← Chapters

ချစ်တပည့်အချောလေးရေ မင်းဆရာငါကဇာတ်လိုက်မဟုတ်ဘူး

Vol. 5 Ch. 55

ချစ်တပည့်အချောလေးရေ မင်းဆရာငါကဇာတ်လိုက်မဟုတ်ဘူး

Vol. 5 Ch. 55

ကျိလင်းမြို့စားသည် ထိုအစောင့်၏ခေါင်းကို ဆုပ်ကိုင်ကာသူ၏ဆံပင်များကိုပင် ဆောင့်ဆွဲမိတော့မတတ် ဖြစ်သွားလေသည်။

သူသည် သူ့အနီးတွင် တွေ့သမျှ ကောက်ယူကာ သူ့ကို အကြောင်းကြားရန် လာသော အစောင့်ထံသို့ လွှင့်ပစ်လိုက်သည်။

အစောင့်သည် သူ့ဆီသို့ ပျံသန်းလာသော ဖန်ပုလင်းတစ်လုံးကို မရှောင်ရှားနိုင်ခဲ့ပေ။ ဖန်ပုလင်းသည် သူ၏ခေါင်းပေါ်သို့ ထိမှန်သွားပြီးနောက် ကွဲကြေသွားတော့ခဲ့သည်။

ဖန်အပိုင်းအစအချို့သည် ထိုသနားစရာအစောင့်၏မျက်နှာကိုပင် စိုက်မိသွားကာ သူ၏မျက်နှာမှ သွေးစီးကြောင်းအချို့ ယိုစီးကျလာလေသည်။

အစောင့်သည် တုံ့ပြန်ရဲခြင်း မရှိခဲ့ပေ။ သူသည် သွေးများကိုပင်ပြန်လည် မသုတ်ရဲခဲ့ပေ။ သူသည် မြို့စား စိတ်တည်ငြိမ်သွားရန်သာ စောင့်ဆိုင်း နေခဲ့ရလေသည်။

သူသည် မြို့စား ဒေါသထွက်သောအခါ သူ့ကိုပင် သတ်ပစ်နိုင်ကြောင်း သိနေခဲ့သည်။

"မင်းတို့ကို ပြဿနာမဖန်တီးမိဖို့ သတိထားနေကြလို့ ငါအတန်တန်မှာခဲ့တယ် ဒါပေမဲ့ ဒီလိုကိစ္စတွေတောင်ဖြစ်သွားခဲ့တယ်..."

"သူမက အဲဒီအသုံးမကျတဲ့ကောင်ကို သတ်လိုက်တာ ကောင်းတယ် မဟုတ်ရင် လည်း ငါကိုယ်တိုင် သတ်မှာ"

မြို့စားသည် မတ်တပ်ရပ်ကာ သူ၏ပခုံးပေါ်တွင် ဝတ်ရုံတစ်ထည်ကို ထပ်မံခြုံလွှမ်းလိုက်သည်။

"သူမ ဘယ်မှာတည်းခိုနေလဲဆိုတာ မင်းရှာတွေ့နိုင်ခဲ့လား"

"ရှာတွေ့ခဲ့ပါတယ်မြို့စားမင်းခင်ဗျာ သူမက အနီးအနားက တည်းခိုခန်းတစ်ခုမှာ တည်းခိုနေပါတယ်။ မနက်ဖြန်မနက်မှာ သူမထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"

"ကောင်းတယ် အဲဒီကိစ္စအတွက် ငါတို့မှာ တောင်းပန်ဖို့ အချိန်ရှိသေးတယ် ပြီးတော့ သူမကို အိမ်ရှေ့မင်းသားရဲ့မွေးနေ့ပွဲကို တက်ရောက်ဖို့ဖိတ်ကြားနိုင်ရင် ပိုတောင်ကောင်းလိမ့်မယ်"

သူသည် အမျိုးသမီးနှင့် သူမ၏ပေါ်လာခြင်းအတွက် ကပ်၍ ပါလာမည့် အကျိုးဆက်များကို ကြောက်ရွံ့နေခဲ့သော်လည်း ယင်းသည် အိမ်ရှေ့မင်းသားကို အထင်ကြီးစေရန် အခွင့်အရေးကောင်းတစ်ခုလည်းဖြစ်လေသည်။

ထိုကဲ့သို့ နောက်ခံအင်အားကြီးမားသော ဧည့်သည်တစ်ဦးကို ခေါ်ဆောင်လာခြင်းဖြင့် သူ၏အရည်အချင်းကို သက်သေပြနိုင်ပါက သူသည် ပို၍မြင့်မားသော ရာထူးတစ်ခုကိုပင် ရရှိနိုင်မည်ဖြစ်သည်။

"တတိယအဆင့် အဂ္ဂိရတ် အသိပညာဆိုပါလား ဘယ်လောက်ကောင်းလိုက်တဲ့ ဆုလာဘ်လဲ ငါလုံးဝလက်လွတ်ခံလို့မဖြစ်ဘူး"

အာရန်သည် မြို့ထဲသို့ လျှောက်သွားကာ ဆုလာဘ်အသစ်ကို အရယူရန် မျှော်လင့်နေဆဲဖြစ်သည်။

ဤကမ္ဘာတွင် အဂ္ဂိရတ်ပညာသည် တိုက်ကြီးလေးခုစလုံးတွင်ပင် အလွန်အရေးပါသော ပညာရပ်တစ်ရပ်ဖြစ်လေသည်။

ဆယ်စုနှစ်များစွာ လေ့ကျင့်ပြီးမှသာ တစ်စုံတစ်ယောက်သည် တတိယအဆင့် အဂ္ဂိရတ်ပညာရှင် ဖြစ်လာနိုင်လေသည်။ ထို့အပြင် ထိုအရာမှာထင်ထားသည်ထက် ပို၍ခက်ခဲလေသည်။

အဂ္ဂိရတ်ပညာရှင်များသည် အရှင်သခင်လေးဦးကဲ့သို့ အားမကောင်းကြပေ။ သို့သော် ၎င်းတို့သည် ဤကမ္ဘာတွင် လွှမ်းမိုးမှုများစွာ ရှိသူများဖြစ်သည်။

အဖွဲ့အစည်းအနည်းငယ်သာ တိုက်ကြီးလေးခုလုံးတွင် လွတ်လပ်စွာ လှည့်လည်သွားလာခွင့် ရှိလေသည်။ အဂ္ဂိရတ်ပညာရှင်အသင်းသည် ၎င်းတို့ထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။

၎င်းအသင်းကြီးတွင် ဘုရင့်နိုင်ငံတိုင်း တိုက်ကြီးတိုင်းမှ အဆက်အသွယ်များစွာ ရှိနေလေသည်။ ၎င်းတို့သည် တိုက်ကြီးလေးခု၏ ပဋိပက္ခများတွင် ကြားနေဝါဒီသမားများ အဖြစ်သာ နေထိုင်ခဲ့ကြသော်လည်း ယင်းသည် ၎င်းတို့၏ အပြင်ပန်း သဏ္ဌာန်သာဖြစ်သည်။

အာရန်သည် ဤသည်မှာ ယခုကမ္ဘာတွင် သူမသိရသေးသော လျှို့ဝှက်ချက် တစ်ခုလည်းဖြစ်ကြောင်း သိလိုက်ရလေသည်။ အဓိကဇာတ်လိုက်သည် အဂ္ဂိရတ်ပညာရှင်အသင်းသို့ ဝတ္ထု၏နောက်ပိုင်းအပိုင်းများတွင်မှသာ ဝင်ရောက်မည်ဟု ခန့်မှန်းရလေသည်။

'ငါသာ တရားဝင် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာရင် ငါခရီးသွားတဲ့အခါ ငါ့အချက်အလက်တွေကို ဖုံးကွယ်ဖို့ အများကြီးပိုအဆင်ပြေသွားမှာပဲ။ ဒါပေမဲ့ အဲဒီအတွက် ဒုတိယတပည့်တစ်ဦးကို လက်ခံဖို့ လိုအပ်နေတယ်'

'ငါသာ ငါ့ရာထူးကို ဖော်ထုတ်ပြလိုက်ရင် သူမကလက်ခံဖို့ချက်ချင်း သဘောတူနိုင်မယ်ထင်တယ်။ ဒါပေမဲ့ခု ငါ့ရာထူးကို မဖော်ထုတ်ဘဲ သူမလက်ခံလာအောင်လုပ်ဖို့ လိုအပ်နေတယ်။ ဒါက ကိစ္စတွေကို ပိုပြီး ရှုပ်ထွေးသွားစေတယ်'

အာရန်သည် သူ၏ပတ်ဝန်းကျင်ကို အာရုံမစိုက်နိုင်တော့ဘဲ အတွေးများထဲတွင် နစ်မြောနေခဲ့သည်။

လမ်းတစ်လျှောက်တွင် သူသည် သူ့ပတ်ဝန်းကျင်ရှိလူများနှင့် တိုက်မိလုနီးပါးပင် ဖြစ်ခဲ့သည်။ ရှုယင်သာ မရှိပါက သူသည် တစ်စုံတစ်ယောက်ကို တိုက်မိသွားနိုင်လေသည်။

အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူသည် တစ်ခုခုကို တွေးမိသွားခဲ့သည်။ သူသည် သူတစ်ဦးတည်းအနေဖြင့်ဆိုပါကျ ၎င်းကို အောင်မြင်ရန် မလွယ်ကူသော်လည်း ယခုသူသည်တစ်ယောက်တည်း မဟုတ်ပေ။

"ကိုယ့်ရဲ့ ရှုယင်လေးရေ ကိုယ်ခုဒုတိယတပည့်တစ်ယောက်လောက်ထပ် လက်ခံချင်နေတယ်"

"ရှင့် စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို တွေးလိုက်မိလို့လား"

"ဟုတ်တယ် စောစောက ကိုယ်တို့ကိစ္စမှာ ဝင်ကူညီပေးခဲ့တဲ့ မိန်းကလေးပါ သူမက မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ဦးလည်း ဖြစ်တယ်လေ သူမဟာ ရှားပါးတဲ့ ပါရမီတစ်ချို့လည်း ရှိပုံရတယ်"

"ဟိုမာနကြီးတဲ့ မိန်းကလေးလား ရှင်သာ အရည်အချင်းရှိတဲ့လူတွေကို လိုအပ်ရင် ကျွန်မ ဂိုဏ်းထဲက အဓိကတပည့်တွေထဲကနေ စီစဉ်ပေးနိုင်တယ် ဒါပေမဲ့ အဲဒီမိန်းကလေး... သူမက ရှင့်ကို မလေးမစားပြုမူခဲ့တယ် အခု သူမကို တပည့်လက်ခံလိုက်တာက သူမကို ဆုချီးမြှင့်ခြင်းပဲဖြစ်လိမ့်မယ်"

"မင်းပြောတာကို ကိုယ်နားလည်ပါတယ် ဒါပေမဲ့ ကိုယ်ဆုံးဖြတ်ပြီးသွားပြီ"

ရှုယင်သည် အာရန်ကို တစ်ချက်ကြည့်လိုက်သည်။ သူက ထိုသို့ပြုလုပ်ရန် တောင်းဆိုနေပြီးဖြစ်သဖြင့် သူမက ၎င်းကို ငြင်းဆန်၍မရနိုင်တော့ပေ။

"ရှင်ပျော်မယ်ဆိုပြီးတာပါပဲ ကျွန်မအဲ့ကောင်မလေးကို ရှင့်ဆီ ဆွဲခေါ်လာခဲ့ပေးမယ်"

"နေပါဦး မင်းအဲဒီလိုလုပ်ရင် အဆင်ပြေမှာ မဟုတ်ဘူး ကိုယ်က သူမကို ဂိုဏ်းရဲ့အကြီးအကဲတစ်ဦးအနေနဲ့ လက်ခံချင်တာ မဟုတ်ဘူး သူမကို တပည့် လက်ခံတဲ့အခါ ကိုယ့်ရဲ့ရာထူးကို ပြောပြချင်တာ မဟုတ်ဘူး"

....

"ရှင့်ရဲ့ ရာထူးကို မဖော်ထုတ်ဘဲနဲ့လား အဲဒါက ပို၍ခက်ခဲမယ် မထင်ဘူးလား"

"ပို၍ခက်ခဲတာမှန်ပေမဲ့ ကိုယ့်မှာ အစီအစဉ်တစ်ခု ရှိတယ်။ ပြီးတော့ အဲဒီအစီအစဉ်အတွက် မင်းရဲ့အကူအညီကိုလည်း လိုအပ်လိမ့်မယ်"

ရှုယင်သည် အာရန် ကို သံသယဖြင့် ကြည့်လိုက်သည်။

"ဘာအစီအစဉ်လဲ"

"သူရဲကောင်းက အလှကလေးကို ကယ်တင်တဲ့ဇာတ်လမ်းတွေမင်းကြားဖူးတယ် မလား။ အခု သူရဲကောင်းက တပည့်တစ်ဦးကို ရှာဖွေနေတဲ့ အင်အားကြီး ကျွမ်းကျင်သူဆရာတစ်ယောက်တစ်ဦးဆိုရင်ကော ဘယ်လိုလဲ"

အာရန်သည် သူမကို သူ၏အစီအစဉ်ကို ပြောပြလိုက်သည်။ ထိုအစီအစဉ်၏ အရေးကြီးဆုံးအပိုင်းမှာ ရှုယင်၏အပိုင်းပင်ဖြစ်သည်။

"ကျွန်မတို့သာ အစီအစဉ်အတိုင်း လုပ်ဆောင်ရင် ဒီမြို့သာမက နိုင်ငံတစ်ခုလုံး..."

"မှန်တယ် ကိုယ်က တပည့်တစ်ဦးကို လက်ခံဖို့အတွက် ဒီမြို့ကို စတေးသင့်ရင်စတေးရမယ် ဒါပေမဲ့ အဲဒီထဲမှာ ဘာမှမှားတယ်လို့ မမြင်မိဘူး"

အာရန်သည် ဤနိုင်ငံ၏ အစစ်အမှန်နောက်ခံသမိုင်းကြောင်းနှင့် ဒုတိယမင်းသားသည် အကြီးအကဲကျန်းအား အိမ်ရှေ့မင်းသားကို သတ်ရန် မည်သို့လှည့်စားခဲ့သည်ကိုလည်း သိရှိထားလေသည်။

ပထမတွင် သူသည် ထိုအရာများကို အနှောက်အယှက်ပေးရန်အစီအစဉ်မရှိခဲ့ပေ။ သူသည် အနားယူပြီးသည်နှင့် သူ၏လမ်းကြောင်းအတိုင်း ဆက်လက်သွားရန် သာစီစဉ်ထားခဲ့လေသည် ။ သို့သော် ဤမြို့၏အစောင့်များသည် ၎င်းတို့မလုပ်သင့်သော အရာများကို လုပ်ဆောင်ရန် ကြိုးစားခဲ့ကြသည်။

ဤကဲ့သို့ အချိန်မျိုးတွင်ပင် အစောင့်များသည် ဤကဲ့သို့ပြုမူနေဆဲဖြစ်သည်။ ဤမြို့ရှိလူများ၏စိတ်ဓာတ်သည် ယခင်အတိုင်းမပြောင်းလဲသေးကြောင်း ရှင်းလင်းနေလေသည်။

အာရန် သည် အများ၏ အာရုံစူးစိုက်မှုများမှ ရှောင်ရှားလိုနေခဲ့ သဖြင့် ဝင်မပါချင်ခဲ့ပေ။ သို့သော် ယခုမူ စနစ်မှသူရွေးချယ်လိုက်သောရွေးချယ်မှုအားဖြင့် သူတွင် ရွေးချယ်စရာမရှိတော့ပေ။

သူသည် တပည့်တစ်ဦးကို လက်ခံရမည်ဖြစ်သည်။ သူသည် အဂ္ဂိရတ်ပညာရှင်တစ်ဦး ဖြစ်လာရမည်ဖြစ်သည်။

အမျိုးသမီးငယ်သည် အားနည်းသောလူများကို အထင်သေးခဲ့သည်။ သူမက သူ့ကို လေးစားလာစေရန် သူမ ယခင်ကမမြင်ဖူးခဲ့သော ခွန်အားသက်ရောက်မှုမျိုးကို သူမကို ပြသပေးရမည်ဖြစ်သည်။

သို့သော် သူသာ ရုတ်တရက် ထိုသို့လုပ်ဆောင်ခဲ့ပါက သူ့ကို လူဆိုးတစ်ဦးအဖြစ် ထင်မှတ်ခံရနိုင်လေသည်။ ထို့ကြောင့် သူသည် သူ၏ဇာတ်လမ်းအတွက် လူဆိုးများကို ဖန်တီးလိုနေခဲ့သည်။

လူဆိုးများကို ဖန်တီးခြင်းအားဖြင့်သာ သူသည် ဤဇာတ်လမ်း၏ သူရဲကောင်း တစ်ဦးဖြစ်လာနိုင်သည်။ ဤအခွင့်အရေးထက် ပို၍ကောင်းသော အခွင့်အရေး မည်သည့်အရာရှိဦးမည်နည်း။

' ချစ်တပည့်အချောလေးရေ မင်းဆရာငါကဇာတ်လိုက်တစ်ယောက်မဟုတ်ဘူး အဲ့ဒီတော့ ခုလိုလှည့်ကွက်လေးတွေကိုပဲ သုံးရတော့မှာပေ့ါ မင်းတော့ စိတ်မဆိုးဘူးလို့ ဆရာမျှော်လင့်ပါတယ်...'

....

ရထားလုံးများသည် တစ်ခုပြီးတစ်ခု မြို့ထဲသို့ စတင်ဝင်ရောက်လာခဲ့ကြသည်။

ဂိုဏ်းအသီးသီးမှ လူငယ်ကိုယ်စားလှယ်များသည် အိမ်ရှေ့မင်းသားဖြစ်သော အသူရာဂိုဏ်းချုပ် တပည့်ရင်း၏ မွေးနေ့ပွဲသို့ တက်ရောက်ရန် ကျိလင်းမြို့သို့ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြလေသည်။

ရထားလုံးများအတွက် အထူးလမ်းကြောင်းများကို ဖွင့်လှစ်ပေးထားသဖြင့် ၎င်းတို့သည်အများနည်းတူ တန်းစီစောင့်ဆိုင်းနေစရာ မလိုအပ်ခဲ့ပေ။

ညနေမတိုင်ခင် ဧည့်သည်အများစုသည် ရောက်ရှိလာခဲ့ကြပြီးဖြစ်သည်။ နောက်ဆုံးတွင် အိမ်ရှေ့မင်းသား၏ ကိုယ်ပိုင်ရထားလုံးတစ်စီးသည်လည်း ရောက်ရှိလာခဲ့လေသည်။

#Catfoot

All Chapters