← Chapters

အမျိုးသမီးတစ်ဦး၏ ဗီဇဉာဏ်

Vol. 5 Ch. 51

အမျိုးသမီးတစ်ဦး၏ ဗီဇဉာဏ်

Vol. 5 Ch. 51

ရဲ့လန်သည် လမ်းကြောင်းအဆုံးရှိ တံခါး၀သို့ ရောက်သွားသောအခါ လုံးဝ မောပန်းနွမ်းနယ်နေခဲ့သည်။

အခြားတစ်ဖက်တွင် သူသည် အမွေအနှစ်ကို တွေ့ရလိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ သို့သော် သူဝင်ရောက်နိုင်ခြင်း မပြုနိုင်မီပင် အခြားတစ်စုံတစ်ယောက် က အလျင်အမြန်ပင် ပြန်ထွက်လာခဲ့ပြီဖြစ်သည်။

၎င်းတို့၏ ပခုံးချင်းသာ တိုက်မိသွားသော်လည်း ရဲ့လန်နှင့် ထိုသူ၏ အင်အားကွာခြားချက်ကြောင့် ရဲ့လန်သာနောက်သို့ ပြန်ထွက်သွားပြီး သွေးအန်လိုက်ရလေသည်။

သူသည် ကျောဘက်ရှိ သစ်ပင်တစ်ပင်နှင့် တိုက်မိသွားပြီး အရိုးအနည်းငယ် ကျိုးသွားသည်ဟုပင် ခံစားလိုက်ရသည်။

မိန်းမပျိုသည် နာကျင်စွာ ညည်းညူနေသော ရဲ့လန်ကိုတစ်ချက် ကြည့်လိုက်သည်။ သူမသည် သူမထွက်လာသည့် လမ်းတွင် ဤကဲ့သို့လူတစ်ယောက်ကို ဝင်တိုက်မိလိမ့်မည်ဟု လုံး၀မမျှော်လင့်ခဲ့ပေ။

"ရှင် အဆင်ပြေရဲ့လား" သူမသည် အာရန်၏ အရိပ်အယောင်ကို ဆက်လက်ရှာဖွေနေရင်းပင် မေးလိုက်သည်။

ရဲ့လန် သည် မတ်တပ်ပင် မရပ်နိုင်ဘဲ သူ့ခန္ဓာကိုယ်တစ်ခုလုံး အမှိုက်များဖြင့် ပေပွနေသည်။ သူ့ရှေ့မှ မိန်းမပျိုသည် သူ့အဆမတန် ပိုမိုသန်မာကြောင်း သတိထားမိလိုက်လေသည်။

သူသည် မထီမဲ့မြင်ပြုကာ မင်းကောအဆင်ပြေရဲ့လားဟု ပြန်လည်ရွဲ့၍မေးလိုက်ချင်သော်လည်း သူ ထိုသို့မပြောမိခဲ့ပါ။

"ကျွန်တော် အဆင်ပြေပါတယ်ဗျာ"

ယင်းအစား သူသည် မတ်တပ်ရပ်ရန် ကြိုးစားရင်း သူ၏ အဆိုးရွားဆုံး အခြေအနေကို ပြသရန် ကြိုးစားခဲ့သည်။

သူသည် မိန်းမပျိုကို သူ့အချေအနေကို သဘောပေါက်စေချင်ပြီး သူ့ကို ကူညီရန် ကြိုးစားပေးစေချင်သည်။ သူမက သူ့ကို ကုသပေးနိုင်လျှင်ပို၍ အဆင်ပြေသေးသည်။

"ကောင်းပြီ အဆင်ပြေရင်ပြီးတာပဲ"

မိန်းမပျိုသည် ရိုးရိုးသားသားပင် ပြန်ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ စိတ်သည် အာရန်ကြောင့် လုံးဝ ပျံ့လွင့်နေပြီး ရဲ့လန်ကို အာရုံမစိုက်နိုင်ခဲ့ပေ။

ထို့နောက်သူမသည် အာရန်ကို ရှာဖွေရန် အလျင်အမြန်ပင် ထွက်ခွာသွားလေသည်။ သူမသည် နောင်တွင် ကျေးဇူးတင်ကြောင်းပြသနိုင်ရန် အာရန်၏ နာမည်ကို သိထားချင်နေခဲ့သည်။

"ဟမ်... ဟာ "

ရဲ့လန်သည် မိန်းမပျို ပျောက်ကွယ်သွားသည်ကို သွေးအန်လုမတတ် မယုံကြည်နိုင်စွာ စိုက်ကြည့်နေခဲ့မိသည်။

သူ့ကို ကူညီမည့်အစား ထိုမိန်းမပျို သည် ဘာမှမဖြစ်သည့်အလား ထွက်သွားခဲ့လေသည်။ သူမတွင် အရှက်ဟူ၍ ရှိနိုင်ဦးမယ်လား။

ရဲ့လန် သည် သူ့ကံကြမ္မာသည် လုံး၀ပြောင်းလဲသွားပြီဖြစ်ကြောင်း မသိဘဲ သူ့ကိုယ်သူသာ အားကိုး၍ပြန်ထခဲ့ရလေသည်။

မူရင်းဇာတ်လမ်းတွင် ရဲ့လန်သည် ဤမိန်းမပျိုနှင့် အတူ ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့မည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးသည် ချစ်ကြိုက်သွားကြမည်ဖြစ်သည်။

ယင်းအစား ယခုမူ ၎င်းတို့နှစ်ဦးသည် သူစိမ်းများကဲ့သို့ ကိုယ့်လမ်းကိုယ်လျှောက် လမ်းသွားကြပြီဖြစ်သည်။

"ဒီကမ္ဘာမှာ အားကောင်းတဲ့ လူတွေက တကယ်ကို စိတ်ပျက်စရာ ကောင်းကြတယ်။ ငါသာ ခုချိန်သန်မာနေခဲ့ရင် အဲဒီအမျိုးသမီးကို ကြိမ်းစေ သင်ခန်းစာပေးလိုက်နိုင်မှာပဲ"

ရဲ့လန် သည် ခဏထိုင်အနားယူလိုက်ရင်း ကုသဆေးတစ်လုံးကို သောက်လိုက်သည်။

အမျိုးသမီးသည် အခြားတစ်ဖက်မှ ထွက်လာခဲ့ခြင်းဖြစ်သဖြင့် အမွေအနှစ် မှာ သူရရှိနိုင်တော့မည်မဟုတ်ကြောင်း ရှင်းလင်းနေပြီဖြစ်သည်။ အထဲသို့ ဝင်ရောက်စစ်ဆေးခြင်းသည်လည်း အဓိပ္ပာယ်မဲ့သွားပြီဖြစ်သည်။

သူမျှော်လင့်ထားသည့်အတိုင်း ပေါ်တယ်တံခါးပေါက်သည် သူရောက်လာပြီး မကြာမှီပင် ပိတ်သွားခဲ့ပြီး ထာဝရ ပျောက်ကွယ်သွားတော့သည်။ အမွေအနှစ်သည် လည်းလုံး၀ပျောက်ကွယ်သွားပြီဖြစ်သည်။

ရဲ့လန်သည် သူ၏ ဒဏ်ရာများကို ပြန်လည် ကုသပြီးနောက် သူသည် အမွေအနှစ်အကြောင်း တွေးတောခြင်းကို စွန့်လွှတ်လိုက်သည်။

"ငါ့မှာ အမွေအနှစ် မရှိရင်လည်း ဘာဖြစ်လဲ ငါ့မှာ စနစ်ရှိနေတာပဲ ပြီးတော့ အဲဒီစနစ်ရဲ့အစွမ်းနဲ့ ငါက တခြားဘယ်သူမှ မရောက်နိုင်တဲ့ အမြင့်တစ်နေရာကို တနေ့ရောက်မှာ သေချာတယ်။"

ထို့နောက် သူသည် စနစ်မှပေးအပ်ထားသည့်တာဝန်ကိုသာ ပြီးမြောက်ရန် ကြိုးစားမည်ဟုဆုံးဖြတ်လိုက်တော့သည်။

ရှုယင်သည် အာရန်နှင့်အတူ ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမဖန်တီးထားသော သဘာ၀အတိုင်းမဟုတ်သည့် မြူခိုးငွေ့များသည်လည်း ပျောက်ကွယ်သွားပြီး ရဲ့လန် ၏စနစ်တာဝန်ကို ပြီးမြောက်ရန် ပိုမိုလွယ်ကူစေခဲ့သည်။

သူ၏ တည်ရှိခြင်းကို ဖိနှိပ်ထားသည့်အစွမ်းသည် အနည်းငယ်ပြန်လည် အသုံးဝင်လာလေတော့သည်။

ထို့ကြောင့် ရဲ့လန်သည် အချိန်မဖြုန်းတော့ဘဲ သေမင်းတောအုပ်၏ အနက်ရှိုင်းဆုံး နေရာများဆီသို့ အလျင်အမြန်ပင် ထွက်ခွာသွားတော့သည်။

ဤတစ်ကြိမ်တွင် သူ့ကို တားဆီးရန် မည်သည့် သားရဲမျှပေါမလာခဲ့ပါ။ သူ၏ ကံသည် အကြောင်းတစ်ခုခုကြောင့် အမှန်တကယ်ကောင်းမွန်လာသည်ဟု ခံစားလိုက်ရသည်။

................

"ရှင့်မှာ ဘာလို့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်သင်းနံ့ ရှိနေတာလဲ"

အာရန်သည် သူ့ကို မေးခွန်းတစ်ခု မေးလိုက်သော ရှုယင်ကို စိုက်ကြည့်လိုက်သည်။ အမျိုးသမီးများသည် ထိုကဲ့သို့ ထက်မြက်သော ဗီဇဉာဏ်များ ရှိသည်ကို သူ နားမလည်နိုင်ခဲ့ပါ။

သူသည် မည်သည့်ရနံ့ကိုမဆို သန့်စင်ပစ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း သူမက ထိုကဲ့သို့ အရာတစ်ခုကိုပင် မည်သို့ အနံ့ခံနိုင်ခဲ့သနည်း။

"ကိုယ် အမွေအနှစ်ကို ရယူနေတုန်း မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ပြီးတော့ ကိုယ်တို့ တိုက်ခိုက်ခဲ့ရတယ် သူမက အနီးကပ် တိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားဖြစ်တော့ ကိုယ့်မှာ သူမရဲ့ ရနံ့ နဲနဲကျန်နေနိုင်တာ ဖြစ်နိုင်ပါတယ်။"

အာရန်သည် သူမကို အမှန်တရား အားလုံးကို မပြောခဲ့ပါ။ သူသည် တိုက်ပွဲအကြောင်း ပြောခဲ့သော်လည်း သူ့တွင် သူမ၏ ရနံ့ရှိနေရသည့် အကယ့်အဖြစ်မှန်ကို မပြောပြခဲ့ပါ။

သူသည် ဘာကြောင့် လိမ်နေမိသည်ကိုပင် သူ့ကိုယ်သူမသိခဲ့ပါ။ သူက သူမကို အမှန်အတိုင်းပြောပြခဲ့လျှင်ပင် သူမသည်သူ့ကိုအပစ်တင်ရန်အကြောင်းမရှိပါ။ နောက်ဆုံးတော့ သူသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်မိလေသည်။

ထို့နောက် သူသည်တစ်ခုကို သတိရလိုက်သည်။ အခြားအမျိုးသမီးတစ်ဦးက သူ့ကို ဘာကြောင့် တွန်းလှဲခဲ့သည်ကို ဤအမျိုးသမီရှေ့တွင် ရှင်းပြရန် မလိုချင်ခဲ့ပါ။

ဂိုဏ်မှလူတိုင်းသိထားကြသည်မှာ အကြီးအကဲရန် သည် အလွန်ခွန်အားကြီးသော သူတစ်ဦး ဖြစ်သည်။ သူကိုယ်တိုင်ခွင့်မပြုပဲ မည်သူကများ သူ့ကို တွန်းလှဲပြီး လာရောက် နမ်းနိုင်မည်နည်။

တစ်ချိန်တည်းတွင် ဤအမျိုးသမီးအား ထိုကိစ္စအတွက် မနာလိုဖြစ်သွားမည်ကို သူမလိုချင်ခဲ့ပါ။ သူမသည် အချစ်မျိုးစေ့၏ သက်ရောက်ခံရမှုအောက်တွင် ရှိနေသော်လည်း အာရန် သည် သူမကိုမိတ်ဆွေတစ်ဦးအနေနှင့်သာ ပို၍ဆက်ဆံချင်လေသည်။

"သူမက ရှင့်ကို ထိခိုက်စေခဲ့သေးလား ကျွန်မသူ့ကိုခုပဲသွားသတ်ပေးမယ် အဆိုးဝါး အနာကျင်ဆုံးနည်းနဲ့ ကို သတ်ပစ်မယ်"

ရှုယင်သည် တောထဲသို့ ပြန်သွားရန် ပြင်ဆင်လိုက်သဖြင့် အာရန်သည် အမြန်ပင် သူမ၏ လက်ကို လှမ်းဆွဲကာ တားလိုက်ရသည်။

ရှုယင်သာ ထိုနေရာသို့ ပြန်ရောက်သွားလျှင် သူမသည် ထိုမိန်းမပျိုကို အမှန်တကယ်ပင် သတ်တော့မည်မှန်း သူသေခြာသိနေလေသည်။

အမျိုးသမီးသည် ဒဏ်ရာများအရှင်းမပျောက်ကင်းသေးပါ။ ထို့ကြောင့် သူမသည် ရှုယင်ကို အနိုင်မရနိုင်ပါ။ သူမသာ သေသွားလျှင် သူ၏ အနာဂတ် အစီအစဉ်များ အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သွားစေလိမ့်မည်။

အကယ်၍ ထိုမိန်းမပျိုသာ အနိုင်ရခဲ့ပြီး ရှုယင်သာ ထိခိုက်သွားလျှင်လည်း သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုပင် ဖြစ်စေလိမ့်မည်။

ထို့ကြောင့် သူသည် ထိုအမျိုးသမီးနှစ်ဦးကို တစ်ဦးနှင့်တစ်ဦး ဝေးဝေးတွင် သာခပ်ခွာခွာ ထားရမည်ဟု ရှင်းလင်းစွာ သဘောပေါက်လိုက်သည်။

ရှုယင်သည် သူမ၏ လက်ကို အာရန်က ဆုပ်ကိုင်ထားလိုက်သောအခိုက်အတန့် ခဏတာ အံ့အားသင့်သွားမိလေသည်။

"မင်း စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုပါဘူး ကိုယ် သူမကို ပြန်သတ်ပြီးသွားပြီ ပြီးတော့ သူမရဲ့ ရနံ့နဲ့ ပတ်သက်လာရင် ဖြေရှင်းဖို့နည်းလမ်းတစ်ခုကိုယ့်မှာရှိတယ်"

"ဘယ်လို နည်းလမ်းလဲ"

"မင်းရဲ့ ကိုယ်သင်းနံ့နဲ့ တခြားရနံ့တွေအားလုံးကို ပျက်ပျယ်သွားအောင် ကိုယ်လုပ်လိုက်မယ်လေ"

အာရန်သည် သူမကို ရုတ်တရက် ဆွဲ၍ပွေ့ဖက်လိုက်လေသည်။ ထို့နောက် သူမ၏ အံ့အားသင့်မှုများသည် စိတ်လှုပ်ရှားမှုများအဖြစ်သို့ အသွင်ပြောင်းသွားလေတော့သည်။

ရှုယင်၏ မျက်နှာသည် နီမြန်းသွားသော်လည်း သူမသည် ၎င်းကို မခုခံခဲ့ချေ။ သူမသည် အာရန်၏ ထွေးပွေ့မှုကို ခံလိုက်ရသောအခါ သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရလေသည်။

"ကျွန်မလည်း အဲလိုလုပ်တာ သဘောကျမိမယ်ထင်ပါတယ်"

ရှုယင်သည် လှပစွာ ပြုံးလိုက်ပြီး သူမ၏ လက်ကို အာရန်၏လက်များနှင့် ထပ်၍ ထားလိုက်သည်။

နူးညံ့သော လေပြေလေးများသည် အာရန်တို့နှစ်ဦး၏ ဆံပင်များကို ညင်သာစွာ ယိမ်းခါသွားစေလျက်ရှိသည်။ ၎င်းတို့နှစ်ဦးသည် အချိန်အတော်ကြာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်၍ နေမိခဲ့ကြသည်။

ဖီးနစ်ငှက်သည် ဤအခိုက်အတန့်ကို အနှောင့်အယှက် မပေးလိုဟန်ဖြင့် အရှိန်ကို တမင်ပင် ပိုမိုနှေးကွေးအောင်ပြု၍ ပျံသန်းပေးနေခဲ့လေသည်။

....................................

ဖီးနစ်ငှက်သည် သုံးရက်ကြာ ပျံသန်းနေခဲ့သော်လည်း ၎င်းတို့သည် အရှေ့ပိုင်းတိုက်ကြီးနှင့် တောင်ပိုင်းတိုက်ကြီးကြား နယ်နိမိတ်သို့ ပင် မရောက်ရှိနိုင်သေးပါ။

အရှေ့ပိုင်းတိုက်ကြီး၏ အရွယ်အစားသည်အလွန်ပင် အလွန်ကြီးမားလှသည်။

မြေပုံထဲတွင် ၎င်းသည် ပိုသေးငယ်ပုံရသော်လည်း အာရန်သည် အမှန်တကယ် ခရီးသွားကြည့်သောအခါမှသာ ဤကမ္ဘာသည် အမှန်တကယ် မည်မျှ ကျယ်ပြောမှန်းကို သဘောပေါက်လိုက်လေသည်။

အရှေ့ပိုင်းတိုက်ကြီး၏ အရွယ်အစားသည်ပင် သူ၏မူလကမ္ဘာပေါ်ရှိ တိုက်ကြီးအားလုံးကို ပေါင်းစပ်ထားသည်ထက်ပင် ပို၍ကြီးဟန်ရသည်။

ဖီးနစ်ငှက်သည် အနားယူခြင်းမရှိဘဲဆက်တိုက်ပျံသန်းလျှင်ပင် ၎င်းတို့သည် ဦးတည်ရာသို့ အချိန်တိုအတွင်းရောက်ရှိရန် မဖြစ်နိုင်ပါ။ ဖီးနစ်ငှက်သည် ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်လျှင်ပင် သူမသည် အနားယူရန် လိုအပ်နေသေးသည်။

သေခြာစွာစဉ်းစားလိုက်ပြီးနောက် အာရန်သည် နောက်ထပ်ဖြတ်သန်းသွားရမည့် မြို့တွင် တစ်ရက်ခန့် ဝင်ရောက်အနားယူရန်ရန် ဆုံးဖြတ်လိုက်သည်။ ထိုမြို့သည် အရှေ့ပိုင်းတိုက်ကြီးရှိ အထင်ရှားဆုံးမြို့များထဲမှ တစ်မြို့လည်းဖြစ်ပေသည်။

#Catfoot

All Chapters