငတ်မွတ်နေသော အခြေအနေတွင် သူက ဆောင်းခိုခြင်းပညာကို နားလည်ခဲ့သည်။ ထိုနည်းစနစ်နှစ်ခုက ချီစွမ်းအားများကို မလိုအပ်ဘဲ လင်းယွမ်၏ ပတ်ဝန်းကျင်အခြေအနေပေါ်တွင် လုံးဝ အခြေခံထားခဲ့သည်။

ယင်နှင့် ယန် ပေါင်းစပ်မှုတွင် လင်းယွမ်က မရေတွက်နိုင်သော အခက်အခဲများကို ရင်ဆိုင်ခဲ့ရသော်လည်း ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အားလုံးကို ကျော်ဖြတ်နိုင်ခဲ့သည်။

" နည်းနည်းပဲ။ နည်းနည်းဆိုရင် ငါက ယင်ယန်စွမ်းအားနဲ့ သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်။ " လင်းယွမ်က သူ၏ ဒန်တန်ထဲတွင် ထိုက်ယင်နှင့်ထိုက်ယန်စွမ်းအားများ အဆက်မပြတ် ပွတ်တိုက် ရောယှက်နေသည်ကို ခံစားမိလေသည်။

သူ၏ ခန့်မှန်းချက်အရ သူက ယင်ယန်စွမ်းအားနှင့် သဘာဝကောင်းကင်အဆင့်ကို ချိုးဖျက်နိုင်လျှင် သူ၏ စွမ်းအားက အခြားကောင်းကင်သခင်များထက် ပိုကြောက်စရာကောင်းသွားပေလိမ့်မည်။

သူ့ကိုသူ စိစစ်ပြီးနောက် လင်းယွမ်က လုံဟုတောင်၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

" ဒီနှစ်တွေမှာ အပြင်ဘက်က မငြိမ်းချမ်းဘူး။ "

အမှန်တွင် လွန်ခဲ့သော နှစ်နှစ်ဆယ်က နတ်ဆိုးတစ်သောင်းဂိုဏ်းက ပြန်လည်ဦးမော့လာခဲ့သော်လည်း ထျန်းရှီဂိုဏ်းကဲ့သို့ သန်မာသော အင်အားစုများ၏ ဖိနှိပ်မှုကြောင့် အဆင်ခြင်မဲ့ မလှုပ်ရှားရဲကြတော့ပေ။

သို့သော် လွန်ခဲ့သော ငါးနှစ်တွင် နတ်ဆိုးတစ်သောင်းဂိုဏ်းမှ သတင်းစကားတစ်ခု ပျံ့နှံ့လာခဲ့သည်။ နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က မူလနတ်ဆိုးဂိတ်တံခါးအမွေအနှစ်အား ရရှိခဲ့လေသည်။

မူလနတ်ဆိုးဂိတ်တံခါးက သမိုင်းထဲတွင် ပျောက်ကွယ်နေခဲ့သော ရှေးဟောင်းအင်အားစုတစ်ခု ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်း ၆၈၀၀တွင် ပထမကောင်းကင်သခင်ထွက်ပေါ်လာပြီး သူက လောကတွင် ပြိုင်ဘက်ကင်းလုနီးပါး သန်မာခဲ့လေသည်။

သို့သော် ထိုခေတ်တွင် နောက်ထပ် သန်မာသူတစ်ဦးလည်း ထွက်ပေါ်လာခဲ့သည်။ ထိုလူက မူလနတ်ဆိုးသခင်ပင် ဖြစ်၏။ မူလနတ်ဆိုးသခင်က ပထမကောင်းကင်သခင်ကို အနိုင်မယူနိုင်ခဲ့သော်လည်း ပထမကောင်းကင်သခင်ကလည်း မူလနတ်ဆိုးသခင်ကို မသတ်နိုင်ခဲ့ပေ။

ထို့နောက် သူတို့က ယှဉ်ပြိုင်နေကြရင်း လုံဟုတောင် ထျန်းရှီဂိုဏ်းနှင့် မူလနတ်ဆိုးဂိတ်တံခါးတို့ကို အသီးသီး ထူထောင်ခဲ့ကြသည်။ အဆုံးတွင် ပထမကောင်းကင်သခင်က တိုက်ပွဲတွင် သူ၏ အသက်ကို စတေးပြီး မူလနတ်ဆိုးသခင်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် မူလနတ်ဆိုးသခင်က သေဆုံးသွားခဲ့သော်လည်း မူလနတ်ဆိုးဂိတ်တံခါးက ဆက်လက်တည်ရှိနေခဲ့သည်။

နှစ်ရာချီကြာပြီးနောက် ဒုတိယနှင့် တတိယကောင်းကင်သခင်တို့၏ တိုက်ခိုက်မှုအောက်တွင် မူလနတ်ဆိုးဂိတ်တံခါးက အမြစ်ဖြတ်သုတ်သင်ခြင်း ခံခဲ့ရသည်။

မူလနတ်ဆိုးဂိတ်တံခါးက ပျောက်ကွယ်သွားပြီးနောက် နှစ်ပေါင်းများစွာတိုင်အောင် ပြန်လည်ထွတ်ပေါ်လာခြင်း မရှိတော့ပေ။

" ထျန်းရှီဂိုဏ်းမှာ ကောင်းကင်သခင်တစ်ယောက်မရှိတာ နှစ်ငါးရာနီးပါးရှိပြီ။ ကောင်ကင်သခင်မရှိလို့ နတ်ဆိုးအင်အားစုတွေက အမြန်ကြီးထွားလာပြီး အခု နတ်ဆိုးတစ်သောင်းဂိုဏ်း ဖြစ်လာတာပဲ။ "

ကောင်းကင်သခင်များ၏ ထုံးတမ်းအစဉ်အလာအရ ကောင်းကင်သခင်တစ်ယောက်က ဘွဲ့အမည်ကို ခံယူပြီးနောက် တောင်ပေါ်မှ ဆင်းကာ နတ်ဆိုးများကို သုတ်သင်ပြီး နတ်ဆိုးတာအိုကို ဖိနှိပ်ရလေသည်။

ကောင်းကင်သခင်မရှိဘဲ နှစ်ငါးရာကြာသည့်တိုင်အောင် ထျန်းရှီဂိုဏ်းကဲ့သို့ လမ်းမှန်ဂိုဏ်းများက အားသာချက်ရှိနေဆဲ ဖြစ်သည်။ နတ်ဆိုးတာအိုကြီးထွားလာရန် အချိန်ယူရလေသည်။

သို့သော် လမ်းမှန်တာအိုနှင်ပ ယှဉ်လျှင် နတ်ဆိုးနည်းလမ်းများက လွယ်ကူစွာ ကျွမ်းကျင်နိုင်ပြီး အဆင့်တက်ရန် လူများ၏ သွေးနှင့် အဆီအနှစ်ကို စုပ်ယူရန် လိုအပ်လေသည်။ ၎င်းက သူတို့ ကျန်းမိသားစုခံတပ်အား သတ်ဖြတ်ရသည့်အကြောင်းရင်းလည်း ဖြစ်သည်။

ကျန်းမိသားစုခံတပ်က ချမ်းသာကြွယ်ဝသည့်အပြင် လုံလောက်သော လူဦးရေနှင့် အင်အားကြီးသူများ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။ နတ်ဆိုးကျင့်ကြံသူများ၏ အမြင်တွင် သူတို့က အစာများနှင့် ကွဲပြားခြင်းမရှိပေ။

" နတ်ဆိုးတစ်သောင်းဂိုဏ်းက မူလနတ်ဆိုးဂိတ်တံခါးရဲ့ အမွေအနှစ်ကို တကယ် ရတာဖြစ်ဖြစ် မရတာဖြစ်ဖြစ် ဒီသတင်းထွက်လာပြီဆိုတော့ နတ်ဆိုးလမ်းစဉ်ရဲ့ ဂုဏ်သတင်းက ခုန်ပျံတက်သွားမှာ သေချာတယ်။ " လင်းယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်မြောင်းသွား၏။

လွန်ခဲ့သော ဆယ့်ရှစ်နှစ်က လင်းယွမ်မွေးဖွားလာချိန်တွင် နတ်ဆိုးတစ်သောင်းဂိုဏ်း၏ ဂိုဏ်းထိန်းရှစ်ယောက်က ကျန်းမိသားစုခံတပ်ကို ဖျက်ဆီးခဲ့လေသည်။ လင်းယွမ်၏ မိဘများကလည်း ထိုအချိန်တွင် သေဆုံးခဲ့ရသည်။

" ရှန်းဖုန်း "

" ရှန်းဖုန်း " အသံနှင့်အတူ လူငယ်တစ်ယောက် ပြေးလာသည်။ " မင်းဒီမှာ ရှိမယ်ဆိုတာ ငါသိတယ်။ "

လင်းယွမ်ကို မြင်သောအခါ လူငယ်က ပြုံးလိုက်သည်။

" ချင်းပင်း " လင်းယွမ်က လှည့်ကြည့်လိုက်သည်။ ရှစ်နှစ်ကြာပြီးနောက် ရှင်းပင်းက အရွယ်ရောက်လာပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းကလည်း တိုးတက်လာခဲ့သည်။

ကမ္ဘာအမျိုးမျိုးတွင် တာအိုများကို လေ့လာဖန်တီးခြင်း

All Chapters