← Chapters

ခွန်အားသည်သာအဓိက

Vol. 5 Ch. 47

ခွန်အားသည်သာအဓိက

Vol. 5 Ch. 47

အဆိပ်နဂါးသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး လုံး၀ပြန်မလှုပ်ရှားလာတော့ပေ။

အာရန်၏ နှလုံးသားသည် သူ၏ကြီးမားသော အောင်ပွဲအကြောင့် သိရှိလိုက်သောအခါ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရင်နေလေသည်။ သူသည် အမှန်တကယ်ပင် နဂါးတစ်ကောင်ကို သတ်နိုင်ခဲ့ပြီဖြစ်သည်။

၎င်းသည် နဂါးများအနက် အားအနည်းဆုံးမျိုးစိတ်တစ်ခုသာ ဖြစ်သော်လည်း အဆောင်ပစ္စည်း၏ အကျိုးသက်ရောက်မှုများ ကုန်ဆုံးသွားခြင်းမရှိမီ သာမန်အချိန်တွင် လုံး၀မဖြစ်နိုင်သောအရာကို သူအောင်မြင်ခဲ့ခြင်းဖြစ်သည်။

သာမန်တိုက်ခိုက်မှုလေးတစ်ခုမှာပင် သူသည် နဂါးဆီမှ ဓားကိုပင် ဆွဲထုတ်၍မရနိုင်သော အခြေအနေအထိ အားအင်ကုန်ခမ်းသွားစေခဲ့သည်။

အခြားသူတစ်ဦး၏ အောင်နိုင်မှုကို ခိုးယူခြင်းသည် ရှက်စရာကောင်းသော်လည်း ယခုအချိန်တွင် သူ့အတွက် အရေးမကြီးတော့ပေ။

"ရှင်"

မိန်းမပျိုလေးသည် သူမ၏အင်အားအားလုံးကို စုဆောင်းပြီးဖြစ်သည်။ သို့သော် သူမ မတိုက်ခိုက်ရသေးမှီတွင်ပင် အခြားတစ်ယောက်ကလာလုပြီး သတ်သွားလေသည်။

ပို၍ဆိုးသည်မှာ သူမသည် ဤသူမည်မျှ အားကောင်းသည်ကို မသိနိုင် ခြင်းဖြစ်သည်။ သူသည် သူမကို နောက်ထပ်ပစ်မှတ်ထားမည်လား။

သူမမပြောနိုင်ပေ။ သူမသည် ယခု သူမ၏တိုက်ခိုက်မှုကိုရုတ်တရက် ရုပ်သိမ်းလိုက်ပါက သူမ၏အင်အားကို ပြန်လည်စုစည်းနိုင်တော့မည် မဟုတ်ကြောင်း သိနေခဲ့သည်။ သူမသည် အဆိပ်၏ လွှမ်းမိုးခြင်းကိုခံရတော့မည်ဖြစ်သည်။

ထိုလူသည် သူမကို ဘာမဆိုလုပ်သွားနိုင်သည်။ ဤသည်မှာ သူမပြုလုပ်နိုင်သည့် နောက်ဆုံးတိုက်ကွက်လည်းဖြစ်လေသည်။ တိုက်ခိုက်မှုကို ရုတ်တရက်ပြန်လည် ရုပ်သိမ်းမှုသည် သူမအတွက် ပို၍အန္တရာယ်များလေသည်။

ထိုလူ၏ရည်ရွယ်ချက်ကို မသိရသောကြောင့် သူမသည် ထိုတိုက်ခိုက်မှုကို မရပ်တန့်ခဲ့ပေ။ သူမ၏ပုံရိပ်သည် ရှေ့သို့အလျင်အမြန်ပြေးထွက်လာပြီး သူမ၏လက်သီးသည် အာရန်ကို ရည်ရွယ်ကာ သူမတွင်ရှိသမျှ အင်အားအကုန်ဖြင့် ထိုးနှက်လိုက်လေသည်။

၎င်းသည် အဆိပ်နဂါး၏ အကြေးခွံများကို ချိုးဖျက်ခဲ့သော လက်သီးဖြစ်သည်။ အာရန်သည် မူလစာအုပ်ကိုဖတ်ထားသူတစ်ဦးအနေဖြင့် ဤလက်သီး၏ အင်အားအကြောင်းကို များစွာသိထားလေသည်။

သို့သော် သူမ၏လက်သီးသည် သူ့ဆီသို့လာသည်ကိုမြင်သောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာလေသည်။

အကြောင်းမှာ သူ့ရှေ့တွင် ပေါ်လာသော စနစ်၏ မျက်နှာပြင်ကြောင့်ဖြစ်သည်။

သူ၏လည်ပင်းတွင် ဒုတိယ လည်ဆွဲတစ်ခု ရောက်လာခဲ့ပြီးဖြစ်သည်။

[သင်သည် ခွန်အားမြင့်လည်ဆွဲကို ရရှိပါပြီ]

[ခွန်အားမြင့်လည်ဆွဲ]

[အဆင့်: ရှားပါး]

[ဖော်ပြချက်: တစ်ကြိမ်အသုံးပြုပါက ငါးမိနစ်အတွက် သင့်အင်အားကို ယာယီတိုးမြှင့်ပေးနိုင်သည်]

[ကျန်ရှိသောအသုံးပြုနိုင်မှု: သုံးကြိမ်]

"ရှင့်ကိုကျွန်မသတ်မယ်"

မိန်းမပျိုလေ၏ တိုက်ခိုက်မှုသည် အာရန်ဆီသို့ ရောက်ရှိလာခဲ့သည်။

အာရန်သည် ဤတိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ပါက ထိုမိန်းမပျိုမှာ သူ့အား နောက်ထပ် မည်သည့်ခြိမ်းခြောက်မှုမှထပ်မံမလုပ်နိုင်တော့ကြောင်း သိနေခဲ့သည်။ ဤသည်မှာ သူမ၏နောက်ဆုံးတိုက်ခိုက်မှုဖြစ်လေသည်။

သူသည် အကာအကွယ်လည်ဆွဲကို ထိုတိုက်ခိုင်မှုတွင် အသုံးပြုနိုင်သော်လည်း ကာကွယ်ရေးအတွက်အသုံးပြုမှုကို ဖြုန်းတီးမည့်အစား အင်အားအသုံးပြုမှုကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

အကာအကွယ်လည်ဆွဲ သည် သူ့အတွက် အသက်အပိုတစ်ခု ရရှိထားခြင်း နှင့်တူညီသောကြောင့် ပို၍အသုံးဝင်လေသည်။

အာရန် အသက်သွင်းလိုက်သဖြင့် ခွန်အားမြင့်လည်ဆွဲသည် အရောင်များ စတင်တောက်ပလာသည်။

ထိုအချိန်တွင် အာရန်၏အင်အားသည် အဆပေါင်းများစွာ တိုးလာခဲ့ပြီး သူ၏ကြွက်သားများမှာ စွမ်းအားအသစ်များဖြင့် ဖောင်းကြွလာခဲ့သည်။

သူသည် ထိုမိန်းမပျို၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး သူတို့၏လက်သီးများသည် မိုးခြိမ်းသံကဲ့သို့ မြည်ဟီးသွားတော့သည်။

ထိုထိပ်တိုက်တွေ့ဆုံခြင်း၏ အင်အားသည် လေထဲတွင် တုန်ခါမှုလှိုင်းများကို ဖြစ်ပေါ်စေခဲ့ပြီး အောက်ရှိ မြေပြင်ကို အက်ကြောင်းများဖြစ်ပေါ်စေခဲ့သည်။

အာရန်သည် အရင်အတိုင်းရပ်မြဲရပ်နေပြီး ခွန်အားမြင့်လည်ဆွဲက သူ့ကို ပေးအပ်ထားသော မယုံကြည်နိုင်လောက်သည့် အင်အားကို သိရှိသောအခါ သူ၏အပြုံးသည် ပို၍ပီပြင်လာခဲ့သည်။ ဤခွန်အားဖြင့် သူသည် ယခုအချိန်တွင် မည်သူ့ကိုမျှ မရှုံးနိုင်ဟု ခံစားနေရလေသည်။ ၎င်းသည် ယခင်က သူတစ်ခါမျှ မခံစားဖူးခဲ့သော ခံစားချက်အသစ်တစ်ခုလည်းဖြစ်လေသည်။

တစ်ဖက်တွင် မိန်းမပျိုလေးသည် သူမကြုံတွေ့ခဲ့ရသော မမျှော်လင့်ထားသည့် ခုခံမှုကြောင့် အံ့အားသင့်သွားရသည်။

အဆိပ်နဂါး၏ အကြေးခွံများကို အလွယ်တကူ ချိုးဖျက်နိုင်ခဲ့သော သူမ၏တိုက်ခိုက်မှုသည် ထိုပုဂ္ဂိုလ်အပေါ်တွင် အနည်းငယ်မျှသာ အကျိုးသက်ရောက်ပုံရလေသည်။

ထိုအစား သူမသည် ဤထိပ်တိုက်တွေ့မှုကြောင့် ညာဘက်လက်မောင်းရှိ အရိုးများ အက်ကွဲသွားကာ သူမကိုယ်တိုင်ပင် လွင့်စင်ထွက်သွားခဲ့ရလေသည်။

သူမသည် အတော်ဝေးဝေးမှ သစ်ပင်တစ်ပင်နှင့် တိုက်မိပြီး ချောင်းဆိုးကာ အဆိပ်သွေးများအန်ထုပ်လိုက်မိသည်။

သူမသည် ရန်သူကို အနိုင်ယူရန် ကျရှုံးခဲ့ရုံသာမက သူမကိုယ်တိုင်လည်း ထိခိုက်ခဲ့ရသည်။ သူမသည် သူမ၏ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်းပို၍ လျင်မြန်စွာ ပျံ့နှံ့လာသော ထိုအဆိပ်ကို မခုခံနိုင်တော့ပါ။

အချိန်ကြာလာသည်နှင့်အမျှ ခွန်အားမြင့်လည်ဆွဲ၏ စွမ်းအားကြောင့် အာရန်၏ခွန်အားများ အဆက်မပြတ်တိုးပွားလာခဲ့သည်။

အာရန်သည် ယခုကဲ့သို့ အင်အားမျိုးဖြင့်သာ တိုက်ခိုက်ရပါက မဟာအကြီးအကဲတစ်ဦးကိုပင် အနိုင်ယူနိုင်စွမ်းရှိမည်ဟု ခံစားလိုက်ရလေသည်။

သူသည် ထိုမိန်းမပျိုထံ လျှောက်သွားခြင်းမပြုမီ အဆိပ်နဂါး၏ အလောင်းဆီမှ သူ၏ဓားကို အလွယ်တကူပင် ပြန်ဆွဲထုတ်နိုင်ခဲ့သည်။

အာရန်သည် ထိုမိန်းမပျိုလေး၏ အခက်အခဲများကို မြင်နိုင်လေသည်။ သူမ၏မျက်နှာသည် အဆိပ်ပျံ့နှံ့မှုများကြောင့် နီမြန်းလျက်ရှိနေသည်။

သူမသည် ဤခံစားချက်ကို မုန်းတီးသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ပေ။ ၎င်းသည် ဤထူးဆန်းသော ကာမလှုံ့ဆော်မှုများကို ပိုမိုအားကောင်းစေသည့် အထူးဆန်းဆုံး အဆိပ်ဖြစ်သည်။

ဤကာမလှုံ့ဆော်မှုများအတွင်းသို့ သက်ဆင်းသွားခြင်းထက် သူမကိုယ်သူမ သတ်သေရန်ဆုံးဖြတ်ချက်ကို သူမပို၍နှစ်သက်လေသည်။ သူမသည် အနီးအနားရှိ ချွန်ထက်သော ဆူးတစ်ခုကို ကောက်ယူလိုက်သည်။

အာရန်သည် သူမ၏လက်မှ ဆုပ်ကိုင်ထားသော ဆူးကို လုယူလိုက်သည်။

မိန်းမပျိုသည် သူ၏လက်များက သူမ၏လက်များကို ထိတွေ့သွားသည်ကို ခံစားမိသောအခါ သူမ၏ခန္ဓာကိုယ်ထဲသို့ လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အဆိပ်သည် သူမကို ရူးသွပ်သွားစေခဲ့သည်။

အာရန်သည် ထိုမိန်းမပျိုအနေဖြင့် ဝတ္ထုထဲတွင် သူမကိုယ်သူမ သတ်သေရန် ကြိုးစားသည်ကို မမှတ်မိခဲ့ပေ။ ထို့ပြင် ရဲ့လန်သည် အဆိပ်နဂါးကို မသတ်ခဲ့သည့်အပြင် သူမအတွက် မည်သည့်ခြိမ်းခြောက်မှုကိုမှ မယူဆောင်လာခဲ့ပေ။

ယင်းအစား ထိုဇာတ်လိုက်ကျော်ရဲ့လန်သည် တိုက်ပွဲအဆုံးထိ ရိုးရိုးသားသားပင် ပုံးကွယ်နေခဲ့သေးသည်။

မိန်းမပျိုလေး၏ မျက်လုံးများတွင် ရဲ့လန်သည် ဤနေရာသို့ မတော်တဆ ဝင်ရောက်လာမိသော သာမန်ကောင်လေးတစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် အသက်သေဆုံးခံမည့်အစား အဆိပ်က သူမကို ထိန်းချုပ်ခွင့်ပေးလိုက်ကာ အသက်ရှင်ရန် ဆုံးဖြတ်ခဲ့သည်။

ဤတစ်ကြိမ်တွင်မူ ကွဲပြားခြားနားခဲ့သည်။ သူမသည် သူမကို အန္တရာယ်ပြုနိုင်သော အာရန်ကို မုန်းတီးနေခဲ့သည်။ အာရန်၏ ရည်ရွယ်ချက်များကို သူမ မသိခဲ့ပေ။

ဝတ္ထုထဲတွင် ရဲ့လန်သည် အားနည်းသောကြောင့် သူမသည် ခြိမ်းခြောက်မှုတစ်ခုဟု မခံစားခဲ့ရပေ။ သူမ၏ ရှက်စရာအတိတ်ကို မြှုပ်နှံပစ်ရန် အဆိပ်ကို ဖယ်ရှားပြီးနောက် ရဲ့လန်ကို ပြန်သတ်မည်ဟုဆုံဖြတ်ခဲ့လေသည်။ ထို့ကြောင့် သူမသည် သူ့နှင့်အတူ ထိုအရာကို ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။

နောက်တစ်နေ့နံနက်ရောက်သောအခါတွင်မှ သူမသည် ရဲ့လန်ကို သနားသွားသဖြင့် သူ့ကို အသက်ရှင်ခွင့်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အာရန်မှာမူ သူမ၏မျက်လုံးများထဲတွင် ကွဲပြားခြားနားနေခဲ့သည်။ သူသည် သူမထက် ပို၍သန်မာလေသည်။ သူမသည် သူ့ကို မသတ်နိုင်ခဲ့ပေ။ သူမသည် သူ့ကို မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူမသည် သေဆုံးရန် ကိုသာရွေးချယ်ခဲ့လေသည်။

"မင်းက ဒီလောက်တောင် အသည်းအသန် သေချင်နေတာလား"

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းကိုဖွင့်ရင်း ထိုမိန်းမပျိုကို မေးလိုက်သည်။ အကြောင်းရင်းကို မသိသော်လည်း သူမ၏တုံ့ပြန်မှုကြောင့် သူသည် အနည်းငယ် စိတ်ပျက်သွားသည်ဟု ခံစားလိုက်ရသည်။

သူသည် ဤပထမတွေ့ဆုံမှုအတွင်း၌ သူမနှင့် အိပ်ရန် အစီအစဉ်မရှိခဲ့ပေ။ သူ၏ အိတ်ကပ်ထဲတွင် ဆီလက်စ်ကလေးရှိနေခဲ့ပြီး ထိုသို့ ပြုမူဆက်ဆံပုံများသည် သူမကိုသူ မြင်စေချင်ခဲ့သော မြင်ကွင်းမျိုးမဟုတ်ပေ။

ထို့ကြောင့် သူသည် ကာမနှိုးဆွဆေးအတွက် အထူးဖြေဆေးအချို့ကို ပြင်ဆင်လာခဲ့သည်။ သူမကို ကူညီပြီး သူမ၏မျက်နှာသာပေးမှုကို အရယူရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူသည် ဤနေရာသို့ ရောက်လာခဲ့သည်။ သို့သော် ရွေးချယ်မှုများက အခြေအနေများကို ထူးဆန်းသော အခြားဦးတည်ချက်တစ်ခုဆီသို့ တွန်းပို့ပေးခဲ့သည်။

ဤအခြေအနေတွင် သူသည် အဆိပ်ဖြေဆေးဖြင့် သူမ၏အဆိပ်ကို ဖယ်ရှားရန် ကူညီလိုခဲ့သော်လည်း သူမ၏တုံ့ပြန်မှုက စိတ်ပျက်စရာကောင်းနေခဲ့သည်။

သူမသည် ရဲ့လန်နှင့် အတူနေရန် ဆန္ဒရှိခဲ့သော်လည်း သူ့နှင့်မူ အတူနေရန်ထက် သေဆုံးရခြင်းကိုသာပို၍နှစ်သက်ခဲ့သည်။ ၎င်းသည် သူ့ကို အနည်းငယ် စော်ကားရာရောက်သည်ဟု ခံစားလိုက်ရလေသည်။

'ဘာပဲဖြစ်ဖြစ် ငါသူမကို ကူညီပြီး သူမရဲ့အမြင်ကို ပြောင်းလဲပစ်နိုင်ပါသေးတယ် ငါအထင်လွဲမှုတွေကို ဖယ်ရှားနိုင်မယ်လို့ ယုံကြည်တယ်'

အာရန်သည် ဂိုဏ်းတွင် ဝယ်ယူခဲ့သော ကာမနှိုးဆွဆေးဖြေဆေးကို ထည့်ထားသည့် စနစ်သိုလှောင်ခန်းအား ဖွင့်လိုက်သည်။

သူသည် မိန်းမပျိုကို ပေးရန် ဖြေဆေးကို ထုတ်ယူတော့မည်အတွင် စနစ်မျက်နှာပြင်သည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

စနစ်သိုလှောင်ခန်းသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး သူ့ရှေ့တွင် ထုံးစံအတိုင်း ရွေးချယ်စရာလေးခု ပေါ်လာခဲ့လေသည်။

#Catfoot

All Chapters