လက်သီးတစ်ချက်တည်းဖြင့် ‘ရူယိ’ ကို မူလပုံစံပြောင်းပေးလိုက်ခြင်း
Vol. 96 Ch. 1350
အခန်း (၁၃၅၀) လက်သီးတစ်ချက်တည်းဖြင့် ‘ရူယိ’ ကို မူလပုံစံပြောင်းပေးလိုက်ခြင်း
ဤလက်ဖဝါးနှစ်ဖက်က ရုတ်တရက် ရောက်လာခြင်းဖြစ်ပြီး မဟာအမတ’ရူယိ’ ကို ခုခံရန် အဆင်သင့်မဖြစ်စေခဲ့ပေ။
ဒုတိယလက်ဖဝါးက မဟာအမတ’ရူယိ’ ၏ မျက်နှာကိုဖြတ်ရိုက်လိုက်သည်ဖြစ်ရာ သူ၏ဦးခေါ်ငးမှ သွေးများပန်းထွက်လာပြီး ကြယ်များလည်ပတ်နေသည်ကို မြင်လိုက်ရသည်။
နောက်သို့လိမ့်ထွက်သွားပြီး ခေါင်းများမူးဝေသွားလေရာ မဟာအမတ’ရူယိ’ မှာ အဂ္ဂိရတ်ခန်းမကိုချိတ်ထားသည့် ရူယိရွှေချိတ်ကောက်ကို ဆုပ်ကိုင်ထားနိုင်ခြင်းမရှိတော့ဘဲ လွှတ်ချလိုက်ရသည်။
ခဏမျှနောက်သို့လိမ့်ထွက်သွားပြီးမှ သူ၏ ခြေထောက်များကို တည်ငြိမ်ရန်ကြိုးစားနိုင်ခဲ့သည်။ မျက်လုံးထဲတွင် ကြယ်များ မြင်နေရဆဲဖြစ်သည့်တိုင် သူက အဂ္ဂိရတ်ခန်းမအား အတင်းခေါင်းမော့ကြည့်လိုက်၏။
အဂ္ဂိရတ်ခန်းမအထက်တွင် ခရမ်းရွှေရောင်အလင်းတန်းများ ဆက်တိုက် ဖြာလင်းထွက်ပေါ်လျှက် ရှိသည်။
လက်နှစ်ဖက်အပြင် လူသားပုံရိပ်တစ်ခုသည်လည်း အပြည့်အဝ ထွက်ပေါ်လာနေသည်။
မျက်နှာအသွင်အပြင်ကို ခွဲခြားသိရှိနိုင်ခြင်းမရှိသော်လည်း ဦးခေါင်းပိုင်းပုံသဏ္ဌန်က တဖြည်းဖြည်း ပို၍ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
***
အစပိုင်းတွင် ကိုယ်အပေါ်ပိုင်းတစ်ဝက်သာ ထွက်ပေါ်လာပြီး ခါးပိုင်းသည့် အဂ္ဂိရတ်ခန်းမအတွင်း နစ်မြုပ်နေသယောင် ထင်ရသည်။
ထို့နောက် ခမ်းနားထည်ဝါသော ပုံသဏ္ဌန်က ဖြည်းဖြည်းချင်း ရှည်ထွက်လာသည်။
ခရမ်းရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်အောက်ပိုင်းတစ်ဝက်ကို ဖုံးလွှမ်းနေပြီး ဧရာမပုံသဏ္ဌန်တစ်ခု ဖြစ်တည်လာသည်။
သူက အဂ္ဂိရတ်ခန်းမထက်တွင် မတ်တတ်ရပ်လျျက် ဗလာနယ်ထဲသို့ ခြေချရန် ဟန်ပြင်နေသည်။
ကျောက်စိမ်းယုန်နတ်မိစ္ဆာမှာ မြင်ကွင်းကို အဝေးမှကြည့်ရင်း အံ့သြသွားရသည်။
“အဂ္ဂိရတ်ခန်းမရဲ့ ခန်းမဝိညာဉ်လား... ၊ သူ သေသွားပြီ မဟုတ်ဘူးလား ၊ ပြန်လည်မွေးဖွားလာရင်တောင် ဒီလောက်မြန်လိမ့်မယ် မထင်ဘူး”
မဟာအမတ’ရူယိ’ က အဂ္ဂိရတ်ခန်းမကို စူးစိုက်ကြည့်လိုက်ပြီး...
“ဒါက ဘာမှ အရေးမပါတဲ့အရာတစ်ခုပဲ”
သူက ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုလိုက်ပြီး သူ၏ပုံရိပ်က လက်ကနဲတစ်ချက်တောက်ပသွားကာ ချက်ချင်းပင် အဂ္ဂိရတ်ခန်းမရှေ့သို့ ရောက်ရှိသွားသည်။
ထို့နောက် သူက ခရမ်းရွှေရောင် ဧရာမ လူသားပုံရိပ်ကြီးဆီသို့ သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ထိုးနှက်တိုက်ခိုက်လိုက်သည်။
စောစောက ထိုဧရာမပုံရိပ်ကြီး၏ လက်ဝါးရိုက်ချက် ဆိုးရွာစွာ ထိမှန်ခံရသည်မှာ အလစ်ဖမ်းတိုက်ခိုက်ခံရခြင်းကြောင့်ဟု မဟာအမတ’ရူယိ’ က ထင်မှတ်ခဲ့သည်။
ရန်သူ၏ရိုက်ချက်က ပြင်းထန်သည့်တိုင် တန်ခိုးစွမ်းအား ကန့်သတ်ချက်ရှိသည်ဟု သူက ယုံကြည်ခဲ့သည်။ မဟုတ်ပါက သူ၏ဦးခေါင်းသည် ပိုမိုဆိုးရွားသောအခြေအနေတွင် ရှိနေပေမည်။
ယခုတစ်ကြိမ်မှာတော့ မဟာအမတ’ရူယိ’ က အပြည့်အဝ အာရုံစူးစိုက်ထားပြီး သူ၏လက်များကိုအသုံးပြုကာ မတူညီသော တိုက်ခိုက်မှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
သူ၏ လက်တစ်ဖက်က တူတစ်ချောင်းပမာ ထင်မှတ်ရသည်။
ထိုလက်က ရှေ့သို့ရွေ့လျားနေပြီး အလွန် ပြင်းထန်သော်လည်း မဆင်မခြင် လှုပ်ရှားနေခြင်းမျိုး မဟုတ်ပေ။ ထိုလက်က အချိန်မရွေး ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း ထင်မှတ်ရပြီး ကြီးမားသည့်တူကြီးက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် တည်ရှိနေသည်။
အခြားလက်တစ်ဖက်ကတော့ ချိတ်ကောက်တစ်ခုနှင့် ဆင်တူသည်။
ဘေးတိုက်ကြည့်မည်ဆိုလျှင် ထိုချိန်ကောက်က မျဉ်းကွေးတစ်ခုပမာ လှုပ်ရှားနေကြောင်း တွေ့ရှိရပေမည်။ ညင်သာသယောင်ထင်ရသော်လည်း အချိန်မရွေးကျရောက်လာနိုင်သည့် ရက်စက်ကြမ်းကြုတ်သော လူသတ်နည်းလမ်းတစ်ခုလည်း ဖြစ်၏။
မဟာအမတ’ရူယိ’ ၏ တိုက်ခိုက်မှုများက ခရမ်းရွှေရောင်အလင်းတန်းဖြင့် ဖွဲ့စည်းထားသော ဧရာမပုံရိပ်ကြီးအား ဝိုင်းရံထားသည်။ သူ၏ တိုက်ခိုက်မှုက သေချာလွန်းပြီး လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။
မဟာအမတ’ရူယိ’ က ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် ဖိအားပေးထားပြီး ၊ သူ၏ ပိုမိုကြီးမားသောအင်အားဖြင့် အတင်းအကျပ် ဖိနှိပ်ထားသည်။
သို့ပေသိ တစ်ခဏအတွင်းမှာပင် သူ၏ မျက်လုံးအစုံ ပြူးကျယ်သွားရတော့သည်။
ခရမ်းရွှေရောင်အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော ဧရာမပုံရိပ်ကြီးက အစပိုင်းတွင် အားနည်းသယောင်ထင်ရသော်လည်း တဖြည်းဖြည်း ပုံရိပ်ကတည်ငြိမ်လာပြီး ခရမ်းရွှေရောင်အလင်းတန်းများ ထူထဲလာကာ တစ်စုံတစ်ရာအဖြစ် စတင်သိပ်သည်းသွားသည်။
တောက်ပသောအလင်းတန်းများ ရစ်ပတ်လာသည်နှင့်အမျှ ခရမ်းရွှေရောင် သံချပ်ကာတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဧရာမပုံရိပ်ကြီးထက်တွင် ဝတ်ဆင်ပြီးသားဖြစ်သွားသည်။
အရင်ဆုံး ကျောဘက်နှင့် ရင်ဘတ်တွင် သံချပ်ကာများဖြစ်တည်လာသည်။ ထို့နောက် ခါးနေရာတစ်ဖက်တစ်ချက်တွင် သံချပ်ကာများ ဖြစ်ပေါ်လာသည်။
ခြေထောက် ၊ ဒူးခေါင်း များတွင် သံချပ်ကာများ စည်းနှောင်လာပြီး ခါတစ်ဝိုက်တွင် သံချပ်ကာအတိုများ တွဲလောင်းကျလျှက် ချိတ်ဆွဲပြီးသား ဖြစ်သွားသည်။
ဧရာမပုံရိပ်ကြီးက လက်များကို ပင့်မြှောက်လိုက်သည့်အခါ ခရမ်းရွှေရောင်အလင်းတန်းများ စုစည်းလာပြီး ပခုံနှင့် လက်မောင်းသံချပ်ကာများ ဖြစ်ပေါ်လာသည်။
ထိုဧရာမပုံရိပ်ကြီးက လက်နှစ်ဖက်ကိုပင့်မြှောက်လိုက်ပြီး လက်တစ်ဖက်က မဟာအမတ’ရူယိ’ ကို ရိုက်နှက်လိုက်ကာ ကျန်လက်တစ်ဖက်က အောက်သို့ဖိနှိပ်လျှက် မဟာအမတ’ရူယိ’ ၏ တိုက်ခိုက်မှုများကို တိကျစွာပင် ခုခံကာကွယ်လိုက်သည်။
ဘယ်လက်ဖြင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်ပြီး ညာလက်ဖြင့် ကောင်းကင်ခွင်းလှံရှည်ကို ဖြစ်တည်စေကာ ရိုက်ခတ်လိုက်သည်။
မဟာအမတ’ရူယိ’ စိတ်ရှုပ်ထွေးနေစဉ်မှာပင် ဧရာမပုံရိပ်ကြီး၏ခန္ဓာကိုယ်ထက်တွင် နောက်ထပ်သံချပ်ကာများ ထပ်မံဖြည့်စွက်လာသည်။
အလင်းတန်းများက အပြင်းထန်ဆုံးသိပ်သည်းသွားကာ ဦးခေါင်းထက်တွင် သံချပ်ကာသံခမောက်တစ်ခုဖြစ်တည်လာပြီး ရင်ဘတ်ထက်တွင် နှလုံးကာသံချပ်ကာတစ်ခု ထပ်မံဖုံးလွှမ်းသွားသည်။
သံချပ်ကာအစုံအလင်ဝတ်ဆင်ပြီးနောက် ခရမ်းရွှေရောင်ဧရာမလူကြီး၏ ခန္ဓာကိုယ်က အရွယ်အစား ပိုမိုကြီးမားလာပြီး မိုးထိတိုင်အောင်မြင့်မားသော ဧရာမပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
သူ၏အရွယ်အစားက ကောင်းကင်ကိုထိုးဖောက်သွားသည့် မြင့်မြတ်သည့် မြို့ရိုးကြီးတစ်ခုပမာ အဂ္ဂိရတ်ခန်းမထက်ပင် ပိုမိုကြီးမားလာသည်။
ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား။
ဤသည်မှာ သူ၏ခန္ဓာကိုယ်ကိုကာကွယ်ရန်နှင့် ပြင်ပရန်သူများကို တိုက်ခိုက်ရန်အတွက် ထျန်းစူးခန်းမ ၊ ခန်းမဝိညာဉ်၏ ပြင်ပအသွင်သဏ္ဌန် အထွတ်ထိပ်ပုံစံ ဖြစ်သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ခန်းမဝိညာဉ်’ထျန်းစူး’ က ပျက်ဆီးမှုတချို့ ကြုံတွေ့ခဲ့ရပြီး ဤအထွတ်ထိပ်ပုံစံကို ပြသနိုင်ခဲ့ခြင်း မရှိပေ။
ယခု ရန်ကျောက်ကဲက ၎င်းကို တဖန်ပြန်လည် ဖော်ထုတ်လိုက်ခြင်း ဖြစ်၏။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် အထွတ်ထိပ်ပုံစံဖြင့် ပထမဆုံး တိုက်ခိုက်ခံရသူမှာ မဟာအမတ’ရူယိ’ ပင် ဖြစ်သည်။
ခန်းမဝိညာဉ်၏ အထွတ်ထိပ်ပုံစံ ပြန်လည်ထွက်ပေါ်လာရုံသာမက မဟာကပ်ဘေးမတိုင်ခင်က အဂ္ဂိရတ်ခန်းမ၏ ယန္တရားလုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ခဲ့ပြီး ၊ ရန်ကျောက်ကဲကလည်း သူ၏ ကိုယ်ပိုင်အတွေ့အကြုံများစွာကို ဤ ဧရာမပုံရိပ်ကြီးထဲသို့ ထည့်သွင်းပေါင်းစပ်ထားခဲ့သည်။
ဤ ခရမ်းရွှေရောင် ဧရာမလူကြီးသည် ရန်ကျောက်ကဲ၏ဝိညာဉ်နှင့် အဂ္ဂိရတ်ခန်းမတို့ ပေါင်းစပ်ထားသော ပုံစံ ဖြစ်၏။
ခန်းမဝိညာည်၏ အလွန်တရာအားကောင်းလှသော ဘယ်လက်နှင့် ညာလက်တို့က မဟာအမတ’ရူယိ’ ၏ တိုက်ခိုက်မှုများကို ကာကွယ်ရုံသာမက ၊ ဘယ်ဘက်လက်ဖြင့် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကိုလှည့်ပတ်ပြီး မဟာအမတ’ရူယိ’ ၏ ညာဘက်လက်ကို ရင်ဆိုင်လိုက်သည်။
ညာဘက်လက်ကတော့ မဟာအမတ’ရူယိ’ အား ရိုက်နှက်ချလိုက်လေသည်။
‘စောင့်ရှောက်သူနတ်ဘုရား’ က ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး မဟာအမတ’ရူယိ’ ၏ ဦးခေါင်းဆီသို့ လက်သီးတစ်ချက် ထပ်မံထိုးနှက်လိုက်သည်။
အရင်ကထက် ပိုမိုအားကောင်းပြီး ရက်စက်သော လက်သီးချက် ဖြစ်သည်။
မဟာအမတ’ရူယိ’ နောက်သို့လဲကျသွားပြီး ၊ လဲကျသွားစဉ်အချိန်တွင် လူသားအသွင်ပျောက်ကာ မူလပုံစံဖြစ်သော နွားကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနွားကြီးက ကြယ်စင်တစ်လုံးပမာ ကြီးမားထွားကျိုင်းလွန်းလေသည်။
ထိုအခြေနေကိုတွေ့တော့ မျက်လုံတစ်ရာနတ်မိစ္ဆာသခင် ၊ နဂါးဘုရင်’ဟွမ်ချန်’နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာတို့ စိတ်များရှုပ်ထွေးသွားကြသည်။
ခရမ်းရွှေရောင်အလင်းတန်းများဖြင့် ဖုံးကွယ်နေသော ‘စောင့်ရှောက်သူနတ်ဘုရား’ ၏ မျက်နှာပုံစံက ပိုမိုရှင်းလင်းလာပြီး ရန်ကျောက်ကဲ၏ရုပ်သွင် ထွက်ပေါ်လာသည်။
“ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” ထွက်ပေါ်လာပြီး မဟာအမတ’ရူယိ’ နှင့် ခဏမျှတိုက်ခိုက်ချိန်တွင် အဂ္ဂိရတ်ခန်းမ၏ အောက်ပိုင်းသည်လည်း ပြင်းထန်စွာ တုန်ခါလာသည်။
အဂ္ဂိရတ်ခန်းမအတွင်းရှိကမ္ဘာများ မတည်မငြိမ်ဖြစ်လာပြီး အလင်းတန်းများအဖြစ်ပြောင်းလဲကာ အဂ္ဂိရတ်ခန်းမအတွင်းမှ ထွက်ခွာသွားတော့မည့်ပမာ ဖြစ်လာသည်။
အဂ္ဂိရတ်ခန်းမအတွင်း ဆွဲငင်ခံနေရသည့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အောက်ဘုံကမ္ဘာများမှာလည်း တုန်ခါလာပြီး မူလအသွင် ပြန်လည်ပြောင်းလဲကာ အဂ္ဂိရတ်ခန်းမအတွင်း မဝင်ရောက်နိုင်တော့သည့်ပမာ ဖြစ်လာသည်။
သို့သော် အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းဗဟိုရှိ ခရမ်းရောင်ဝိညာဉ်ခန်းမမှ အလင်းတန်းများထွက်ပေါ်လာပြီး ၊ ထိုအလင်းတန်းများက ကမ္ဘာများစွာကို ချိတ်ဆက်ထားသည့် သံကြိုးများပမာ ဖြစ်၏။
ထိုသံကြိုးများဖြင့်ချိတ်ဆက်ပြီးနောက် ခရမ်းရောင်ဝိညာဉ်ခန်းမမှ ခရမ်းရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ခရမ်းရွှေရောင်အလင်းတန်းများက ကမ္ဘာများစွာသို့ ဖုံးလွှမ်းသွားပြီး တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
အဂ္ဂိရတ်ခန်းမ အတွင်ပိုင်းစကြာဝဠာရှိ ကမ္ဘာများ ငြိမ်းချမ်းမှု ပြန်လည်ရရှိသွားသလို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသည်လည်း အဂ္ဂိရတ်ခန်းမအတွင်း စနစ်တကျဆွဲငင်ခံနေရဆဲဖြစ်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမအတွင်းရှိ အစီအရင်က ၎င်း၏လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်နေပြီး ရန်ကျောက်ကဲ တိုက်ခိုက်နေစဉ်အချိန်အတွင်း အဂ္ဂိရတ်ခန်းမ တည်ငြိမ်စေရန် သိမ်မွေ့စွာ ထိန်းသိမ်းထားခဲ့သည်။
ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအတွင်းရှိ ရန်ကျောက်ကဲ၏ ရုပ်ခန္ဓာသည်လည်း တိတ်ဆိတ်စွာဖြင့် တင်ပျဉ်ခွေထိုင်လျှက် ရှိနေဆဲပင်။ သူက မည်သည့်စကားမှမဆိုသလို သူ့ထံမှ မည်သည့်တန်ခိုးစွမ်းအားမှလည်း ထွက်ပေါ်လာခြင်း မရှိပေ။
လက်ရှိတွင် သူ၏ဝိညာဉ်က အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ် ပြန်လည်မွေးဖွားခြင်းကို ပြုပြင်ပြောင်းလဲနေပြီး ၊ ထိုနေရာကို ယာယွီလွှဲပြောင်းယူကာ အဂ္ဂိရတ်ခန်းမ၏ ခန်းမဝိညာဉ်ဖြစ်လာသည်။
ထို့နောက် “ကောင်းကင်ဘုံတို့၏အုပ်စိုးရှင် ၊ ဉာဏ်အလင်းကရုဏာရှင် စောင့်ရှောက်သူနတ်ဘုရား” အသွင်ကို ပြသခဲ့သည်။
ယခု ဧရာမပုံရိပ်ကြီးသည် ကောင်းကင်ဘုံမှ စစ်သူကြီးတစ်ယောက်ပမာ သံချပ်ကာအစုံအလင်ဝတ်ဆင်ထားပြီး အဂ္ဂိရတ်ခန်းမထက်တွင် မတ်တတ်ရပ်လျှက် လက်တစ်ဖက် လေထဲသို့ရိုက်ခတ်ကာ ကျောက်စိမ်းယုန်နတ်မိစ္ဆာကို ထိုးနှက်တိုက်ခိုက်လိုက်သည်။
ကောင်းချင်းရွှမ်နှင့် တိုက်ခိုက်နေသော ကျောက်စိမ်းယုန်နတ်မိစ္ဆာမှာ ခန်းမဝိညာဉ်၏တိုက်ခိုက်မှုကိုရှောင်တိမ်းရန် မလွဲမသွေ လုပ်ဆောင်ရတော့သည်။
အခွင့်အရေးရသည်နှင့် ကောင်းကင်ချင်းရွှမ်ကလည်း ချက်ချင်းပင် တန်ပြန်တိုက်ခိုက်လိုက်၏။
သူမက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ကျွမ်းကျင်သူဖြစ်သော်လည်း စောစောက သူမနှင့်တိုက်ခိုက်ခဲ့သည့် မဟာအမတ’ရူယိ’ နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာတို့က အချိန်နှင့်နေရာကို ပြောင်းလဲနိုင်ပြီး အလွန်လျှင်မြန်သော ရန်သူများ ဖြစ်ကြသည်။
အစောပိုင်းက နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များ အဂ္ဂိရတ်ခန်းမအား ဝိုင်းဝန်းတိုက်ခိုက်မည်ကိုကာကွယ်ရန် ကောင်းချင်းရွှမ်၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာတို့ သီးခြားလှုပ်ရှားခဲ့ရသည်။ ဤသို့တိုက်ခိုက်ခြင်းက ခံစစ်စွမ်းအားကို ပိုမိုကျယ်ပြန့်စေမည်ဟု မျှော်လင့်ခဲ့သည်။
ယခု ရန်ကျောက်ကဲ၏ ပြင်ဆင်မှုများ ပြီးဆုံးသွားပြီး အဂ္ဂိရတ်ခန်းမ၏ ‘စောင့်ရှောက်သူနတ်ဘုရား’ ထွက်ပေါ်လာပြီဖြစ်ရာ ကောင်းချင်းရွှမ်၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားသည်။
ထို့ကြောင့် သူမ၏ မူလခန္ဓာနှင့် ကိုယ်ပွားခန္ဓာတို့ ဘေးချင်းယှဉ်လျှက် အနေအထားဖြင့် လက်ရှိ နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များတွင် အားအနည်းဆုံးဖြစ်သော နဂါးဘုရင်’ဟွမ်ချန်’ ကို ဓားဖြင့် ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဖွင့်ဓားသိုင်းနှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းတို့ တပြိုင်နက်တည်း တဖန်ပြန်လည်ထွက်ပေါ်လာပြီး အလွန်အားကောင်းသော ရေစီးကြောင်းတစ်ခုအဖြစ်ပြောင်းလဲသွားကာ ရန်သူများထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားလေတော့သည်။