← Chapters

အားနည်းသူတွေအတွက်နေရာမရှိဘူး

Vol. 5 Ch. 54

အားနည်းသူတွေအတွက်နေရာမရှိဘူး

Vol. 5 Ch. 54

" ဒီကမ္ဘာမှာ ရှင့်လိုအသုံးမကျတဲ့ သူမျိုးတွေ ရှိနေသေးတာ တွေ့လိုက်ရတဲ့အတွက် ကျွန်မ တကယ်ကို ဉာဏ်အလင်းပွင့်သွားရပါပြီ "

ရှုယင်သည် သူမလုပ်ငန်းစတင်တော့မည့် အချိန်တွင် အဝေးတနေရာမှ အမျိုးသမီးတစ်ဦး ၏ အသံ ထွက်ပေါ်လာလေသည်။

အာရန်သည်လည်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ အမျိုးသမီးငယ်တစ်ဦးသည် လူတန်းကြီး၏ နောက်တွင် လာရောက်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် တစ္ဆေတစ်ကောင်ကဲ့သို့ပင် ယခင်က သူမသည်ထိုနေရာတွင် တည်ရှိနေသည်ဟူသော အရှိန်အဝါဟူ၍ လုံး၀မရှိခဲ့ပေ။

"ဒါက..."

အာရန်သည် မပြုံးဘဲ မနေနိုင်တော့ပေ။

ထိုအမျိုးသမီးသည် အတော်လေး ချောမောသည့်အထဲတွင်ပါနေသည်။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်ခန့်သာ ရှိဦးမည်ဖြစ်သော်လည်း သူ၏အာရုံကို ဆွဲဆောင်နေခဲ့သောအရာမှာ သူမ၏အဝတ်အစားများပင်ဖြစ်သည်။

အမျိုးသမီးသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ထိုဝတ်ရုံတွင် ဤတိုက်ကြီးရှိ လူတိုင်းနီးပါး သိရှိပြီးသော အမှတ်အသားတစ်ခု ပါရှိသည်။

နယ်မြေဘုရင်များကို စော်ကားနိုင်သော်လည်း ဤအမှတ်အသားပါသော ဝတ်စုံများကို ဝတ်ဆင်ထားကြသူများအား မစော်ကားသင့်ဟု ဆိုကြသည်။

ဤအမှတ်အသားများသည် မိစ္ဆာဂိုဏ်းကြီးမှ သူများသာ အသုံးပြုခွင့်ရှိသောအရာဖြစ်သည်။

ယခု ထိုအမျိုးသမီးဝတ်ဆင်ထားသော ဝတ်စုံသည် ဂိုဏ်းမှ အတွင်းစည်း တပည့်များသာ ဝတ်ဆင်ခွင့်ရှိသောဝတ်စုံမျိုးဖြစ်သည်။

အာရန်တွင်လည်း ဂိုဏ်းမှ ပေးအပ်ထားသော ဝတ်စုံတစ်ခုရှိနေသော်လည်း သူပိုင်ထားသော ဝတ်စုံသည် ပို၍ဇိမ်ရှိပြီး ကြည့်၍လည်းပိုကောင်းလေသည်။

အာရန် ၏ဝတ်ရုံကို ရွှေရောင်ပိုးချည်မျှင်များဖြင့် ရက်လုပ်ထားခြင်းဖြစ်ပြီး မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးအဖြစ် ထိုဝတ်စုံတစ်ခုတည်းဖြင့်ပင် သက်သေပြရန် လုံလောက်လေသည်။

သူသည် ယခုအချိန်တွင် လျှို့ဝှက်စွာဆောင်ရွက်နေခြင်းဖြစ်သောကြောင့် လူအများက သူ့ကို မှတ်မိစေနိုင်သော အဝတ်အစားများကို မဝတ်ဆင်ခဲ့ပေ။

'အဲဒီဝတ်စုံက...'

အာရန်သည် ဂိုဏ်းတွင်း၌ ဤအမျိုးသမီးငယ်ကို ယခင်ကမမြင်ဘူးပါလား ဟုတွေးလိုက်မိသည်။ သို့မဟုတ်သူမသည် ဂိုဏ်းမှ ဝေးကွာသောတစ်နေရာတွင် သာနေထိုင်ရခြင်းမျိုးလည်းဖြစ်နိုင်လေသည်။

အာရန်သည် ဂိုဏ်းမှလူအနည်းငယ်သာ သူ၏မျက်နှာကို မြင်ဘူးကြသကဲ့သို့ အလားတူပင် သူသည်လည်း ဂိုဏ်းမှ လူအနည်းငယ် ၏မျက်နှာများ ကိုသာ မြင်ဘူးခဲ့လေသည်။

'ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ဦးက ဒီမှာရှိနေခဲ့တာလား ဒါပေမဲ့ အခုကြည့်ရတာ သူမက ငါ့ကို မသိသေးဘူးနဲ့တူတယ် ဒါဟာ အကောင်းဆုံးပဲ'

အာရန်သည် ရှုယင်၏အနားသို့ မသိမသာကပ်သွားကာ သူမ၏နားနားသို့ ကပ်၍ တစ်စုံတစ်ခုကို တီးတိုးပြောလိုက်လေသည်။

ရှုယင်သည် အနည်းငယ် မလိုလားပုံရသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်သဘောတူလိုက်သည်။ သူမကို အစီအစဉ်ပြောင်းလဲသွားပြီဖြစ် ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် ယခုအချိန်တွင် မည်သူ့ကိုမျှ သတ်ခွင့်မရှိတော့ပေ။

အစောင့်များ၏အာရုံကို ဆွဲဆောင်ရန် ဤနေရာတွင် အခြားသူတစ်ဦး ရှိနေပြီဖြစ်သည်။ ထို့ကြောင့် မိမိတို့ကိုယ်တိုင် ပြဿနာကိုခေါင်းခံပေးရန် မလိုပေ။

"ဒါက..."

အစောင့်သည် အမျိုးသမီးငယ်၏ဝတ်ရုံကို ကြည့်လိုက်မိသောအခါ သူ၏မျက်နှာသည် ဖြူဖျော့သွားခဲ့တော့သည်။

သူသာမက အခြားအစောင့်များအားလုံးသည်လည်း ကြောက်လန့် သွားကြလေသည်။

သူတို့သည် မိစ္ဆာဂိုဏ်းမှ တပည့်တစ်ဦးကို မတွေ့ခဲ့ရသည်မှာ အချိန်ကြာမြင့် နေပြီဖြစ်သည်။ သို့သော် ၎င်းတို့သည် ဤဂိုဏ်းသားများအကြောင်းကို များစွာ ကြားဘူးထားလေခဲ့သည်။

မိစ္ဆာဂိုဏ်းသည် ရူးသွပ်ဖွယ်စွမ်းအားကြီးသူများသာ ရွေးချယ်ခံရနိုင်သော နေရာတစ်ခုဖြစ်သည်ဟု အဆိုရှိခဲ့ကြသည်။

မိစ္ဆာဂိုဏ်းသည် အရှေ့ပိုင်းတိုက်၏ အရှင်သခင်ခေါင်းဆောင် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း ယင်းသည် ဂိုဏ်းချုပ် နှင့်အခြား မဟာအကြီးအကဲများ ၏ အင်အားချည်းကြောင့်သာမဟုတ်ပေ။

ဂိုဏ်း၏ တပည့်များကိုယ်တိုင်မှာလည်း ရူးသွပ်ဖွယ်အစွမ်းထက်ကြလေသည်။

မိစ္ဆာဂိုဏ်း၏ တပည့်များသည် ဂိုဏ်းပြင်ပရှိ မည်သည့်ပြိုင်ပွဲတွင်မျှ ပါဝင်ခြင်းမရှိ ခဲ့ပေ။ ထို့ကြောင့် ၎င်းတို့ မည်သို့တိုက်ခိုက်သည်ကို လူအများသိရှိကြခြင်းမရှိချေ။

၎င်းတို့သည် အခြားဂိုဏ်းများ၏ ပြိုင်ပွဲများတွင် မပါဝင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ထိုဂိုဏ်းများသည် ၎င်းတို့အတွက် အလွန် အားနည်းသည်ဟုသတ်မှတ်ထားကြသောကြောင့်ဖြစ်လေသည်။

"ကျွန်မက ဝင်ရောက်စွက်ဖက်ဖို့ ပျင်းနေခဲ့ပေမဲ့ ရှင်တို့တွေက တကယ် စိတ်အနှောင့်အယှက်ပေးလွန်းတယ် အကြီးအကဲကျန်းက ရှင်တို့ကို နောက်ဆုံး အကြိမ်တုံးက ပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူးထင်တယ်"

အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးသည် တဖြည်းဖြည်းလျောက်လာရင်း ပြောလိုက်သည်။ သူမ၏ရွေ့လျားမှုများသည် အလွန်နှေးကွေးနေပုံရသော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့သည် အလွန်လျှင်မြန်နေခဲ့လေသည်။

သူမသည် ထိုလူတန်းကြီး ၏အနောက်ဆုံးတွင် ရပ်နေခဲ့သော်လည်း မျက်တမှိတ်အတွင်းမှာပင် မြို့၏အဝင်ဝသို့ ရောက်ရှိလာခဲ့လေသည်။

သူမ၏အော်ရာသည် ပတ်ဝန်းကျင်ရှိလူတိုင်းအပေါ် လွှမ်းမိုးနေစေပြီး အားလုံးကို မသက်မသာဖြစ်စေခဲ့သည်။ သူမသည် ခွန်အားကြီးမားသောအော်ရာတစ်ခုကို ထုတ်ဖော်ထားသော်လည်း သူမ၏ပတ်ပတ်လည်တွင်မူ တည်ငြိမ်ရင့်ကျက်သော အငွေ့အသက်အချို့ ဝန်းရံနေလေသည်။

အစောင့်များသည် တစ်ဦးမျက်နှာကိုတစ်ဦး စိုက်ကြည့်လိုက်ကြသည်။ ၎င်းတို့သည် စိတ်ကြီးဝင်ခဲ့ကြသည်မှာ မှန်သော်လည်း ယခုကဲ့သို့ ထူးခြားသောသူတစ်ဦးသည် ထိုကဲ့သို့ ဤလူများအကြားတွင်ဝင်ရောက် တန်းစီနေလိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့်ခဲ့ကြပေ။

"ပြီးတော့ ရှင်ပဲ... ရှင်ကရှင့်ရဲ့ အမျိုးသမီးကိုတောင် မကာကွယ်ပေးနိုင်ဘူး။ ရှင့်မှာ ရုပ်ရည်အခံလေးနဲနဲပါးပါးရှိပေမဲ့ သတ္တိတော့ရှိပုံမရဘူး။ ရှင်က တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ ယောင်္ကျားတစ်ယောက်ပဲ။"

အမျိုးသမီးသည် အစောင့်များကို ကြောက်ရွံ့စေရုံသာမက အာရန်ဘက်သို့လည်း လှည့်လာနေခဲ့သည်။ သူမသည် အားနည်းခြင်းကို မုန်းတီးပြီး သူမ၏ မျက်လုံးများထဲတွင် အာရန်သည် အားနည်းခြင်း၏ ပြယုဒ်တစ်ခုပင်ဖြစ်သည်။

အစောင့်များသည် သူ၏ အမျိုးသမီးကို နှောင့်ယှက်ရန် ကြိုးစားနေပြီး သူသည် ပြန်ပင် တိုက်ခိုက်ရန်သတ္တိမရှိခဲ့ပေ။ ထို့အစားထိုယောင်္ကျားသည် အဝေးသို့ ရှောင်ထွက်သွားရန်ပင် ကြိုးစားနေခဲ့သေးသည်။

သူမသည် ထိုယောင်္ကျားထံမှ အော်ရာတစ်စုံတစ်ရာကိုပင် မခံစားနိုင်ခဲ့ပေ။ သူမသာ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့လျှင် ဘာတွေဆက်ဖြစ်မည်ကို သူမ စိတ်ကူးကြည့်၍ရနေလေသည်။

"ရှင်သာ ဒီလောက်အားနည်းနေရင် အိမ်မှာပဲ ပုန်းနေသင့်တယ်... ဒီကမ္ဘာမှာ ရှင့်လို ခွန်အားနည်းတဲ့လူတွေအတွက် နေရာမရှိဘူး"

သူမသည် အာရန်ကို သတိပေးပြီးနောက် တစ်ချက်ပင် ထပ်မံမကြည့်တော့ပဲ လှည့်ထွက်ကာ မြို့ထဲသို့ တန်း၍ဝင်သွားတော့သည်။ သို့သော် သူမသည် မြို့ထဲသို့ ဝင်သွားစဉ်အခိုက်တွင် ရုတ်တရက် နာကျင်လွန်းသဖြင့် အော်ညည်းသံတစ်ခုကို ကြားလိုက်ကြရလေသည်။

အာရန်တို့အား ဖမ်းဆီးရန် အမိန့်ပေးခဲ့သော အစောင့်သည် ရင်ဘတ်မှ သွေးများယိုစီးကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

မည်သူ၏ တိုက်ခိုက်မှု သို့မဟုတ် ထိုအစောင့်သည် မည်သည့်အချိန်တွင် အတိုက်ခိုက်ခံ ခဲ့ရသည်ကိုပင် မည်သူမျှ မမြင်ခဲ့ကြပေ။ သို့သော် ၎င်းတို့အားလုံး မည်သူလုပ်ခဲ့သည်ကို သိနေခဲ့ကြသည်။

၎င်းတို့သည် မြို့ထဲသို့ဝင်ရောက် ပျောက်ကွယ်သွားသော အမျိုးသမီးငယ်၏ နောက်ကျောကိုသာ မှင်သက်စွာဖြင့် ငေးမောကြည့်နေမိခဲ့ကြသည်။

"ဒီကမ္ဘာက တကယ်ကိုလဲ အားနည်းသူတွေအတွက် မဟုတ်ပါဘူး ဒါပေမဲ့ အဲဒီမိန်းကလေးက နဲနဲမာနကြီးလွန်းမနေဘူးလား"

အာရန်သည် ရှုယင်က ထို အမျိုးသမီးငယ်အား လက်ဖြင့်လှမ်းရိုက်၍ လွင့်စင်သွားစေခြင်းမှ တားဆီးရန် သူမ၏လက်ကို တင်းတင်းကြပ်ကြပ်ကလေး ဆုပ်ကိုင်ထားရင်း ရေရွတ်လိုက်လေသည်။

အမျိုးသမီးသည် စကားပြောအနည်းငယ်ကြမ်းတမ်းခဲ့သော်လည်း အစောင့်များ၏ အာရုံကို ဆွဲဆောင်ခြင်းဖြင့် ၎င်းတို့ကို အမှန်တကယ်ပင် ကူညီပေးခဲ့လေသည်။

ကျန်ရှိသော အစောင့်များသည် ဘာမှဆက်လုပ်ရန် မကြိုးစားရဲကြတော့ပေ။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ဆက်လက်လုပ်ဆောင်ရန် အာရန်နှင့် ရှုယင်တို့ကို မြို့ထဲသို့ ဝင်ခွင့်ပြုခဲ့ကြလေသည်။

အရေးကြီးသော ဧည့်သည်တစ်ဦး ရောက်ရှိလာခြင်းအကြောင်းကို မြို့စားမင်း၏ နေအိမ်သို့ အကြောင်းကြားရန် အခြားအစောင့်တစ်ဦးက အလျင်အမြန်ပင် ပြေးသွားခဲ့လေသည်။

အာရန်သည် ထိုအမျိုးသမီးငယ်၏ စကားများကို စိတ်ထဲမထားခဲ့ပေ။ သူသည် အနားယူရန်သာ ဤနေရာသို့ လာခဲ့ခြင်းသည်။ သို့သော် သူသည် မြို့ထဲသို့ ဝင်ရောက်ရောက်ချင်းပင် ရွေးချယ်စရာလေးခု သူ့ရှေ့တွင် ပေါ်လာလေသည်။

[ရွေးချယ်မှုတစ် : မိစ္ဆာဂိုဏ်းမှ တပည့်တစ်ဦးက သင့်ကို စော်ကားခဲ့သည်။ အကြီးအကဲတစ်ဦးအနေဖြင့် သူမအား သင်ခန်းစာပေးရန်မှာ သင်၏တာဝန်ဖြစ်သည်။ သင်၏အစစ်အမှန်ရာထူးအား သူမကို ထုတ်ပြပြီး သူမကို အပြစ်ပေးပါ။

ဆုလာဘ်: အပြစ်ပေးခြင်းဓား (အဆင့်နိမ့်)]

[ရွေးချယ်မှုနှစ် : ဤအမျိုးသမီး၏ပါရမီကို သင်သည် သဘောကျသွားခဲ့လေသည်။ မိစ္ဆာဂိုဏ်း၏ ဂိုဏ်းဝင်တစ်ဦးဖြစ်သော်လည်း သူမသည် သူစိမ်းများကို ကူညီရန် ဆုံးဖြတ်ခဲ့သည်။

သင်၏အစစ်အမှန်ရာထူးအား မဖော်ထုတ်ဘဲ သူမကို သင်၏တပည့်အဖြစ် လက်ခံလိုက်ပါ။

ဆုလာဘ်: တတိယအဆင့် အဂ္ဂိရတ် အသိပညာ]

[ရွေးချယ်မှုသုံး : အကြီးအကဲ တစ်ဦးအနေဖြင့် ဤအခြေအနေကို ပညာရှိရှိ ချဉ်းကပ်ရန် အရေးကြီးသည်။ မသိနားမလည်သောသူများကို အပြစ်ပေးရန် သင်မလိုလားပေ။ အမျိုးသမီး၏လုပ်ရပ်များကို လျစ်လျူရှုပါ။

ဆုလာဘ်: ဝိညာဉ်ကုသဆေးပင်]

[ရွေးချယ်မှုလေး : သင်သည် သင့်လက် သွေးစွန်းမည်ကို မလိုလားသော်လည်း ဤကမ္ဘာသည် အားနည်းသူများအတွက် မဟုတ်ကြောင်းပြောစကားကို သင်သဘောတူနေခဲ့သည်။ ထို့ကြောင့် ထိုရိုင်းပြသော ထိုမိန်းကလေးအား ရှုယင်ကို သွားရောက် သုတ်သင်ခိုင်းပါ။

ဆုလာဘ်: လူသတ်ငွေ့အော်ရာ (အဆင့်မြင့်)]

#Catfoot

All Chapters