← Chapters

ဖြစ်လာအံ့သော ကပ်ဘေး

Vol. 2 Ch. 19

ဖြစ်လာအံ့သော ကပ်ဘေး

Vol. 2 Ch. 19

မာလျို့သည် အူလှိုက်သည်းလှိုက် ရယ်မောနေသည်။

“ဟားဟား ညီနောင်ကျိုစစ် မမြင်ရတာ နှစ်ရက်လောက်ရှိပြီနော်။ မင်းဒီနေ့ လောင်းကြေးနည်းနည်းလောက်ထပ်ပြီးတော့ ကံကောင်းမှုကို စမ်းသပ်ဦးမှာလား”

ချန်ကျဲ့ ခေါင်းခါလိုက်သည်။

“မလုပ်တော့ဘူး ညီနောင်လျို့၊ ကျွန်တော် ခုရက်ပိုင်း ငွေပြတ်နေတာ မကစားတော့ဘူး”

“အဲဒီလို မလုပ်ပါနဲ့ကွာ၊ မင်းပိုက်ဆံပြတ်နေလည်း ကိစ္စမရှိပါဘူး။ ချေးငှားလို့ရတဲ့နေရာတွေ ရှိတာပဲလေ”

မာလျို့မှ ပြုံးရယ်လျက်ပြောသည်။ သို့သော် ချန်ကျဲ့ ပြန်ပြော၏။

“ညီနောင်လျို့ရာ ကျွန်တော့်မှာ တစ်ပြားတစ်ချပ်မှ မရှိတာကို ဘယ်သူက ကျွန်တော့်ကို ချေးပါ့မလဲ”

“ဟေ့ကောင် မင်းမှာ အိမ်ခန်းတစ်ခန်း ရှိသေးတယ်မဟုတ်ဘူးလား။ ပြီးတော့ မင်းရဲ့ ခြေကျင်းဝတ်ကို ဆွဲကိုက်ထားတဲ့သူနဲ့ မင်းရဲ့ကံဆိုးစေတဲ့ မိန်းမလေ။ မင်းသူတို့ကို အပေါင်ထားလိုက်ရင် ငွေတုံး ၅တုံး၊၆တုံးလောက် ရနိုင်တယ်”

မာလျို့သည် သူ၏ကျောက်ပေါက်မျက်နှာကို ချန်ကျဲ့ကို စကားပြောနေစဉ်တွင် ဖျစ်ညှစ်ပြုံးပြနေခဲ့သည်။

ထိုစကားကိုကြားသောအခါ ချန်ကျဲ့၏စိတ်နှလုံး၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ စတင်မွှေနှောက်လာသည်။

ဒီကောင်စုတ်တွေက တကယ်ကြီး ငါ့ဆီက ခြောက်သွေ့တဲ့အထိ စုပ်ယူဖို့ စီစဉ်နေကြတာပဲ။ ငါ့ခန္ဓာကိုယ်ရဲ့ နောက်ဆုံးဆီတစ်စက်အထိ ညှစ်ထုတ်ယူချင်နေကြတာ။

လူတွေကို အရိုးတောင် ပြန်ထွေးမထုတ်ဘဲ ဝါးမြိုပစ်နေကြတာပဲ။

ချန်ကျဲ့ တွေဝေတွန့်ဆုတ်နေဟန်ဖြင့် ပြန်ပြောလိုက်သည်။

“ဒါ ဒါတော့ မဟုတ်သေးဘူးထင်တယ်”

မာလျို့မှ ပြောသည်။

“ငါ့ကောင်ရာ အခြေအနေကို ပြောင်းပြန်လှန်ပစ်မယ်လို့ တွေးကြည့်စမ်းပါ။ ယွီရတနာစံအိမ်မှာ မင်း ငွေတွေဘယ်လောက်တောင် ရှုံးထားခဲ့ပြီဆိုတာကို တွေးကြည့်စမ်းပါ။ အဲဒါတွေကို ပြန်မယူချင်ဘူးလား။ အဲဒါကတွေက သခင်ကြီးချန်ရဲ့ တစ်ဘဝလုံးစာ စုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေပဲ။ မင်းဒီလိုပဲ သူများကို အနိုင်ယူသွားခွင့် ပေးလိုက်မှာလား”

“မင်းတကယ်ပဲ အဲဒါကို လက်ခံနိုင်လို့လား”

မာလျို့ ချန်ကျဲ့ကို သွေးဆောင်ဖျားယောင်းသည်။ မာလျို့သည် လောင်းကစားသမားများ၏ စိတ်ကို သေချာနားလည်ထားလေရာ စကားလုံးတိုင်းသည် လောင်းကစားသမား၏ ဗဟိုချက်အား သွားရောက်ထိမှန်စေသည်။

လောင်းကစားသမားအား စားပွဲရှေ့တွင် ထိုင်ပြီးလိုက်သည်နှင့် ပြန်ထရန် မမျှော်လင့်လေနှင့်။

အနိုင်ရလျှင် ပို၍အနိုင်ရချင်ပြီး၊ ရှုံးလျှင်လည်း ဆုံးရှုံးသွားသည့် အရာများအားလုံးကို ပြန်လည်ရယူချင်သည်။ ကိုယ်တိုင်မွဲပြာကျ၍ မိသားစုပြိုကွဲသည်အထိ ရပ်တန့်ဖို့အတွေး မရှိချေ။

သို့ဖြစ်ရာ မာလျို့၏နည်းဗျူဟာသည် အလွန်ထိရောက်သည်။ လောင်းကစားရုံပိုင်ရှင်သည် ထုံးစံအတိုင်း လောင်းကစားသမားအား အစပိုင်းတွင် အနည်းငယ် အနိုင်ရစေလိမ့်မည်။ ထို့နောက် ဖြည်းဖြည်းချင်း ရှုံးအောင် လုပ်လိမ့်မည်။ စတင်ရှုံးသည်နှင့် ရှုံးသွားသည့်အရာများကို ပြန်လည်ရယူချင်လိမ့်မည်။ ကြိုးစားသည်နှင့်အမျှ အရှုံးသည်လည်း ပိုများလာလိမ့်မည်။ အဆုံးတွင် တစ်ပြားတစ်ချပ်ပင် ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လောင်းကစားပိုင်ရှင်ထံသို့ အကုန်ရောက်သွားပေလိမ့်မည်။

“လာစမ်းပါ ညီနောင်ရာ၊ နည်းနည်းလောက် ကစားကြည့်လိုက်စမ်းပါ။ အပျင်းပြေ နည်နည်းလေး ကစားတာပဲပေါ့။ သွားကြစို့”

ပြောရင်းဖြင့် မာလျို့သည် ချန်ကျဲ့ကို တိုက်တွန်းသည်။

သို့သော် မထင်မှတ်စွာဖြင့် ချန်ကျဲ့သည် သူ၏လက်ကို ရှောင်ဖယ်လိုက်လေသည်။ ချန်ကျဲ့မှ ပြော၏

“ညီနောင်လျို့ ကျွန်တော် မကစားတော့ဘူး။ ကျွန်တော် လုပ်စရာလေးတွေရှိသေးလို့ သွားလိုက်ပါဦးမယ်”

ထိုသို့ပြောခဲ့၍ ချန်ကျဲ့သည် လှည်းကိုတွန်း၍ ထွက်သွားသည်။

မာလျို့သည်တော့ ယုတ်မာသည့် မျက်လုံးအကြည့်၊ ဖိတ်ခေါ်နေသည့် လက်အမူအရာအတိုင်း ကြောင်အစွာ ကျန်ရစ်ခဲ့သည်။

မာလျို့သည် ထွက်ခွာသွားသော ချန်ကျဲ့၏ပုံရိပ်ကိုကြည့်၍ လက်ပြန်ရုတ်သိမ်းလိုက်သည်။ ဤချန်ကျိုစစ်မှာ ကွာခြားနေသည်ဟု ခံစားရပေသည်။

လက်မရွံ့နောက်လိုက်တစ်ဦးသည် ချန်ကျဲ့၏ ပျောက်ကွယ်သွားနေသော အရိပ်ကိုကြည့်၍ မာလျို့အား ပြောသည်။

“အစ်ကိုလျို့ ဒီကောင်က?”

မာလျို့ မျက်နှာတည်ဖြင့် ပြန်ပြောသည်။

“တစ်ခုခုမှားနေတယ်”

နောက်လိုက်မှ မေးသည်။

“သူ ပြောင်းလဲသွားပြီလို့ ဆိုလိုတာလား”

မာလျို့ လှောင်ရယ်လိုက်၏။

“ပြောင်းလဲသွားပြီတဲ့လား။ ဟား မင်း ငါနဲ့အတူ အလုပ်လုပ်လာတာ နှစ်ပေါင်းများစွာရှိနေပြီ။ မိသားစုတွေ ပျက်စီး၊ အသက်ဆုံးရှုံးသွားကြတာတွေလည်း အများကြီး မြင်ခဲ့ပြီးပြီ။ လောင်းကစားဖြတ်ပြီး လူကောင်းဖြစ်သွားတဲ့သူ တစ်ယောက်လောက်တောင်များ မြင်ခဲ့ဖူးလို့လား”

နောက်လိုက်မှ ခေါင်းခါသည်။ မာလျို့လည်း မဲ့ပြုံးပြုံး၏။

“ဒီချန်ကျိုစစ် သူငါ့လက်ထဲက မလွတ်နိုင်ပါဘူး”

“‌ဒါပေမဲ့ ဒီကောင်လေးက.. ပုံမှန်ဟုတ်မနေဘူး။ သူကိုယ်တိုင် မလုပ်ဘူးဆိုရင် ငါတို့ သူ့ကိုတိုက်တွန်းဖို့ အခွင့်အရေးရှာရမယ်။ မင်းတို့နှစ်ယောက် ဧည့်သည်တွေ ဆက်ခေါ်နေ၊ ငါ သခင်ယွီကို သွားတွေ့လိုက်ဦးမယ်”

“ဟုတ်ကဲ့”

နောက်လိုက်နှစ်ယောက်မှ တုံ့ပြန်ပြောပြီး ‌မာလျို့နောက်သို့ လိုက်သည်။ မာလျို့သည် မြို့ထဲရှိ စံအိမ်တော်ကြီးသို့ အလျင်စလို ဦးတည်နေခဲ့သည်။

ဤသည်မှာ ယွီစံအိမ်တော်ဖြစ်သည်။ မာလျို့ရောက်ရှိကြောင်း ‌အကြောင်းကြားပြီးနောက်တွင် သခင်လေးသည် မနက်ခင်းအတန်းချိန်ကို တက်ရောက်နေဆဲဖြစ်သောကြောင့် ခဏစောင့်ဆိုင်းပေးပါရန် ပြန်ပြောလာခဲ့သည်။ မာလျို့ ရိပ်စားမိလိုက်၏။

ခဏကြာပြီးနောက် အိမ်တော်အစေခံမှူးတစ်ယောက်မှ မာလျို့အား ဝင်လာနိုင်ပြီဖြစ်ကြောင်း ပြန်ပြောသည်။ ခြံဝင်းထဲတွင် လူတစ်ဦးကို အစေခံများမှ ချုပ်ကိုင်ထားသည်ကို မြင်‌‌တွေ့ရသည်။ ထိုလူ၏မျက်နှာထက်တွင် မျက်ရည်များရွှဲနစ်နေ၏။

သူ၏မျက်နှာချင်းဆိုင်မှ တံခါးကြီးတစ်ချပ် ပွင့်လာသည်။ ယွီရတနာစံအိမ်၏သခင်လေး ယွီစန်းလျို့သည် အပေါ်ပိုင်း အဝတ်ဗလာဖြင့် ဘောင်းဘီစကို ဆွဲတင်၍ ထွက်လာသည်။ တံခါးအဟကြားမှ အထဲသို့ကြည့်လိုက်လျှင် အဝတ်မဲ့နေသော အမျိုးသမီးတစ်ဦးအား ဘောင်တစ်ခုတွင် အလွန်ရှက်ဖွယ်ကောင်းသော အနေအထားဖြင့် ချည်နှောင်ထားသည့် မြင်ကွင်းကို မြင်တွေ့နိုင်သည်။

သူမသည် မကြာသေးမီအချိန်ကမှ အလွန်ရက်စက်သော ဆက်ဆံမှုကို ခံခဲ့ရကြောင်း သိသာထင်ရှားလှသည်။

ယွီစန်းလျို့ ထွက်လာသောအခါ အစေခံမ‌‌ေလးတစ်ဦးသည် လက်ဖက်ရည်တစ်ခွက်ကို ချက်ချင်း ယူဆောင်လာပေးသည်။ ယွီစန်းလျို့သည် လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး ချုပ်ကိုင်ခံထားရသည့် အမျိုးသားအနီးသို့ ချဉ်းကပ်သွားသည်။ ထို့နောက် လက်ဖက်ရည်များကို အမျိုးသား၏မျက်နှာသို့ ပက်လိုက်သည်။

အမျိုးသားသည် ယွီစန်းလျို့ကို ကြည့်နေသည်။ ယွီစန်းလျို့သည်လည်း အမျိုးသားကို ကြည့်နေလျက် ပြောသည်။

“မင်းရဲ့ဇနီးက အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ငါသခင်လေးကို စိတ်ကျေနပ်အောင် ခစားနိုင်တယ်။ ငါ မင်းချေးထားတဲ့ပိုက်ဆံရဲ့ အတိုးကို မတောင်းတော့ဘူး။ စ‌ည်းမျဉ်းဟောင်းအတိုင်းပဲ သွားကြတာပေါ့။ မနက်ဖြန်ကျရင် အရင်းပြန်ပေး၊ ဒါဆိုရင် အားလုံးပြေလည်သွားပြီ။ အကယ်၍ မပေးနိုင်ရင်တော့ မင်းထပ်ပြီး ပြေးလွှားရလိမ့်မယ်။ အဲဒီအခါကျရင် မင်းရဲ့မိန်းမလည်း အတိုးကို ကာနိုင်မှာ မဟုတ်တော့ဘူး”

“နားလည်လား”

“အမ်-အမ်း!”

အမျိုးသားမှ ခေါင်းညိတ်သည်။ ယွီစန်းလျို့မှ လက်ဝှေ့ယမ်းလျက် ပြောသည်။

“မင်းမိန်းမကို ‌ခေါ်ပြီး ပြေးတော့၊ သူ့ကိုလွှတ်ပေးလိုက်”

အမျိုးသားသည် အလွှတ်ခံရပြီးနောက် အိမ်ထဲသို့ ဝင်သွားခဲ့သည်။ အထဲမှ ငိုကြွေးသံများ ထွက်ပေါ်လာသည်။

ယွီစန်းလျို့သည် လက်သန်းဖြင့် နားကလော်လိုက်ပြီး မာလျို့ဘက်သို့လှည့်၍ မေးသည်။

“ဘာကိစ္စလဲ”

“သခင်လေး ကျွန်တော် ဒီနေ့ ချန်ကျိုစစ်ကို တွေ့ခဲ့တယ်”

“အို?”

ယွီစန်းလျို့၏မျက်လုံးများ တောက်ပသွားသည်။ လွန်ခဲ့သည့် နှစ်ဝက်အတွင်းတွင် ချန်ကျိုစစ်သည် ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားကဲ့သို့ သူ၏သခင်လေးအား ငွေတုံးတစ်ထောင်နီးပါး ပေးခဲ့ပြီးဖြစ်သည်။

၎င်းတို့တွင် အိမ်ခြံမြေများ၊ မြေဩဇာကောင်းမွန်သည့် လယ်မြေများ၊ ရှေးဟောင်းပစ္စည်းများ၊ လက်ရေးလှစာပေများ၊ ပန်းချီကားများအပြင် ရွှေငွေရတနာများလည်း ပါဝင်သည်။

“မင်းသူ့ကို နှစ်‌ပွဲလောက် ကစားဖို့ မခေါ်ခဲ့ဘူးလား။ သူ့မိန်းမ စူးယွင်ကျင်းက မဆိုးဘူး။ ငါ့အဖေက အရင်တုန်းက သူ့ကို ငါတို့မိသားစုထဲ လက်ထပ်ယူချင်ခဲ့တာ။ လူအိုကြီးစူးက အရမ်းတွေမာနကြီးပြီး သခင်လေးကို အထင်သေးခဲ့တာတော့ နှမြောစရာပဲ။ ဒါပေမဲ့ ငါ သူတို့မာနကြီးတာကို သဘောကျတယ်။ သူတို့ငါ့ကို အထင်သေးလေ ငါက သူ့ကို ပိုပြီးအနိုင်ယူချင်လေ၊ ပိုအရှက်ခွဲချင်လေပဲ”

ယွီစန်းလျို့သည် သူ၏ယုတ်မာမှုအား ဖုံးကွယ်ခြင်းမရှိပေ။

သို့သော် မာလျို့ ပြောလိုက်သည်။

“သခင်လေး ချန်ကျိုစစ်က သူ့ကိုယ်သူ ပြုပြင်လိုက်ပြီထင်ရပါတယ်။ သူ ဒီတစ်ခေါက် လောင်းကစားရုံကို သွားမယ့်အစား ဆန်တွေ၊ ဂျုံတွေ ၊ဆားတွေ၊ ဆီတွေကို ဝယ်လာပါတယ်…”

“ဟမ်?”

ယွီစန်းလျို့၏အကြည့်များ စူးတောက်သွား၏။ မိသားစုဘဝသို့ ပြန်ရောက်သွားခြင်းသည် ကောင်းမွန်သည့်လက္ခဏာ မဟုတ်ပေ။ မာလျို့မှ ပြောသည်။

“အဲဒါကြောင့် သခင်လေး၊ ကျွန်တော့်အထင် ကျွန်တော်တို့် သူ့ကို နည်းနည်းလောက် ဖိအားပေးရမယ်ထင်တယ်။ မဟုတ်ရင် သူ လိုလိုချင်ချင် လိုက်လျောလောက်မှာ မဟုတ်ဘူး”

“အို ဘာကိုဆိုလိုတာလဲ”

ယွီစန်းလျို့ မာလျို့ကို ကြည့်လိုက်သည်။

မာလျို့မှ ပြောသည်။

“သူ့မှာ သခင်လေးနဲ့ အကြွေးစာရင်းရှိတယ်လို့ ကျွန်တော် မှတ်မိထားတယ်”

ယွီစန်းလျို့ ရယ်လိုက်သည်။

“အာ အဲဒီငွေတုံးတစ်တုံးလား။ သူပြန်ပေးပြီးပြီ မဟုတ်ဘူးလား”

မာလျို့မှ ပြောသည်။

“ဒါပေမဲ့ အကြွေးစာရင်းကို မဆုတ်ခဲ့ဘူးလေ။ အဲဒီတုန်းက သခင်လေးသူ့ကို ငွေနှစ်တုံးပေးနိုင်ခဲ့တယ်။ အဲ့တုန်းက သူအပျော်လွန်ပြီးတော့ မေ့သွားတယ် မဟုတ်လား”

“ကျောက်တုံးတစ်တုံးနဲ့ ငှက်နှစ်ကောင်ပစ်တာ၊ မာလျို့ သူတို့မင်းကို ဉာဏ်များတယ်လို့ပြောကြတာ အလကား မဟုတ်ဘူးပဲ”

ယွီစန်းလျို့မှ အိမ်အစေခံကို လက်ဝှေ့ယမ်းပြလိုက်သည်။

“တင်းပေါက် အဲဒီအကြွေးစာရင်းကို ရှာပြီး ယူလာခဲ့”

“ဟုတ်ကဲ့”

အိမ်အစေခံသည် ချက်ချင်းသွား၍ ရှာဖွေသည်။ အချိန်ခဏကြာမြင့်ပြီးနောက်၌ ပြန်ရောက်လာပြီး အကြွေးစာရင်းစာရွက်တစ်ခုကို ကမ်းပေးသည်။ ၎င်းတွင် ချန်ကျိုစစ်က ယွီစန်းလျို့ဆီကနေ ငွေတစ်တုံးကို နေ့စဉ်အတိုးနှုန်း ၀.၀၂နဲ့ ကျစ်ကျန်း ၉နှစ်မြောက် မတ်လ ၂ရက်နေ့မှာ ချေးခဲ့တယ်”

မာလျို့သည် အကြွေးစာရွက်ကို ယူလိုက်ပြီး ရယ်မောသည်။

“သခင်လေး ဒီတစ်‌ခါတော့ အဲဒီကောင်စုတ်လေး လွယ်လွယ်နဲ့ မလိုက်လျောဘူးလို့ ကျွန်တော် မထင်ဘူး”

သူတို့ စကားပြောရယ်မောနေစဉ် ‘ဒုန်းခနဲ’ အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။

ထို့နောက် လူတစ်ယောက်၏ နာကျင်စွာအော်ညည်းသံ ထွက်ပေါ်လာသည်။

“ချွေ့အာ!”

ခဏကြာပြီးနောက် အစေခံတစ်ယောက်မှ လာရောက်အကြောင်းကြားသည်။

“သခင်လေး အဲဒီအမျိုးသမီးက ရေတွင်းထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်”

ယွီစန်းလျို့ ဒေါသထွက်သွားသည်။

“ငါ့ချီး! မင်းတို့ သောက်သုံးမကျတဲ့ကောင်တွေကတော့ ဘယ်လိုလုပ်ပြီး သူ့ကို ရေတွင်းထဲ ခုန်ချခွင့်ပြုလိုက်တာလဲ။ ငါတို့ အဲဒီရေကို သောက်လို့ရပါဦးမလား။ တကယ့်ကို သောက်ရမ်းကံဆိုးတာပဲ။ အဲဒီမိန်းမကို အခုချက်ချင်း ရေတွင်းထဲက ထုတ်စမ်း၊ အခုထုတ်….”

“ဟုတ် ဟုတ်ကဲ့ပါ သခင်လေး၊ ကျွန်တော် ချက်ချင်းဖြေရှင်းလိုက်ပါ့မယ်”

အစေခံမှ ပြန်ဖြေ၍ ချက်ချင်း အလျင်စလို ထွက်ခွာသွားသည်။ ဤသို့ဖြစ်ရပ်များသည်

ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရပ်များအလား မာလျို့သည် သနားဂရုဏာသက်ဟန်ဖြင့် စုပ်သပ်၏။

ယွီစန်းလျို့သည် မာလျို့ကိုကြည့်၍ ပြောလာသည်။

“မင်း ဒီကိစ္စ‌ကို ကောင်းကောင်းကိုင်တွယ်တာ ကောင်းလိမ့်မယ်။ ငါ စူးယွင်ကျင်းကိုရအောင် မင်းကူညီပေးနိုင်ရင် နောက်တစ်ချိန် မနက်ခင်းအတန်းချိန်ကို မင်းကိုဆုချမယ်”

“အာ ကျေးဇူးတင်ပါတယ် သခင်လေး”

မာလျို့ အလွန်ပျော်ရွှင်သွားခဲ့သည်။

All Chapters