← Chapters

အမျိုးသမီးတစ်ဦး၏ ကိုယ်သင်းနံ့

Vol. 5 Ch. 50

အမျိုးသမီးတစ်ဦး၏ ကိုယ်သင်းနံ့

Vol. 5 Ch. 50

"ရှင် အဆိပ်နဂါးကို ချက်ပြုတ်နေတာလား"

"မင်းက ငါ့ကို ရူးနေတဲ့သူတစ်ယောက်လို့ မြင်နေတာလား။ ငါက အဆိပ်နဂါးကို ဘာလို့စားချင်ရမှာလဲ"

အာရန်သည် အဝေးတွင် အကောင်းအတိုင်းကျန်နေသေးသော အဆိပ်နဂါး၏ အလောင်းကို ညွှန်ပြလိုက်သည်။

"ကျုပ်ယူလာတဲ့အသားကို ကင်နေတာ"

မိန်းမပျိုသည် အာရန်ကို သံသယဖြင့် ကြည့်လိုက်သည်။ သူသည် သူလိုချင်သမျှကို ရရှိပြီးပြီဖြစ်သောကြောင့် အဘယ်ကြောင့် ဤနေရာတွင်ထပ်မံ ရှိနေရ သေးသနည်း။ သူသည် တစ်ခုခုလုပ်ရန် ကြံစည်နေခြင်းလော။

"ငါ မင်းကို သတ်ချင်ရင် မင်းအခုချိန်ထိ အသက်ရှင်နိုင်မယ်လို့ ထင်နေလား"

"ရှင်..."

"တလွဲမတွေးနဲ့ မင်းကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ရင် မကောင်းဘူးလို့ ထင်လို့ ငါဒီမှာခဏစောင့်ပေးနေတာ"

"ရှင် ဘာကိုဆိုလိုတာလဲ"

အာရန်က ထိုသို့ပြောလိုက်သည့်အကြောင်းအရင်းကို သူမ နားမလည်ခဲ့ပေ။ အဆိပ်နဂါးသည် သေဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် သူ့ထက် အန္တရာယ်ပို၍များသူ မည်သူရှိနိုင်ဦးမည်နည်း။

ယင်းအစား ဤသူသာ မရှိပါက သူမသည် ပို၍လုံခြုံသည်ဟု ခံစားရလိမ့်မည်။

"ငါဒီကို ရောက်လာနိုင်ရင် တခြားသူတွေလည်း ရောက်လာနိုင်တယ် ပြီးတော့ သူတို့က ငါ့လောက် သဘောကောင်းမှာ မဟုတ်ဘူး"

"ဒါဆို ရှင်က ကျွန်မကို စောင့်ရှောက်ပေးနေတာလား"

မိန်းမပျိုသည် အာရန် ၏စကားများကို မယုံကြည်ခဲ့ပေ။ သို့သော် တစ်ချိန်တည်းတွင် ဤအရာသည် အဓိပ္ပာယ်ရှိသော အကြောင်းပြချက် တစ်ခုလည်းဖြစ်လေသည်။ မဟုတ်ပါက သူသည် အဘယ်ကြောင့် နောက်တွင် ကျန်နေရစ်ခဲ့မည်နည်း။

သူမသည် သူ့ကို လူဆိုးတစ်ယောက်အဖြစ် တွေးတောနေသော်လည်း သူသည် သူမကို အမှန်တကယ် မည်သည့်အရာမျှမကျူးလွန်ခဲ့ကြောင်း သိသာနေသည်။

သူသည် အဆိပ်နဂါးကိုသတ်ခဲ့သော်လည်း ဤအချက်တစ်ခုနှင့်ပင် သူမ၏ ရန်သူဟုသတ်မှတ်၍ မရနိုင်ချေ။ သူမကသာ သူ့ကိုစတင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး ထိုသို့ပြုမူမိခဲ့သော်လည်း သူက သူမကို မသတ်ခဲ့ပေ။

အမှန်တကယ်တွင် သူသည် သူမကို အကြိမ်ပေါင်းများစွာ သတ်နိုင်ခဲ့သော်လည်း သူသည်ထိုသို့မလုပ်ခဲ့ပါ။ သူမသည် သူမ၏ အသိစိတ်ကို ဆုံးရှုံးသွားသောအချိန်၌ သူသည် သူမ၏ခန္ဓာကိုယ်ကို သူလိုချင်သလို ပြုမူနိုင်ခွင့်ရခဲ့သော်လည်း သူသည် အဆုံးထိ လူကြီးလူကောင်းဆန်စွာပင်ပြန်လည်တုံ့ပြန်ခဲ့သည်။

ထိုအစား ထိုသူသည် သူမကိုပင် ပြန်လည်ကူညီခဲ့သေးသည်။ သူမထံမှ သူ ပြန်လည် ယူသွားသောအရာမှာလည်း အလဲအလှယ်သဘောမျိုးဖြစ်ပြီး အမွေအနှစ်တစ်ခုမျှသာ ဖြစ်သည်။

ဤအလဲအလှယ်ကိစ္စ ပြီးဆုံးပြီးနောက် သူသည် လက်စွပ်ကို ပိုင်ဆိုင်သွားသော အခါတွင်ပင် အမွေအနှစ်ကို ရရှိသွားပြီဖြစ်၍ သူမကို သတ်ပစ်နိုင်လေသည်။ သို့သော် သူသည် ထိုသို့မလုပ်ခဲ့ပေ။

သူမသည် ထိုအကြောင်းကို ပိုမိုတွေးတောမိလေလေ ထိုလူသည် ပို၍ဖြောင့်မတ်သူတစ်ဦးဖြစ်ကြောင်း ပို၍တွေးမိလာလေဖြစ်သည်။

"မင်းက အဆိပ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရတယ်။ မင်းခုသက်သာသွားပေမဲ့ မင်းက အားနည်းနေတုန်းပဲ။ မင်းအတွက် လုံလောက်တဲ့ အစားအစာအချို့ကို ငါချန်ထားပေးခဲ့မယ်။ စားသောက်ပြီးတဲ့အခါ မင်းလိုရာကို ထွက်သွားနိုင်ပါပြီ"

အာရန်သည် မတ်တပ်ရပ်ကာ မိန်းမပျိုအတွက် ပြင်ဆင်ထားသော မီးပုံဘေးရှိ စာသောက်ဖွယ်ရာအချို့ ကိုကမ်းပေးလိုက်သည်။

မိန်းမပျိုသည် အရသာရှိသော အစားအစာများကို ကြည့်ကာ သွားရည်ပင် ထွက်ကျလုနီးပါးဖြစ်သွားလေသည်။

"ရှင်ထွက်သွားတော့မလို့လား"

သူမက အာရန်ထွက်ခွာသွားသည်ကို ကြည့်ရင်း မေးလိုက်သည်။

"မင်းကို ငါက ကလေးတစ်ယောက်လို ထိုင်စောင့်လျှောက်ပေးနေရဦးမှာလား" အာရန်သည် သူ၏လက်ကို ဝှေ့ယမ်းပြကာ ထွက်ခွာသွားခဲ့လေသည်။

သူသည် ထွက်ခွာနေသော်လည်း သူသည် တစ်ခုခုတုံ့ပြန်လာမည်ကို စောင့်ဆိုင်းရင်း ရည်ရွယ်ချက်ရှိရှိ ဖြည်းဖြည်းချင်းသာ လျှောက်ထွက်လာလေသည်။

"ခဏလေး..."

အမျိုးသမီးသည် နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်သည်။ သူမသည် အားနည်းနေသော်လည်း အာရန်ဆီသို့ လျှောက်လာခဲ့သည်။

သူမသည် အာရန်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျွန်မကို ခုလိုကူညီပေးလို့ ကျေးဇူးတင်ပါတယ်။ တစ်ချိန်မှာ ရှင်သာကျွန်မရဲ့ အကူအညီကို လိုအပ်လာခဲ့ရင် ဒီကျေးဇူးကို ကျွန်မသေချာပေါက် ပြန်ဆပ်ပါ့မယ်"

သူမသည် အာရန်အား နွေးထွေးသော အပြုံးနှင့်အတူ လှိုက်လှိုက်လှဲလှဲပင် ကျေးဇူးတင်စကားကို ဆိုခဲ့လေသည်။။ သူမသည် သူမ၏အထင်လွဲမှုအတွက် တကယ်ပင် နောင်တရနေခဲ့သည်။

ထိုလူက သူမကို ကူညီခဲ့ပြီး သူမအတွက်ပင် စားစရာများ ချက်ပြုတ်ပေးခဲ့သည်။ ထိုအရာများအားလုံးလုပ်ပေးပြီးနောက် သူသည် မည်သည့်အရာမျှ မတောင်းဆိုဘဲ ထွက်ခွာသွားခဲ့လေသည်။ သူမ၏အမြင်၌ ဤလူတွင် မည်သည့်ဖုံးကွယ်ထားသော မကောင်းသည့်ရည်ရွယ်ချက် တစ်ခုမျှ ရှာမတွေ့ရပေ။

ဤသူသည် ကောင်းမွန်ဖြောင့်မတ် သူတစ်ဦးဖြစ်လေသည်။ ထို့အပြင် ထိုသူသည် သူမထက် ပိုမိုသန်မာသောကြောင့် သူမကို အနည်းငယ်ပင် ပို၍ စိတ်လှုပ်ရှားအောင် ဆွဲဆောင်နိုင်ခဲ့သည်။

သူ၏ ရုပ်ရည်သွင်ပြင်မှာလည်း ထိုသူသည် သူမ မြင်ဖူးသမျှ ယောင်္ကျားတိုင်းထက် ပို၍ ယောင်္ကျားပီသကာချောမောသူတစ်ဦးလည်း ဖြစ်လေသည်။

"ကျုပ်တို့ ထပ်တွေ့ကြတာပေ့ါ"

အာရန်သည် များစွာ မတုံ့ပြန်ခဲ့ပေ။ သူမကမ်းပေးသော ဝိဉာဏ်ကျောက်တုံးကိုသာ ယူထားလိုက်သည်။ ၎င်းပစ္စည်းကို သူမနှင့် ဆက်သွယ်ရန် အသုံးပြုနိုင်သော်လည်း တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

အာရန်သည် တံခါးကို ဖွင့်၍ ဖြတ်လျှောက်သွားလိုက်ပြီး ဤအထူးသီးသန့်တည်နေရာမှ ထွက်ခွာသွားတော့သည်။

အာရန် သည် သေမင်းတောအုပ်အတွင်းသို့ ပြန်လည်ရောက်လာပြီးနောက် သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးခပ်ရေးရေးတစ်ခုပေါ်လာလေသည်။

သူသည် ဇာတ်လိုက်ကောင် ရဲ့လန် ၏ အကြီးမားဆုံး နောက်ခံဒေါက်တိုင်များထဲမှ တစ်ဦးဖြစ်လာမည့် မိန်းမပျိုအား ၎င်းတို့ စတင်တွေ့ဆုံမည့်အခန်းကို ဝင်ရောက်စွက်ဖက်လိုက်ခြင်းဖြင့် အရာရာပြောင်းလဲစေခဲ့ပြီဖြစ်သည်။

အာရန်သည် မူလဝတ္ထုထဲတွင် ဇာတ်လိုက် ရဲ့လန်ပင် မရရှိခဲ့သော အမွေအနှစ်တစ်ခုကိုလည်း ရရှိခဲ့သေးသည်။ ထို့အပြင် ထိုမိန်းမပျိုလေးသည် သူ့အား ကျေးဇူးကြွေးတစ်ခုလည်း တင်သွားပြီလည်းဖြစ်လေသည်။

ထိုအမျိုးသမီး၏ အမှန်တကယ်မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူမ၏အဖိုးတန်မှုကို အာရန်သာလျှင်သိနေခဲ့ခြင်းဖြစ်သည်။ ထိုမိန်းမပျိုသည် သာမန်ပင်ဖြစ်သော်လည်း အဓိက ထူးခြားသောအရာမှာ သူမ၏ နောက်ခံမိသားစုပင်ဖြစ်သည်။

သူမသည် အရှေ့ပိုင်းတိုက်ကြီးသို့ ရောက်လာသောအခါ သူမ၏ အချက်အလက်များကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သော်လည်း အာရန်သည် ဤဝတ္ထုကို ဖတ်ထားခဲ့သောသူတစ်ဦးဖြစ်လေသည်။

သူမတွေးထင်ထားသည်ထက်ပင် သူမ၏ အကြောင်းကို သူကပို၍သိနေခဲ့လေသည်။

ထိုမိန်းမပျိုသည် သာမန်လူတစ်ဦး မဟုတ်ပါ။ သူမသည် တောင်ပိုင်းတိုက်ကြီးမှ လာသူဖြစ်ပြီး သူမသည် အလွန်သန်မာသူတစ်ဦးဖြစ်သည်။ သူမ၏အလွန်အမင် ကြီးမားသောခွန်အားသည် သူမ ဖခင်၏ မျိုးဆက်သွေးမှတဆင့် အမွေဆက်ခံလာ သောအရာဖြစ်သည်။

သို့သော် အမှန်တကယ် ပိုမိုထူးခြားသောအရာမှာ သူမ မိခင်၏ မျိုးဆက်သွေးဖြစ်ပြီး ၎င်းသည် သူမအတွင်း၌ နိုးထလာမည့်အချိန်ကို စောင့်ဆိုင်းနေဆဲပင်ဖြစ်သည်။

ထိုမိန်းမပျိုသည် အာရန်၏ ပစ်မှတ် မဟုတ်ခဲ့ပါ။ သူ့၏ အဓိက ပစ်မှတ်မှာ သူမ၏ မိခင်ပင်ဖြစ်သည်။ သူမ၏ မိခင်သည် သူရဲကောင်းအကယ်ဒမီ၏ ကျောင်းအုပ်ကြီး ဖြစ်သည့်အပြင် အရှင်သခင်လေးဦးထဲမှ တစ်ဦးလည်းဖြစ်လေသည်။

"ဒါက အကျိုးများခဲ့တဲ့ ခရီးစဉ်တစ်ခုပဲ"

အာရန်သည် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီး သူ၏ဖီးနစ်ငှက်ကို အချက်ပြလိုက်သည်။

ဖီးနစ်ငှက်သည် ကောင်းကင်တွင် ပျော်ရွှင်စွာ အော်ဟစ်ကာ ကြယ်ကြွေကဲ့သို့ အောက်သို့ တစ်ဟုန်ထိုး ထိုးဆင်းလာလေတော့သည်။

သူမ၏ နွေးထွေးသော လေစွမ်းအင်များသည် အာရန်ကို ဝန်းရံထားပြီး သူ့ကို ပိုမြင့်မြင့် ပျံသန်းစေခဲ့သည်။ သူသည် ဖီးနစ်ငှက်၏ နောက်ကျောပေါ်သို့ ပြန်လည် ဆင်းသက်လိုက်သည်။

-------------------------------------------------

သေမင်းတောအုပ် ၏ အခြားတစ်နေရာတွင်မူ ရှုယင်သည် ငိုတော့မည့်ဟန်ဖြစ်နေသည် ရဲ့လန်နှင့် ကစားနေခဲ့လေသည်။

သူမသည် ဖီးနစ်ငှက်၏ အော်သံကို ကြားလိုက်ရသောအခါ အာရန် ကိစ္စပြီးသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့နောက် သူမလည်း ခပ်မြန်မြန် ပျံသန်းပြီး ဖီးနစ်ငှက်၏ နောက်ကျောပေါ်သို့ လိုက်ပါ ဆင်းသက်လိုက်သည်။

"ရှင့်ရဲ့ နှုတ်ခမ်းတွေမှာ... ဘာလို့ သွေးတွေထွက်နေရတာလဲ"

ရှုယင်သည် အာရန်ကို မြင်သောအခါ ချက်ချင်း ထိတ်လန့်သွားသည်။

"ပြီးတော့ နေဦး... ဒါက အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ မဟုတ်လား"

..................................

အထူးသီးသန့်နယ်မြေထဲတွင် မိန်းမပျိုလေးသည် အတွေးများထဲတွင် နစ်မျောလျက်ရှိသည်။

မကြာသေးမီက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် အိပ်မက်တစ်ခုကဲ့သို့ ပင် ခံစားနေရသော်လည်း အဆိပ်နဂါး၏ အလောင်းက ၎င်းသည် အိပ်မက် မဟုတ်ကြောင်း ရှင်းလင်းစေသည်။

"ခဏနေဦး ငါ သူ့နာမည်ကို မေးဖို့တောင် မေ့သွားတယ်"

သူမသည် မကြာခင်တွင် သတိပြန်ဝင်လာသည်။ သူမသည် အာရန်ကို ရှာဖွေရန် ကြိုးစားရင်း အထူးတံခါးပေါက်မှတစ်ဆင့် အလျင်အမြန် ထွက်ခွာသွားတော့သည်။

တစ်ချိန်တည်းတွင် ရဲ့လန်သည် နောက်ဆုံးတွင် ထိုတံခါးပေါက်၏ အဝင်ဝသို့ ရောက်ရှိလာခဲ့လေသည်။

ရှုယင် ထွက်ခွာသွားသောအခါတွင်မှ နောက်ဆုံးတွင်သူသည် ဤနေရာသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်သည်။

သူ့ရှေ့က ပေါ်တယ်တံခါးကို ကြည့်ရင်း ပျော်ရွှင်လွန်းသဖြင့် ငိုချင်စိတ်ပင်ပေါ်လာလေသည်။

"အချိန်တွေအများကြီးပေးလိုက်ရပေမဲ့ နောက်ဆုံးတော့ ငါ ဒီကို ရောက်လာခဲ့ပြီ"

သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သော်လည်း ထိုတံခါးအတွင်းဝင်ရောက်နိုင်ခြင်း မပြုမီပင် အခြားပုံရိပ်တစ်ခုသည် အလျင်အမြန် ထွက်လာခဲ့ပြီး သူ့ကိုတိုက်မိကာ သွေးအန်သွားစေခဲ့သည်။

#Catfoot

All Chapters