← Chapters

အချိန်ဆွဲခြင်းမရှိ

Vol. 96 Ch. 1344

အချိန်ဆွဲခြင်းမရှိ

Vol. 96 Ch. 1344

အခန်း (၁၃၄၄) အချိန်ဆွဲခြင်းမရှိ

လွန်ခဲ့သော နှစ်ပေါင်း(၂၀)အတွင်း ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို လုံးဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း အဂ္ဂိရတ်ခန်းမအတွင် ဖြစ်ပျက်နေသည့် အမျိုးမျိုးသော ပြောင်းလဲမှုများကို သတိထားခဲ့မိသည်။

အရင်က အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာအပြင်ဘက်နယ်နိမိတ်များက မှုန်ဝါးလာပြီး အပြင်ဘက်သို့ ဆက်တိုက် ချဲ့ထွင်လာခဲ့ပြီး ကိုယ်ပိုင်စကြာဝဠာတစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာခဲ့သည်။

မကြာသေးခင်ကတော့ ထိုစကြာဝဠာက အတွင်းသို့ ပြန်လည်စုစည်းသွားပြီး အဂ္ဂိရတ်ခန်းမ၏ အပြင်ပုံစံကို တစ်ဖန်ပြန်လည်ပြသခဲ့သည်။

အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာထဲမှ ကမ္ဘာများစွာ၏ နယ်နိမိတ်များတစ်ခုနှင့်တစ်ခု ပုံပျက်လာသည်နှင့်အမျှ ပိုပြီးကျပ်တည်းလာသော်လည်း တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။

ယခု အဂ္ဂိရတ်ခန်းမက စကြာဝဠာတစ်ခုပမာ မဟုတ်တော့ဘဲ မူလ ကောင်းကင်ဘုံနန်းတော်မှ အဂ္ဂိရတ်ခန်းမသဏ္ဌန်ကို ပြသလျှက်ရှိပြီး သူ၏လှုပ်ရျားမှုများကလည်း ပို၍လျှို့ဝှက်လာသည်။

ထို့ကြောင့် တာအိုစကြာဝဠာအတွင်းဝင်ရောက်ရန် အဆင်ပြောလာခဲ့သည်။

ထိုခန်းမက စကြာဝဠာ (၂)ခု၏ “တံတိုင်း” ကြားမှ ညပ်မသွားတော့ဘဲ စောင့်ကြည့်နေသည့် သမင်ဖြူနတ်မိစ္ဆာသည်ပင် သတိထားမိခြင်း မရှိတော့ပေ။

ဖုံးကွယ်ထားသည့် အဂ္ဂိရတ်ခန်းမက ယခု အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် မနီးမဝေး တာအိုစကြာဝဠာထဲတွင် မျောလွင့်လျှက် ရှိသည်။

ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက် ပြင်ဆင်မှုများ ပြုလုပ်ပြီးပြီဖြစ်လေရာ လာမည့်ရက်အနည်းငယ်အတွင်း ဤကမ္ဘာကို အဂ္ဂိရတ်ခန်းမအတွင်းပို့ဆောင်ရန် ရည်ရွယ်ထားသည်။

ရန်သူ၏ ရုတ်တရက်ဖိနှိပ်မှုက သူ၏အစီအစဉ်များကို အတားအဆီးအချို့ ဖြစ်ပေါ်စေပြီး အောင်မြင်မှုအခွင့်အလမ်းများလည်း သိသာထင်ရှားစွာ လျော့နည်းသွားခဲ့သည်။

သို့ပေသိ မျက်လုံးတစ်ရာတာအိုဆရာနှင့် အခြား မဟာနတ်မိစ္ဆာများက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်ပတ်သက်သော အခြေအနေများကို ဘာမှ သိရှိကြခြင်း မရှိပေ။

ဤသည်က ရန်ကျောက်ကဲတို့အုပ်စုအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။

“ဆရာဦးလေး’ကောင်း’ ၊ ဆရာဦးလေး’လုန်’ ... ရွှမ်ဟွမ်ဧကရီနဲ့ ဆရာဘိုးဘိုး’လုန်’ တို့ကို အကြောင်းကြားပေးပါ ၊ အခု လှုပ်ရှားရမယ့်အချိန်ရောက်ပြီ”

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ကောင်းရွှယ်ပေါ် ၊ လုန်ရွှယ်ကျီးနှင့် အခြားသူများကိုကြည့်ပြီး ပြောလိုက်သည်။

“ရန်သူတွေက လက်စားချေဖို့သက်သက်ပဲ ရောက်လာတာ မဟုတ်နိုင်ဘူး”

ကောင်းရွှယ်ပေါ်၏ မျက်နှာက တည်ကြည်လေးနက်သွားပြီး...

“လက်စားချေဖို့ပဲ ရောက်လာတာမဟုတ်ရင် ၊ နောက်ကွယ်မှာပုန်းအောင်းနေတဲ့ တခြားတန်ခိုးစွမ်းအားရှင်တွေ ရှိနေဦးမှာပဲ”

မျက်လုံးတစ်ရာတာအိုဆရာအပြင် အခြားသော မဟာနတ်မိစ္ဆာများ ရှိနေဦးမည်ဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် သူတို့ကိုခုခံရန် ခက်ခဲနိုင်သည်။

ရန်ကျောက်ကဲက...

“ဟုတ်တယ် ၊ ဒါကြောင့် ကျွန်တော်တို့ အချိန်မဆိုင်းဘဲ အခုလှုပ်ရှားလိုက်ကြမယ် ၊ သူတို့ကို အံ့အားသင့်သွားအောင် လုပ်လိုက်ကြတာပေါ့”

ကောင်းရွှယ်ပေါ်က ခေါင်းညိတ်လိုက်ပြီး ဘေးနားတွင်ရှိနေသည့် ယွီယဲ့ကို အမိန့်ပေးလိုက်သည်။

“ရှောင်ယဲ့... မင်းရဲ့အဘိုးနဲ့အဘွားကို သွားပြီးအကြောင်းကြားလိုက်ပါ ၊ တိမ်လွှာခွင်းဧကရာဇ်နဲ့ တခြားသူတွေကိုလည်း သတင်းပို့လိုက်ပါ”

“ဟုတ်ကဲ့ပါ ဦးလေး”

နွယ်ပင်ဧကရီ၏လှုပ်ရှားမှုများကို ကြည့်ရှုနေသော ယွီယဲ့မှာ ကောင်းရွှယ်ပေါ်စကားကြောင့် သတိပြန်ဝင်လာပြီး ဓားအလင်းတန်းအဖြစ်ပြောင်းလဲကာ အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သိမ်မွေ့စွာပင် အော်ဟစ်လိုက်သည်။

“အပေါ်ကိုတက်...”

သူက မြေပြင်ထက်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်ရာ အောက်ဘက်တွင်ရှိသောတောင်ထွတ်ကို ဗဟိုပြုပြိး များပြားလှစွာသော အင်းသင်္ကေတများ လွင့်ပျံထွက်ပေါ်လာသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ နယ်မြေ(၉)ခုလုံး ၊ မိုင်သန်းပေါင်းများစွာကျယ်ဝန်းသော ကမ္ဘာတစ်ခုလုံး တပြိုင်နက်တည်း အလင်းရောင်များ တောက်ပလာသည်။

ကြီးမားသော အစီအရင်ကြီးများ တစ်ခုပြီးတစ်ခု မြေပြင်ထက်မှ ရုန်းကြွထွက်ပေါ်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ‌ကောင်းကင်ယံထက်သို့ လွင့်မျောမြင့်တက်သွားကြသည်။

ထို့နောက် အစီအရင်များ အသက်ဝင်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးကိုဖုံးလွှမ်းထားသည့် ကြီးမားသော အစီအရင်ကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

အရင်က အထက်ဘုံကမ္ဘာ၏ အစိတ်အပိုင်းများ ပြောင်းရွှေ့စဉ်ကလိုပင် အလင်းရောင်များ ကောင်းကင်ထိတိုင်ထိုးဖောက်ဝင်ရောက်သွားပြီး အချင်းချင်းယှက်နွယ်ကာ တာအိုစကြာဝဠာအတွင်း ဖြတ်သန်းသွားသည်။

သို့သော် ဤလှုပ်ရှားမှုကြောင့် နွယ်ပင်ဧကရီ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ထူးဆန်းသော ဓားအလင်းတန်းအစီအရင်ကို ထိခိုက်ခြင်း မရှိခဲ့ပေ။ ထိုအစီအရင်ကလည်း ပုံမှန်အတိုင်းပင် ဆက်လက်လည်ပတ်နေသည်။

အစီအရင်ကြီးနှစ်ခုက နှစ်ဦးနှစ်ဖက် မည်သည့်အရာကိုမှ ထိခိုက်ခြင်းမရှိဘဲ လုပ်စရာရှိသည်ကိုသာ ဆက်လက်လုပ်ဆောင်နေခဲ့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအပြင်ဘက် ဗလာနယ်ဟင်းလင်းပြင်ထဲတွင် တောက်ပသောအလင်းတန်းများထွက်ပေါ်လာပြီး အဆုံးမရှိသော ခရမ်းရောင်မြူခိုးများ ရုတ်တရက်ထွက်ပေါ်လာကာ စကြာဝဠာတစ်ခုလုံးသို့ ပြည့်နက်သွားစေသည်။

ခရမ်းရောင်အခိုးအငွေ့ပင်လယ်ကြီးထဲတွင် ရွှေရောင်အလင်းတန်းများတောက်ပနေသော ကျောက်ဖြူနန်းတော်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုကျောက်ဖြူနန်းတော်ကြီးက တာအိုစကြာဝဠာအတွင်းရှိ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနံဘေးတွင် ထွက်ပေါ်လာခြင်း ဖြစ်လေ၏။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဖိနှိပ်ထားသည့် မျက်လုံတစ်ရာနတ်မိစ္ဆာသခင်နှင့် ဘေးမှကူညီပေးနေသော နဂါးဘုရင်’ဟွမ်ချန်’ တို့မှာ ထို ကျောက်ဖြူနန်းတော်ကြီးကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားကြရသည်။

မျက်လုံးတစ်ရာတာအိုဆရာက...

"ဒါက..."

သူက နဂါးဘုရင်’ဟွမ်ချန်’ ကို လှည့်ကြည့်လိုက်ပြီး...

“ဒါက... ကောင်းကင်ဘုံနန်းတော်က အဂ္ဂိရတ်ခန်းမလား”

နဂါးဘုရင်’ဟွမ်ချန်’ က ကျောက်ဖြူနန်းတော်ကြီးကို စူးစိုက်ကြည့်ရင်း...

“ဖြစ်နိုင်တယ်...”

သူတို့နှစ်ယောက်လုံးက အတွေ့အကြုံရှိသူများ ဖြစ်ကြလေရာ သံသယများဖြင့် မရပ်မနား အတွေးလွန်ကုန်ကြတော့သည်။

အရင်ဦးစွာ အံ့အားသင့်သွားကြသော်လည်း ဤသည်က သူတို့ကိုလှည့်စားရန်ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း ချက်ချင်း စဉ်းစားမိကြသည်။

လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများ သူတို့ကို ဤနေရာတွင် စောင့်ဆိုင်းနေခဲ့သည်လား။

သို့သော် ခဏမျှစဉ်းစားပြီးနောက် ဤသည်က မဖြစ်နိုင်ဟု ခံစားမိကြသည်။

လက်ရှိတွင် လမ်းမှန်တာအိုဝါဒက တိုးတက်မှုရရှိရန် ပြင်ဆင်နေဆဲဖြစ်လေရာ မလိုအပ်ဘဲ ဤသို့ထောင်ချောက်ဆင်မည် မဟုတ်ပေ။

အဂ္ဂိရတ်ခန်းမက သူတို့ရှာဖွေနေသည့်အရာဖြစ်သော်လည်း ယခုကဲ့သို့ မျက်မြင်တွေ့ရသည့်အခါ မျက်လုံးတစ်ရာနတ်မိစ္ဆာဘုရင်နှင့် နဂါးဘုရင်’ဟွမ်ချန်’ တို့မှာ ယုံကြည်ရန်ခက်ခဲပြီး သံသယများဝင်ကြရပြန်သည်။

သို့ပေသိ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းမကို ချိတ်ဆက်ထားသော အလင်းတန်းများကိုတွေ့ရသည့်အခါ သူတို့ ပိုပြီး အံ့အားသင့်သွားကြရသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာဘုရင်က...

“ဒီကမ္ဘာကို အဂ္ဂိရတ်ခန်းမထဲထည့်ပြီး ခေါ်ဆောင်သွားဖို့ စီစဉ်နေတာလား”

နဂါးဘုရင်’ဟွမ်ချန်’ က ရောင်စုံတိမ်တိုက်ထက်တွင်ထိုင်နေရာမှ ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး အနီရောင်အကြေးခွံနဂါးတစ်ကောင်ကို အမိန့်ပေးလိုက်သည်။

“ဖုလော်ကျီနဲ့ တခြားသူတွေကို ချက်ချင်းအကြောင်းကြားစမ်း...”

အနီရောင်အကြေးခွံနဂါးမှာ ချက်ချင်းပင် တာအိုစကြာဝဠာမှ အလျှင်အမြန် ထွက်ခွာသွားလေတော့၏။

ဖုလော်ကျီ ၊ မဟာအမတ’ရူယိ’ ၊ နက်ရှိုင်းကဗျာနတ်မိမယ်နှင့် အခြားသောနတ်မိစ္ဆာကြီးများမှာ အဂ္ဂိရတ်ခန်းမနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ဆက်သွယ်နေကြောင်း တွေ့မြင်လိုက်ရသည့်အခါ အလွန်အမင်း အံ့အားသင့်သွားကြသည်။

သို့သော် သူတို့အနေဖြင့် အခြေအနေများကို နားလည်နိုင်စွမ်း မရှိခဲ့ပေ။

သူတို့က အခြေအနေသိရှိရန် လူတစ်ယောက်စေလွှတ်ပြီးစုံစမ်းခိုင်းစဉ် ထိုသူက လမ်းတွင် အနီရောင်အကြေးခွံနဂါးနှင့် တွေ့ဆုံပြီးနောက် အလျှင်အမြန် ပြန်ရောက်လာခဲ့သည်။

အနီရောင်အကြေးခွံနဂါးထံမှ သတင်းအချက်အလက်ကိုကြားသိရသည့်အခါ မဟာနတ်မိစ္ဆာကြီး (၃)ဦးမှာ အလွန်ပင် အံ့အားသင့်သွားရတော့သည်။

မဟာအမတ’ရူယိ’ က ဒေါသတကြီးဖြင့်...

“သူတို့ လွတ်သွားတော့မှာပဲ”

ဖုလော်ကျီက...

“မျက်လုံးတစ်ရာတာအိုဆရာနဲ့ တာအိုဆရာ’ဟွမ်ချန်’ ကို အမြန်ကူညီပါ ၊ ဒီဧရိယာအတွင်း စောင့်ကြည့်နေတဲ့ တခြားသူတွေကိုလည်း သတိထားခိုင်းလိုက်ပါ”

ထို့နောက် ပြင်ပဗလာနယ်ထဲတွင်ရှိနေသည့် နတ်မိစ္ဆာအုပ်စုကြီး တာအိုစကြာဝဠာအတွင်း အလောတကြီး ဝင်ရောက်လာကြတော့သည်။

တစ်ဖက်မှာလည်း တာအိုစကြာဝဠာကို စောင့်ကြည့်နေကြသော အခြားအင်အားစုများမှာ မငြိမ်မသက်ဖြစ်မှုကို တဖြည်းဖြည်း သတိထားမိလာကြပြီး ဘာဖြစ်သည်ကို စုံစမ်းရန် ချက်ချင်းထွက်ခွာလာခဲ့ကြသည်။

အခြေအနေများက ရုတ်တရက်ပင် လွန်ခဲ့သည့်နှစ်ပေါင်း(၂၀)ခန့်ကကဲ့သို့ ပြန်လည်လှုပ်ရှားလာခဲ့ပြီး တာအိုစကြာဝဠာ၏ အာကာသဗလာနယ်သည်လည်း တုန်ခါလာခဲ့သည်။

ထိုအချိန် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနီး ဖြစ်ပွားနေသော တိုက်ပွဲမှာလည်း ပိုမိုပြင်းထန်သော တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ထွက်ပြေးဖို့ စဉ်းစားနေတာလား ၊ သိပ်ပြီးလွယ်မယ်မထင်နဲ့”

မျက်လုံးတစ်ရာနတ်မိစ္ဆာဘုရင်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

ထိ့နောက် သူ၏ခြေထောက်အောက်မှ ပြင်းထန်သောတန်ခိုးစွမ်းအားများထွက်‌ပေါ်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွင်းသို့ ခုန်ဝင်လိုက်သည်။

အခြားသူများကို အကြောင်းကြားရန် အမိန့်ပေးပြီးနောက် နဂါးဘုရင်’ဟွမ်ချန်’ သည်လည်း ရောင်စုံတိမ်တိုက်ထက်မှခုန်ဆင်းကာ အဂ္ဂိရတ်ခန်းမဆီသို့ ဦးတည်ထွက်ခွာသွားသည်။

အဂ္ဂိရတ်ခန်းမထက်မှ ရွှေရောင်အလင်းတန်းများ တောက်ပလာသည်။

နဂါးဘုရင်’ဟွမ်ချန်’ က နှာမှုတ်လိုက်သည်။

ထို့နောက် သူက လက်ချောင်းများကိုကွေးကောက်ပြီး ရွှေရောင်အလင်းတန်းများကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူက အမိန့်ပေးလိုက်၏။

“ရှောင်ရွှမ်ချန်... အဂ္ဂိရတ်ခန်းမနဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကြားက ဆက်သွယ်မှုကို ဖြတ်တောက်လိုက်”

ဘေးမှသားဖြစ်သူက ပြန်လည်ဖြေကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ခမည်းတော်”

သံချပ်ကာဝတ်ဆင်ထားသည့် မင်းသား’ရွှမ်ချန်’ က ရွှေရောင်တိမ်တိုက်များအတွင်းမှ နတ်မိစ္ဆာအုပ်စုနှင့်အတူ ထွက်ပေါ်လာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းမကိုဆက်သွယ်ထားသော အလင်းတန်းများကို နည်းမျိုးစုံဖြင့် ထိုးခုတ်ဖြတ်တောက်ကြသည်။

ထိုအချိန်မှာပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွင်းမှ ဓာအးလင်းတန်းများသည်လည်း တပြိုင်နက်တည်း ထွက်ပေါ်လာသည်။

ဓားအလင်းတန်းများက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အရံအတားနှင့်ပေါင်းစပ်လိုက်သည့်အခါ ပို၍ပင် အားကောင်းလာကြသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် မျက်ခုံးတစ်ချက်ပင့်ပြီးကြည့်လိုက်ချိန် ရန်သူက နွယ်ပင်ဧကရီမဟုတ်တော့ကြောင်း သတိထားလိုက်မိသည်။

ယခု အပြာရောင်ခရီးရှည်ကောင်းကင်ဘုံရှိ ချင်းဖိန်တောင်ထက်တွင် အစိမ်းရောင်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ရှိနေသည်။

သူမက နွယ်ပင်ဧကရီနေရာကိုဝင်ယူပြီး ကောင်းကင်ထက်သို့ ဓားအလင်းတန်းများဖြင့် ပစ်လွှတ်တိုက်ခိုက်လျှက် ရှိသည်။

နွယ်ပင်ဧကရီ ၊ လုန်ရှင်းချွမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့က ထို အစိမ်းရောင်အမျိုးသမီးဘေးတွင် မတ်တတ်ရပ်လျှက် ရှိကြသည်။

လုန်ရှင်းချွမ်ကတော့ လက်ရှိဖြစ်ပျက်နေသည့်ပြဿနာများကို အရေးမစိုက်သည့်ပမာ အေးဆေးတည်ငြိမ်လျှက် ရှိ၏။ သို့သော် သူ့လက်ထဲတွင် ဓားရှည်တစ်လက် ဆုပ်ကိုင်ထားသည်။

အပြာရောင်ခရီးရှည်‌ကောင်းကင်ဘုံမှ အရံအတား ဓားအလင်းတန်းများက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်အား ခဏမျှတားဆီးထားသည်ကို အခွင့်‌ကောင်းယူပြီး လုန်ချွမ်ဧကရာဇ်၏ရုပ်သွင် လက်ခနဲတောက်ပသွားကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အပြင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။

All Chapters