← Chapters

လမ်းညွှန်မှုတစ်ခုဖြင့် အဆင့်တက်စေခြင်း...

Vol. 2 Ch. 40

လမ်းညွှန်မှုတစ်ခုဖြင့် အဆင့်တက်စေခြင်း...

Vol. 2 Ch. 40

လွန်ခဲ့သော နှစ်များတွင် လင်းယွမ်က သူ့ဟာသူ နေခဲ့သော်လည်း ချင်းပင်းနှင့် စကားပြောလေ့ရှိပေသည်။ အကြောင်းမှာ ချင်းပင်းက အကြောင်းတစ်ခုခုရှာပြီး သူ့ဆီသို့ မကြာခန လာသောကြောင့် ဖြစ်လေသည်။ ထို့နောက် သူက လုံဟုတောင်မှ သတင်းအမျိုးမျိုးကို ပြောပြလေသည်။

ချင်းပင်းအပြင် ချန်ရှင်းကလည်း လင်းယွမ်ဆီသို့ လာလည်လေ့ရှိ၏။ ချန်ရှင်းအတွက် လင်းယွမ်က မိသားစုတစ်ယောက်နှင့်မခြားပေ။ လင်းယွမ်က ကောင်းကင်သခင် ဖြစ်လာသည်ဖြစ်စေ မဖြစ်လာသည်ဖြစ်စေ သူ၏ သဘောထားက ပြောင်းလဲမည်မဟုတ်ပေ။

ချန်ရှင်းက သူသာ အချိန်မီရောက်သွားခဲ့လျှင် ကျန်းမိသားစုခံတပ်က ထိုကဲ့သို့ အဆုံးမသတ်နိုင်ဟု တွေးပြီး လင်းယွမ်အပေါ် အမြဲတမ်း အပြစ်ရှိသလို ခံစားနေရလေသည်။

" လွန်ခဲ့တဲ့ ရက်က ဂိုဏ်းခေါင်းဆောင်က ငါတို့လေးယောက်ကို စမ်းသပ်မှုအတွက် တစ်ယောက်ပြီးတစ်ယောက် တောင်ပေါ်က ဆင်းဖို့ အမိန့်ပေးခဲ့တယ်။ " ချင်းပင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူတို့လေးယောက်က ကျန်းဝူဓား၏ ရွေးချယ်ခြင်းခံရသော လင်းယွမ်နှင့် မယှဉ်နိုင်သော်လည်း ထျန်းရှီဂိုဏ်း၏ မျှော်လင့်ချက်များ ဖြစ်နေဆဲ ဖြစ်သည်။ တောင်ပေါ်မှ တစ်ယောက်ပြီးမှ တစ်ယောက်ဆင်းခိုင်းခြင်းမှာ သူတို့လေးယောက်လုံး တစ်ချိန်တည်း သေဆုံးသွားခြင်းကို တားဆီးရန်ဖြစ်သည်။

" တောင်ပေါ်က ဆင်းတာလား။ " လင်းယွမ်က အနည်းငယ် သိချင်သွား၏။

သူ၏ စိတ်အသိက ဤကမ္ဘာသို့ ရောက်သည်မှာ ဆယ်ရှစ်နှစ်ရှိပြီဖြစ်သော်လည်း အပြင်ကမ္ဘာတွင် တစ်ရက်သာ နေခဲ့ရလေသည်။ ကျန်သည့်အချိန်များက လုံဟုတောင်တွင်သာ ကုန်ဆုံးခဲ့လေသည်။

" အကိုရှန်းဖုန်း အနာဂတ်ကောင်းကင်သခင်တစ်ယောက်အနေနဲ့ မင်းက ငါတို့နဲ့ မတူဘူး။ မင်းက တောင်ပေါ်က ဆင်းလို့မရဘူး။ " ချင်းပင်းက လေးနက်စွာ ပြောလိုက်သည်။

သူက ယခင်ကဲ့သို့ မသိနားမလည်သော ကောင်လေးတစ်ယောက်မဟုတ်တော့ပေ။ သူက ထျန်းရှီဂိုဏ်းအတွက် ကောင်းကင်သခင်တစ်ယောက်၏ အရေးပါပုံကို နားလည်လေသည်။

ကျန်းဝူဓား၏ ရွေးချယ်ခံရသူများသာ ကောင်းကင်သခင်မျိုးစေ့များ ဖြစ်လာနိုင်လေသည်။ ထို့အပြင် ကောင်းကင်သခင်မျိုးစေ့များက ကျန်းဝူဓားနှင့် ခွဲခြားထား၍မရပေ။ အကယ်၍ လင်းယွမ် တောင်ပေါ်မှ ဆင်းသွားပါက ကျန်းဝူဓားလည်း ပါသွားမည်ဖြစ်သည်။

မမျှော်လင့်ထားသော တစ်စုံတစ်ခုကြောင့် ကျန်းဝူဓား ပျောက်ဆုံးသွားပါက ထျန်းရှီဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်ပေလိမ့်မည်။ လင်းယွမ်တစ်ယောက်တည်း သေဆုံးသွားလျှင် ထျန်းရှီဂိုဏ်း၏ အခြေခံအုတ်မြစ်က ထိခိုက်ခြင်းရှိမည်မဟုတ်ပေ။ သူတို့က ကျန်းဝူဓားက ဓားသင်္ချိုင်းထဲသို့ ပြန်ထားပြီး နောက်ထပ် ကောင်းကင်သခင်တစ်ယောက်ကို စောင့်ရုံသာရှိလေသည်။ သို့သော် ကျန်းဝူဓား ပျောက်ဆုံးသွားလျှင်တော့ ကြီးမားသော ကပ်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။

သူ့ကြောင့် လင်းယွမ် တောင်ပေါ်မှ ခိုးဆင်းသွားပါက ချင်းပင်းမှာ ဂိုဏ်းခေါင်းဆောင်၏ အရှင်လတ်လတ် အရေခွံခွာခြင်းကို ခံရပေလိမ့်မည်။

" နောက်တာပါ။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ သူက ဆယ့်ရှစ်နှစ်အရွယ် လူငယ်တစ်ယောက်မဟုတ်ပေ။ အချိန်များကို သေချာတွက်ကြည့်လျှင် အသက်ငါးဆယ်ကျော်သွားပြီဖြစ်သည်။

ထို့အပြင် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် တောင်အောက်မှ စမ်းသပ်မှုများကို မလိုအပ်ပေ။ လင်းယွမ်အတွက် လုံဟုတောင်က အကောင်းဆုံးနေရာတစ်ခု ဖြစ်၏။ စားစရာ သောက်စရာများ ပူစရာမလိုဘဲ အေးချမ်းသော နေရာတစ်ခု ဖြစ်လေသည်။

" အဲ့ဒါ ကောင်းတယ်။ " ချင်းပင်းက စိတ္သက္သာရာရသြား၏။

" ဒါနဲ့ အကိုရှန်းဖုန်း ငါ့ရဲ့ ကျင့်ကြံခြင်းက ထူးဆန်းနေတယ်လို့ ခံစားရတယ်။ " စကားအနည်းငယ် ပြောပြီးနောက် ချင်းပင်းက သူ၏ ကျင့်ကြံခြင်းအကြောင်းကို ပြောပြလိုက်သည်။

လင်းယွမ်က မေးခွန်းအနည်းငယ် မေးပြီးနောက် အကြောင်းရင်းကို နားလည်သွားသည်။

" မင်းမှားနေတာပဲ။ မင်းရဲ့ စိတ်အခြေအနေက မှားနေတယ်။ "

" မင်းက အဆုံးမဲ့ယန်လမ်းစဉ်ကို လိုက်နေတာပဲ။ ကောင်းကင်သခင် ၃၆ယောက်မှာ ပထမကောင်းကင်သခင်အပါအဝင် အများစုက အဆုံးမဲ့ယန်လမ်းစဉ်ကို လျှောက်ကြတာပဲ။ "

" အဆုံးမဲ့ယန်ဆိုတာ ဘာလဲ။ အဲ့ဒါက အလျှော့မပေးဘဲ ရပ်တန့်လို့မရတဲ့ အပြင်းထန်ဆုံးယန်ပဲ။ "

" မကြာသေးခင်က မင်းစိတ်က ရှေ့နောက်စဉ်းစားပြီး တုန့်ဆိုင်းသွားခဲ့တယ်။ အဆုံးမဲ့ယန်ကို ဆက်လေ့ကျင့်ရင်း မင်းက သဘာဝအတိုင်း ထူးဆန်းတယ်လို့ ခံစားနေရတာပဲ။ " လင်းယွမ်က ပြဿနာ၏ အဓိကအချက်ကို ထောက်ပြလိုက်သည်။

အဆုံးမဲ့ယန်လမ်းစဉ်ကို လျှောက်လှမ်းသူများက တုန့်ဆိုင်းခြင်းမရှိဘဲ ပြတ်သားသော စိတ်ဓာတ်နှင့် လေ့ကျင့်ရန် လိုအပ်လေသည်။

" ဒါက ဒီလိုကိုး။ " ချင်းပင်းက ရုတ်တရက် သဘောပေါက်သွား၏။

သူက စမ်းသပ်မှုများအတွက် တောင်ပေါ်မှ ဆင်းရမည့်အတွေးနှင့် ပြင်ပကမ္ဘာကို မြင်လိုသည့်အပြင် အန္တရာယ်များကိုလည်း စိုးရိမ်နေခဲ့သည်။ ယခု လင်းယွမ်၏ သတိပေးချက်အောက်တွင် သူ၏ စိတ်အခြေအနေက ရှင်းလင်းလာခဲ့သည်။

ချင်းပင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ချီစွမ်းအားများ စီးဆင်းလာသည်ကို ခံစားလိုက်ရပြီး အပူလှိုင်းတစ်ခုက သူ၏ ခြေလက်များသို့ ဖြတ်သန်းသွားသည်။

" တတိယအဆင့် " ချင်းပင်း၏ မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့် ပွင့်လာသည်။

လင်းယွမ်၏ အကြံပေးမှုအောက်တွင် သူက စတုတၳအဆင့ျမှ တတိယအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ ဤကမ္ဘာတွင် ကျင့်ကြံခြင်းကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး နဝမအဆင့်က အနိမ့်ဆုံးဖြစ်ပြီး ပထမအဆင့်က အမြင့်ဆုံး ဖြစ်သည်။ တတိယအဆင့်သို့ ရောက်သွားသောကြောင့် သူက လုံဟုတောင်၏ ထိပ်သီးအဆင့်များထဲသို့ ဝင်ရောက်သွားခဲ့သည်။

" လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် အကိုရှန်းဖုန်း။ " ချင်းပင်းက လင်းယွမ်ကို အရိုအသေပေးလိုက်သည်။ လင်းယွမ်၏ စကားများမရှိလျှင် သူက တတိယအဆင့်ကို ချိုးဖျက်ရန် မပြောနှင့် ရှေ့ဆက်လေ့ကျင့်ရန်ပင် ခက်ခဲသွားပေလိမ့်မည်။

" ကိစ္စမရှိဘူး။ " လင်းယွမ်က သူ၏ လက္ကို ဝှေ့ရမ်းပြီး ပြောလိုက်သည်။ သူ၏ လက်ရှိအဆင့်နှင့် သဘာဝကောင်းကင်အဆင်သို့ မရောက်သေးသည့် ကျင့်ကြံသူတစ်ယောက်ကို လမ်းညွှန်မှုပေးခြင်းက အလွန်ရိုးရှင်းလေသည်။

အစစ်အမှန်သိုင်းခန်းမတွင် ဆရာကြီးကန်ချင်းက သူ၏ မျက်လုံးများကို ပင်ပန်းနွမ်းနယ်စွာဖြင့် ပွတ်သပ်လိုက်သည်။

နတ်ဆိုးတစ်သောင်းဂိုဏ်းက ပြင်ပတွင် မကောင်းမှုများ အဆင်မပြတ်လုပ်နေသော်လည်း ထျန်းရှီဂိုဏ်း၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် မည်သို့မျှမလုပ်နိုင်ဘဲ အခြားလမ်းမှန်ဂိုဏ်းများနှင့် ပူးပေါင်းပြီး သူတို့ကို တတ်နိုင်သမျှ နှိမ်နှင်းရုံသာ လုပ်နိုင်လေသည်။

ထို့အပြင် နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က မူလနတ်ဆိုးဂိတ်တံခါး၏ အမွေအနှစ်ကို ရရှိခဲ့ပြီး နတ်ဆိုးတာအိုအင်အားစုများ၏ စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် လမ်းမှန်အင်အားစုများနှင့် နတ်ဆိုးအင်အားစုများ ထိပ်တိုက်တွေ့ဆုံချိန်တွင် နတ်ဆိုးအင်အားစုများက အများအားဖြင့် အသာစီးရသွားကြလေသည်။

" နတ်ဆိုးတစ်သောင်းဂိုဏ်းခေါင်းဆောင်က တကယ် မူလနတ်ဆိုးဂိတ်တံခါးရဲ့ အကြွင်းအကျန်တစ်ယောက်ထင်တယ်။ အရင်ဂိုဏ်းခေါင်းဆောင်က မူလနတ်ဆိုးဂိတ်တံခါးရဲ့ သဲလွန်စတွေ ရှာတွေ့ခဲ့ပေမယ့် အရင်းအမြစ်ကိုတော့ ရှာမတွေ့နိုင်ခဲ့ဘူး။ အဲ့ဒါကို ငါတို့က တိုက်ဆိုင်မှုတစ်ခုလို့ ထင်ခဲ့ကြပေမယ့် အခုတော့ အဲ့လိုဟုတ်ပုံမရဘူး။ အဲ့ဒီအချိန်တည်းက နတ်ဆိုးတစ်သောင်းဂိုဏ်းက မူလနတ်ဆိုးဂိတ်တံခါးက အကြွင်းအကျန်တွေရဲ့ လျို့ဝှက်ထောက်ပံ့မှုကို ရထားခဲ့တာပဲ။ " ဆရာကြီးကန်ချင်းက ရေရွတ်လိုက်သည်။

လုံဟုတောင်က ထိပ်သီးဂိုဏ်းတစ်ခုဖြစ်ပြီး သူတို့က နတ်ဆိုးတစ်သောင်းဂိုဏ်း၏ လျို့ဝှက်ချက်များကို လျင်မြန်စွာ ရှာတွေခဲ့ကြလေသည်။

" အခုမှဆွေးနွေးတာ အရမ်းနောက်ကျသွားပြီ။ " ဆရာကြီးကန်ချင်းက သူ၏ ခေါင်းကို ခါလိုက်သည်။ ယခုအချိန်တွင် အရေးကြီးဆုံးက နတ်ဆိုးတစ်သောင်းဂိုဏ်းကို မည်ကဲ့သို့နှိမ်နှင်းရန်ဟူ၍ပင်။

ထိုအချိန်တွင် အပြင်မှ လူတစ်ယောက်ဝင်လာခဲ့သည်။ သူက ချင်းပင်းဖြစ်၏။

" ဆရာ ကျွန်တော် တတိယအဆင့်ရောက်သွားပြီ။ " ချင်းပင်းက သတင်းကောင်းပြောလိုက်သည်။

ချင်းပင်းနှင့် အခြားလူငယ်သုံးယောက်က ထျန်းရှီဂိုဏ်း၏ ရွေးချယ်ခံများအဖြစ် ဆရာကြီးကန်ချင်း၏ တိုက်ရိုက်သင်ကြားခြင်းကို ခံရလေသည်။

" တတိယအဆင့် စောလှချည်လား။ " ၎င်းကို ကြားသောအခါ ဆရာကြီးကန်ချင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

သူက ချင်းပင်း၏ အဆင့်ချိုးဖျက်ခြင်းကို ဆန္ဒမရှိခြင်းမဟုတ်သော်လည်း ချင်းပင်းက အဆင့်တက်ရန် အန္တရာယ်ရှိသော နည်းလမ်းများ အသုံးပြုမည်ကို စိုးရိမ်ခြင်းဖြစ်၏။

ယခင်ကောင်းကင်သခင်များ၏ ဓားများကို လက်ခံခဲ့သော ယခင်မျိုးဆက်များ၏ မှတ်တမ်းများအရ သူတို့က တတိယအဆင့်သို့ ရောက်ရန် အနည်းဆုံး ဆယ့်ငါးနှစ်မှ နှစ်နှစ်ဆယ်ထိ ကြာမြင့်လေသည်။ သို့သော် ချင်းပင်း လေ့ကျင့်သည်မှာ ဆယ်နှစ်ပင်မပြည့်သေးပေ။ သူ၏ ကျင့်ကြံခြင်းမြန်နှုန်းက အံ့ဩစရာကောင်းလှလေသည်။

" အခြေခံက ခိုင်မာတယ်။ ပြဿနာတော့မရှိဘူး။ " ဆရာကြီးကန်ချင်းက ချင်းပင်းကို သေချာစစ်ဆေးပြီး ပြောလိုက်သည်။

" ချင်းပင်း မင်းက ဘယ်လိုလုပ်အဆင့်ချိုးဖျက်သွားတာလဲ။ "

" ဆရာ အဲ့ဒါ ရှန်းဖုန်းက ကျွန်တော်ကို လမ်းညွှန်ပေးလို့ ကျွန်တော် မြန်မြန်အဆင့်ချိုးဖျက်နိုင်ခဲ့တယ်။ " ချင်းပင်းက ရိုးသားသွာ ပြန်ဖြေလိုက်သည်။

ယင်းမတိုင်မီ ချင်းပင်းက လင်းယွမ်ဆီမှ လမ်းညွှန်မှုများကို မကြာခန ရရှိခဲ့သော်လည်း အခြားသုံးဆယာက်နှင့် ယှဉ်လျှင် သူ၏ ကျင့်ကြံခြင်းအရှိန်က သူတို့ထက် အနည်းငယ်သာ ပိုမြန်ခဲ့လေသည်။ ၎င်းက ပုံမှန်ကန့်သတ်ချက်များအတွင်း၌ ရှိနေခဲ့သောကြောင့် ဆရာကြီးကန်ချင်းက ချင်းပင်း၏ လုံ့လဝရိယကြောင့်ဟုသာ ထင်ပြီး မေးခွန်းထုတ်ခြင်းမရှိခဲ့ပေ။

သို့သော် ယခု စတုတ္ထအဆင့်မှ တတိယအဆင့်သို့ ချိုးဖျက်ရန် ငါးနှစ်မှ ရှစ်နှစ်အထိ အချိန်ယူရမည်ဖြစ်သည်။

" ရှန်းဖုန်းက မင်းကို လမ်းညွှန်ပေးခဲ့တာလား။ " ဆရာကြီးကန်ချင်းက အံ့ဩသွား၏။

ချင်းပင်းကို လမ်းညွှန်မှုအနည်းငယ်ဖြင့် တတိယအဆင့်သို့ ချိုးဖျက်သွားစေနိုင်ခြင်းမှာ သူ၏ ခွန်အားက တတိယအဆင့်ထက် ကျော်လွန်ရမည်ဖြစ်သည်။ သဘာဝကောင်းကင်အဆင့် ကျင့်ကြံသူအများစုပင် ၎င်းကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ကြပေ။

" ဟုတ်တယ် ဒီနှစ်တွေမှာ ရှန်းဖုန်းက ကျွန်တော်ကို လမ်းညွှန်မှုတွေပေးခဲ့တယ်။ သူက တကယ်သန်မာတယ်။ သူ့ရဲ့ စကားလုံးတိုင်းက ကျွန်တော်ကို ဉာဏ်အလင်းပွင့်စေပြီး ခွန်အားကိုလည်း တိုးတက်စေခဲ့တယ်။ "

ထိုစကားများက ဆရာကြီးကန်ချင်းနှင့် အကြီးအကဲနှစ်ယောက်ကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားသွားရစေ၏။

စကားလုံးတိုင်းက ဉာဏ်အလင်းပွင့်စေတယ်။ ပြီးတော့ ခွန်အားလည်း တိုးတက်လာတယ်။

ဆရာကြီးကန်ချင်းသို့ စွမ်းအားကြီးသော လူတစ်ယောက်ပင် တစ်စုံတစ်ခုလွဲချော်နေသည်ကို နားလည်လေသည်။ ထိုကဲ့သို့ စွမ်းဆောင်နိုင်သူများက ကျင့်ကြံခြင်း၏ သဘာဝနှင့် အနှစ်သာရကို အလွန်လေးနက်စွာ နားလည်သဘောပေါက်ထားရပေလိမ့်မည်။ ထိုလူက သူကိုယ်တိုင် လက်လျှော့ခဲ့သော လင်းယွမ်ဖြစ်လေသည်။

" ရှန်းဖုန်းက အရမ်းသန်မာတယ်။ ရှန်းဖုန်းကို တွေ့လိုက်ရင် ဆရာကြီးကို တွေ့ရသလို ခံစားရတယ်။ " ဆရာကြီးကန်ချင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ချင်းပင်းက ဆက်ပြောလိုက်သည်။

ဆရာကြီးကန်ချင်းလိုလား။ ဆရာကြီးကန်ချင်းက သဘာဝကောင်းကင်အဆင့်တစ်ယောက်ပင် မဟုတ်လော။

လင်းယွမ်က သဘာဝကောင်းကင်အဆင့်ကို ရောက်နေပြီလား။ အသက်နှစ်ဆယ်မတိုင်မီ သဘာဝကောင်းကင်အဆင့်သို့ ချိုးဖျက်နိုင်ရန်မှာ ယခင် ကောင်းကင်သခင်များပင် မစွမ်းဆောင်နိုင်သော အရာဖြစ်လေသည်။

" ရှန်းဖုန်းက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်လား။ " ဆရာကြီးကန်ချင်းက တုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာ ပေါ်လာ၏။

ချင်းပင်း၏ စကားက အမှန်ဆိုလျှင် လင်းယွမ်က အမှန်တကယ် ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ သူတို့စိတ်ကူးနိုင်သည်ထက် ကျော်လွန်သော ပါရမီရှင်။

သို့သော် မည်မျှပင် ပါရမီရှိပါစေ ယင်နှင့်ယန် နှစ်ခုလုံးကို ပေါင်းစပ်လေ့ကျင့်ခြင်းက သူ့ကို သဘာဝကောင်းကင်အဆင့်သို့ ​ရောက်စေနိုင်သော်လည်း ယခင် ကောင်းကင်သခင်များ၏ အဆင့်ကို ရောက်နိုင်မည်မဟုတ်ပေ။ သူက ကောင်းကင်သခင်အဆင့်သို့ ရောက်သွားသည်နှင့် ယင်နှင့်ယန် စွမ်းအားများက ချက်ချင်း ပေါက်ကွဲသွားပေလိမ့်မည်။

" အသက်ငယ်ပေမယ့် ဒီလိုနားလည်နိုင်စွမ်းနဲ့ဆိုရင် ငါတို့ ထျန်းရှီဂိုဏ်းက...." ဆရာကြီးကန်ချင်း၏ စကားများက လမ်းတစ်ဝက်တွင် ရပ်တန့်သွားပြီး သူ၏ စိတ်ထဲတွင် နာကျင်သော အတွေးတစ်ခု ပေါ်လာသည်။

ဒီလိုမျိုး ပါရမီရှင်တစ်ယောက်က ဘာလို့ လမ်းလွဲသွားခဲ့တာလဲ။

All Chapters