← Chapters

အဆိပ်မိနေသော မိန်းမပျို

Vol. 5 Ch. 48

အဆိပ်မိနေသော မိန်းမပျို

Vol. 5 Ch. 48

"ငါ့မှာ ဘာတွေဖြစ်နေတာလဲ။ ဒီနေ့ ငါ့ကံက တကယ်ပဲ ဒီလောက်ဆိုးနေတာလား"

ရဲ့လန်သည် သူကြုံတွေ့နေရသည့်အရာများကို နားမလည်နိုင်ဖြစ်နေပေသည်။

သူသည် ရှေ့ဟောင်းအမွေအနှစ်ဆီသို့ ဦးတည်သော လမ်းကြောင်းပေါ်သို့ ပြန်သွားရန် ကြိုးစားတိုင်း သူ့နောက်သို့ ပြေးလိုက်လာသော သားရဲများနှင့် တွေ့ဆုံရသည်ချည်းဖြစ်သည်။

သူသည် သားရဲများကို ရှောင်ရှားပြီး ပြန်သွားရန် ကြိုးစားခဲ့သည့် အကြိမ်တိုင်းတွင် သားရဲများစွာနှင့်သာ ဆုံခဲ့ရလေသည်။ မြူနှင်းကလည်း သူ့အတွက် အရာရာကို ပိုမိုဆိုးရွားသွားစေခဲ့သည်။

သူသည် မည်သည့်လမ်းကြောင်းမှ သွားသည်ဖြစ်စေ သူ့ကို အဆင်သင့် စောင့်နေသော သားရဲများနှင့်သာတိုးလေသည်။

သူသည် သစ်ပင်များပေါ်သို့ တက်ကာ အကိုင်းများမှ တစ်ဆင့်ဖြတ်သွားသည့် တိုင်အောင် သူ့ကို ခုန်အုပ်ရန် အသင့်စောင့်နေသော သားရဲများနှင့်ပင် ထပ်မံကာကြုံရလေသည်။

သူသည် မည်သည့်လမ်းမှသွားသည်ဖြစ်စေ သူ့ကို တားဆီးရန် ကြိုးစားနေသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားတစ်ခု၏ သက်ရောက်ခြင်းကို ခံနေရသည်ဟု ခံစားရလေသည်။

သို့သော် သူသည် ရှေးဟောင်းအမွေအနှစ်ကို ဤသို့ဖြင့်လက်လျော့လိုက်ရန် မလိုလားခဲ့ပေ။ ယခုလိုအခွင့်အရေးမျိုးသည် နောက်ထပ်ရနိုင်ရန် လွယ်ကူမည်မဟုတ်ပေ။

...................................................

[ရွေးချယ်မှု တစ်: အရေးပေါ်အကူအညီ လိုအပ်နေသောသူကို သနားကြင်နာပါ။ သူမကို ဖြေဆေးပေးပြီး ကုသပေးလိုက်ပါ။

ဆုလာဘ်: မင်္ဂလာနှောင်ကြိုး (ထူးခြားအဆင့်)]

[ရွေးချယ်မှု နှစ်: အမျိုးသမီးသည် သင့်ကို ဦးစွာ တိုက်ခိုက်ခဲ့သည်။ အောင်နိုင်သူသူရဲကောင်းတစ်ဦးသည် သူ၏ရန်သူများကို ဘယ်တော့မှ အလွတ်မပေးသင့်ပါ။ ထို့ကြောင့် သူမကို သတ်ပစ်ပါ။

ဆုလာဘ်: တာအိုဝတ်ရုံ (အဆင့်မြင့်)]

[ရွေးချယ်မှု သုံး: အမျိုးသမီးသည် ထူးဆန်းသော အဆိပ်တစ်ခုကြောင့် ထိခိုက်နေရသည်။ သို့သော် သူမသည် သင့်ကိုလည်း တိုက်ခိုက်ခဲ့သောကြောင့် သူမကို မကုသပေးလိုပေ။ သူမနှင့် အလဲအလှယ်တစ်ခုပြုလုပ်ပါ ။ သူမရရှိထားသော အမွေအနှစ်နှင့် ဖြေဆေးကိုလဲလှယ်ပါ။

ဆုလာဘ်: အမည်မသိ သူရဲကောင်းတစ်ဦး၏ မျိုးဆက်သွေး (အမည်မသိအဆင့်)]

[ရွေးချယ်မှု လေး : အမျိုးသမီးသည် လှပသည်ဟု သင်ထင်ပြီး သူမ၏အဆိပ်ကို မကုသပေးလိုပေ။ သူမကိုယ်သူမ မထိန်းချုပ်နိုင်သည်အထိ အဆိပ်ကိုပျံ့နှံ့ပါစေ။ ထို့နောက် သင်၏ခန္ဓာကိုယ်ဖြင့် သူမကို ကုသပေးလိုက်ပါ။

ဆုလာဘ်: ကျင့်ကြံခြင်းနယ်ပယ် +၁]

မိန်းမပျိုလေးသည် သူမ၏မျက်နှာတစ်ခုလုံး နီရဲလာသော်လည်း သူမ၏ကိုယ်တွင်း ဆန္ဒများကိုများကို ဖိနှိပ်ထားရန် အပြင်းအထန်ခုခံနေလျက်ရှိသည်။

ဤထူးဆန်းပြီး မသက်မသာနိုင်လွန်းသော ခံစားချက်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားလျက်ရှိပြီး သူမ၏ ခြေထောက်နှစ်ချောင်း ကြားတွင်လည်း ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေရလေသည်။

သူမသည် သူမ၏ခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ရှင်းပြမရသည့် ဆန္ဒများကို တိုက်ထုတ်ရန် ကြိုးစားခဲ့သော်လည်း အားကောင်းသော လှုံ့ဆော်မှုတစ်ခုသည် သူမကိုတဖြည်းဖြည်းပို၍ လွှမ်းမိုးလာနေခဲ့သည်။

သူမသည် သူမ၏ အသိစိတ်ကို စတင်ဆုံးရှုံးနေရပြီဖြစ်သည်။ သူမ၏စိတ်ထဲတွင် မှန်သည် မှားသည်ဟူ၍ ဆင်ခြင်သုံးသပ်နိုင်စွမ်းများမရှိတော့ပါ။ ဤအချိန်တွင် ကောင်းသည် ဆိုးသည် ဟုလည်းမရှိတော့ပါ။ ယခုအချိန် သူမလိုချင်နေသော အရာမှာ ယခင်ကတစ်ကြိမ်တစ်ခါမျှ မခံစားဖူးခဲ့သော သူမ၏ဆန္ဒများကို ဖြည့်ဆည်းပေးရန်သာဖြစ်သည်။

သာယာမှုနှင့်စိတ်ရှုပ်ထွေးမှုများရောထွေးသွားပြီးနောက် သူမရှေ့ရှိ အာရန်ကို ရမက်ခိုးများဝေနေသည့် မျက်လုံးများဖြင့်စိုက်ကြည့်နေမိသည်။

သူမသည် သူမ၏သွားများကို တင်းတင်းစေ့ကာအံကြိတ်ထားသော်လည်း အမှန်တကယ် ခုခံနိုင်စွမ်းမရှိတော့မရှိတော့ပါ။ သူမ၏ လက်များသည် သူ့အလိုလို ဆန့်တန်းသွားပြီး အာရန်၏ခါးကို ဖက်ထားလိုက်လေသည်။

အာရန်သည် ရွေးချယ်စရာလေးခုကို ကြည့်ရင်း အတွေးထဲတွင် နစ်မြောနေဆဲပင်ဖြစ်သည်။

ပထမရွေးချယ်မှုသည် သူအစဦးကတည်းက ပြုလုပ်ရန်စီစဉ်ထားသော အရာဖြစ်သည်။ သို့သော် အခြားရွေးချယ်မှုများသည် အလွန်အကျိုးအမြတ် များသောကြောင့် သူသည်မည်သည့်အရာကိုရွေးရမည်မှန်း သေချာမနေတော့ပေ။

ပထမရွေးချယ်မှု၏ ဆုလာဘ်ဖြစ်သော မင်္ဂလာနှောင်ကြိုးက ဘာလုပ်သည့် အရာဖြစ်သည်ကိုပင် သူ မသိနိုင်ပေ။ သို့သော် ၎င်းသည် ထူးခြားအဆင့် ဆုလာဘ်တစ်ခု ဖြစ်နေသောကြောင့် အရေးမပါသော အရာတစ်ခုတော့ မဖြစ်နိုင်ပေ။

သို့သော် အာရန်၏အာရုံသည် တတိယရွေးချယ်မှုဆီသို့ ပို၍ ဆွဲဆောင် ခံလိုက်ရလေသည်။ ဆုလာဘ်သည် အမည်မသိ သူရဲကောင်းတစ်ဦး၏ မျိုးဆက်သွေး ဖြစ်လေသည်။

မည်သည့်သူရဲကောင်း၏ မျိုးဆက်သွေး ဖြစ်သည်ကို သူ မသိနိုင်သည့်အပြင် ဆုလာဘ်၏ အဆင့်ကိုပင် သိရှိခွင့်မရချေ။

သူသည် နောက်ဆုံးအကြိမ် အမည်မသိအဆင့်ကို ဆုလာဘ်အဖြစ်စဉ်တုံးက ၎င်းသည် အမည်မသိရသောထူးဆန်းသည့်ဖြစ်တည်မှုဖြစ်သောပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။

ဤကမ္ဘာတွင် နယ်မြေကြီးလေးခုရှိသည်။ နယ်မြေတစ်ခုစီမှ လူများသည် ၎င်းတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများ ရှိကြသည်။ လူတစ်ဦးသည် ထိုကိုယ်ပိုင်ဝိသေသလက္ခဏာလေးခုအနက်မှ တစ်ခုကိုသာ ပိုင်ဆိုင်နိုင်ခွင့် ရှိကြလေသည်။

အကယ်၍ လူတစ်ဦးသည် မိမိ၏ဝိညာဉ်ထဲသို့ ဝိညာဉ်မျိုးစေ့တစ်စေ့ ကိုစိုက်ထူနိုင်ခဲ့ပါက ၎င်းသည် အရှေ့ပိုင်းနယ်မြေတွင် ကျင့်ကြံသူတစ်ဦး ဖြစ်လာနိုင်လေသည်။

ထို့နောက် သူရဲကောင်းတစ်ဦး၏ စွမ်းအားများကို နိုးကြားစေနိုင်သော သူသည်လည်း ၎င်း၏ မျိုးဆက်သွေးကို ပိုင်ဆိုင်နိုင်ကြလေသည်။ ၎င်းသည် တောင်ပိုင်းနယ်မြေမှ လူများ ပိုင်ဆိုင်ထားသောအရာလည်းဖြစ်သည်။

ထိုနည်းတူ သေဆုံးပြီးသူများနှင့် ဆက်သွယ်မှုများပြုလုပ်နိုင်ခြင်းသည်လည်း မြောက်ပိုင်းနယ်မြေမှ လူများ ပိုင်ဆိုင်ထားသောအရာဖြစ်လေသည်။

အနောက်ပိုင်းနယ်မြေမှာသူများသည်လည်း သူတို့၏ နတ်ဘုရားမအပေါ် အကြွင်းမရှိယုံကြည်ကြသောစိတ်များကို ပိုင်ဆိုင်ထားကြလေသည်။

လူတစ်ဦးသည် ဤအရာများထဲမှတစ်ခုစီနှင့်အတူ မွေးဖွားလာပါက နောက်ပိုင်းတွင် ၎င်းတို့ကို ပြောင်းလဲပစ်၍ မရနိုင်ပေ။ ၎င်းသည် လူတစ်ဦး၏ မွေးရာပါ ကံကြမ္မာပင်ဖြစ်သည်။

အာရန်သည် ဓားဧကရာဇ်၏ အော်ရာ ကို အသုံးပြုနိုင်သောကြောင့် သူ့တွင် ဝိညာဉ်မျိုးစေ့တစ်ခုရှိကြောင်း သေချာသိနေခဲ့သည်။ မဟုတ်ပါက သူသည် မိစ္ဆဂိုဏ်းအတွင်းသို့ အကြီးအကဲအဖြစ်ခေါ်ဆောင်ခြင်းခံရမည်မဟုတ်ပေ။

၎င်းက သူသည် သူရဲကောင်းအကယ်ဒမီ၏ သူလျှိုဖြစ်နေလျှင်ပင် မျိုးဆက်သွေး မရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။

သူ့တွင်ရှိသော စနစ်သည် ကွဲပြားခြားနားလေသည်။ ၎င်းသည် စနစ်မှပေးသော ဆုလာဘ်ဖြစ်နေပါက သူသည် ဝိသေသလက္ခဏာနှစ်ခုထက်ပို၍ ရရှိနိုင်သည်ဟုဆိုလိုသည်မဟုတ်ပါလား။

ဤနည်းဖြင့် သူသည် သူ့ကိုယ်သူ ပို၍ကောင်းစွာ ခုခံကာကွယ်နိုင်မည်ဖြစ်သည်။ သူသည် တောင်ပိုင်းနယ်မြေတွင် သူရဲကောင်းတစ်ဦးအဖြစ် ဟန်ဆောင်နေနိုင်ပြီး အရှေ့ပိုင်းတွင်မူ ကျင့်ကြံသူတစ်ဦးအဖြစ် ဟန်ဆောင်နေနိုင်မည်လည်းဖြစ်သည်။

ဤအမည်မသိရသော မျိုးဆက်သွေးသည် အားအနည်းဆုံးနှင့် အရေးမပါဆုံးဖြစ်လျှင်ပင် ယခုသွားမည့်ခရီးစဉ်တွင် သူ၏ အထောက်အထားများကို ဖုံးကွယ်ရန်အတွက် အလွန်အသုံးဝင်နေဦးမည် ဖြစ်လေသည်။

သူ၏မျက်လုံးများသည် ဤမျိုးဆက်သွေးဆုလာဘ်ကြောင့် တတိယရွေးချယ်မှုအပေါ် အာရုံပိုမိုစူးစိုက်နေမိခဲ့သည်။ သူသည် အခြားမည်သည့်အရာကိုမျှ စိတ်မဝင်စားတော့ပေ။

ဆီလက်စ်ကလေးရှိနေသော ဤနေရာတွင် မိန်းမပျိုတစ်ဦးနှင့် အိပ်စက်ခြင်းက ဘာအဓိပ္ပာယ်ရှိမည်နည်း။ ထိုမိန်းမပျိုကို သတ်ပစ်ခြင်းကကော ဘာအဓိပ္ပာယ်ရှိသနည်း။ သူမကို ဖြေဆေးအား အလကားပေးလိုက်ခြင်းကကော ဘာအဓိပ္ပာယ်ရှိသနည်း။

သူ၏ ဆုလာဘ်အတွက် သူသည် ထိုဆုံးဖြတ်ချက်ကိုသာ ပိုမို ခိုင်မာသွား လေတော့သည်။

သူသည် စနစ်ကို တတိယရွေးချယ်မှုကို ရွေးချယ်မည်ဟု ပြောလိုက်သည်။

[သင်သည် တတိယရွေးချယ်မှုကို ရွေးချယ်ပြီးပါပြီ]

[ဆုလာဘ်ကို ရရှိရန် ဖောင်ကို ဖြည့်စွက်နေပါသည်]

အာရန်သည် ထိုတတိယရွေးချယ်မှုကို ရွေးချယ်ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ လက်ကောက်ဝတ်ပတ်လည်တွင် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။

ထိုစဉ် သူ၏ ဘောင်းဘီကိုတစ်စုံတစ်ယောက်က ဆွဲချရန် ကြိုးစားနေသည်ကိုသတိထားမိလိုက်သည်။

"ဘာလဲဟ..."

အာရန်သည် သူနှင့် အလွန်နီးကပ်သောနေရာတွင် ဒူးထောက်ကာ သူ့ရှေ့တွင် တစ်စုံတစ်ခုကိုပြုလုပ်ရန်ကြံနေသော မိန်းမပျိုလေး၏မျက်နှာကို သတိထားမိလိုက်သဖြင့် အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

သူသည် အမျိုးသမီးကို သူမ၏ပုခုံးကိုကိုင်၍ နောက်သို့တွန်းထုတ်လိုက်ရလေသည်။ ထိုစဉ်

[သတ်မှတ်ချိန် ငါးမိနစ် ကုန်ဆုံးသွားပါပြီ]

[ခွန်အားမြင့်လည်ဆွဲသည် အလုပ်လုပ်ခြင်းကို ရပ်တန့်သွားပါပြီ]

[ထပ်မံအသုံးပြုရန် ကျန်ရှိမှု : နှစ်ကြိမ်]

"အခုအချိန်မှလားဟ"

အာရန်သည် ထိုအကြောင်းကြားချက်ကို မြင်လိုက်လေသည်။

အာရန်သည် မည်သို့မျှမတုံ့ပြန်နိုင်မီ မိန်းမပျိုက သူနှင့်ပို၍ နီးကပ်လာကာ သူ့နှုတ်ခမ်းပေါ်သို့ သူမ၏နှုတ်ခမ်းများဖြင့် ဖိကပ်ကာ အာရန်အား တွန်းလှဲလိုက်လေသည်။

"အွန့်…"

အာရန်သည် ထိုမိန်းမပျိုကို နောက်သို့တွန်းခွာရန် ကြိုးစားလိုက်သော်လည်း ခွန်အားမြင့်လည်ဆွဲ၏ အကူအညီမပါဘဲနှင့် သူ၏ အင်အားသည် သူ့နှုတ်ခမ်းများကို ရူးသွပ်စွာငုံခဲနေသော ထိုမိန်းမပျို၏ခွန်အားကို မည်သို့ယှဉ်နိုင်မည်နည်း။

'ဟေ့ မင်းရူးသွားပြီလား ငါ့ကိုယ်က ဖယ်….'

အာရန်သည် အကြောင်းအရာအရာများစွာကို ရှင်းပြချင်နေသော်လည်း မိန်းမပျိုက သူ၏ ပါးစပ်ကို သူမနှုတ်ခမ်းများဖြင့်တဖန်ပိတ်ပစ်လိုက်လေသည်။ သူမသည် သူမကိုယ်သူမ ထိမ်းချုပ်မှုမှ လုံးဝလွတ်ထွက်သွားပြီဖြစ်၍ သူမ၏ နှုတ်ခမ်းများဖြင့် အာရန်၏ နှုတ်ခမ်းများအား လောဘကြီးစွာ စတင် စုပ်ယူနမ်းရှိုက် လိုက်လေသည်။

#Catfoot

All Chapters