ပဉ္စမမြောက် အရှင်သခင်
Vol. 5 Ch. 49
အာရန်သည် သူတတ်နိုင်သမျှ ကြိုးစား၍ သူ၏လက်ကို ဆန့်ထုတ်ကာ အကူအညီတစ်စုံတရာ ရလိုရငြားရှာဖွေကြည့်လိုက်သည်။
သူ၏လက်များသည် မကြာမီ ကျောက်တုံးတစ်တုံးကို ဆုပ်ကိုင်မိလိုက်သည်။ သူ၏ခွန်အား အားလုံးကိုအသုံးပြုကာ သူသည် ကျောက်တုံးကို ဝှေ့ယမ်း၍ မိန်းမပျို ၏ ဦးခေါင်းကို ထိမှန်စေလိုက်သည်။
သူမ၏ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုမျိုးဖြင့် ထိုရိုက်ချက်သည် သူမကို ထိခိုက်စေရန် မလုံလောက်ကြောင်း သူသိသည်။ သို့သော် သူမကို ခဏတာ သတိပြန်လည်လာစေရန်မူ လုံလောက်စေရန်မျှော်လင့်ခဲ့သည်။
အာရန်မျှော်လင့်ထားသည့် အတိုင်းပင် ထိုနာကျင်မှုက မိန်းမပျိုအား သတိပြန်လည်လာစေခဲ့သည်။ သူမသည် ဤလူစိမ်း ၏အပေါ်တွင် အုပ်မိုးထားကာ သူ၏ နှုတ်ခမ်းများကို ကိုက်နမ်းနေမိသည်ကို သတိထားမိလိုက်လေသည်။
သူမသည်အလွန်ရှက်ရွံ့သွားပြီး အံ့အားသင့်သွားကာ အာရန်၏ အပေါ်မှ အလျင်အမြန် ဆင်းလိုက်လေသည်။
"မင်းမိနေတဲ့အဆိပ်ကို ကုသချင်ရင် ကျုပ်ကူညီပေးနိုင်တယ် ဒါပေမဲ့ မင်းငါ့ကို နောက်တစ်ကြိမ် ထပ်အသားယူဖို့ ထပ်ကြိုးစားရင်တော့ မင်းကို ငါသတ်ရလိမ့်မယ်"
အာရန်သည် သူ၏အဝတ်အစားများကို ပြန်လည်ပြုပြင်လိုက်ကာ မတ်တပ်ပြန်ရပ်လိုက်ပြီး ဤမိန်းမပျိုလေး၏ ကိုက်ခဲခဲ့မှုကြောင့် သူ၏နှုတ်ခမ်းများတွင် သွေးများ ယိုစီးနေဆဲပင်ဖြစ်သည်။
"ကျေးဇူးပြုပြီးကျွန်မကို ကူညီပါ... ကျေးဇူးပြုပြီး.."
မိန်းမပျိုလေးသည် သူမ၏ တောင်းပန်နေဟန်မျက်လုံးကလေးများဖြင့် အာရန်ကို ကြည့်ရင်း ပြန်ပြောလိုက်သည်။
သူမသည် ထိုအရာကို ပြုလုပ်လိုခဲ့ခြင်း မရှိချေ။ သို့သော် သူမသည် သူမ၏ စိတ်ကို ကြာရှည်စွာ ထိန်းထားနိုင်မည်မဟုတ်ကြောင်း သိနေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမ၏ အပျိုစင်ဘ၀ကို ဆုံးရှုံးလိုက်ရခြင်းထက် သေဆုံးသွားခြင်းကသာ ပို၍ ကောင်းလေသည်။
သူမသည် နာကျင်မှုကို အသုံးပြု၍ သူမ၏စိတ်ကို ပို၍ကြာရှည်စွာ ထိန်းထားရန် သူမ၏ နှုတ်ခမ်းများကိုပြန်လည် ကိုက်ခဲ့သော်လည်း သူမ၏စိတ်ထဲရှိ ထူးဆန်းသော ခံစားချက်သည် ပို၍သာ အားကောင်းလာခဲ့သည်။
"မင်းငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ် ပြီးတော့ အခု မင်းကငါ့ရဲ့အကူအညီကို ပြန်တောင်းနေတာလား"
အာရန်က မေးလိုက်သည်။
"ငါမင်းကို ကူညီခဲ့ရင်တောင် အလကားတော့ရတော့မှာ မဟုတ်ဘူး"
"မင်းခုရထားတဲ့ အမွေအနှစ်ကို ငါ့ကိုပေးရမယ် ဒါဆိုငါမင်းကို ဖြေဆေးပေးမယ်"
"ရှင်..."
မိန်းမပျိုသည် အာရန်ကို ကြည့်လိုက်ပြီး မည်သို့တုံ့ပြန်ရမည်ကိုပင် မသိတော့ပေ။ ဤသူစိမ်ပုဂ္ဂိုလ်သည် သူမ ထိုအမွေအနှစ်ကို ရရှိထားကြောင်းပင် သိနေခဲ့သည်လား။
သူမသည် ထိုအမွေအနှစ်ကို ကာကွယ်လိုခဲ့သည်။ သူမသည် ထိုအရာအတွက် အန္တရာယ်များစွာကို ရင်ဆိုင်ခဲ့ရသည်။ ထိုအကြောင်းကြောင့် သူမသည် အဆိပ်နဂါးကို အပြင်းအထန်တိုက်ခိုက်ခဲ့ရပြီး ယခု ထိုလူက ၎င်းကို လိုချင်နေသည်တဲ့လား။
"ရွေးချယ်မှုက မင်းအပေါ်မှာပဲ မူတည်တယ် မင်းရဲ့စိတ်ကို အဆုံးရှုံးခံပြီး ငါ့လက်ထဲမှာပဲ အသေခံမလား ဒါမှမဟုတ် အကူအညီ နဲ့ထိုက်တန်တဲ့ အရာတစ်ခုကို ငါ့ကိုပြန်ပေးပြီးအကယ်ဆယ်ခံမလား"
အာရန်သည် အပြင်ပိုင်းတွင်အလျင်စလိုဖြစ်နေပုံ မပေါ်သော်လည်း အမှန်တကယ်တွင် သူသည် အချိန်ကုန်သွားမည်ကို အလွန်စိုးရိမ်နေခဲ့လေသည်။
အမှန်တကယ် သူမသာ သူမ၏စိတ်ကို ထပ်မံမထိမ်းချုပ်နိုင်တော့ပါက သူမကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် အာရန်သည် သူ၏လက်ထဲရှိ ကျောက်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားနေခဲ့သည်။ ၎င်းက သူမကို နောက်တစ်ကြိမ် တားဆီးနိုင်မည်လားဟု သူမသေခြနေခဲ့သော်လည်း မည်သို့ပင်ဖြစ်စေ သူသည် ခွန်အားမြင့်လည်ဆွဲ အသုံးပြုခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားလိုနေခဲ့သည်။
ဤကဲ့သို့ အရေးကြီးသောအချိန်အခါများတွင် စက္ကန့်များသည် ထာဝရကြာညောင်း နေကဲ့သို့ ခံစားနေရသည်။ သို့သော် ကံကောင်းစွာဖြင့် အမျိုးသမီးသည် ဆုံးဖြတ်ချက်ချရန် အချိန်များစွာ မယူခဲ့ပေ။
သူမ၏ ကာမစိတ်ရိုင်းများကို လွှတ်ပေးလိုက်ရခြင်းထက် သေဆုံးခြင်းက သာ၍ ကောင်းလေသည်။ ထို့အတူ သေဆုံးခြင်းထက် ထိုအမွေအနှစ်ကို စွန့်လွှတ်လိုက်ရခြင်းကလည်း သာ၍ကောင်းမွန်လေသည်။
ရွေးချယ်မှုက သူမအတွက်ရိုးရှင်းနေခဲ့သည်။
သူမသည် သူမ၏လက်ချောင်းအတွင်းမှ လက်စွပ်ကို ချွတ်ကာ အာရန်ဆီသို့ ပစ်ပေးခဲ့သည်။
အာရန်သည် မည်သည့်အမွေအနှစ်အမျိုးအစားဖြစ်ကြောင်းကို သိရှိပြီးဖြစ်သည်။ သူသည် လက်စွပ်ကို ဆုပ်ကိုင်ကာ သူ၏လက်ချောင်းထိပ်တွင်စွတ်လိုက်သည်။
၎င်းသည် သခင်တစ်ဦးကို ရွေးချယ်ပြီးပါက နောက်လူက ခိုးယူ၍မရသော အမွေအနှစ်တစ်ခုဖြစ်သည်။
သူသာ သူမကို သတ်နိုင်ခဲ့လျှင်ပင် ၎င်းအမွေအနှစ်ကို ရယူနိုင်မည်မဟုတ်ပေ။ သို့သော် ပိုင်ရှင်ကိုယ်တိုင်က အမွေအနှစ်ကို စွန့်လွှတ်လိုက်သောအခါမူ ကွဲပြားသောကိစ္စတစ်ခုဖြစ်လေသည်။
အာရန်သည် သူ၏စနစ်သိုလှောင်ခန်းအတွင်းမှ ဖြေဆေးကို ထုတ်ယူကာ မိန်မးမပျိုဆီသို့ ပစ်ပေးလိုက်သည်။
အမျိုးသမီးသည် ဖြေဆေးပုလင်းကို ဖမ်းယူလိုက်သည်။ သူမသည် ၎င်းကို အလျင်အမြန်ဖွင့်ကာ သောက်ချလိုက်လေသည်။
[သင်သည် ရွေးချယ်မှုကို ပြီးမြောက်ပါပြီ]
[သင်သည် အမည်မသိသော မျိုးဆက်သွေးတစ်ခုကို လက်ခံရရှိပါသည်]
[ရွေးချယ်ထားသော မျိုးဆက်သွေး : ဝါးမြိုသူ]
[မျိုးဆက်သွေး၏ အကျိုးသက်ရောက်မှုများ : အခြေအနေနှင့်အချိန်အခါ ကိုက်ညီမှုရှိသောအခါ အခြားသူများ၏ မျိုးဆက်သွေးများကို ခိုးယူနိုင်သည်]
' ဝါးမြိုသူ '
မျိုးဆက်သွေး ကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် သတင်းအချက်အလက် များစွာသည် အာရန်၏ အာရုံအတွင်းသို့ဝင်ရောက် လာလေသည်။ နောက်ဆုံးတွင် သူသည် မည်သူ၏ မျိုးဆက်သွေး ကို ရရှိခဲ့သည်ကို သိနိုင်ခဲ့လေသည်။
သတင်းအချက်အလက်ကို မြင်သောအခါ အာရန် ၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေခဲ့သည်။
ဝါးမြိုသူကို သူဖတ်ခဲ့သော ဝတ္ထုတွင် အကျဉ်းချုပ်ဖော်ပြခဲ့သည်။ ဤတိုက်ကြီး၏ အရှင်သခင်လေးဦးအကြောင်း ပြောဆိုသောအခါ မကြာခဏ အမေ့လျော့ခံရသော နာမည်တစ်ခုရှိလေသည်။
တိုက်ကြီးလေးခုတွင် အရှင်သခင်လေးဦးစီ ရှိကြသည်။ သို့သော် လွန်ခဲ့သောအချိန်အတိုင်းအတာတစ်ခုတုံးက အရှင်သခင်လေးဦးနှင့် နှိုင်းယှဉ်နိုင်သော သူတစ်ဦး ရှိခဲဘူးသည်ဟု ဆိုကြသည်။
ထိုပဉ္စမမြောက်အရှင်သခင်ဆို သူသည် ဝါးမြိုသူဟုခေါ်သော သူရဲကောင်းတစ်ဦးမှလွဲ၍ အခြားသူမဟုတ်ပေ။
သူ၏စွမ်းအားများကြောင့် သူ့ကို သူရဲကောင်းတစ်ဦးထက် နတ်ဆိုးတစ်ဦးအနေ ဖြင့်သာ လူသိများခဲ့လေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုသူ၏ခွန်အားသည် ဤကမ္ဘာအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်အထိ ဆက်လက်တိုးတက်လာခဲ့သည်။
ထို့နောက် အရှင်သခင်လေးဦးစလုံး အတူတကွစုစည်းခဲ့ကြပြီး ၎င်းသည် တိုက်ကြီးတစ်ခုစီမှ အရှင်သခင်လေးဦး အတူတကွ လုပ်ဆောင်ခဲ့သော တစ်ခုတည်းသော အချိန်လည်းဖြစ်ခဲ့လေသည်။
အရှင်သခင်လေးဦး စုပေါင်း၍ ထိုနတ်ဆိုးဝါးမြိုသူကို သုတ်သင်နိုင်ခဲ့ပြီး ထိုသူ ၏ မျိုးဆက်သွေးသည်လည်း အဆုံးသတ်ခဲ့ရလေသည်။ ဤမျိုးဆက်သွေး ၏ ကျိန်စာသင့်သောအစွမ်းများကို နောက်ထပ်မျိုးဆက်များတွင်မည်သူမျှပြန်လည် မနိုးထလာနိုင်စေရန် သေချာစေဖို့အတွက် ထိုနတ်ဆိုးဝါးမြိုသူ ၏ ဆွေစဉ်မျိုးဆက် တစ်ဆက်မကျန် အသုတ်သင်ခံခဲ့ရလေသည်။
၎င်းမျိုးဆက်သွေး သည် အရှင်သခင်လေးဦးကိုပင် ခြိမ်းခြောက်နိုင်ခဲ့သော မျိုးဆက်သွေး တစ်ခုလည်းဖြစ်လေသည်။ ထို့ကြောင့် ၎င်းကို အရှင်သခင်အဆင့် မျိုးဆက်သွေးဟု ခေါ်ဆိုခြင်းသည် မမှားယွင်းပေ။
အာရန်သည် ထိုကဲ့သို့ အားကောင်းသော မျိုးဆက်သွေးမျိုးကိုဆက်ခံရရှိ ခဲ့သည့်အတွက် အလွန်ပျော်ရွှင်ခဲ့မိသော်လည်း တစ်ချိန်တည်းတွင် မည်သူ့ကိုမျှ ဤအကြောင်းကိုထုတ်ဖော်သိစေ၍ မရကြောင်းကိုလည်းသိလိုက်ရသည်။
ဤ မျိုးဆက်သွေးသည် အလွန်အားကောင်းလွန်းသော်လည်း လူတိုင်း မုန်းတီးခံရသော မျိုးဆက်သွေးတစ်ခုဖြစ်သည်။ အကယ်၍ သူ၏ မျိုးဆက်သွေး အကြောင်းကိုသာ တစ်စုံတစ်ယောက်က သိရှိသွားပါက အရင်နတ်ဆိုးဝါးမြိုသူကို သုတ်သင်ခဲ့သည့်အချိန်ကထက် ယခုအချိန်တွင်ပို၍အားကောင်းလာပြီဖြစ်သော အရှင်သခင်လေးဦး စလုံး၏ နောက်တစ်ကြိမ် လိုက်လံဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရမည့် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာပေလိမ့်မည်။
အခြားမျိုးဆက်သွေး များကို ခိုးယူနိုင်သည်ဟူသောအချက်မှလွဲ၍ ဤမျိုးဆက်သွေး အကြောင်း သတင်းအချက်အလက်များစွာလည်း ဖော်ပြမထားပေ။
ဖော်ပြချက်တွင် အချို့သော အခြေအနေနှင့် ကိုက်ညီသောအခါမှသာ ၎င်းတို့ကို ခိုးယူနိုင်ကြောင်းလည်း ဖော်ပြထားသည်။ သို့သော် မည်သည့်အခြေအနေများ တွင်ခိုးယူနိုင်မည်နည်။ ဤသည်ကိုပင် သူမသိပေ။
'ဝါးမြိုသူအကြောင်းကို အနာဂတ်မှာ ပိုပြီးတော့ရှာဖွေထားဖို့ လိုအပ်ပုံရတယ်'
သူသည် ဤသွေးမျိုးဆက်အကြောင်း တွေးတောခြင်းကို ရပ်တန့်ကာ မိန်းမပျို မည်သို့ဖြစ်နေသည်ကို ကြည့်ရှုရန် လှည့်လိုက်သည်။
သူမသည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး သူမ၏မျက်နှာသည် နီမြန်းနေဆဲဖြစ်သော်လည်း သူမ၏အသက်ရှူသံများက သူမပိုမိုကောင်းမွန် လာပြီဖြစ်ကြောင်းဖော်ပြနေလေသည်။ ဖြေဆေးသည် တဖြည်းဖြည်းချင်း ပင် ကုသပေးလျက်ရှိသည်။
အာရန် သည် သက်ပြင်းချလိုက်သည်။ သူမက သူ့ကို ခုန်အုပ်မည် မဟုတ်သေးသရွေ့ သူ၏ လည်ဆွဲများ အသုံးပြုမှုကိုလည်း ချွေတာနိုင်မည်ဖြစ်သည်။
သူသည် ဆီလက်စ်ကလေး နေထိုင်သော သူ၏အိတ်ကပ်ကို ငုံ့ကြည့် လိုက်သောအခါ သူမက သူ့ကို အပြစ်ကင်းသော မျက်နှာလေးနှင့် ပြန်၍ကြည့်နေလေသည်။
"ကလေးတွေက ဒီလိုအရာတွေကို မမြင်သင့်ဘူး မင်းစောစောကမြင်ခဲ့တာတွေကို မေ့ပစ်လိုက်နော် ကြားလား"
သူသည် ဆီလက်စ်၏ဦးခေါင်းလေးကို ပုတ်ပေးလိုက်သောအခါ သူမကပြန်လည်၍ ပြုံးပြလိုက်သည်။
သုံးနာရီခန့်ကြာပြီးနောက် နောက်ဆုံးတွင် မိန်းမပျိုသည် သူမ၏မျက်လုံးများကို ပြန်လည် ဖွင့်လာလေသည်။
သူမ၏မျက်နှာသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း သူမလုပ်ခဲ့သော အရာအားလုံးကို ပြန်လည်မှတ်မိနေသောကြောင့် သူမသည်အလွန် ရှက်ရွံ့နေဆဲဖြစ်သည်။
အာရန်သာ သူမထက် ပို၍အားမကောင်းနေခဲ့လျှင် သူမသည် ဤရှက်စရာဖြစ်ရပ်အား လျှို့ဝှက်ထားရန် သူ့ကို သတ်ခဲ့လိမ့်မည်ဖြစ်သည်။
သူမသည် စောစောက မြင်ခဲ့သော အာရန်၏ ခွန်အားသည် ယာယီသာဖြစ်ကြောင်း မသိထားခဲ့ပေ။
"မင်းသက်သာသွားပြီလား"
သူမသည် မီးဖိုဘေးတွင်ထိုင်နေသော အာရန်ကို အဝေးမှလှမ်း မြင်လိုက်ရသည်။
"ရှင် အဆိပ်နဂါးကို ချက်ပြုတ်နေတာလား" သူမက မေးလိုက်သည်။
#Catfoot