← Chapters

ရူယိရွှေချိတ်ကောက်ကိုချိုးဖျက်သည့်ဓား

Vol. 96 Ch. 1347

ရူယိရွှေချိတ်ကောက်ကိုချိုးဖျက်သည့်ဓား

Vol. 96 Ch. 1347

အခန်း (၁၃၄၇) ရူယိရွှေချိတ်ကောက်ကိုချိုးဖျက်သည့်ဓား

ကောင်းချင်းရွှမ် (၂)ယောက်သည် သူတို့၏ ကိုယ်ပိုင်တိုက်ခိုက်မှုများကို ထုတ်လွှတ်နေသည့်ပမာ ထင်မှတ်ရသည်။

သို့သော် ဝိညာဉ်တစ်ခုတည်းဖြင့် ခန္ဓာကိုယ်နှစ်ခု ရှိနေသည့်အတွက် ထိုတိုက်ကွက်(၂)ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး တန်ခိုးစွမ်းအားချင်း စုစည်းသွားသည်။

တစ်ယောက် စန့်ချင်အဆက်အနွယ်မှ လင်ပေါင်ဓားသိုင်း(၄)မျိုး၏ ပထမဆုံးဓားသိုင်းဖြစ်သော ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ ကို ထုတ်ဖော်လိုက်သည်။

တစ်ယောက်ကတော့ သူမ၏ခင်ပွန်းဖြစ်သူ လုန်ရှင်းချွမ်၏ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်း’ ကို ထုတ်ဖော်လိုက်သည်။

ကောင်းကင်ကိုဖွင့်လှစ်ကာ မြေပြင်ကိုပိုင်းခြားသောဓားနှင့် ကမ္ဘာမြေကြီးတစ်ခုလုံးကို ပျက်သုဉ်းသွားစေသောဓားတို့ ပေါင်းစပ်မိသည့်အခါ ဓားစွမ်းအားနှစ်ခုက တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ပဲ့တင်ထပ်သွားသည်။

ရန်တိ၏ ‘ဖန်ဆင်းခြင်းဓား’ ကဲ့သို့ အသစ်စက်စက် ဓားသိုင်းပညာတစ်ရပ်မဟုတ်သော်လည်း ကောင်းချင်းရွှမ်၏ ဓားသိုင်းနှစ်မျိုးပေါင်းစည်းခြင်းက မကြုံစဖူး ပြောင်းလဲမှုတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

သူမ၏အခြေအနေက ထူးခြားပြီး အားသာချက်ကို စွဲကိုင်ထားသည်။ ဝိညာဉ်တစ်ခုတည်းဖြင့် ရုပ်ခန္ဓာ(၂)ခု ရှိနေသည့်အတွက် ထိုတိုက်ခိုက်မှုနှစ်ခုမှာ လူတစ်ယောက်တည်းက ထုတ်လွှတ်လိုက်သည့်ပမာ ထင်မှတ်ရသည်။

မွေးချင်းတူသူအမွှာညီအစ်ကို ၊ ညီအစ်များ သိုင်းပညာပေါင်းစည်းတိုက်ခိုက်လျှင်ပင် ဤသို့သောတိုက်ကွက်မျိုးကို ရရှိနိုင်မည် မဟုတ်ပေ။

ထို့အတူ လူနှစ်ယောက် အတူတကွ ဟန်ချက်ညီအောင်ကျင့်ကြံမည်ဆိုလျှင်လည်း နှစ်ပေါင်းထောင်ချီကြာမြင့်သည့်တိုင် ဤသို့သော ကျွမ်းကျင်မှုမျိုးကို မရရှိနိုင်ပေ။

ဓားဝိညာဉ်နှစ်ခု ရစ်ပတ်သွားသည်နှင့် ကမ္ဘာမြေကြီးဖြစ်တည်လာခြင်းနှင့် ကမ္ဘာမြေကြီးအဆုံးသတ်သွားခြင်းတို့၏ မှော်ဆန်သောပုံရိပ်များ ဖြစ်ပေါ်လာသည်။

ရန်တိ၏ ဖန်ဆင်းခြင်းဓားသိုင်းကဲ့သို့ ထူးခြားပြည့်စုံသည့်အနေအထားမျိုး မဟုတ်သော်လည်း ကောင်းချင်းရွှမ်၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာတို့မှ ထုတ်လွှတ်လိုက်သော ဓားစွမ်းအားလှိုင်းလုံးနှင့် ဓားဝိညာဉ်တို့က တစ်ခုနှင့်တစ်ခု ပြင်းထန်စါာ ပဲ့တင်ထပ်နေသည်။

အင်အားညီမျှသော တန်ခိုးစွမ်းအားနှစ်ခု ပေါင်းစပ်မိသည့်အခါ အလွန်တရာ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ဓားနှစ်လက်ကို တစ်ပြိုင်နက်တည်းထုတ်လိုက်သော ကောင်းချင်းရွှမ်၏တိုက်ခိုက်မှုကို မည်သူမှ တားဆီးနိုင်ခြင်း မရှိပေ။

သူမ၏ဓားချက်က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ မှောင်မှိုင်းသောအဝါရောင်ဓားအလင်းတန်းကို ထပ်မံခုတ်ဖြတ် ချေမှုန်းလိုက်သည်။

“ဒါက ပုံရိပ်ယောင်ကိုယ်ပွားတစ်ခု မဟုတ်ဘူး ၊ မင်းရဲ့မူလခန္ဓာလိုပဲ ချီစွမ်းအား(၅)မျိုးပေါင်းစည်းထားတဲ့ ကိုယ်ပွားတစ်ခုပဲ”

နှစ်ပေါင်းထောင်နှင့်ချီကြာအောင် အသက်ရှည်ခဲ့ပြီး အသိပညာကြွယ်ဝကာ တိုက်ပွဲအတွေ့အကြုံများစွာရှိသော မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်သည်ပင် အံ့အားသင့်သွားရသည်။

“ဒီဓားသိုင်းက... ဖြစ်နိုင်တာက...”

သူက အဂ္ဂိရတ်ခန်းမနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ချိတ်ဆက်ထားသည့်နေရာအားလှမ်းကြည့်လိုက်ရာ အလင်းတန်းများ၏လမ်းညွှန်မျုအောက်တွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး သူ၏ခါးပတ်ကိုချွတ်လိုက်သည်။ ထို့နောက် သူ၏ဝတ်ရုံကိုလည်း ချွတ်လိုက်၏။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဆရာ’ချွမ်ဟယ်’ က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင် လက်စားချေရန်အတွက် မည်သည့်အချိန်တွင်ရောက်လာမည်ကို အမြဲစိုးရိမ်နေခဲ့သည်။

ထို့ကြောင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ တန်ခိုးစွမ်းအား မည်မျှရှိကြောင်း စုံစမ်းထားခဲ့သည်။

ယခု ထိုနတ်မိစ္ဆာသခင်၏လုပ်ရပ်ကိုတွေ့သည်နှင့် ထိုပုဂ္ဂိုလ်ဘာလုပ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က သူ၏ဝတ်ရုံကိုချွတ်ပြီးနောက် လက်နှစ်ဖက်ကို ကောင်းကင်ထက်သို့ ပင့်မြှောက်လိုက်သည်။

ထိုအခါ သူ၏နံရိုးဘေးဘက်နေရာများတွင်ရှိနေသော ရာနှင့်ချီသည့်မျက်လုံးများမှ ရွှေရောင်အခိုးအငွေ့များနှင့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

သူ၏နံရိုးဘေးဘက်နေရာများမှ အဝါရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး တိမ်တိုက်များပမာ ထူထပ်စွာ ဖြာထွက်လာသည်။

ထောင်ပေါင်းများစွာသော မျက်လုံးများမှ ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းများကလည်း မီးလျှံပမာ ပူပြင်းတောက်ပလျှက် ရှိ၏။

ထို အခိုးအငွေ့များနှင့် အလင်းတန်းများက ကောင်းချင်းရွှမ်ဆီသို့ ဦးတည်သွားပြီး သူမကို ဝိုင်းရံထားလိုက်သည်။  အဝါရောင်အခိုးအငွေ့များထဲတွင်ပိတ်မိသွားသည့် ကောင်းချင်းရွှမ်မှာ လှုပ်ရှားရန် လုံးဝခက်ခဲသွားသည်။

သို့သော် သူမက ပေါင်းစပ်တိုက်ခိုက်မှုဖြင့် လမ်းကြောင်းတစ်ခု ဖွင့်လိုက်ပြီး အခိုးအငွေ့များကြား လွတ်လပ်စွာလှုပ်ရှားနိုင်သောအနေအထားသို့ ပြန်လည်ရောက်ရှိသွားသည်။

သို့ရာတွင် တောက်ပသည့်အခိုးအငွေ့များက ထူးဆန်းပြီးဆက်တိုက်ဆိုသလိုဖြစ်နေကာ ကွဲအက်သွားသော်လည်း အလိုအလျောက် ပြန်လည်ပြင်ဆင်ပြီးသားဖြစ်သွားပြီး ကောင်းချင်းရွှမ်ကို ထောင်ချောက်ထဲတွင် ဆက်လက်ပိတ်လှောင်ထားလိုက်၏။

ကောင်းချင်းရွှမ်၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာပင် ရှိနေသည်။

သူမ၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာက အချင်းချင်းကျောခိုင်းထားပြီး တစ်ယောက်က နတ်ဘုရားသုတ်သင်ဓားသိုင်းကို ဆက်လက်ထုတ်ဖော်နေပြီး တစ်ယောက်ကတော့ ဓားသိုင်းပညာ ပြောင်းလဲလိုက်သည်။

ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းကို ဆက်လက်အသုံးမပြုတော့ဘဲ နတ်ဘုရားသုတ်သင်ဓားသိုင်းကိုသာ ထုတ်ဖော်လိုက်၏။

ထို့နောက် ဓားနှစ်လက်ပေါင်းစည်းပြီး ထပ်မံထိုးနှက်လိုက်သည်။

ယခုတစ်ကြိမ်ဓားချက်ကတော့ ဖန်ဆင်းမှုနှင့် အသွင်ပြောင်းလဲမှုများမပါဝင်တော့ဘဲ အပြည့်အဝထိုးနှက်မှုသာလျှင် ရှိတော့သည်။

မိုးကောင်းကင်၏ အပြစ်ဒဏ်စီရင်သည့်ပမာ အပျက်တရားကိုဆောင်ကြဉ်းလာသည့်ထိုးနှက်မှုက တောက်ပသော အဝါရောင်အခိုးအငွေ့များကြားထိုးဖောက်သွားပြီး အတွင်းပိုင်မှ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။

ကောင်းချင်းရွှမ် တောက်ပသောအခိုးအငွေ့များထဲမှ အလျှင်အမြန် ထွက်လာခဲ့သည့်တိုင် သူမ လည်ပြန်လှည့်ကြည့်လိုက်သည့်အခါ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ နံရိုးဘေးနားမှ ထောင်ပေါင်းများစွာသော မျက်လုံးများမှာ ဆက်တိုက်ဆိုသလို အလင်းတန်းများ ထုတ်လွှတ်နေကြောင်း တွေ့လိုက်ရသည်။

အရာအားလုံးကို လွှမ်းခြုံထားသည့် တောက်ပသော အခိုးအငွေ့များက သူမနောက်သို့လိုက်လာပြီး ၊ သူမကို ထပ်မံရစ်ပတ်ဖမ်းဆီးရန် ကြိုးစားနေသည်။

ထိုအချိန်မှာပင် တာအိုစကြာဝဠာ အပြင်ဘက်ဗလာနယ်ထဲသို့ မဟာအမတ’ရူယိ’ နှင့် အခြားသော နတ်မိစ္ဆာများ ရောက်ရှိလာကြသည်။

သို့သော် နတ်မိစ္ဆာများတင်မကဘဲ အခြားသော ပြင်းထန်သည့် စွမ်းအားရောင်ဝါများလည်း ဆင်းသက်လာကြသည်။

ကြည်လင်ပြီး ဖောက်ထွင်းမြင်နိုင်သော အလင်းရောင်များတောက်ပနေသည့် ရွှေရောင်ဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ဖောက်ထွင်းမြင်ရအောင်ကြည်လင်နေပြီး ဖျော့တော့သည့်အလင်းတန်းက အဖြူရောင်ကြာပန်းသုခဘုံမှထုတ်လွှတ်သော ဗုဒ္ဓရတနာအလင်းတန်းနှင့် တူညီခြင်းမရှိပေ။

ဤခပ်ဖျော့ဖျော့အလင်းရောင်က ဗုဒ္ဓကိုယ်တိုင်၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။

ဤသည်မှာ အနောက်ဘက် သူတော်စင်ဘုံမှ မှန်ကန်သောတရားအားထုတ်ခြင်းဖြင့် မဟာလမ်းစဉ်ကို ရရှိခဲ့သော မဟာဗုဒ္ဓတစ်ပါး ဖြစ်သည်။

သူက စွမ်းအားရောင်ဝါ အပြင်းထန်ဆုံးသူ ဖြစ်သည်။

သူ့နောက်တွင် အခြားသောစွမ်းအားရောင်ဝါများလည်းထွက်ပေါ်လာသည်။

သူတို့ထဲတွင် ငရဲကိုးထပ်မှ မိစ္ဆာစွမ်းအားများသည်လည်း တဟုန်ထိုးမြင့်တက်လျှက် ရှိ၏။

ဖုလော်ကျီနှင့် အခြားသောနတ်မိစ္ဆာများ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က အစီအစဉ်အတိုင်းလုပ်ဆောင်ပြီး လုပ်သင့်သည်များကို ပြုလုပ်မည် ဖြစ်သည်။

လရောင်ခြည်ခြုံလွှမ်းထားသည့် နက်ရှိုင်းကဗျာနတ်မိမယ်က သူမ၏ ဆေးကြိတ်ဆုံကိုဝှေ့ယမ်းကာ အနောက်ဘက် သူတော်စင်ဘုံမှ ဘုန်းတော်ကြီးများနှင့် ရင်ဆိုင်လိုက်သည်။

ဖုလော်ကျီက အခြားသူများကိုဟန့်တားရင်း လေထဲတွင် အင်းသင်္ကေတများ စတင်တရေးဆွဲလိုက်သည်။ အင်းသင်္ကေတများမှ အလင်းတန်းများထွက်ပေါ်လာပြီး အပြင်ဘက်သို့ပြန်ကားသွားကာ တဖြည်းဖြည်း ပိုက်ကွန်တစ်ခုပုံစံ ဖြစ်ပေါ်လာသည်။

ဒါကိုမြင်တော့ သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူက မျက်မှောင်ကျုံ့လိုက်သည်။

သူက ထိုအလင်းပိုက်ကွန် မည်သို့အသုံးပြုသည်ကို မသေချာသော်လည်း ထပ်မံအင်အားဖြည့်တင်းပေးရန် သူတော်စင်ဘုံသို့ ဆက်သွယ်ပြီး ဖြစ်သည်။

သူက ဗလာနယ်ထဲမှ အပြောင်းအလဲကို အာရုံခံမိသည်။

အလင်းပိုက်ကွန် ကျယ်ပြန့်လာသည်နှင့်အမျှ တွန့်ခေါက်နေသည့်ဗလာနယ်က နောက်ပြန်ဆုတ်သွားပြီး အနားပတ်ဝန်းကျင်မှလူများကို ပိုက်ကွန်အတွင်းဆွဲသွင်းလိုက်သည်။

ဤ ပိုက်ကွန်က ရန်သူများကိုသာ ပစ်မှတ်ထားပုံရသည်။

ဗုဒ္ဓဘာသာကျင့်ကြံသူက ထိုပိုက်ကွန်ကို ဖျက်ဆီးပစ်ချင်သော်လည်း ကျောက်စိမ်းယုန်မိစ္ဆာ’နက်ရှိုင်းကဗျာနတ်သမီး’ က အဆက်မပြတ် ဟန့်တားနေပြီး သူမကို ပြန်လည်တိုက်ခိုက်ရန် ဖိအားပေးနေသည်။

အခြားတစ်ဖက်တွင် မဟာအမတ’ရူယိ’ က နတ်မိစ္ဆာတန်ခိုးစွမ်းအားရှင်အုပ်စုကို ဦးဆောင်လျှက် တာအိုစကြာဝဠာအတွင်းသို့ ဝင်ရောက်လာပြီး အဂ္ဂိရတ်ခန်းမဆီသို့ ဦးတည်ထွက်ခွာသွားသည်။

မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ရန်ငြိုးရှိသော်လည်း သူကတော့ ရန်ငြိုးရှိသူ မဟုတ်ပေ။

မဟာအမတ’ရူယိ’ ၏ အကြီးမားဆုံးဆန္ဒက အဂ္ဂိရတ်ခန်းမကို ရယူရန် ဖြစ်သည်။

***

အဂ္ဂိရတ်ခန်းမထဲမှာတော့ ရန်ကျောက်ကဲက သူ့ဘေးနားတွင်ရပ်နေသော ဖန်းယွင်ရှန်းကို ကြည့်လိုက်ပြီး...

“တကယ်တော့ မင်း နည်းနည်းလောက် အနားယူသင့်သေးတယ်”

သူက ဆက်ပြောလိုက်သည်။

“မင်း စည်းတံဆိပ်ကိုဖိနှိပ်ထားတာကို ဆက်ထိန်းထားပြီး မင်းရဲ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို တည်ငြိမ်အောင်မလုပ်နိုင်မချင်း စိတ်အေးလို့မဖြစ်သေးဘူး ၊ ဒီလိုမဟုတ်ဘဲ မျက်ကန်းတစ္ဆေမကြောက် ရှေ့ဆက်သွားမယ်ဆိုရင် မိစ္ဆာအငွေ့အသက်တွေ ပိုများလာနိုင်တယ် ၊ ဒါဆို မင်း အကျိုးဆက်ကို ရင်ဆိုင်နိုင်တော့မှာ မဟုတ်ဘူး”

ဖန်းယွင်ရှန်းက...

“နားလည်ပါပြီ...”

သူမက ယခု အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဓားကို ကိုင်ဆောင်ထားသည်။

“အဲဒီလိုသာဖြစ်သွားရင် သစ်သားနတ်ဆိုးလိုပဲ ပစ်မှတ်ထားစရာတစ်ခု ဖြစ်သွားနိုင်တယ်”

ပြောပြီးသည်နှင့် ဖန်းယွင်ရှန်း၏ပုံရိပ်က နေရာမှပျောက်ကွယ် သွားသည်။ ထို့နောက် သူမ၏ပုံရိပ်က အဂ္ဂိရတ်ခန်းမအပြင်ဘက်တွင် ပြန်ပေါ်လာလေသည်။

တစ်ချိန်တည်းမှာပင် မဟာအမတ’ရူယိ’ သည်လည်း အဂ္ဂိရတ်ခန်းမအနားသို့ အလျှင်အမြန် ရောက်ရှိလာပြီဖြစ်၏။

သူက ဖန်းယွင်ရှန်းကိုတွေ့သည့်အခါ အံ့အားသင့်သွားပြီး...

“မင်းက လူလား နတ်ဆိုးလား”

ထို့နောက် သူက အံ့အားသင့်စွာဖြင့် ရှေးဟောင်းကောလဟလတစ်ခုကို သတိရလိုက်သည်။

“မင်းက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့ အခွင့်အာဏာရောင်ဝါနဲ့ စွန်းထင်းခံရတဲ့ လူသားတစ်ယောက် မဟုတ်လား”

ဖန်းယွင်ရှန်းက တိတ်ဆိတ်ငြိမ်သက်နေသည်။

သူမ၏ စည်းနှောင်ထားသောဆံနွယ်များက လေထဲတွင် လွင့်ပျံနေပြီး သူမလက်ထဲမှ နေရိပ်နတ်ဓားက ဓားခြိမ်းသံနှင့်အတူ ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည်။

ရက်စက်ကြမ်းကြုတ်သည့် အနက်ရောင် မိစ္ဆာရောင်ဝါနှင့်ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ရာဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မဟာအမတ’ရူယိ’ ထံသို့ ခုတ်ပိုင်းချလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်း(၂၀)က တာအိုစကြာဝဠာတွင်ဖြစ်ပွားခဲ့သည့် ဓမ္မအဆုံးသတ် ဖြစ်ရပ်ပမာ ၊ ယနေ့မှာလည်း အရာအားလုံးကို ညှိုးနွမ်းပျက်ဆီးသွားစေနိုင်သော ကြောက်မက်ဖွယ်ရာရောင်ဝါများက တာအိုစကြာဝဠာတွင် ထပ်မံထွက်ပေါ်လာခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၂၀)ကထက်ပင် ပိုမိုအားကောင်းနေသေး၏။

ဖန်းယွင်ရှန်း၏တိုက်ခိုက်မှုက ကရုဏာတရားကင်းမဲ့လွန်းပြီး သူမ၏ဦးခေါင်းထက်တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအလင်းတန်းက စောမင်ကျန့် ၊ ကောင်းဟန်တို့၏ သရဖူအလင်းတန်းနှင့်တူညီခြင်းမရှိသလို မျက်လုံးတစ်ရာနတ်မိစ္ဆာ၏ဦးခေါင်းထက်မှ သရဖူနှင့်လည်း တူညီခြင်း မရှိပေ။

သူမ၏ဦးခေါင်းထက်မှ အလင်းရောင်က အမှန်စင်စစ် “အနက်ရောင်အမှောင်ထု” ပင် ဖြစ်သည်။

မဟာအမတ’ရူယိ’ မှာ ထိတ်လန့်ဖွယ်ရာ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော တန်ခိုးစွမ်းအားကို လျစ်လျူရှုရန် မဖြစ်နိုင်ခဲ့ပေ။ သူက ‘ရူယိရွှေချိတ်ကောက်’ ကို ထုတ်ယူလိုက်ပြီး သူ၏ဦးခေါင်းထက်မှ ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူနှင့်အတူ တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။

သူက ရွှေချိတ်ကိုပစ်လွှတ်လိုက်သည့်အခါ အလွန်ကြမ်းတမ်းပြင်းထန်ပြီး မည်သည့်အရာနှင့်မှမတူညီသော တန်ခိုးစွမ်းအားတစ်ခုက ရွှေချိတ်ကောက်နှင့်အတူ လိုက်ပါလာခဲ့သည်။

ကောင်းကင်ကိုပင့်တင်နိုင်သော နတ်ဘီလူးတစ်ကောင်ပမာ သူ၏ဦးခေါင်းထက်မှ ဦးချိုများကလည်း လှုပ်ခတ်လျှက် ရှိသည်။

ဖန်းယွင်ရှန်း၏မျက်နှာက အေးဆေးတည်ငြိမ်နေပြီး သူမ၏မျက်ဝန်းများက အာရုံစူးစိုက်လျှက် ရှိသည်။

သူမက ဓားကို ဦးခေါင်းထက်သို့ပင့်မြှောက်လိုက်ပြီး တောင်တစ်လုံးကို နှစ်ပိုင်းပိုင်းနိုင်သော စွမ်းအားဖြင့် အောက်သို့ခုတ်ပိုင်းချလိုက်သည်။

သူမက မဟာအမတ’ရူယိ’ ၏ ရွှေချိတ်ကောက်ကို လုံးဝ အရေးမစိုက်ခဲ့ပေ။

ထိတ်လန့်ဖွယ်ရာ အမှောင်ဓားကျရောက်သည့်နေရာတိုင်းတွင် စကြာဝဠာဗလာနယ်သည်ပင် နှစ်ပိုင်းကွဲအက်သွားသည့်ပမာ ထင်မှတ်ရသည်။

ပြင်းထန်သော အလင်းတန်းများ လျှပ်တပြက်ထွက်ပေါ်လာပြီး နေရိပ်နတ်ဓားနှင့် ရူယိရွှေချိတ်ကောက်တို့ ရိုက်ခတ်မိသွားသည်။

ထိုသို့ရိုက်ခတ်မိသည်နှင့် တပြိုက်နက် မဟာအမတ’ရူယိ’ ၏ လက်က တုန်ခါသွားပြီး ဖန်းယွင်ရှန်း၏ဓားကို ရင်မဆိုင်ဝံ့တော့ဘဲ ချိန်ကောက်ကို ဘေးသို့ဆွဲကာ ရှောင်တိမ်းလိုက်သည်။

သို့သော် အနီးကပ်ကြည့်မည်ဆိုလျှင် သူ၏ ရွှေချိတ်ကောက်ထက်တွင် အက်ကြောင်းများစွာ ထွက်ပေါ်နေပြီဖြစ်ကြောင်း တွေ့ရှိရလေ၏။

All Chapters