နတ်မိစ္ဆာအုပ်စုနှင့်တိုက်ပွဲ
Vol. 96 Ch. 1348
အခန်း (၁၃၄၈) နတ်မိစ္ဆာအုပ်စုနှင့်တိုက်ပွဲ
သူ၏ ရွှေချိတ်ထက်တွင် ပေါ်လာသော အက်ကွဲကြောင်းများကို မြင်သည့်အခါ မဟာအမတ’ရူယိ’ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။
သူတို့၏လက်နက်များ ရိုက်ခတ်မိသည့်အခါ ဖန်းယွင်ရှန်းက သူမ၏စွမ်းအားကို တမင်သက်သက် ထိန်းထားကြောင်းကိုပင် သူ အာရုံခံမိသည်။
ဤသို့ သိုင်းကွက်ဖလှယ်မှုက မဟာအမတ’ရူယိ’ ကို အံ့အားသင့်သွားစေသည်။
“ကမ္ဘာဖျက်နတ်ဆိုးရဲ့ အခွင့်အာဏာရောင်ဝါက ဒီလောက်တောင် ကြောက်စရာကောင်းတာလား...”
ထိုအတွေးက သူ့စိတ်ထဲ ဖြတ်သန်းသွားပြီး သူက ရွှေချိတ်ကောက်ကို ပြန်ဆွဲယူလိုက်ကာ အဂ္ဂိရတ်ခန်းမဆီသို့ အလျင်စလိုသွားရန် မကြိုးစားတော့ပေ။
သူက နောက်လှည့်ပြီး အဂ္ဂိရတ်ခန်းမနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့ ဆက်နွယ်ထားသော အလင်းစီးကြောင်းဆီသို့ ပစ်ဝင်လိုက်သည်။
သူ၏ ရည်မှန်းချက်က အဂ္ဂိရတ်ခန်းမကို ရရှိရန်တစ်ခုတည်းဖြစ်သည်။
သို့ဖြစ်ရာ ဤအလင်းစီးကြောင်းကို ဖြတ်တောက်လိုက်မှသာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုစကြာဝဠာတွင် ကျန်ရစ်ခဲ့ပြီး အဂ္ဂိရတ်ခန်းမသည်လည်း သီးခြားဖြစ်သွားပေမည်။
ရန်ကျောက်ကဲတို့အုပ်စုက ဤအတိုင်းလက်လျှော့သွားမည်ဟု မဟာအမတ’ရူယိ’ တွေးထင်ထားခြင်း မရှိပေ။
ရန်ကျောက်ကဲအနေဖြင့် ဤအခွင့်အရေး လက်လွတ်သွားမည်ဆိုလျှင် ၊ သူ၏ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ခေါ်ဆောင်သွားရန် ရည်ရွယ်ချက်ကို လူတိုင်း သိရှိသွားမည် ဖြစ်၏။
ထို့အတူ ရန်ကျောက်ကဲ၏အစီအစဉ် အောင်မြင်စွာအကောင်အတည်ဖော်မည်ကို တားဆီးရန်မှာ နတ်မိစ္ဆာများ၏ ကြိုတင်စီစဉ်ထားသော ခြုံခိုတိုက်ခိုက်မှုဖြင့် မဖြစ်နိုင်သလောက် နည်းပါးသွားပြီ ဖြစ်သည်။
မဟာအမတ’ရူယိ’ က လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်လေရာ ဤကိစ္စကို ယနေ့ နိဂုံးချုပ်ရန် လိုအပ်ပေသည်။
***
မဟာအမတ’ရူယိ’ ၏ မူလပုံစံမှာ နွားတစ်ကောင်ဖြစ်သော်လည်း သူက ထင်မထားလောက်အောင် သွက်လက်သည်။
သူ၏ပုံရိပ် လှစ်ခနဲပျောက်ကွယ်သွားပြီး ချက်ချင်းပင် နဂါးဘုရင်’ဟွမ်ချန်’ နှင့် အခြားသူများအနားသို့ ရောက်ရှိသွားပြီး သူ၏ ရွှေချိတ်ကောက်တစ်ချက်ဝှေ့ယမ်းကာ အလင်းစီးကြောင်းကို ဖြတ်တောက်လိုက်သည်။
သို့သော် ဖန်းယွင်ရှန်းက သူ့ဆီသို့ လျှင်မြန်စွာချဉ်းကပ်လာပြီး သူမ၏ အနက်ရောင်ဓားရှည်အား သူ့ထံသို့ထိုးညွှန်လိုက်သည်။
“ငကြောက်...”
မြင်ကွင်းကိုကြည့်ရင်း မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က မဟာအမတ’ရူယိ’ အား စိတ်ထဲမှ တိတ်တဆိတ်ကဲ့ရဲ့လိုက်ပြီး ဖန်းယွင်ရှန်းထံသို့ ခုန်ဝင်လိုက်သည်။
ထို့နောက် သူ၏လက်များကို ကျယ်ပြန့်စွာ ဖြန့်ကားလိုက်ရာ သူ၏နံရိုးအောက်တွင်ရှိသော ထောင်ပေါင်းများစွာ မျက်လုံးများမှ ရွှေရောင်အလင်းတန်းမျးနှင့် အဝါရောင်အခိုးအငွေ့များထွက်ပေါ်လာကာ ဖန်းယွင်ရှန်းအား လွှမ်းခြုံသွားသည်။
အဝါရောင်အခိုးအငွေ့များကြားမှ ရှောင်ထွက်လာပြီဖြစ်သော ကော်းချင်းရွှမ်က ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် ချက်ချင်းပင်လှုပ်ရှားလိုက်ပြီး မဟအမတ’ရူယိ’ ၊ နဂါးဘုရင်’ဟွမ်ချန်’ နှင့် အခြားသူများကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
မျက်လုံးတစ်ရာတာအိုဆရာက နှာတစ်ချက်မှုတ်လိုက်ပြီး...
“ထွက်ပြေးဖို့ မစဉ်းစားနဲ့”
ထို့နောက် အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များ ပိုမိုကျယ်ပြန့်လာပြီး တာအိုစကြာဝဠာတစ်ဝက်ခန့်အား လွှမ်းခြုံသွားသည်။
အဝါရောင်အခိုးအငွေ့များနှင့် ထိတွေ့မိသည့်နေရာတိုင်း ဗလာနယ်သည်ပင် အေးခဲသွားသည့်ပမာ ထင်မှတ်ရ၏။
အလင်းတန်းများနှင့် အဝါရောင်အခိုးအငွေ့များက ဖန်းယွင်ရှန်းနှင့် ကောင်းချင်းရွှမ်ကို ဝါးမျိုပစ်တော့မည့်ပမာ ကျယ်ပြန့်လာသည်။
မြင်ကွင်းကိုကြည့်ရင်း ဖန်းယွင်ရှန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး နေရိပ်နတ်ဓား၏ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ထို့နောက် သူမက ဓားကို ဦးခေါင်းထက်သို့ ပင့်မြှောက်လိုက်၏။
“ကျား...”
ဖန်းယွင်ရှန်းနှုတ်ဖျားမှ ကြုံးဝါးသံတစ်ချက်က မရေရာသော ဂီတသံတစ်ခုပမာ ထွက်ပေါ်လာသည်။
ထို့နောက် ဓားက အောက်ဘက်သို့ ခုတ်ပိုင်းချလိုက်ရာ ဓားအလင်းတန်း ဖြတ်သန်းသွားရာနေရာတိုင်းတွင် အရာအားလုံးက ညှိုးနွမ်းခြောက်သွေ့သွားပြီး နောက်ဆုံးတွင် ပျက်ဆီးခြင်းသို့ ရောက်ရှိသွားသည်။
အဝါရောင်အခိုးအငွေ့များနှင့် အလင်းမြူခိုးများက အနက်ရောင်ဓား၏ ထက်ရှမှုအောက်တွင် တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားကြသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။
သူ့ထံမှ အဝါရောင်အခိုးအငွေ့များနှင့် အလင်းတန်းများ အဆက်မပြတ်ထွက်ပေါ်လာပြီး လျော့နည်းသွားသည့် အခိုးအငွေ့များနေရာတွင် အစားထိုးပေးကာ တင်းမာသော တိုက်ပွဲအခြေအနေတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် ရုတ်တရက်ပင် အဝါရောင်အခိုးအငွေ့များနှင့် အလင်းတန်းများမှာ ထပ်မံပျံ့နှံ့သွားနိုင်ခြင်း မရှိတော့ပေ။
ကောင်းချင်းရွှမ်က စကားတစ်ခွန်းမှမဆိုဘဲ သူမ၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာ (၂)ခုတွင် တစ်ခုက မဟာအမတ’ရူယိ’ ထံ ဦးတည်သွားပြီး နောက်တစ်ခုက နဂါးဘုရင်’ဟွမ်ချန်’ ဆီသို့ ဝင်ရောက်သွားသည်။
ကောင်းချင်းရွှမ်နှင့် မျက်လုံးတစ်ရာတာအိုဆရာ၏တိုက်ပွဲကို တွေ့မြင်ပြီးနောက် နဂါးဘုရင်’ဟွမ်ချန်’ အနေဖြင့် သူမကို လျှော့မတွက်ဝံ့တော့ပေ။
သူက နောက်သို့လှည့်လိုက်ပြီး သူ့ထံသို့ ဝင်ရောက်လာသော ကောင်းချင်းရွှမ်၏ မူလခန္ဓာလား ၊ ကိုယ်ပွားခန္ဓာလား မသိရှိရသူကို ရင်ဆိုင်လိုက်သည်။
ကောင်းချင်းရွှမ်၏ ထူးချွန်လှသော စန့်ချင်အဆက်အနွယ်၏ ‘လင်ပေါင်ဓားသိုင်း(၄)မျိုး’ ကို ရင်ဆိုင်ရသည့်အခါ နဂါးဘုရင်’ဟွမ်ချန်’ မှာ အလွန်အခက်တွေ့ပြီး ချွေးများပင်ပျံလာသည်။
အခြားတစ်ဖက်တွင် ပန်းနှစ်ပွင့်သရဖူ ရရှိထားပြီးဖြစ်သော မဟာအမတ’ရူယိ’ ကတော့ အခြား ကောင်းချင်းရွှမ်တစ်ယောက်နှင့် ပိုမိုလွယ်ကူစွာ ရင်ဆိုင်တိုက်ပွဲဝင်လျှက် ရှိသည်။
သို့သော် ကောင်းချင်းရွှမ်က မဟာအမတ’ရူယိ’ နှင့်တိုက်ခိုက်သည့်အခါ မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် ရင်ဆိုင်စဉ်ကကဲ့သို့ အတင်းဖိအားပေး တိုက်ခိုက်နေခြင်းမျိုး မဟုတ်တော့ပေ။
သူမက အခြားသော ဓားသိုင်းများကို မသုံးတော့ဘဲ ‘နတ်ဘုရားထောင်ချောက်ဓားသိုင်း’ တစ်မျိုးတည်းကိုသာ အသုံးပြုတိုက်ခိုက်နေသည်။
ဗလာနယ်ထဲတွင် မှုံဝါးသော အနီရောင်ဓားအလင်းတန်းတစ်ခု တောက်ပလျှက် ရှိသည်။ မဟာအမတ’ရူယိ’ က အလွန်တရာ လျှင်မြန်သူဖြစ်သည့်တိုင် ထိုဓားအလင်းတန်း၏ လားရာကို ခဏအတွင်း ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
“မင်းက ဓားသိုင်းကို စိတ်ကြိုက်ပြောင်းလဲနိုင်တဲ့အပြင် ဓားသိုင်းတစ်မျိုးထဲမှာ ဓားသိုင်းပေါင်းစုံရဲ့ အနှစ်သာရတွေကို ထည့်သွင်းထားနိုင်တာပဲ ၊ အံ့သြစရာပဲ”
မဟာအမတ’ရူယိ’ ရေရွတ်လိုက်သည်။
သူက တိုက်ခိုက်ရင်း ခေါင်းကိုက်လာသလိုပင် ခံစားလိုက်ရသည်။
“ဝူတန့်မယ်တော်ရဲ့အဆက်အနွယ်က ထူးချွန်တဲ့ပုဂ္ဂိုလ်တစ််ယောက် တကယ်ထွက်ပေါ်လာခဲ့တာပဲ”
မဟာအမတ’ရူယိ’ ၏ ကျင့်ကြံခြင်းအခြေခံက ကောင်းချင်းရွှမ်ထက် ပိုမိုသိပ်သည်းသည်ဖြစ်ရာ သူက တိုက်ပွဲတွင် အနည်းငယ် အသာစီးရလျှက်ရှိသည်။
မဟာအမတ’ရူယိ’ က အဂ္ဂိရတ်ခန်းမ သို့မဟုတ် လုန်ရှင်းချွမ် ၊ နွယ်ပင်ဧကရီနှင့် အခြားသူများကို တိုက်ခိုက်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ကော်းချင်းရွှမ်၏ မြန်နှုန်းနှင့် သွက်လက်မှုက သူ့ထက်မနိမ့်ကျသဖြင့် သူ့အတွက် လွတ်မြောက်ရန် ခက်ခဲသွားသည်။
အခြားတစ်ဖက်မှာတော့ လုန်ရှင်းချွမ် ၊ နွယ်ပင်ဧကရီ ၊ ယွဲ့ကျန့်ပေနှင့် တိမ်လွှာခွင်းဧကရာဇ်တို့က အခြားသော နတ်မိစ္ဆာမျိုးနွယ် တန်ခိုးစွမ်းအားရှင်များနှင့် တိုက်ပွဲဝင်နေကြသည်။
ဓားအလင်းတန်း (၄)ခုက စကြာဝဠာတစ်ခွင် ဝဲပျံလှုပ်ရှားနေသည်။
လုန်ရှင်းချွမ်တို့ (၄)ယောက်က လူအင်အားနည်းသည့်တိုင် တိုက်ပွဲတွင် အားနည်းသည့်အခြေအနေ လုံးဝ မရှိပေ။ သူတို့က မဟာနတ်မိစ္ဆာများအုပ်စု အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဂ္ဂိရတ်ခန်းမကို ချိတ်ဆက်ထားသည့် အလင်းစီးကြောင်းမှ ဆုတ်ခွာသွားစေရန် အမဲလိုက်သည့်ပမာ အသည်းအသန် လိုက်လံတိုက်ခိုက်လျှက် ရှိကြသည်။
သူတို့ (၄)ယောက်လုံးက ဓားသိုင်းကျင့်ကြံသူများ ဖြစ်ကြလေရာ သူတို့၏တိုက်ခိုက်သတ်ဖြတ်မှုက ရက်စက်ကြမ်းကြုတ်ပြီး ဆုံးဖြတ်ချ်ပြတ်သားကာ အလွန်တရာ ထက်မြက်လှသည်။
ခဏအတွင်း နတ်မိစ္ဆာများဘက်မှ သေဆုံးသူဦးရေ တိုးပွားလာခဲ့လေသည်။
ခရမ်းရောင်အခိုးအငွေ့များနှင့် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည့် ကျောက်ဖြူနန်းတော်ကြီးကတော့ ကောင်းကင်ထက်တွင် အေးဆေးငြိမ်သက်စွာ တည်ရှိနေဆဲ ဖြစ်သည်။
ထိုနန်းတော်ကြီးဆီမှ ကြိုးများပမာ အလင်းတန်းများထွက်ပေါ်နေပြီး အပြာရောင်ခရီးရှည်ကော်းကင်ဘုံကို ၎င်းဆီသို့ ဆွဲယူလျှက် ရှိ၏။
နန်းတော်တံခါးများက ဖွင့်လှစ်ထားပြီး နန်းတော်တံခါး အတွင်းပိုင်းနှင့် နန်းတော်တံခါးအပြင်ဘက်က လုံးဝ မတူကွဲပြားသော စကြာဝဠာများ ဖြစ်ကြသည်။
ထိုအချိန်...
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
ကြီးမားလှသော ဧရာမကမ္ဘာကြီးက အလင်းစီးကြောင်းများအဖြစ် ပြောင်းလဲသွားပြီး နန်းတော်တံခါးမှတစ်ဆင့် အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာအတွင်း ဝင်ရောက်သွားတော့သည်။
ဤမျှကြီးမားသောလှုပ်ရှားမှုက တာအိုစကြာဝဠာတစ်ခုလုံးကို တုန်ခါသွားစေသည်။ အခြားသူများအနေဖြင့် မည်သည့်နေရာတွင်ရှိနေပါစေ ဤတုန်ခါမှုကို အာရုံခံမိကြပေမည်။
တာအိုစကြာဝဠာပြင်ပရှိ အင်အားစုးများနှင့်တိုက်ခိုက်နေကြသော ဖုလော်ကျီနှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာတို့၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားပြီး သူတို့မျက်ဝန်းများထဲတွင် ထိန်းမနိုင်သိမ်းမရ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာကြသည်။
တာအိုစကြာဝဠာအတွင်း ဖြစ်ပေါ်လာသော ဤပြောင်းလဲမှုက ရန်ကျောက်ကဲအနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အဂ္ဂိရတ်ခန်းမအတွင်း ခေါ်ဆောင်သွားရန် အစီအစဉ်ကို အောင်မြင်စွာလုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားစွာ ပြသနေသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် အခြားသော မဟာနတ်မိစ္ဆာကြီးများသည်လည်း ဤလူငယ်၏လုပ်ငန်းစဉ်ကို တားဆီးနိုင်ခြင်း မရှိခဲ့ကြပေ။
ဖုလော်ကျီ၏ အလင်းပိုက်ကွန်က အပြင်ဘက်သို့ ချဲ့ထွင်နေရာမှ တင်းကျပ်စွာ ပြန်လည်စုစည်းသွားပြီး နေရာပေါင်းများစွာကို ချုပ်နှောင်ထားသော ငှက်အသိုက်တစ်ခုပမာ ပုံပေါ်လာသည်။
ငှက်အသိုက်အတွင်း၌ ရွှေရောင်အလင်းတန်းများ တဖျပ်ဖျပ် လင်းလက်လျှက် ရှိသည်။
ထိုအလင်းတန်းများအားလုံးက အနောက်ဘက်’သူတော်စင်ဘုံ’ မှ ဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်ကြပြီး သူတို့က လက်ရှိအခြေအနေကို သတင်းကြားသဖြင့် ရောက်ရှိလာသူများ ဖြစ်ကြသည်။
သူတို့က ဗလာနယ်ကိုဖြတ်ကျော်ပြီး တာအိုစကြာဝဠာဆီသို့ အလျှင်အမြန် လာရောက်နေကြသည်။ သို့သော် သူတို့၏လမ်းကြောင်းအားလုံးက ငှက်အသိုက်အတွင်းသို့ ချိတ်ဆက်နေပြီး ခဏအတွင်းထိုးဖောက်ထွက်ရန် ခက်ခဲလျှက် ရှိ၏။
ဖုလော်ကျီက သူတော်စင်ဘုံမှ စစ်ကူရောက်ရှိလာသူများကို ခေတ္တဟန့်တားထားပြီးနောက် နေရာမှထွက်ခွာရန်မဖြစ်နိုင်သဖြင့် ရှိသည့်နေရာမှာပင် ရပ်တန့်နေရသည်။
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး...
“နတ်မိမယ်... သူတို့ကို သွားကူပေးလိုက်ပါ”
သူ့စကားဆုံးသွားသည်နှင့် ဦးခေါ်ငးထက်တွင် တောက်ပသည့်အလင်းတန်းများထွက်ပေါ်လာပြီး သူတော်စင်ဘုံမှ’ဗုဒ္ဓ’ နှင့်တိုက်ခိုက်နေသည့် ကျောက်စိမ်းယုန်နတ်မိစ္ဆာကို ပြန်လည်ဆုတ်ခွာနိုင်ရန် ကူညီပေးလိုက်သည်။
ကျောက်စိမ်းယုန်နတ်မိစ္ဆာက...
“ကျေးဇူးတင်ပါတယ် တာအိုဆရာ...”
ဟုပြောလိုက်ပြီး စကားတစ်ခွန်းမဆိုဘဲ သူမ၏ ဆေးကြိတ်ဆုံကိုကိုင်လျှက် တာအိုစကြာဝဠာသို့ အလျှင်အမြန် ထွက်ခွာသွားသည်။
တာအိုစကြာဝဠာထဲသို့ ရောက်ရှိသည်နှင့် သူမက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ တည်ရှိရာနေရာသို့ ဦးတည်ထွက်ခွာလာသည်။
ကျောက်စိမ်းယုန် နတ်မိစ္ဆာမှာ ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ပြီး ခဏမျှ စိတ်ရှုပ်ထွေးသွားသည်။
ထို့နောက် သူမ၏မျက်လုံးများက အဂ္ဂိရတ်ခန်းမထက်သို့ ကျရောက်သွားသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အဂ္ဂိရတ်ခန်းမဆီသို့ တဖြည်းဖြည်း ဆွဲယူခံနေရသည်ကို တွေ့မြင်လိုက်ရ၏။
ဗလာနယ်ထဲတွင် ကမ္ဘာတစ်ခုပြီးတစ်ခု၏ ပုံရိပ်များ ထွက်ပေါ်လာသည်။ လက်ရှိတွင် ထိုကမ္ဘာများ၏ နယ်နိမိတ်များကိုပင် ရှင်းလင်းစွာ မြင်နေရသည်။
ထိုကမ္ဘာများက အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာတို့ကဲ့သို့ပင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ အခြားသော အောက်ဘုံကမ္ဘာများ ဖြစ်ကြသည်။
ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ယူဆောင်သွားမည်ဆိုလျှင် အောက်ဘုံကမ္ဘာများနှင့် ထိုနေရာများတွင်နေထိုင်သူများအားလုံးကိုပါ အတူတကွ ယူဆောင်သွားရမည် ဖြစ်သည်။
မြင်ကွင်းကိုတွေ့သည်နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာက အဂ္ဂိရတ်ခန်းမအနားသို့ ချက်ချင်းပင် ရောက်ရှိလာသည်။
သူမကိုတွေ့သည်နှင့် နဂါးဘုရင်’ဟွမ်ချန်’ နှင့် တိုက်ခိုက်နေသော ကောင်းချင်းရွှမ်၏ကိုယ်ပွားက မျက်မှောင်ကျုံ့လိုက်ပြီး နဂါးဘုရင်’ဟွမ်ချန်’ ကို ခဏတာ နောက်သို့တွန်းပို့လိုက်ပြီး ကျောက်စိမ်းယုန်နတ်မိစ္ဆာကို သွားရောက်တားဆီးလိုက်သည်။
နဂါးဘုရင်’ဟွမ်ချန်’ နောက်သို့ ခဏမျှ ဆုတ်သွားသော်လည်း ချက်ချင်းပင် ရှေ့ပြန်တက်လာပြီး ကောင်းချင်းရွှမ်ကို လိုက်လံတိုက်ခိုက်လိုက်သည်။
ကောင်းချင်းရွှမ်၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာ (၂)ခုလုံးက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို အသုံးပြုကာ ရန်သူများ၏လမ်းကြောင်းကို ပိတ်ဆို့ထားလိုက်ကြသည်။
သို့သော် နတ်မိစ္ဆာမျိုးနွယ်မှ ‘သူတော်စင်ငယ်’ (၃)ယောက်တို့သည် ရှေ့သို့တက်လာပြီး မဟာအမတ’ရူယိ’ အား လွတ်မြောက်သွားစေလိုက်သည်။
မဟာအမတ’ရူယိ’ က ကောင်းချင်ရွှမ်ကို နောက်တွင်ထားခဲ့ပြီး အဂ္ဂိရတ်ခန်းမဆီသို့ ဦးတည်ဝင်ရောက်လာလေတော့၏။