နှစ်ကိုယ်ခွဲဓားဧကရီ
Vol. 96 Ch. 1346
အခန်း (၁၃၄၆) နှစ်ကိုယ်ခွဲဓားဧကရီ
“ဆရာဦးလေး’လုန်’ က သူ့ဓားကို နှစ်ပေါင်းထောင်နဲ့ချီပြီး ကျင့်ကြံထားခဲ့တာ ၊ အခု ဓားကိုဆွဲထုတ်လိုက်တာနဲ့ ဓားအလင်းတန်းက စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံသွားတယ်”
အဂ္ဂိရတ်ခန်းမထဲတွင် ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ က အံ့သြစွာဖြင့် ချီးကျူးပြောဆိုလိုက်သည်။
ရန်ကျောက်ကဲ၏ မူလခန္ဓာကိုယ္ကလည်း အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နေရင်း စကားပြန်ပြောလိုက်သည်။
“ဟုတ်တယ် ၊ ဓားကိုဆွဲထုတ်လိုက်တာနဲ့ ဆရာဘိုးဘိုးလုန်က နက်ရှိုင်းနတ်ဘုရားတွေထဲမှာ လောကပထမ ဖြစ်သွားတော့တာပဲ ၊ ထိုက်ရွှီးမူလနတ်ဘုရားတွေတောင် သူ့ဓားချက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မှာမဟုတ်ဘူး ၊ ဒဏ်ရာမရရင်တောင် အတော်လေး အခြေအနေမကောင်းဖြစ်သွားနိုင်တယ်”
လက်ရှိအချိန်တွင် လူအများစုက လုန်ရှင်းချွမ်ကို ဇနီးဖြစ်သူအောက်တွင်ခိုနေသူဟု လှောင်ပြောင်ကြပြီး သူ့ကိုဟာသအဖြစ် ရှုမြင်ကြသည်။
လုန်ရှင်းချွမ်ကိုယ်တိုင်ကတော့ ထိုအရာများကို အရေးမစိုက်ဘဲ အမြဲအေးဆေးစွာနေထိုင်ခဲ့သည်။ ထို့ကြောင့်ပင် အခြားသူများက သူ့ကိုလျှော့တွက်ရန် ပိုမိုလွယ်ကူခဲ့သည်။
သို့သော် သူက အမှန်တကယ် အရည်အချင်းရှိသူတစ်ယောက်မဟုတ်လျှင် အဘယ့်ကြောင့် ယွိချင်အဆက်အနွယ်တစ်ယောက်အနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ရောက်ရှိလာပြီး စန့်ချင်အဆက်အနွယ်များကို စိန်ခေါ်ပါမည်နည်း။
လုန်ရှင်းချွမ်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် အမှန်တကယ်ပင် လွှမ်းမိုးနိုင်စွမ်းကြီးမားခဲ့သူ ဖြစ်သည်။
ကျန်းပုရွှီး ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသော စန့်ချင်အဆက်အနွယ်ကျင့်ကြံသူများစွာ သူ၏ဓားအောက်တွင် အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ကြရသည်။
ကောင်းချင်းရွှမ် ထွက်ပေါ်လာမှသာ သူက ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။
တိဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ အဆိုအရ လုန်ရှင်းချွမ်က အေးအေးဆေးဆေးနေတတ်ပြီး ပျင်းရိပျင်းတွဲဟန်ရှိသော်လည်း အခြားသူများနှင့် ရင်ဆိုင်တိုက်ခိုက်သည့်အခါ သူ၏ အနိုင်ရလိုစိတ်နှင့် ဇွဲကောင်းမှုတို့က သူ၏ဂိုဏ်းတူအစ်ကိုဖြစ်သော ရန်ရှင်းထန်ထက်ပင် ပိုမိုပြင်းထန်သည်။
သာမန် ဓားရေးယှဉ်ပြိုင်မှုတွင် ဘာမှမဖြစ်နိုင်သော်လည်း ရန်သူနှင့်တိုက်ခိုက်ပါက ကရုဏာကင်းမဲ့သူဖြစ်ပြီး ၊ ရန်သူများအနေဖြင့် သူ၏ဓားချက်အောက်တွင် သေသူသေ ၊ ဒဏ်ရာရသူရ ဖြစ်ကြရသည်ပင်။
ရန်ကျောက်ကဲကတော့ ယခင်က လုန်ရှင်းချွမ်အပေါ် သိရှိထားသည်များကိုအခြေခံပြီးတွေးတောကြည့်သော်လည်း ထိုအယူအဆကို နားလည်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် နဂါးမင်းသား’ရွှမ်ချန်’ ၏ အခြေအနေကို ကြည့်လိုက်မည်ဆိုပါက အရာအားလုံး ရှင်းလင်းနေပြီ ဖြစ်သည်။
ယခင်အချိန် အဂ္ဂိရတ်ခန်းမကိုရှာဖွေစဉ်က ရန်ကျောက်ကဲ တိမ်လွှာခွင်းဧကရာဇ်နှင့် ပထမဆုံးတွေ့ဆုံခဲ့သည့်အခါ သူက လုန်ရှင်းချွမ်အား သူသိရှိသည့် တန်ခိုးစွမ်းအားအမြင့်မားဆုံး အစစ်အမှန်နတ်ဘုရားများထဲတွင် ထိပ်တန်းအဆင့်(၃)ယောက်ထဲမှ တစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ဖူးသည်။
ထိုစဉ်အချိန်က ရန်ကျောက်ကဲမျက်လုံးထဲတွင် အထွတ်ထိပ်အဆင့် အစစ်အမှန်နတ်ဘုရားမှာ လောလောလတ်လတ် နတ်ဘုရားအဆင့်သို့ တက်ရောက်လာသော’ချန်ချန်းဟွာ’ လည်းမဟုတ်သသလို သူ၏ပါရမီများကို အပြည့်အဝပြသခဲ့သော’လုန်ရွှယ်ကျီး’ လည်း မဟုတ်ခဲ့ပေ။
ထို့ပြင် သူမ၏တန်ခိုးစွမ်းအားဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့သော မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ လည်း မဟုတ်ခဲ့ပေ။
ထိုသူများအားလုံးအစား နှစ်ပေါင်းထောင်ချီ သိုသိုသိပ်သိပ်ဖြင့် ဓားကျင့်ကြံခြင်းပြုလုပ်နေသည့် ၊ အခြားသူများမျက်လုံးထဲတွင် ရယ်စရာလူတစ်ယောက်ဖြစ်နေခဲ့သည့် လုန်ချွမ်ဧကရာဇ် ’လုန်ရှင်းချွမ်’ သာ ဖြစ်ခဲ့သည်။
ယွဲ့ကျန့်ပေက...
“ကျောက်ကဲ... ဒီနေရာကို မင်းလက်ထဲအပ်ခဲ့မယ် ၊ ငါ အောက်ဆင်းပြီး ကူညီပေးလိုက်ဦးမယ်”
ယွဲ့ကျန့်ပေက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ နွယ်ပင်ဧကရီ ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများအပေါ် ရန်ငြိုးထားသော်လည်း လက်ရှိတွင် သူတို့က ရန်သူများ မဟုတ်ကြပေ။
ထို့ကြောင့် ရန်ငြိုးများကို ခဏမေ့ထားပြီး လုန်ရှင်းချွမ်တို့ကိုကူညီရန် အဂ္ဂိရတ်ခန်းမအတွင်းမှ ထွက်ခွာသွားသည်။
အဂ္ဂိရတ်ခန်းမအပြင်ဘက် ဗလာနယ်ထဲတွင် လုန်ရှင်းချွမ်က နတ်မိစ္ဆာမျိုးနွယ်များမှ သူတော်စင်ငယ်အဆင့်ဖြစ်သော နဂါးဘုရင်’ဟွမ်ချန်’ နှင့် ရင်ဆိုင်တိုက်ခိုက်နေသည်။
နဂါးဘုရင်’ဟွမ်ချန်’ က တာအိုဝါဒ၏ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်(ထျန်းကျွင်းနယ်ပယ်) နှင့် တန်းတူညီ အဆင့်ရှိသူ ဖြစ်၏။
ယခု နဂါးဘုရင်’ဟွမ်ချန်’ က အလောတကြီးလုပ်ဆောင်ခြင်း မရှိတော့ပေ။
သူက တည်ငြိမ်စွာဖြင့် ရှေ့သို့တက်လိုက်ပြီး လုန်ရှင်းချွမ်အား သူ၏ ကျင့်ကြံခြင်းစွမ်းအားဖြင့် ဖိနှိပ်ရန်ကြိုးစားနေသည်။
လုန်ရှင်းချွမ်၏ မျက်ဝန်းများထဲတွင် အနိုင်ရလိုမှုနှင့် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်နေသော်လည်း သူ၏တိုက်ခိုက်မှုက အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။
သူက ရန်သူထံမှ မဟာတာအို၏ စူးရှတေးသံဖိနှိပ်မှုကို ချိုးဖျက်ရင်း သူ၏ မာကျောသောဓားအလင်းကို ပျော့ပျောင်းစေကာ ရန်သူကို ယှဉ်ပြိုင်နေသည်။
အခြားတစ်ဖက်မှာတော့ နွယ်ပင်ဧကရီ ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ တို့က အခြားသော နတ်မိစ္ဆာမျိုးနွယ်များနှင့် တိုက်ခိုက်နေကြသည်။
နဂါးမင်းသား’ရွှမ်ချန်’ အပြင် နတ်မိစ္ဆာမျိုးနွယ်များဘက်တွင် အခြားသော တန်ခိုးစွမ်းအားမြင့်မားသူများ ကျန်ရှိနေကြသေးသည်။
သို့သော် ထိုခဏတွင် သူတို့အားလုံးမှာ တိမ်လွှာခွင်းဧကရာဇ်၏ နှစ်ပေါင်းထောင်ချီကျင့်ကြံထားသော ပထမဆုံးဓားထုတ်ခြင်းနှင့်ရင်ဆိုင်လိုက်ကြရသည်။
တိမ်လွှာခွင်းဧကရာဇ်၏ ဓားစွမ်းအားက လုန်ရှင်းချွမ်ထက် အနည်းငယ်နိမ့်ကျသည့်တိုင် မည်သူမှ ခုခံနိုင်ခဲ့ခြင်း မရှိကြပေ။
အမတချီစွမ်းအားရောင်ဝါ(၄)ခု ပေါင်းစည်းပြီးဖြစ်ပြီး တာအိုဝါဒမှ နက်ရှိုင်းနတ်ဘုရားအဆင့်နှင့်တူညီသော အမတနတ်မိစ္ဆာတစ်ယောက်မှာ တိမ်လွှာခွင်းဧကရာဇ်၏ဓားချက်အောက်တွင် ထက်ပိုက်ပြတ်ကာ သေဆုံးသွားသည်။
သူ၏ဓားအလင်းတန်းက ပျက်ပြယ်သွားခြင်းမရှိဘဲ ပတ်ဝန်းကျင်မှအရာအားလုံးကို ဖျက်ဆီးပစ်ကာ သွေးချောင်းစီးမှုများကို ဖြစ်ပေါ်စေသည်။
နဂါးဘုရင်’ဟွမ်ချန်’ သည်ပင် လုန်ရှင်းချွမ်နှင့်တိုက်ခိုက်ခြင်းကို ခဏမျှရပ်တန့်လိုက်ပြီး အခြားနတ်မိစ္ဆာများကို တိမ်လွှာခွင်းဧကရာဇ်၏ဓားချက်မှကာကွယ်ရန် ကူညီပေးရသည်အထိ ဖြစ်သွားခဲ့သည်။
အခြားတစ်ဖက်မှာတော့ လုန်ရှင်းချွမ်၏ဓားအလင်းတန်းက အရှိန်ပြင်းစွာမြင့်တက်လာပြီး နဂါးဘုရင်’ဟွမ်ချန်’ ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
တိမ်လွှာခွင်းဧကရာဇ်ထံမှ ထွက်ပေါ်လာသော ဓားအလင်းတန်းကလည်း ပြင်းထန်စွာကျဆင်းလာပြီး ဓားအစီအရင်များစွာ ထွက်ပေါ်လာသည်။
သူက အခွင့်အရေးကိုအသုံးချကာ နဂါးဘုရင်’ဟွမ်ချန်’ နှင့် လုန်ရှင်းချွမ်တို့ နှစ်ယောက်လုံးကို ဓားအစီအရင်ထဲတွင် ပိတ်ဆို့ထားလိုက်သည်။
ထို့နောက် သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ၊ ထိုဓားအလင်းတန်းက လုန်ရွှယ်ကျီးနှင့် ကောင်းရွှယ်ပေါ်တို့ကို ရစ်ပတ်သွားပြီး သူတို့ကို ယွဲ့ကျန့်ပေအနားသို့ ပို့ဆောင်လိုက်သည်။
ယွဲ့ကျန့်ပေက သူတို့နှစ်ယောက်ကို အဂ္ဂိရတ်ခန်းမဆီသို့ ပို့ဆောင်ပေးလိုက်လေသည်။
နတ်မိစ္ဆာမျိုးနွယ်များမှ သူတော်စင်ငယ်တို့၏ မဟာတာအိုစူးရှတေးသံက ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ကို ဖိနှိပ်ထားခဲ့သော်လည်း သူတို့ကို အဂ္ဂိရတ်ခန်းမသို့ ဘေးကင်းစွာပို့ဆောင်ပေးနိုင်ခဲ့သည်။
နဂါးဟိန်းသံတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာပြီး နဂါးဘုရင်’ဟွမ်ချန်’ က တိမ်လွှာခွင်းဧကရာဇ်၏ဓားအစီအရင်ကို ထိုးဖောက်ထွက်လာသည်။
သူ၏အမိန့်အောက်တွင် အခြားသော နတ်မိစ္ဆာမျိုးနွယ်များကလည်း အတူတကွ တန်ပြန်တိုက်ခိုက်လိုက်ကြသည်။
လုန်ရှင်းချွမ် ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများကတော့ မျက်နှာအမူအရာ တည်ငြိမ်နေဆဲဖြစ်ပြီး ရန်သူများကိုတိုက်ခိုက်ရန် ရှေ့သို့တက်လှမ်းလိုက်ကြ၏။
တစ်ဖက်မှာတော့ မျက်လုံးတစ်ရာနတ်မိစ္ဆာဘုရင်မှာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းမတို့ချိတ်ဆက်ထားသည့် အလင်းတန်းများကိုကြည့်ရင်း အံ့အားသင့်နေသလို ဒေါသလည်း ထွက်နေခဲ့သည်။
ထိုအချိန်တွင် သူခုခံထားသော အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ ဓားချီအရံအတားက တဖြည်းဖြည်း အားနည်းလာသည်။
သို့သော် အတွင်းမှ အစိမ်းရောင်ဝတ်မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်ကို တွေ့ရလေသည်။
သူမ ရှေ့သို့လျှောက်လှမ်းလာသည်နှင့် အလွန်တရာနက်နဲလှသည့် မဟာတာအိုစူးရှတေးသံ ထွက်ပေါ်လာပြီး အခြားသူများအပေါ် ဖိနှိပ်ထားသည့် မျက်လုံးတစ်ရာတာအိုဆရာနှင့် နဂါးဘုရင်’ဟွမ်ချန်’ တို့၏ ဖိအားများကို အနှောက်အယှက်ပေးလိုက်သည်။
ယနေ့မှာပင် ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ သည် မူလသမ္မာတရားကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်ပြီး အမတချီစွမ်းအား(၅)မျိုးပေါင်းစည်းကာ ‘ထိုက်ရွှီးမူလနတ်ဘုရား’ အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်သည်။
မဟာကပ်ဘေးကြီးနောက်ပိုင်း မွေးဖွားလာသော လမ်းမှန်တာအိုကျင့်ကြံသူများထဲတွင် ကောင်းချင်းရွှမ်က စောမင်ကျန့်ပြီးလျှင် ဒုတိယမြောက် ထျန်းကျွင်းနယ်ပယ်သို့ တက်လှမ်းနိုင်သူ ဖြစ်သည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ “နှစ်ကိုယ်ခွဲဓားဧကရီ” ကောင်းချင်းရွှမ်...။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ရှေ့သို့လက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး...
“မင်းလည်း တာအိုဆရာ’ချွမ်ဟယ်’ ရဲ့ တပည့်ပဲလား”
ထို့နောက် သူက အဝါရင့်ရောင် အခိုးအငွေ့ ဓားအလင်းတန်းကိုထုတ်လွှတ်ကာ ကောင်းချင်းရွှမ်အား ပစ်ခတ်တိုက်ခိုက်လိုက်သည်။
ကောင်းချင်းရွှမ်က တစ်ချက်နောက်မတွန့်ဘဲ ရှေ့သို့ဆက်လှမ်းလာပြီး ဓားဖြင့်ပင် တန်ပြန်တိုက်ခိုက်လိုက်သည်။
အစိမ်းရောင်ဓားအလင်းတန်းက လေထဲသို့ထိုးဖောက်ဝင်ရောက်လာပြီး အဝါရောင်ဓားအလင်းတန်းကို ပိုင်းဖြတ်ပစ်လိုက်သည်။
“ဒါက နတ်ဘုရားသုတ်သင်ဓားသိုင်းပဲ ၊ ပြီးတော့ သူ့ရဲ့ဓားသိုင်းက အဆင့်မြင့်လွန်းတယ်”
မျက်လုံးတစ်ရာတာအိုဆရာတွေးတောလိုက်ပြီး ကောင်းချင်းရွှမ်ကို အထင်မသေးဝံ့တော့ပေ။
ထို့နောက် သူ၏ဦးခေါင်းထက်တွင် အလင်းရောင်များ တောက်ပလာသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ဆိုသည်က အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာကက အမတနတ်မိစ္ဆာကြီးတစ်ပါး ဖြစ်ပြီး မူလကောင်းကင်ကပ်ဘေးကို မကျော်ဖြတ်နိုင်ခဲ့သော်လည်း နတ်မိစ္ဆာမျိုးနွယ်များ၏ မဟာသူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။
သူက ယခုအချိန်ထိ အလွန်တရာ တန်ခိုးစွမ်းအားမြင့်မားဆဲဖြစ်ပြီး ယခု တာအိုစကြာဝဠာအတွင်း ရောက်ရှိနေသေသာ နတ်မိစ္ဆာများထဲတွင် ဖုလော်ကျီတစ်ယောက်သာလျှင် သူနှင့်ယှဉ်နိုင်လေသည်။
သူ၏ဦးခေါင်းထက်တွင် ပန်းနှစ်ပွင့် တောက်ပစွာ ထွက်ပေါ်လာသည်။
ပန်းနှစ်ပွင့်သရဖူဖြင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ တန်ခိုးစွမ်းအားက ချက်ချင်းပင် မြင့်တက်သွားသည်။
သူ၏ခန္ဓာကိုယ်က မပျက်ဆီးနိုင်သောအသွင်သို့ ပြောင်းလဲသွားပြီး သူ၏ တန်ခိုးစွမ်းအားမှာလည်း ပြိုင်ဘက်ကင်းအဆင့်သို့ ရောက်ရှိသွားသည်။
အမတချီစွမ်းအား(၅)မျိုးပေါင်းစည်းထားသော သူ၏ ‘အမတအနှစ်သာရ’ က ပို၍ပင် ခိုင်မာလာသည်။
သူက နောက်ထပ် ဓားချက်တစ်ချက် ထပ်မံထုတ်လွှတ်လိုက်သည်။
ထွက်ပေါ်လာသော ဓားအလင်းတန်းက မှောင်မိုက်ဝါထိန်သော ကြယ်တာရာစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ တာအိုစကြာဝဠာတစ်ခုလုံးကိုဖြတ်သန်းပြီး ကောင်းချင်းရွှမ်ထံသို့ ကျရောက်သွားသည်။
ပန်းနှစ်ပွင့်သရဖူဖြင့် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ပိုမိုမြင့်မားသောနယ်ပယ်သို့ တက်လှမ်းနိုင်သည်သာမက တန်ခိုးစွမ်းအားလည်း အလွန်တရာ မြင့်မားလာသည်။
ကောင်းချင်းရွှမ်က မကြာခင်ကမှ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ထားခြင်းဖြစ်သည်။ သူမ၏ပြိုင်ဘက်ကတော့ ပန်းနှစ်ပွင့်သရဖူကိုရရှိထားသော နတ်မိစ္ဆာ သူတော်စင်ငယ် အဆင့်ရှိသူ ဖြစ်နေသည်။
“အရှိန်မြှင့်စမ်း...”
ကောင်းချင်းရွှမ် ရေရွတ်လိုက်သည်။
ပိုမိုအားကောင်းသည့်ရန်သူနှင့် တိုက်ခိုက်နေရသည့်တိုင် ကောင်းချင်းရွှမ်၏မျက်နှာက တည်ငြိမ်နေပြီး ၊ သူမက ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်သည်။
ထိုအချိန် သူမဘေးတွင် နောက်ထပ်ပုံရိပ်တစ်ခု ရုတ်ချည်းထွက်ပေါ်လာသည်။
နောက်ထပ် ကောင်းချင်းရွှမ်တစ်ယောက်...။
သူမ၏ မူလခန္ဓာနှင့် လုံးဝ ကွဲပြားခြင်းမရှိသည့်ရုပ်သွင်နှင့် စွမ်းအားရောင်ဝါကို ပိုင်ဆိုင်ထားသည်။
နေရာတွင် ကောင်းချင်းရွှမ် (၂)ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
မည်သူက အစစ် ၊ မည်သူကအတု ဆိုသည်ကို ခွဲခြားရန်မလိုအပ်ပေ။
နှစ်ယောက်လုံး၏ လှုပ်ရှားမှုကလည်း တစ်ထပ်တည်းဖစ်နေပြီး သူတို့နှစ်ယောက်လုံး ရှေ့သို့ဦးတည်ကာ အတူတကွ ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်။
ဘယ်ဘက်ရှိ ကောင်းချင်းရွှမ်ထံမှ ထုတ်လွှတ်လိုက်သော ဓားဝိညာဉ်က အလွန်ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ထိုဓားဝိညာဉ်က အရာအားလုံးကိုဖျက်ဆီးနိုင်သော ၊ နည်းဥပဒေသများစွာကို ချေမှုန်းနိုင်သော ၊ ဖန်ဆင်းခြင်း၏ အဆုံးသတ်ကို ကိုယ်စားပြုသည်။
ညာဘက်ရှိ ကောင်းချင်းရွှမ်ထံမှ ထုတ်လွှတ်လိုက်သော ဓားဝိညာဉ်က အလွန်တရာမြင့်မားပြီး အားမာန်အပြည့်ပါသည်။ ထိုဓားဝိညာဉ်က ရှေ့ဆက်ရွေ့လျားနေပြီး ရှေ့တွင်ရှိသော အတားအဆီးအားလုံးကို ချိုးဖျက်ကာ ကောင်းကင်ကိုဖွင့်လှစ် ၊ မြေကြီးကိုပိုင်းခြားသည့် ဖြစ်စဉ်ကို ပြသသည်။