← Chapters

ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်း

Vol. 5 Ch. 46

ပထမဆုံးအကြိမ် သတ်ဖြတ်ခြင်း

Vol. 5 Ch. 46

အာရန်သည် တိုက်ပွဲပြီးဆုံးရန် စောင့်ဆိုင်းရင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။

သို့သော် သူ့၏ခဏတာ ငြိမ်ချမ်းမှုလေးသည် သူ့ရှေ့တွင် ပေါ်လာသော မျက်နှာပြင်တစ်ခု၏ဝင်ရောက် နှောင့်ယှက်ခြင်းကို ခံလိုက်ရလေိသည်။

ထုံးစံအတိုင်း ရွေးချယ်စရာလေးခု ပေါ်လာခဲ့သည်။

[ရွေးချယ်မှု တစ် : အဆိပ်နဂါးကို သတ်ပါ။

ဆုလာဘ်: ခွန်အားမြင့်လည်ဆွဲ (ရှားပါးအဆင့်)]

[ရွေးချယ်မှု နှစ် : ထိုအမျိုးသမီးကို သတ်ပါ။

ဆုလာဘ်: လွတ်မြောက်ခြင်းအဆောင် (ရှားပါးအဆင့်)]

[ရွေးချယ်မှု သုံး : ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ထွက်ခွာပါ။

ဆုလာဘ်: ကံကောင်းခြင်း +၁]

[ရွေးချယ်မှု လေး : အဆိပ်နဂါးနှင့် အမျိုးသမီး နှစ်ဦးစလုံး အသက်ရှင်ကျန်ရစ်စေရန်အတွက် ထိုနှစ်ဦး၏ကြားတွင် ဝင်ရောက် ညှိနှိုင်းရန် နည်းလမ်းတစ်ခု ရှာဖွေပါ။

ဆုလာဘ်: နဂါးစွယ် (ရှားပါးအဆင့်)]

"နှစ်ဦးကြား ဝင်ညှိနှိုင်းရမယ်ဆိုတာကြီးက မဖြစ်နိုင်တာကြီး။ ငါသည် နှစ်ဖက်စလုံးရဲ့ ရန်လိုမှုကို မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်"

အာရန်က တွေးတောခဲ့သည်။

"ရှောင်ထွက်သွားဖို့ကလား ဒါလဲမဖြစ်နိုင်ဘူး ဆုလာဘ်က ဆွဲဆောင်မှုမရှိရုံသမကပဲ လက်တွေ့လဲမကျဘူး သူတို့နှစ်ဦးစလုံးက ငါ့တည်ရှိမှုကို သိထားပြီးမှတော့ ငါ့ကိုဘယ်သူမှ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး" အာရန် ၏အတွေးများသည် အပြိုင်အဆိုင် ပြေးလွှားနေရင်း ဆက်ပြောခဲ့သည်။

ဤအကြိမ် ရွေးချယ်စရာလေးခုက အာရန်အား ကွဲပြားခြားနားသော လမ်းကြောင်းများကို ဖော်ပြပေးခဲ့သည်။ သို့သော် မည်သည့်တစ်ခုကမျှ သူ၏လက်ရှိအခြေအနေများနှင့် သင့်လျော်ပုံမပေါ်နေပေ။

သူသည် ထွက်ခွာ၍လည်းမရ ညှိနှိုင်း၍လည်းမရသလို နဂါးကို သတ်၍လည်မရသည့်အပြင် မိန်းမပျိုလေးကို သတ်ခြင်းက မူပို၍ပင်မရဖြစ်နေသဖြင့် အတော်လေးအခက်ကြုံနေရလေတော့သည်။

ထိုမိန်းမပျိုလေးသည် အလွန်ခွန်အားကြီးမားပြီး အာရန်အတွက် သူမကို အနိုင်ယူရန်မှာ လုံး၀မဖြစ်နိုင်ပေ။ အကယ်၍သူသာ တစ်နည်းနည်းဖြင့် အောင်မြင်ခဲ့လျှင်ပင် အဆိပ်နဂါးသည် ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အနေဖြင့် သူ့ကို ဘေးကင်းစွာ ထွက်ခွာခွင့်ပေးမည်တဲ့လား။ လုံး၀မဖြစ်နိုင်ရေးချ မဖြစ်နိုင်ပေ။

တစ်ဖက်တွင် အဆိပ်နဂါးကို သတ်ရန် ကြိုးစားခြင်းသည် သူ့ကို ၎င်း၏အဆိပ်နှင့် ထိတွေ့စေလိမ့်မည်။ ၎င်းသည် အကာအကွယ်လည်ဆွဲကို အသက်သွင်းလိုက်ရမည်ဖြစ်ပြီး တန်ဖိုးရှိသော အသုံးပြုခွင့်တစ်ကြိမ်ကို ဆုံးရှုံးခံလိုက်ရမည်ဖြစ်သည်။

ထို့အပြင် မိန်းမပျိုလေးသည် သူမထံမှ ထိုနဂါးကို လု၍ သတ်ဖြတ်လိုက်သည်မှာ သူမ၏အခွင့်အရေးကို ခိုးယူခြင်းဖြစ်သည် ဟုလည်း ယူဆသွားစေနိုင်သေးသည်။

"ငါ ဘာလုပ်ရမလဲ..."

အာရန်သည် အခြေအနေကို ဂရုတစိုက် ဆန်းစစ်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ တုံ့ဆိုင်းနေလိုက်သည်။

သူသည် မဆင်မခြင် ဆုံးဖြတ်ချက်ချခြင်း၏ အကျိုးဆက်ကို နားလည်ခဲ့ပြီးဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သောကြောင့်ဖြစ်သည်။

ဝမ်းနည်းစွာဖြင့် အချိန်နှင့်ဒီရေသည် အာရန်ဘက်တွင် ရှိမနေပေ။ သူသည် ရွေးချယ်မှုတစ်ခုမဖြစ်မနေပြုလုပ်ရမည့်အချိန်သို့ ရောက်ရှိရန် အချိန်အနည်းငယ်သာ ကျန်ရှိတော့သည်။ နောက်ဆုံးတွင် သူသည် ဆွဲဆောင်မှုအရှိဆုံး ဆုလာဘ်ကိုရရှိမည့် ရွေးချယ်မှုကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်သည်။

"ခွန်အားမြင့်လည်ဆွဲက ရင်းရမဲ့အန္တရာယ်နဲ့ ထိုက်တန်မယ်လို့ မျှော်လင့်ပါတယ်"

အာရန်သည် မသေချာမရေရာသော အသံဖြင့် ပြောလိုက်သည်။

သူသည် ဆုလာဘ်အဖြစ် လည်ဆွဲတစ်ခုကို တစ်ကြိမ်သာ ရရှိခဲ့ဖူးသည်။ ၎င်းသည် အသက်အန္တရာယ်ရှိသော တိုက်ခိုက်မှုသုံးကြိမ်ကို မထိခိုက်နိုင်သော ကာကွယ်ပေးနိုင်သော အကာအကွယ်လည်ဆွဲပင်ဖြစ်သည်။

ခွန်အားမြင့်လည်ဆွဲကလည်း အလားတူ အားကောင်းသော အကျိုးကျေးဇူးများကို ပေးနိုင်မည်လားဆိုသည်ကို သူမသေချာသော်လည်း ၎င်း၏ ဖြစ်နိုင်ချေကို လျစ်လျူရှု၍မရပေ။

သူကဲ့သို့ အားနည်းသောသူတစ်ဦးအတွက် ခွန်အားသည် ယခုအချိန် သူအလိုအပ်ဆုံးအရာလည်းဖြစ်သည်။

"မိန်းကလေးကခုချိန်မှာ အဆိပ်သင့်နေပြီး အဆိပ်နဂါးကလည်း ခုချိန် သေခါနီးနေပြီ။ တကယ်လို့ ခွန်အားမြင့်လည်ဆွဲကသာ ငါမျှော်လင့်ထားသလို အဆိပ်နဂါးကို သုတ်သင်နိုင်ဖို့လုံလောက်ခဲ့မယ်ဆိုရင် ခုဖြစ်စဉ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်လိမ့်မယ်ထင်တယ်" ဟု အာရန်သည် ဆင်ခြင်လိုက်မိသည်။

"ငါ ပထမတစ်ခုကို ရွေးချယ်မယ်" အာရန်က ခိုင်မာစွာ ပြေလိုကုသည်။

"သူမ မသတ်ခင် ငါ နဂါးကိုအရင်သတ်ရမယ်"

တစ်စက္ကန့်သာ ကျန်ရှိတော့အချိန်တွင် စနစ်မျက်နှာပြင်သည် ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

[သင်သည် ပထမရွေးချယ်မှုကို ရွေးချယ်ပြီးပါပြီ]

[တာဝန်ကိုပြီးမြောက်ပါက ဆုလာဘ်ကို ရရှိပါမည်]

အချိန်ကြာလာသည်နှင့်အမျှ မိန်းကလေး၏ တိုက်ခိုက်မှုများကြောင့် အဆိပ်နဂါးသည် သေဆုံးရန်အချိန် ပို၍နီးကပ်လာလေသည်။

သူမသည် အကြမ်းအားဖြင့် အဆိပ်နဂါးနှင့် အဆင့်တူညီနေခဲ့သည်။ တူညီရုံသာမက သူမ၏ တိုက်ခိုက်မှုများက အဆိပ်နဂါးကိုပင် နောက်ဆုတ်စေနိုင်ခဲ့သည်။

"မင်းတို့ ယုတ်မာတဲ့ လူသားတွေ ငါသေရင်တောင် မင်းကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး"

အဆိပ်နဂါး၏ ဟိန်းဟောက်သံသည် ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားစေခဲ့သည်။

အာရန်သည် သူ၏အိတ်ကပ်ထဲမှ အဆောင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ရဲ့လန်တွင်ရှိသော အဆောင်ပစ္စည်းများနှင့်မတူဘဲ သူ၏အဆောင်ပစ္စည်းသည် စနစ်မှ ရရှိခြင်းမဟုတ်ပေ။

၎င်းသည် ရှုယင်က သူ့ကိုအကာအကွယ်အဖြစ်ပေးထားခဲ့သော အရာတစ်ခုပင်ဖြစ်သည်။ သို့သော် သူမက ၎င်းကို သူဤအရာ အတွက် အသုံးပြုမည်ဟု မျှော်လင့်ထားခဲ့မိမည်မဟုတ်ပေ။

အာရန်သည် သူ၏ဓားကို ထုတ်ယူလိုက်သည်။ သို့သော် ၎င်းဓား ၏ အလေးချိန်ကြောင့် မနည်းကိုင်မြှောက်လိုက်ရလေသည်။

အဆိပ်နဂါးနှင့်မိန်းမပျိုလေးတို့၏ တိုက်ပွဲသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အာရန်သည် သူဘာလုပ်ရမည်ကို သိလေသည်။ ၎င်းသည် စာအုပ်အတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့သော အရာတစ်ခုဖြစ်သည်။

အဆိပ်နဂါးသည် ၎င်း၏အသက်စွမ်းအင်ကို လောင်ကြွမ်းစေလိုက်သည်။ မှုတ်ထုတ်မှု တစ်ချက်တည်းဖြင့် အဆိပ်နဂါးသည် ၎င်း၏အဆိပ်အားလုံးကို ပစ်ထုတ်ကာ တစ်နေရာလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ခဲ့သည်။

ဝတ္ထုထဲတွင် ထိုမိန်းကလေး၏ ဒဏ်ရာအများဆုံး ရခဲ့သော အခန်းလည်းဖြစ်သည်။

အာရန်သည် ဖြစ်လာမည့်အရာများကို ကြိုတင်မျှော်လင့်ထားသည့်အနေဖြင့် ကျောက်တုံးတစ်တုံး၏ နောက်တွင် ပုန်းအောင်းနေခဲ့သည်။

သူသည် ဤနေရာသို့ မလာခင် ကတည်းကကြိုတင်ပြင်ဆင်ထားသော အဆိပ်ဖြေဆေးကိုလည်း စောင့်နေစဉ်အတွင်း သောက်ခဲ့ပြီးဖြစ်သည်။

သူမျှော်လင့်ထားသည့်အတိုင်း အနက်ရောင်ရှိသောအဆိပ်တိမ်တိုက် တစ်ခုသည် နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး ပေါက်ကွဲသံတစ်ခုလည်း လေထဲတွင် ပဲ့တင်ထပ်သွားခဲ့လေသည်။

၎င်းနဂါး၏အဆိပ်သည် ပြင်းထန်လွန်းသော ပျက်စီးခြင်းအတိ လမ်းကြောင်းတစ်ခုကို ချန်ထားခဲ့လေသည်။ အာရန်သည် ရုတ်တရက် သူ၏လက်ဖြင့် ပါးစပ်ပေါက်ကို ပိတ်ထားလိုက်လေသည်။ ဖြေဆေးကိုကြိုတင်သောက်ထားသော်လည်း မည်သည့်အရာကိုမျှ ရှူရှိုက်မိခြင်းမရှိစေရန် ပိုမိုသေခြာအောင်ဖြစ်လေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် အာရန် သည် မည်သည့်အန္တရာယ်ရှိသော အဆိပ်ငွေ့များ၏ ထိခိုက်ခြင်းကိုမျှမခံခဲ့ရဘဲ ကျောက်တုံးနောက်ကွယ်မှ ထွက်လာခဲ့လေသည်။

မိန်းမပျိုလေးမှာမူ အာရန်ကဲ့သို့ ကံကောင်းမနေခဲ့ပေ။ သူမသည် အကာအကွယ်တစ်ခုနောက်တွင် ပုန်းနေခဲ့သော်လည်း အဆိပ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့လေသည်။

သူမ၏နှုတ်ခမ်းများမှ သွေးများယိုစီးကျလာပြီး သူမ၏အသားအရေသည် အဆိပ်ကြောင့် တဖြည်းဖြည်းပိုမို၍ မဲနက်လာလေသည်။

သို့သော်ထိုမျှထိခိုက်မိထားသော်လည်း သူမသည် ထရပ်နေနိုင်သေးသည်။ ဝတ္ထုထဲတွင် ဤအခန်းသည် ရဲ့လန်မှ သူမ၏ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရသော အပိုင်းလဲဖြစ်လေသည်။

ဤသည်မှာ မိန်းမပျိုလေးသည် သူ၏အသက်စွမ်းအင်ကို လောင်ကြွမ်းစေခဲသော အဆိပ်နဂါးကို နောက်ဆုံးအပြီးသတ်ချေမှုန်းပစ် ခဲ့သောအခန်းလဲဖြစ်သည်။

"ဒီမှာပဲ နင်သေလိုက်တော့"

မိန်းမပျိုသည် သူမ၏လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီး သူမတွင်ရှိသမျှခွန်အားအားလုံးကို သူမ၏ ဤနောက်ဆုံးတိုက်ခိုက်မှုအတွင် အကုန်အစင်ထည့်သွင်းကာ အဆိပ်နဂါးအားပြန်ပြောလိုက်လေသည်။

"အခုပဲ"

အာရန်သည် သူ၏အရှိန်ကို တိုးမြှင့်ပေးသော အဆောင်ကို အသက်သွင်းလိုက်ကာ ခဏတာအမြန်ဆုံးလေစွမ်းအားကို ရရှိလိုက်လေသည်။

သူ၏အရှိန်သည် နှစ်ဆတိုးလာပြီး သူသည် ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားလိုက်သည်။

အာရန်၏ လျင်မြန်သောရွေ့လျားမှုသည် မိန်းမပျိုလေးအား သူမ၏လက်သီးကို အသုံးမချရသေးခင် သူမနှင့်အဆိပ်နဂါးကြားတွင် ချက်ချင်းဝင်ရောက် ပိတ်ဆို့ထားလိုက်သည်။

အာရန်သည် သူ၏တိုးမြှင့်ထားသော လေစွမ်းအင်၏ အရှိန်ဖြင့် သူမ၏တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ပတ်၍ရှောင်ရှားနိုင်ခဲ့သည်။

အာရန်သည် အဆိပ်နဂါးထံသို့ရောက်သောအခါ သူ၏ နောက်ဆုံး တိုက်ကွက်ကိုထုတ်ဖော်ရန် သူ၏ဓားကို ရှိသမျှအားကုန်သုံး၍ ဝှေ့ယမ်းလိုက်တော့သည်။ လေစွမ်းအင်များ မြှင့်တင်ထားသော အာရန်၏ ခုတ်လွှဲချက်သည် သေလုမျောပါးဖြစ်နေသော အဆိပ်နဂါး၏ ခုခံမှုကို ချေမှုန်းပစ်ရန် လုံလောက်ခဲ့လေသည်။

သူ၏ဓားသည် အဆိပ်နဂါးကို တိကျစွာခုတ်ပိုင်းနိုင်ခဲ့ပြီး အဆိပ်နဂါးသည် သူ၏ နောက်ဆုံးထွက်သက် အထိမိမိ၏အဖြစ်ကို မယုံကြည်နိုင်ဖြစ်ခဲ့ရလေသည်။

သူသည် ထိုလူသားအမျိုးသမီးကသာ သူ့ကို သတ်လိမ့်မည်ဟု ထင်နေခဲ့သော်လည်း နောက်ဆုံးတွင် ဘယ်ကမှန်းမသိ ပေါ်လာသော လူတစ်ယောက်က သူ့ကိုသတ်ခဲ့ခြင်းဖြစ်လေသည်။

တိုက်ပွဲသည် နောက်ဆုံးအထွဋ်အထိပ်သို့ ရောက်ရှိနေသောအချိန်တွင် အာရန်သည်သာ အောင်ပွဲခံ၍ ရပ်ကျန်နေခဲ့သူဖြစ်နေလေတော့သည်။

…...................………….

(စာရေးသူမှတ်ချက်။ ။ ယခင်အပိုင်းများတွင်ရေးသားခဲ့သော အကာအကွယ်ဆွဲကြိုးဟူသောအသုံးအနှုန်းအား အကာအကွယ်လည်ဆွဲ ဟူသောအသုံးအနှုန်းဖြင့် ပြန်လည်ပြောင်းလဲအသုံးပြုသွားပါမည်။)

#Catfoot

All Chapters